အမှတ် - ၆၈၁ ။ စက်တင်ဘာလ - ၉ရက်၊ ၂၀၁၀ ခုနှစ်၊ ကြာသပတေးနေ့
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတက္ကသိုလ် ဓမ္မာရုံကြီးတွင် ဝါတွင်သီလပွဲများကျင်းပ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၆၈၁
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
အရှုပ်ထဲမှ လွတ်ရာလမ်း

         ပြဿနာ အရှုပ်အထွေး၊ ဖိစီးမှုဆိုသည့် အရာများသည် လူတို့၏ မိတ်ဆွေများပမာ၊ တစ်ခုမဟုတ် တစ်ခုနှင့် ရင်ဆိုင်နေရလေ့ ရှိသည်။ တစ်ခါတစ်ရံ တစ်ခုတည်းမဟုတ်၊ အပြိုင်အဆိုင် သူ့ထက်ငါရှေ့တိုးကာ နေရာယူတတ်သည်။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသဖြင့် နေရာအစုံမှ ရောက်လာသော အရာများ...။
          ပြဿနာဟု အမည်တပ်ရကတည်းက လွယ်ကူစွာ ဖြေရှင်း၍ မရသဖြင့် ပြဿနာဟု အမည်ပေးထားခြင်း ဖြစ်သည်။ ပြဿနာကမှ အားထုတ်လျှင် ပြီးစီးသွားနိုင်သည်။ အရှုပ်အထွေးဆိုသည်က ဘဲဥအစရှာ မရသကဲ့သို့သောအရာ၊ တွေ့ရ၊ သိရကတည်းက စိတ်ထဲ၌ ရှုပ်ထွေးသွားရ သည်။ လူ့ကိစ္စများ....။
           စိတ်ဖိစီးမှုကား၊ အမှန်တကယ်ပင် လေးပင်သော ဝန်ထုပ်ဝန်ပိုးတစ်ခု၊ ဦးခေါင်းပေါ်၊ ပခုံးထက်ဝယ်ရောက် နေသည့်အရာပမာ၊ လေးလံလှသည် လူအားလုံး ကြုံဖူးကြသည်။ ထူးဆန်းသည်မှာ ယင်းကိစ္စ မရှိတော့သည်နှင့် လူသည် ပေါ့ပါးသွားတတ်သည့် ခံစားမှုကို ရရှိလေ့ရှိ၍ ဖိစီးမှုဟု အမည်ပေးခြင်း ဖြစ်မည်။ လူကိစ္စထဲမှတစ်ခု....။
           ပြဿနာဖြစ်စေ၊ အရှုပ်အထွေး ဖြစ်စေ၊ စိတ်ဖိစီးမှုဖြစ်စေ၊ ပေါ်ပေါက် လာရသည့် ပင်မနေရာရှိရမည်။ မည် သည့်အရာမှ အစမရှိဘဲ ကြီးထွား မလာနိုင်၊ သစ်ပင်၏အမြစ်ကဲ့သို့ တွယ်နေသည့်အရာ၊ စတင်သည့် နေရာတွေ့အောင် ရှာရမည်။ ဘက် မလိုက်ဘဲ ရှာရမည်။ လူတို့လုပ်ရမည့် အလုပ်...။
            ပြဿနာမှန်သမျှသည် သူ့အလိုအလျောက် ရောက်လာသည်ချည်း ဖြစ်သည်။ လူ့ပတ်ဝန်းကျင်မှ လာသည်။ သဘာဝ ပတ်ဝန်းကျင်မှ လာသည်။ လူသည်ပတ်ဝန်းကျင်နှင့် နေရ၍ ပတ်ဝန်းကျင်နှင့် လိုက်လျောညီ ထွေရှိရမည်။ ပူလျှင်၊ အေးလျှင်၊ မိုးရွာလျှင် အဆင်ပြေသလို နေသကဲ့သို့ လူ့ပတ်ဝန်းကျင်နှင့်လည်း ထိုသို့ဖြစ်၏။
           သူ့အလိုအလျောက် ရောက်လာမှုကို မိမိက မည်သို့တုံ့ပြန်သနည်း။ လက်ခံသည်လား။ လက်မခံသည်လား။ မသိကျေးကျွန်ပြုသည်လား။ ထိုအခါမှ ပြဿနာက စသည်။ အရှုပ်အထွေးက စသည်။ စိတ်ဖိစီးမှုက စသည်။ အစကို ဆွဲမိလိုက်သည်နှင့် နောက်မှ တစ်နွယ်ငင်တစ်စင်ပါဖြစ် လာရတော့သည်။
          လွန်ခဲ့သည့်နှစ် ၂၅၅ဝ အထက်က လူ့လောက၌ ပေါ်ပေါက်ခဲ့သော ရှင်တော်ဗုဒ္ဓသည် အထက်ပါပြဿ နာပေါင်းစုံနှင့် ကြုံနေရသော လူတို့အား ပြဿနာ၊ အရှုပ်အထွေး၊ ဖိစီးမှုမှ သက်သာရာရရန်၊ မျက်မှောက်ဘဝ၌ ပြဿနာမှ လွတ်ကင်းရန် နည်း လမ်းပေးခဲ့သည်။
          ဗုဒ္ဓသည် ထိုနည်းလမ်းကို တွေးတော၊ ကြံဆ၊ စဉ်းစားမှု သက်သက်ဖြင့် တွေ့ခဲ့၊ သိမြင်ခဲ့သည်မဟုတ်၊ ကိုယ်တိုင်လက်တွေ့ ရှာဖွေခဲ့သည်။ ပြည့်စုံသော လူ့ပတ်ဝန်းကျင်၌ နေရပါလျက်၊ ပြဿနာကို ရင်ဆိုင်ရသည်။ ဝန်းကျင်၏ အရှုပ်အထွေးကို မြင်ရသည်။ စိတ်ဖိစီးမှုကို သိရ၍ ကိုယ်တိုင်ထွက်ရှာခဲ့သည်။ အဖြေရ မည်လားဟု...။
          ဗုဒ္ဓတွေ့ခဲ့သည့် ပြဿနာအား လုံး၏ တရားခံအစစ်မှာ မည်သည့် အရာမှမဟုတ်။ မည်သူမျှမဟုတ်။ မိမိသာဖြစ်သည်။ မိမိက ပတ်ဝန်းကျင် ဖြစ်ရပ်များကို လက်ခံခြင်း၊ လက်မခံခြင်း၊ ယူခြင်း၊ မယူခြင်းက အစပျိုးသည်။ ထိုအရာက သစ်ပင်အမြစ်ကဲ့သို့ တွယ်ကာ ဆွဲကပ်ခြင်းဖြစ်သည်။ နောက်ဆုံး တရားခံကား မိမိပင်...။
           ပြဿနာအစကိုတွေ့ပြီ၊ တရားခံလည်းတွေ့ပြီ၊ အဖြေရှာသောလုပ်ငန်း အစီအစဉ်ကြီးသည် ဆုံးခန်းတိုင်သွား ပြီလား။ ပြဿနာမှန်သမျှက လူရှိနေသ၍ လာနေဦးမည်။ တွေ့ရဦးမည်။ ရင်ဆိုင်ရမည်။ ပြဿနာပြေပျောက် စေသည့်နည်းလမ်းကို ဗုဒ္ဓက ပြသပေးပါ၏။
           မိမိကယူ၍ ပြဿနာ ဖြစ်ရသည်။ မယူလျှင် ပြဿနာဟုပင် သတ်မှတ် မရ။ လောကသည် ထိုသို့သာ။ ပတ်ဝန်းကျင်သည် ထိုသို့သာ။ မိမိရှိလည်း ထိုသို့၊ မိမိမရှိလည်း ထိုသို့၊ လောကနှင့် ပတ်ဝန်းကျင်သည် သူ့ပုံစံနှင့်သူ့ အစီအစဉ်နှင့် နေခြင်းသာ၊ မိမိက ဝင်စွက်ဖက်ခြင်းကြောင့် မိမိက တုံ့ပြန်ခြင်းကြောင့် ပေါ်ပေါက်လာသည့် အရာများဖြစ်သည်။
          မိမိကိုယ်ကိုပင် မိမိဟု သတ်မှတ်၍မနေနှင့်၊ မိမိဟုသတ်မှတ်လိုက်သည်နှင့် အခြားသူများရှိလာတော့၏။ ငါသူ ဖြစ်လာသည်။ မိမိသည် ယောက်ျားဟု သတ်မှတ်လျှင် မိန်းမဆိုသူလည်း ရှိလာမည်။ ထိုအထိ မခွဲခြားဘဲ နေရမည်။ ထိုသို့မခွဲခြားမှသာ ပြဿနာများ ပေါ်လာမည်မဟုတ်။
         လောကပတ်ဝန်းကျင်၌ ရှိသည့် ပုံစံအတိုင်း နေရမည်။ အလုပ်များ ကြိုးစားလုပ်ရမည်။ ကံအလုပ်၊ ကမ္မအလုပ်များကို ဝီရိယနှင့် လုပ်ရမည်။ ထိုသို့နေထိုင်ရင်း မည်သည့်အရာမှ မိမိနှင့် မဆိုင်သကဲ့သို့ ကပ်ငြိခြင်းမရှိရ၊ သို့သော်လည်း မခွဲရ၊ ရှိသော်လည်း ပိုင်ဆိုင်ခြင်းမဟုတ်၊ အတိတ်မရှိ၊ အနာဂတ်မရှိ၊ ပစ္စုပ္ပန်၏ ရွေ့လျားမှုနှင့် သွားနေခြင်းသည် ခိုင်မြဲနေခြင်း မဟုတ်။ လောကသည် တည်မြဲ၊ မခိုင်မာ၍ မိမိသည်လည်း ထိုကဲ့သို့ပင်...။

မောင်ဈေးကွက်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.