1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ပုရွက်ဆိတ်တို့၏ ဒဿန

ပုရွက်ဆိတ်တွေကို ကျွန်မစိတ်ဝင်စားပါတယ်။

သူတို့က အုံဖွဲ့ပြီး နေတတ်ကြတယ်။ သူတို့ကို သွားမထိရင်တော့ ဘာမှမလုပ်ကြပါဘူး။ ထိမိရင်တော့ ကိုက်ကြပါတော့တယ်။ အထူးသဖြင့် ပုရွက်ဆိတ်အနီတွေပါပဲ။  သူတို့ အိမ်ပြောင်းတာလည်း မြင်ဖူးပါတယ်။ ပါးစပ်ထဲမှာ အစာတွေကိုက်ချီလို့ဖြစ်ဖြစ်၊ ဥဖြူဖြူလေးတွေကိုကိုက်ချီလို့ ဖြစ်ဖြစ် တန်းစီပြီးသွားနေကြတယ်။ များသောအားဖြင့် မြေကြီးထဲမှာ အုံဖွဲ့ပြီးနေကြတာပါ။ မိုးတွင်းမှာ ရေ ကြီးမှာစိုးလို့ ပြောင်းရွှေ့ကြသလားမသိပါ။ ခြံရှေ့ကျွန်မ ပန်းပင်လေးတွေ စိုက်ထားတဲ့နေရာမှာ ပုရွက် ဆိတ်ကျင်းကြီးရှိပါတယ်။ သူတို့ အနားကိုသွားမိရင် ခြေထောက်ကို ကိုက်ကြပါလေရော။ မြေကြီးတွေပွပြီး ခြောက်နေလို့အပင်တွေ သိပ်မဖြစ် ထွန်းပါဘူး။

ဝရန်တာမှာ ပန်းအိုးတွေနဲ့ စိုက်ထားတဲ့ သစ်ပင်လေးတွေရှိပါတယ်။ ရေလောင်းဖို့ ရေဘုံဘိုင်နဲ့ ဘေစင်လည်းရှိပါတယ်။ မကြာသေးခင်က ဘေစင်ဘေးကနံရံမှာ ပုရွက်ဆိတ် အမည်းတွေတန်းစီပြီးတက်နေတာ တွေ့ရတယ်။ ရေပိုက်ကတစ်ဆင့် တက်လာကြတယ် ထင်ပါတယ်။ ဝါးနွယ်ပင်လေးကလည်း အပေါ်အထိ နွယ်တက်နေပါတယ်။ သူတို့က နံရံ အပေါ်ဆုံးအထိသွားပြီး မျက်နှာကြက်ထဲဝင် သွားတယ်ထင်ပါရဲ့။ လိုက်ကြည့်လို့ မတွေ့ရတော့ပါဘူး။

နေ့စဉ်ရေလောင်းတိုင်း သွားနေကြဆဲပဲဆိုတာတွေ့ရတယ်။ နှစ်ကောင်ရင်ပေါင်တန်းပြီးသွားနေကြ တာ ညီနေတာပါ။ ဘေစင်ဘောင်မှာတင်ထားတဲ့ ပန်းအိုးလေးတွေကို  ရေလောင်းရင်း ရေစင်သွားတယ် ထင်ပါရဲ့။ အောက်နားကိုနေရာရွှေ့သွားကြတယ်။ ချီတက်မြဲ ချီတက်နေကြတယ်။ နေ့ရောညရောပဲ မနားကြပါဘူး။

ကျွန်မကျောက်တည်နေတဲ့ သည်းခြေအိတ်ထုတ်ဖို့ ဆေးရုံတက် ပြီးလေးရက်အကြာ အိမ်ပြန်လာ တော့လည်း ပုရွက်ဆိတ်တွေ သွားနေကြဆဲပါပဲ။ နှစ်ပတ်လောက်ရှိပြီ ထင်ပါတယ်။ သောင်းချီပြီးရှိလောက်ပါပြီ။  အခုတလော ငလျင်တွေလှုပ်နေတော့  သူတို့ ကြိုတင်သိလို့ အိမ်ပြောင်းနေ ကြတာလားလို့ စဉ်းစားမိပါတယ်။            ကျွန်မရဲ့မောင်ဖြစ်သူ ဦးနေအုပ် စင်ကာပူက ပြန်လာတော့ သူနဲ့ သိကျွမ်းခဲ့တဲ့ စာရေးဆရာ Jimmy Leo ရဲ့ စာအုပ်တစ်အုပ်ပါလာတယ်။ A Legacy to my sons ''သားတွေအတွက် အမွေ''တဲ့၊ သုံးလေးအုပ်ရှိ ပြီတဲ့။ သူတို့ဆီမှာ သိပ်နာမည်ကြီးပါတယ်။ အကြောင်းအရာစုံပါတယ်။ ကျွန်မရဲ့မောင်က အစ်မလည်းစာရေးတယ် သူ့လိုပဲ တိုတိုနဲ့လိုရင်းကိုရေးတယ်လို့ ပြောပြတော့ သူ့စာအုပ်ကို ဘာသာပြန်ဖို့ ခွင့်ပြုပါတယ်လို့ ပြောပြီးလက်မှတ်ထိုးပေးလိုက်ပါတယ်။ ပုရွက်ဆိတ်တွေအကြောင်း ပါလာလို့ တိုက်ဆိုင်နေတဲ့အတွက် ဗွေဆော်ဦးဘာသာပြန်ပြီး မျှဝေပေးလိုက်ပါတယ်။

''ပုရွက်ဆိတ်တွေက ဘယ်တော့မှ လက်မလျှော့ဘူး။ သူတို့လမ်းကြောင်းကို ပိတ်ဆို့ဖို့ကြိုးစားကြည့် ပါ။ သူတို့က တခြားလမ်းကြောင်း တစ်ခုရှာကြလိမ့်မယ်။ သူတို့က ကျော်တက်ကြမယ်။ အောက်ကနေ သွားကြမယ်၊ ကွေ့ရှောင်သွားကြလိမ့်မယ်။ ဒါမှမဟုတ် လာပြီး နှောင့်ယှက်သူကို တိုက်ခိုက်ကြလိမ့်မယ်။ ဒါမှသာ သူတို့ လမ်းကြောင်းရဲ့ အတားအဆီးကို ဖယ်ရှားနိုင်မယ် မဟုတ်ပါ လား။

ကျွန်တော့်ခြံထဲမှာ ပုရွက်ဆိတ်အုံတွေ အနားက သစ်ကိုင်းတချို့ကို ဖြတ်ပစ်တုန်းကအဖြစ်ကို သတိရမိတယ်။ ဖြတ်ချလိုက်တဲ့ သစ်ကိုင်းပေါ်က ပုရွက်ဆိတ်တွေက ဆင်းသွားကြပြီး သူတို့ အလုပ်ကို ဆက်ပြီး လုပ်တယ်။ ပြီးတော့ သူတို့ အသိုက်ဆီကို ပြန်သွားကြတယ်။ ဘယ်လိုမှ နောင် တမရကြပါဘူး။ သူတို့အလုပ်ကို အပြီးသတ်လုပ်ဖို့ ရှေ့ကိုသာ စိတ်အားထက်သန်စွာ ချီတက်သွားကြ တယ်။

သူတို့ မညည်းညူကြဘူး။ လက်လျှော့မသွားကြဘူး။ ရှေ့ကိုသာ ဆက်ပြီးသွားကြပါတယ်။

ပညာအရှိဆုံး ဆော်လမွန်ဘုရင်ကြီးက ပြောတယ်။

''ပုရွက်ဆိတ်တွေဆီက သင်ခန်းစာယူကြစမ်း အပျင်းအိုးတွေ။ သူတို့ရဲ့ နည်းပညာတွေကို လေ့လာသင်ယူကြ၊ ဥာဏ်ကိုအသုံးပြုကြ။ သူတို့ကို အလုပ်လုပ်ခိုင်းမယ့် အိမ်ရှေ့မင်း သား၊ ဘုရင်ခံ၊ အစိုးရမင်းတွေ မရှိပေမယ့် သူတို့ကတစ်နွေလုံး ကြိုးစားပမ်းစား အလုပ်လုပ်ပြီး ဆောင်းရာသီ အတွက် အစာတွေ စုဆောင်းကြတယ်။

ပုရွက်ဆိတ်တွေက တစ်နွေလုံးဆောင်းရာသီကိုပဲ စဉ်းစားကြတယ်။ သူတို့က ရာသီဥတုအခြေအနေပေးသလောက် အစောဆုံးအချိန်ကစပြီး အစာစုဆောင်းဖို့ အလုပ်လုပ်ကြ တယ်။ နေ့ရောညပါ အလုပ်လုပ်ကြတယ်။

နွေရာသီတွေက အကြာကြီးခံမှာ မဟုတ်ဘူး။ ဆောင်းရာသီတွေလည်း  ထိုနည်းအတိုင်းပါပဲ။ ခက်ခဲ ဆင်းရဲတဲ့ အချိန်တွေလည်း အမြဲတမ်းရှိမနေနိုင်ပါဘူး။ ထို့အတူ အဆင်ပြေသာယာတဲ့ အချိန်တွေက လည်း အမြဲတည်တံ့မနေပါဘူး။

ဘဝဆိုတာနွေရာသီတွေနဲ့ ဆောင်းရာသီတွေ၊ ပူတဲ့ဥတုတွေနဲ့ အေးတဲ့ဥတုတွေ၊ ချိုမြိန်တဲ့အချိန် တွေနဲ့ ခါးသီးတဲ့ အချိန်တွေကို တာ ဝန်ယူပါတယ်။

ကျွန်ုပ်တို့က ကျရောက်လာမယ့် ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေအတွက် စုဆောင်းထားဖို့ လိုအပ်ပါ တယ်။ အဆင်ပြေနေတဲ့ အချိန်တွေမှာ ခက်ခဲတဲ့အချိန်တွေကို မမေ့ပါနဲ့။ အဆိုးနဲ့ အကောင်းအချိန်တွေက စက်ဝန်းလို အဆက်မပြတ်လည်နေမှာပါပဲ။ နောက်တစ်ခါ ငွေတွေကို မသုံးခင်မှာ ခက်ခဲကျပ်တည်းမယ့် အချိန်တွေအတွက် စုဆောင်းထားဖို့ စဉ်းစားပါ။ ဆောင်ပုဒ်တစ်ခုထားကြပါစို့။ 'သုံးမည့်အစား စုပါ'

အဆင်ပြေတဲ့ အချိန်မှာ ခက်ခဲတဲ့အချိန်ကို သတိရပါ။

နေ့စဉ် ငွေစုဆောင်းဖို့ ပုရွက်ဆိတ်တွေကို သတိရပါ။ (Jimmy Leo).

ခင်စောတင့်

ခင်စောတင့်
 
Untitled Document
Han Min said...
Wednesday 14 February 2018, 9:30 pm
Thanking you sayarma khin saw tint for your knowledge to me .
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.