1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ဘာတွေ ထပ်လုပ်ဖို့ လိုသေးလဲ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တိုင်းရင်းသားအားလုံးကို ချစ်ခင်လေးနက်စွာ ဆက်ဆံသည်။

ဒါကို ယုံမှားသံသယဖြစ်စရာ လုံးဝမရှိပါ။

၂ဝ၁၈၊ ဖေဖော်ဝါရီ ၂ ရက်က ၇၁ နှစ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားတွင် သူမက မိန့်ခွန်း စကားပြောကြားခဲ့ပါသည်။

မွန်အမျိုးသားများအတွက်သာမက မြန်မာနိုင်ငံရှိ ပြည်သူတစ်ရပ်လုံးအတွက်  မင်္ဂလာရှိသောသတင်း မှာ မွန်တိုင်းရင်းသားများသည် အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးကြတော့မည်။

''ဒါဟာဖြင့် ကျွန်မတို့ရဲ့ ပြည်ထောင်စုစိတ်ဓာတ်ဟာ ပိုမိုပြီး တောင့်တင်းခိုင်မာလာတာကို ပြသ ခြင်းဖြစ်ပါတယ်''  

သူမက ပြောသည်။

ပြည်ထောင်စု စိတ်ဓာတ်ဆိုသည်မှာ  တစ်ဦးနှင့်တစ်ဦး လေးစားခြင်း၊ နားလည်ခြင်းအပေါ်မှာ အခြေ ခံသည်။

''ကျွန်မတို့ သမိုင်းမှာ ပြန်ကြည့်လိုက်မယ်ဆိုရင် ဗမာလူမျိုးတွေက မွန်ဘုရင်မကြီး ရှင်စောပုနဲ့  မွန် ဘုရင်ကြီး ဓမ္မစေတီမင်း၊ ရာဇဓိရာဇ်  မွန်မင်းတွေကို အင်မတန်မှ  လေးစားတယ်၊ ချစ်ခင်တယ်''

''ဒီလို မွန်ဘုရင်ကြီး မွန်ဘုင်မ ကြီးများကို လေးစားတဲ့စိတ်ဖြစ်တာဟာဆိုလို့ရှိရင် ကျွန်မတို့ ငယ်ငယ် ကတည်းက သင်ကြားခဲ့ရတဲ့စာတွေထဲမှာ မွန်ဘုရင်တွေ၊ မွန်ဘုရင်မကြီးတွေ ပါဝင်ပါတယ်''

အဲတော့ ချစ်တဲ့စိတ်၊ တန်ဖိုးထားတဲ့စိတ်ဟာ ငယ်ငယ်ကတည်းက အခုထိအောင် ဖြစ်နေတာပေါ့''

သူမက ပြောသည်။

တကယ်တော့ လူတိုင်းသည် အမှားမကင်းနိုင်ကြကြောင်း၊ လူတိုင်းသည် အပြစ်မကင်းနိုင်ကြကြောင်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါသည်။

''တစ်ယောက်နဲ့တစ်ယောက် အပြစ်ရှာနေမယ်ဆိုရင်တော့ အပြစ်တွေ့မှာပါပဲ။ ဘယ်သူမှလည်း အပြစ် ကင်းတာ မဟုတ်ပါဘူး''

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ပြောပါသည်။

မွန်ဗမာ စစ်ပွဲများအကြောင်းကို သူမ ငယ်စဉ်က သင်ကြားခဲ့ရပါသည်။

ထိုစစ်ပွဲတွင်ပါဝင်သော မွန်ဘုရင်များ၊ မွန်သူရဲကောင်းများအား ဗမာဘက်က အလွန်လေးစား ကြောင်းကို  သူမကိုယ်တိုင် ဖတ်ရှုခဲ့ရသည်။

''ချစ်ဖို့ ကောင်းတဲ့သူ၊ လေးစားဖို့ကောင်းတဲ့သူ ဘယ်သူကိုမဆို၊ ကိုယ့်ရဲ့လူမျိုးဖြစ်သည်ဖြစ်စေ၊ မဖြစ် သည်ဖြစ်စေ လေးစားတတ်တယ်၊ ချစ်ခင်တတ်တယ်ဆိုတာ၊ အဲ့ဒါလည်း အင်မတန်မှ ကောင်းတဲ့ကိစ္စဖြစ်ပါတယ်''

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

ပြည်ထောင်စုကြီး၏ ပန်းတိုင်သည် မည်သည့်အရာနည်း။

''ကျွန်မတို့ရဲ့ ကမ္ဘာကြီးတည်ရှိနေသရွေ့၊ ကျွန်မတို့ ပြည်ထောင်စုကြီးကို ပိုမိုတိုးတက်အောင်၊ ပိုမိုဖွံ့ဖြိုးအောင်၊ ပိုမိုခိုင်မာအောင်၊ ပိုမိုငြိမ်းချမ်းအောင် လုပ်သွားရမှာပါပဲ''

သူမက ပြောသည်။

မန္တလေးက စကား။

မော်လမြိုင်က အစား။

မြန်မာ စကားပုံရှိတယ်။

''မွန်တိုင်းရင်းသားတွေဟာ ဖွယ်ဖွယ်ရာရာချက်တဲ့ နေရာမှာဆိုလို့ရှိရင် အင်မတန်မှ တော်တယ်ဆိုတာကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်''

သူမက ပြော၏။

မြို့အသီးသီးမှာ၊ လူအသီးသီးမှာ၊ တိုင်းရင်းသားအသီးသီးမှာ အထူးအားသန်ချက်ကလေးများ ရှိသည်။

ထိုအားသန်ချက်များ၊  ထိုအားသာချက်များကို ပိုပိုပြီးတော့  မြင့်မားလာအောင်  နိုင်ငံတော် အစိုးရအနေနှင့် ကြိုးစားအားပေးသွားမည်ဟု သူမကပြောသည်။

သူမသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို တာဝန်မယူရသေးခင် ၂ဝ၁၂ ကတည်းကပင် လွှတ်တော်ထဲတွင်ရှိနေသည်။

သူမနှင့် သူမ၏ ကိုယ်စားလှယ် များသည် လွှတ်တော်ထဲနေစဉ်ကလည်း မွန်အမျိုးသားနေ့ကို ညီညီ ညွတ်ညွတ် အသိအမှတ်ပြုခဲ့ကြပါ သည်။

''ကျွန်မတို့ တစ်နှစ်ထက်တစ် နှစ်တစ်နှစ်နဲ့တစ်နှစ် မွန်အမျိုးသားနေ့ကို အလေးထားခဲ့ကြပါတယ်။

အခုဆိုရင် ၇၁ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ဆင်နွှဲတဲ့အခါမှာ ကျွန်မတို့ ၇၁ နှစ် ရှိလာပြီ။

ဒီ ၇၁ နှစ်ထဲမှာ ဘာ အားသာ ချက်တွေရှိခဲ့သလဲ။

ဘာ တိုးတက်ချက်တွေရှိခဲ့သလဲ။               ဘာတွေထပ်လုပ်ဖို့ လိုသေးသလဲဆိုတာကို ဆင်ခြင်ရမယ့်အချိန် ဖြစ်ပါတယ်''

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကပြောပါသည်။

ဘာတွေထပ်လုပ်ဖို့ လိုသေးသလဲ။

ဘာတွေထပ်လုပ်ဖို့ လိုသေးသလဲ။

ဘာတွေထပ်လုပ်ဖို့ လိုသေးသလဲ။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ သူမ၏ အဖွဲ့သားအားလုံးက စဉ်းစားဆင်ခြင်ရန် လို အပ်နေသော ၂ဝ၁၈ ဖြစ်ပါသည်။

ပြည်သူလူထုသည် NLD ကို ပုံအော၍ မဲပေးခဲ့ကြသည်။ တောရောမြို့ပါ NLD ကိုသာ ပုံအော၍ မဲပေးခဲ့ကြသည်။

NLD သည် သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါသည်။

ပြည်သူလူထု စားဝတ်နေမှု ဖူလုံလောက်ငရန် အရေးအကြီးဆုံး ဖြစ်ပါသည်။

''လုံလောက်မှု၊ ဖူလုံမှုက အရေးကြီးပါတယ်။ အဲဒီလို ဖူဖူလုံလုံရှိမှလည်း စိတ်အေးချမ်းနိုင်မယ်။ ကိုယ့် ပတ်ဝန်းကျင်မှာ၊ ကိုယ့်အပေါ်မှာ မေတ္တာထားတဲ့ လူတွေရှိမှလည်း  နှလုံးစိတ်ဝမ်း အေးချမ်းနိုင်မယ်။ ကိုယ်ကလည်း မေတ္တာကိုသူတစ်ပါးအပေါ်ထားနိုင်မှ နှလုံးစိတ်ဝမ်းအေးချမ်းမယ်''

သူမက ပြောပါသည်။

 

မောင်ကိုကို (အမရပူရ)

မောင်ကိုကို (အမရပူရ)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.