1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
သတိတမာန် ဥာဏ်မြေကတုတ်

ယုံလွယ်လွန်းသူဟာ ဆန်ခါနဲ့ ရေခပ်တာပဲ။

စပိန်စကားပုံ

ဆင်ခြင် မြော်တွေးမှုဟာ ကြိုးကြောင်းဆင်ခြင်းနည်းတွေထဲမှာတော့ အကောင်းဆုံးပါပဲ။ ဘဝတာဝန်များကို ထမ်းဆောင်ရာမှာလည်း ထိရောက်တဲ့ လမ်းညွှန်ဖြစ်တယ်။ ဆင် ခြင်မြော်တွေးမှုကြောင့် လမ်း (သို့မဟုတ်) မီးရထားသံလမ်းကို ဖြတ်ကူးရာမှာ နှစ်ဖက်စလုံးကို ကြည့်တယ်။  ဆင်ခြင်မြော်တွေးမှု (Prudence) စကားလုံးနှစ်လုံးတည်းနဲ့ ပြောရရင် လိမ်လိမ်မာမာ သတိထားခြင်း (wise caution) ပါပဲ။

အရောင်းအဝယ်လုပ်ကြတဲ့ ကိစ္စမျိုးမှာ ကျွန်ုပ်တို့က ကျွန်ုပ်တို့ ပိုင်မှု၊ အကျင့်စာရိတ္တနဲ့ မှန်ကန်မှု ထက် တခြားလူတွေရဲ့မူ၊ အကျင့်စာရိတ္တ၊ မှန်ကန်မှုနဲ့ ကတိစကားတွေကို ပိုအလေးထားတတ်ကြတယ်။ သိုးရေခြုံထားတဲ့ ဝံပုလွေဟာ တခြားလူတွေရဲ့ လုပ်အားအသီးအပွင့်တွေကို  ကိုယ်ကျိုးအတွက်  အမြတ်ထုတ်နိုင်ဖို့ အမြဲချောင်းနေတတ်ကြတယ်။ အဲဒီမထင်မှတ်နိုင်စရာ လူတွေ၊ ဥာဏ်နီဥာဏ်နက်တွေများလွန်းတော့ အကယ်၍ ဆင်ခြင်မြော်တွေးမှု နည်းနည်းလေး လျော့သွားတာနဲ့ သင်ဟာ သူတို့ရဲ့ သားကောင်ဖြစ်သွားနိုင်ပါတယ်။

တစ်ချိန်မှာ ကျွန်ုပ်ဟာ အမြတ်အစွန်း သေချာပေါက်ရနိုင်တဲ့ ရှယ်ယာကို ရောင်းခဲ့ဖူးတယ်။ ဝယ်သူတွေက သစ္စာရှိရှိ ကတိပေးကြတယ်။ ခြောက်ရက်အတွင်းမှာ ကျန်ငွေကို တစ်ပြားမကျန်ပေးချေပါ့မယ်တဲ့။ အဲ-ခြောက်ရက်ကနေ တစ်နှစ်ကြာသွားမှ လာချေကြတော့ ရောင်းဈေးရဲ့ သုံးပုံတစ်ပုံလောက်ပဲ ရတော့တာပေါ့။ ဒေါ်လာတစ်သိန်းလောက်ရှုံးတဲ့အပြင် သူငယ်ချင်းတွေ၊ ပံ့ပိုးမှုတွေ ဘဏ်လုပ်ငန်းရှင်တွေ၊ လုပ်ငန်းထဲက အပေါင်းအဖော်တွေကလည်း ကျွန်ုပ်မှာ ပလိပ်ရောဂါရှိနေသလို ရှောင်သွားကြတယ်။

အောင်မြင်နေတဲ့ ကုန်သည်ကြီး တစ်ယောက် ယာယီရှုံးနိမ့်သွားတဲ့ ကိစ္စကတော့ပြောလို့ မလွယ်ပါဘူး။ ဒါပေမယ့် ကျွန်ုပ်ကိစ္စကိုတော့ မပြောမဖြစ် ပြောပြချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်ရဲ့ အတွေ့အကြုံကို ပြန်ဖြန့်ဝေဖို့ဟာ အရေးကြီးတယ်ထင်လို့ပါ။

ဆင်ခြင်မြော်တွေးမှုဟာ ဘဝရဲ့အဆင့်တိုင်း အဆင့်တိုင်းမှာ ရှိကြသူတိုင်း အလေးအနက် တန်ဖိုးထားသင့် တယ်ထင်မိလို့ပါ။ စီးပွာရေးကို စီးပွားရေးဆန်ဆန် လုပ်သွားသင့်တယ်။ ငွေ ကိစ္စပေါ်ပေါက်လာရင်လည်း ကောင်းမွန်တဲ့ ငွေကြေးဆိုင်ရာမူရှိတဲ့ ဘဏ်ကို ရွေးသင့်ပါတယ်။

ကျွန်ုပ်ရဲ့ အရှုံးတွေထဲက သင်တို့အားလုံး အမြတ်ရစေချင်ပါတယ်။ နောက်ပိုင်း ကျွန်ုပ်ခံစားရတဲ့ များစွာသော အောင်မြင်မှုများဟာလည်း ကျွန်ုပ်တို့ရှေ့က အမျိုးသားကြီးများ၊ အမျိုးသမီးကြီးများရဲ့ ခြေရာကို နင်းနိုင်ခဲ့လို့ဖြစ်ကြောင်းကိုလည်း မျှဝေချင်လို့ပါ။

တကယ်တော့ အတွေ့အကြုံဟာ တန်ဖိုးကြီးတဲ့ ဆရာတစ်ဆူ ဖြစ်ပါ တယ်။

ဆင်ခြင်မြော်တွေးမှုကတော့ ကျရှုံးမှုကိုဆန့်ကျင်တဲ့ အာမခံ ပေါ်လစီဖြစ်တယ်။ လုပ်ငန်းမစခင်မှာ လို အပ်တဲ့ အချက်အလက်အားလုံးပြည့် စုံနေအောင် စုဆောင်းဖို့ဆိုတာဟာလည်း ကောင်းမွန်တဲ့ စည်းကမ်းချက် တစ်ခုဖြစ်ပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ သတိပေးချက်ပါ။ ဒါဟာ ဆင်ခြင် မြော်တွေးခြင်းပါ။

 

ခင်မောင်တိုး (မိုးမိတ်)

ဝန်ခံချက်။   ။ Sidney Newton Bermer (Ph.D)၏ 366 Self Motivation Essay များမှ ထုတ် နုတ်ပြန်ဆိုပါသည်။

ခင်မောင်တိုး (မိုးမိတ်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.