1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
နိုင်ငံအတွက် ကူညီပံ့ပိုးခြင်း

၂ဝ၁၈ ၊ ဇန်နဝါရီ ၂၉ တွင် ကျွန်တော်တို့၏ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ထံမှ 'မြို့၏ လွတ်လပ်ခွင့်ဆု'ကို နယူးကာဆယ်မြို့က ပြန်လည်ရုပ်သိမ်းရန် စီစဉ်နေသည်ဟု ကမ္ဘာ့သတင်းများအရ သိရပါသည်။

နယူးကာဆယ်ကောင်စီခေါင်းဆောင် နစ်ဖိုးဘီးက ဒေါ်အောင်ဆန်းစုကြည်ထံမှ ဂုဏ်ပြုဆုကို ပြန် လည်ရုပ်သိမ်းသင့်ကြောင်း အဆိုပြုသည်ဟု သိရ၏။

ဒေါ်အောင်ဆန်းစုကြည်သည် လူ့အခွင့်အရေးနှင့် လွတ်လပ်စွာပြောဆိုခွင့်အား အတိုက်အခံဘဝက တောက်လျှောက်လုပ်ခဲ့ခြင်းအပေါ် နယူးကာဆယ်ကောင်စီက အသိအမှတ်ပြုခဲ့သည်။ ထိုအသိအမှတ်ပြုမှု ဖြင့် နယူးကာဆယ်ကောင်စီသည် ၂ဝ၁၁ က ဒေါ်အောင်ဆန်းစုကြည်အား မြို့၏လွတ်လပ်ခွင့်ဆု ပေးအပ် ခဲ့ခြင်းဖြစ်ပါသည်။

ယခုတော့ ဘင်္ဂါလီအရေးတွင် မြန်မာစစ်တပ်ဘက်မှ နှိပ်ကွပ်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ဆန့်ကျင်ကန့်ကွက်ရန် ပျက်ကွက်သည်ဟုဆိုကာ မူလအပ်နှင်းခဲ့သော ဂုဏ်ပြုဆုကို ပြန်လည်ရုပ်သိမ်းရန် စီစဉ်ခြင်း ဖြစ်ပါသည်။

ဤသည်မှာ သူတို့ဘက်ကအမြင် သူတို့ဘက်က အပြုအမူဖြစ်ပါသည်။

ကျွန်တော်တို့ဘက်ကမူ ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီအတွက် ရေရှည်ရုန်းကန်ခဲ့ရမှုကို အသိအမှတ်မပြု၍ မရနိုင်ပါ။

ဒေါ်အောင်ဆန်းစုကြည်ကြောင့်ပင် မြန်မာပြည်သူပြည်သားများသည် ဒီမိုကရေစီအရေးတွင် နိုးကြားခဲ့ကြသည်။ တက်ကြွစွာပါဝင်လာကြသည်။

နိုင်ငံတကာမှ သူမ၏ပုံရိပ်ကို ယခုအချိန်မှာပယ်ဖျက်ရန်  ကြိုးစားနေသော်လည်း ကျွန်တော်၏ ရင်ထဲမှာ သူမရှိနေပါသည်။

ယခုအချိန်တွင် ငြိမ်းချမ်းရေးအတွက် သူမ၏လှုပ်ရှားမှုများကို ကျွန်တော်သည် အထူးအလေးထားမိပါ၏။

သူမ၏အိပ်မက်မှာ ငြိမ်းချမ်းရေး ရရန်ဖြစ်သည်။

''ငြိမ်းချမ်းရေးရဖို့က တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိဖို့ လိုအပ်ပါတယ်။  တစ်ဦးနဲ့တစ်ဦး ယုံကြည်ဖို့က အရေးအကြီးဆုံးပါပဲ။

တစ်ယောက်နဲ့တစ်ယောက် ယုံကြည်သွားပြီဆိုရင် ကျန်တဲ့ပြဿနာအားလုံးကို ရှင်းလို့ရတယ်။

ကျွန်မတို့ဟာ တစ်ယောက်နဲ့ တစ်ယောက်နားလည်ဖို့ လိုအပ်လှပါတယ်။

အဲဒီလို တစ်ယောက်နဲ့တစ်ယောက် နားလည်ဖို့အတွက်က တစ်ယောက်နဲ့တစ်ယောက် မကြာခဏ တွေ့ဆုံကြဖို့လည်း အရေးကြီးပါတယ်''

၂ဝ၁၆ ၊ သြဂုတ်လ ၂၄ က သင်္ဂဟဟိုတယ်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ငြိမ်းချမ်းရေး  (PPST) အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ဖူးပါသည်။

''ကမ္ဘာပေါ်မှာ အရေးအကြီးဆုံး မေးခွန်းကတော့ ဘာကြောင့်ဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်''

သူမက ပြောသည်။

''ဘာကြောင့် ဒါကိုလိုချင်တာလဲ။

ဘာကြောင့် ဒါပြောတာလဲ။

ဘာကြောင့် ဒါကို လက်မခံတာလဲ''

ကျွန်မတို့အားလုံးက ကိုယ့်ကိုယ်ကိုမေးရမှာက ဘာကြောင့် ငြိမ်းချမ်းရေးကို ထာဝရငြိမ်းချမ်းရေး မတည်ဆောက်တာလဲ''

သူမက ပြောခဲ့သည်။

''ဘာကြောင့်ဆိုတာကို သူများ ဘက်ချည်းပဲ လက်ညှိုးထိုးရင် ကျွန်မတို့ဟာ အဖြေရမှာ မဟုတ်ဘူး''

ကျွန်မတို့ဟာ သူ့ဘက်ကလည်း ဘာကြောင့် မေးလို့ရတယ်။

ကိုယ့်ဘက်ကရော ဘာကြောင့် ကိုယ့်ဘက်ကမေးလို့မရမှာလဲ။

ဟိုဘက်ဒီဘက် မျှမျှတတ စဉ်းစားမယ်ဆိုရင် ကျွန်မတို့ ငြိမ်းချမ်းရေး  တည်ထောင်နိုင်မယ်လို့ ကျွန်မယူဆပါတယ်''

ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

သူမသည် ငြိမ်းချမ်းရေးဆိုသော အခွင့်အရေးကို လက်လွှတ်မခံကြစေချင်ပါ။

ငြိမ်းချမ်းရေးသည် ဤလိုအခါမှ အခွင့်အလမ်း အသင့်ဆုံးဖြစ်သည်ဟု သူမယူဆ၏။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦး ဆောင်အဖွဲ့ထဲမှ ပုဂ္ဂိုလ်များကို သူမက အားထားသည်။

လေးစားသည်။

သူတို့၏ အရည်အချင်းကို သူမက နားလည်သည်။

''ကျွန်မတို့က ဒီကြားထဲမှာ အဟောသိကံ မဖြစ်သွားစေချင်ဘူး။

ကျွန်မတို့ရဲ့ အချိန်တွေ၊ ကျွန်မတို့ရဲ့ ပြည်သူလူထု၊ ကျွန်မတို့ရဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှာ ပါဝင်နေတဲ့ ပုဂ္ဂိုလ်ကြီးများရဲ့ အရည်အချင်းတွေကိုအားလုံး အဟောသိကံ ဖြစ်မသွားစေချင်ဘူး။ အလကားသက်သက် အဟောသိကံဖြစ်မသွားဖို့က လိုပါတယ်''

သူမက ပြောသည်။

''ဒီတစ်ခေါက် မအောင်မြင်နိုင်ဘူးဆိုရင် နောက်ဘယ်လောက်စောင့်ရမလဲ။

စောင့်နေရတဲ့ အချိန်အတွင်းမှာ ကျွန်မတို့ နိုင်ငံဘယ်လောက်နစ်နာ မလဲဆိုတာ စဉ်းစားစေချင်ပါတယ်''

သူမက ပြောသည်။

ငြိမ်းချမ်းရေးကို အောင်မြင်အောင် မလုပ်နိုင်ပါက နိုင်ငံ၏ တိုးတက်အောင်မြင်နိုင်မှု အခွင့်အရေးများလည်း လက်လွတ်ဆုံးရှုံးသွားပါ လိမ့်မည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ရပ်စဲရေးသဘောတူ စာချုပ်တွင် ၂ဝ၁၈ နှစ်ဦးမှာ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) က လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခဲ့ပြီ။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အလွန်ဝမ်းမြောက်ခဲ့ပြီ။

''ကျွန်မအနေနဲ့ မွန်ပြည်သစ်ပါတီနဲ့ ကျွန်မတို့ရဲ့ လားဟူတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံးကို ကြိုဆိုနိုင်တဲ့အတွက် အင်မတန်မှ ဝမ်းသာပါတယ်။

ဒီလိုကျွန်မတို့ရဲ့ ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးအတွက် ပြည်ထောင်စုအတွင်းမှာ ငြိမ်းချမ်းရေးရရှိရေးအတွက် ငြိမ်းချမ်းမှုကို အခြေခံတဲ့ ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် ကျွန်မတို့ရဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ မွန်တိုင်းရင်းသားများ၊ လားဟူတိုင်းရင်းသားများကို အင်မ တန်မှ ကျေးဇူးတင်ပါတယ်''

သူမသည်  နောက်မျိုးဆက်သစ်အတွက်၊ နောင်လာနောင်သားများအတွက် ခြေလှမ်းများ လှမ်းနေခြင်းဖြစ်ပါသည်။ သဘောတူခြင်း၊ လက်မှတ်ထိုးခြင်း၊ နိုင်ငံအတွက် ကူညီခြင်းပင်ဖြစ်သည်။

မောင်ကိုကို (အမရပူရ)

မောင်ကိုကို (အမရပူရ)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.