25-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1047
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
မိမိကိုယ်မိမိ ယုံကြည်မှု

ချိုးနှိမ်မရတဲ့ ဆန္ဒမျိုးရှိကြတဲ့ ပါရမီရှင်ကြီးများကတော့ သူတို့အတွက် အတားအဆီးတွေကိုတစ်ခုမှ  မတည်ဆောက်ရသေးဘူးလို့ ပြောကြတယ်။

လုဝစ်ဘွန်ဘီသိုဗင်

မဟာဂျာမန်တေးပြုစာဆိုကြီးကတော့ မိမိကိုယ်မိမိ ယုံကြည်မှုရှိထားသူတို့ လျှောက်ရာလမ်းမှာ မကျော်လွှားနိုင်တဲ့ အခက်အခဲမျိုး လုံးဝမရှိဘူးဆိုတာကို ကောင်းကောင်းကြီး သဘောပေါက်နားလည် ထားပါတယ်။ မိမိကိုယ်မိမိ ယုံကြည်မှုဟာ ချိုင့်၊ ကျင်း၊ ခလုတ်၊ ပြဿနာအားလုံးကို အလွယ်တကူဖြတ်ကျော် သွားနိုင်ပါတယ်။ ဒီအတားအဆီး၊ အခက်အခဲတွေဟာ ပန်းတိုင်ရောက်ဖို့ လျှောက်လှမ်းနေကြသူအများစုကို ပန်းတိုင်မရောက်အောင် ပိတ်ကာ တားဆီးကြမြဲဖြစ်တယ်။

ကျွန်ုပ်တို့ကိုယ်တိုင်ရဲ့ ပယောဂမပါသမျှ ဘဝဟာလောင်းကစားပွဲ ဖြစ်သွားဖို့မလိုပါဘူး။ ဒါပေမယ့် မိမိ ခြေထောက်ပေါ် မိမိရပ်ဖို့ပျက်ကွက်သွားတဲ့အခါမျိုးမှာတော့ ဘဝဟာလောင်းကစားပုံစံ ပြောင်းသွားတော့တာပါပဲ။ တခြားလူတွေ အောင်အောင်မြင်မြင်လုပ်သွားကြသလို ကျွန်ုပ်တို့လည်း လုပ်နိုင်ကြပါတယ်။ လုပ်နိုင်တဲ့ စွမ်းရည်ဟာ ကျွန်ုပ်တို့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်ပါ။ အောင်မြင်မှုဆိုတာဟာလည်း မွေးရာပါပဲဖြစ်ပါတယ်။

ကြိုပမ်းအားထုတ်လုပ်ရမယ့် နေရာတိုင်းမှာ အောင်မြင်မှုရနိုင်ဖို့ မိမိကိုယ်တွင်းကို ပထမကြည်လိုက်ပါ။ နောက်...မိမိကိုယ်မိမိ ယုံကြည်မှုကိုရော ရှာတွေ့ရဲ့လား။ ကျွန်ုပ်တို့က အဲဒီလို ရှာဖွေတွေ့ရှိပြီးသွားရင် ကိုယ် တွင်းက အင်အားစုတွေကို ပိုင်ပိုင်နိုင်နိုင်သုံးပြီး စတင်လှုပ်ရှားရတော့မှာပဲ။ ဘာကြောင့်လည်းဆိုတော့ အောင်မြင်အောင်လုပ်နိုင်ပြီဆိုတာကို သိထားဖြစ်နေလို့ပေါ့။ တစ်ချိန်တည်းမှာ ပိုကျွမ်းကျင်ပိုင်နိုင်ဖို့ စဉ်ဆက်မ ပြတ်လေ့ကျင့်နေရဦးမှာပါ။

ဆင်းရဲဒဏ် ဖိစီးခံနေရသူတွေ ကတော့ ဆင်းရဲမြဲဆင်းရဲနေကြဦးမှာပါ။ ဘာကြောင့်လည်းဆိုတော့ သူတို့ ကိုယ်သူတို့ မယုံကြလို့ပဲ။ နောက်... လူများစုဘက်လှည့်ကြည့်လိုက်ပြန်တော့  ယဉ်ကျေးမှုတိုးတက်မြင့်မား ရေးအတွက် မဖြစ်စေလောက်ကလေးပဲ ထည့်ဝင်လှူဒါန်းလိုကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကိုယ်သူတို့  အကျပ်ကိုင်ထားတဲ့ သတ်မှတ်ချက် တွေရှိနေလို့ပဲ။ ထိပ်တန်းအရောင်း သမားတွေကတော့ရောင်းတာနဲ့ ပတ် သက်လာရင် သူတို့စွမ်းရည်ကို ယုံကြည်ကြတယ်။ သူတို့ကိုယ်သူတို့လည်း အလုပ်ထဲမှာ  စက္ကန့်မလပ် နှစ်ထားတတ်ကြတယ်။ ဒီလိုနဲ့ သူတို့ဟာ အောင်မြင်မှု သရဖူကို ဆောင်းနိုင်လိုက်ကြတာပါပဲ။

မိမိကိုယ်မိမိ ယုံကြည်ကျင့်ကို  နည်းနှစ်မျိုးနဲ့ ရနိုင်ပါတယ်။ ဘဝပြဿနာကို ဖြေရှင်းတဲ့အခါမှာ ကိုယ်ပကိုမကြည့်ဘဲ ကိုယ်တွင်းကို ကြည့်ဖို့နဲ့ အောင်မြင်ဖို့သင့်ကို မွေးဖွားပေးလိုက်တယ်ဆိုတာကို ယုံကြည်ဖို့ပဲဖြစ်တယ်။ အောင်မြင်စိတ်ဖြစ်လာ အောင် သင်ယူရမယ်။ သင့်ကိုယ်သင် ယုံကြည်မှုရှိရမယ်။ လူတချို့ကတော့ ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲ အသေးအမွှားလေးတွေကို  အောင်အောင်မြင်မြင် ကျော်လွှားနိုင်လိုက်တာနဲ့၊ အောင်မြင်မှုအသေးအဖွဲ့ လေးရလိုက်တာနဲ့ မိမိကိုယ်မိမိယုံ ကြည်မှုရှိသွားကြတော့တာပဲ။ အဲ...နောက်ပိုင်းကျတော့ သူတို့အ နေအထားက ပိုမြင့်မြင့်သွားတော့တာပါပဲ။ ဒီလိုဘာကြောင့်ဖြစ်ရသလဲဆိုရင် သူတို့ဟာ ဘယ်လိုအလုပ်မျိုးကို မဆို လုပ်နိုင်စွမ်းရှိတယ်လို့ မှတ်ယူ ထားကြတဲ့အတွက်ကြောင့်ပေါ့။

မိမိကိုယ်မိမိယုံကြည်မှုဟာ အညွန့်ချိုးခံရတဲ့ ဘဝကိုပင်လျှင် ကြွယ်ဝချမ်းသာစေပါတယ်။        ။

ခင်မောင်တိုး (မိုးမိတ်)

ဝန်ခံချက်။      ။ Sidney Newton Bermer (Ph.D)၏ 366 Self Motivation Essay များမှ ထုတ်နုတ်ပြန်ဆိုပါသည်။

ခင်မောင်တိုး (မိုးမိတ်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.