25-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1047
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
အားမာန်

ဘဝရဲ့ မဟာဆုလာဘ်တွေဟာ ခန္ဓာကိုယ်ကြံ့ခိုင်တောင့်တင်းပြီး စိတ်ခွန်အားကောင်းတဲ့ လူတွေဆီမရောက်တဲ့ အနေအထားမျိုးရှိတတ်ပါတယ်။ ဒါကတော့ သိပ်ကိုရှားပါးလွန်းတဲ့ ခြွင်းချက်လို့ ပြောရမှာပါ။  သဘာဝက လူဟာ သူ့အခြေအနေ အရပ်ရပ်နဲ့ အပေါ်ပိုင်းမှာ ရှိနေရမယ်လို့ တောင်းဆိုထားပါတယ်။ သဘာဝရဲ့ဒီနိယာမကို မလိုက်နာသူဟာ ပလ္လင်ပေါ်ထိုင်နေသူဖြစ်ပါစေ ပြစ်ဒဏ်ခံရမှာပဲ။

ဂျူလီယာဝပ်ဟောင်း

'အားမာန်တက်ကြွမှု'ကို စိတ်နဲ့ကိုယ် နှစ်ပါးစလုံးရဲ့ စွမ်းအင်လို့ ဖွင့်ဆိုကြပါတယ်။ အားမာန်မှာကြီးမားတဲ့ ဖန်တီးနိုင်မှု စွမ်းအားတွေရှိနေပါတယ်။ ဒီစွမ်းအားကပဲ စွမ်းရည်တိုင်းကို တိုးပွားစေပါတယ်။ ဒါတွင်မကသေးဘူး။ ဒီစွမ်းအားဟာ ပို အကျိုးများအောင် ပိုထုတ်လုပ်နိုင်အောင်လည်း ဖန်တီးပေးနိုင်ပါသေးတယ်။

ကျွန်ုပ်တို့ရဲ့ အားမာန်(ဝါ) ခံနိုင်ရည်(ဝါ) ဖန်တီးနိုင်တဲ့စွမ်းအင်ဆိုတာတွေဟာ စွမ်းအားတွေထုတ်ပေးနိုင်တဲ့ အရာတွေဖြစ်ပါတယ်။  ဘဝရဲ့တွန်းအားတွေလို့လည်း ပြောနိုင်ပါတယ်။ ဒါပေမယ့် လူနည်းစုလောက်ကသာ ဒီတွန်းအားဟာ အောင်မြင်မှု အမျိုးမျိုးရနိုင်ဖို့ အရင်းခံဖြစ်မယ်ဆိုတဲ့ အချက်ကို သိကြတယ်။

မိဘတွေကလည်း သူတို့သားသမီးလေးတွေမှာ စွမ်းအား အများကြီးရှိဖို့ လိုလားကြတယ်။ ဟုတ်ပါတယ်။ ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ သားသမီးလေးတွေရဲ့ စွမ်းအင်ကို ပုလင်းထဲထည့်ရောင်းမယ်ဆိုရင် ဒေါ်လာသန်းချီရနိုင်ပါတယ်။ သားငယ်သမီး ငယ်လေးတွေဆိုတာက ငယ်ရွယ်နုနယ်ကြသေးလို့ သူတို့စွမ်းအင်တွေကို ဘယ်လိုဖြုန်းပစ်မယ် ဘယ်လိုဖျက် ဆီးပစ်မယ်ဆိုတာကို မသိကြသေး ဘူး မဟုတ်လား။

ကျွန်ုပ်တို့ကို အဲဒီလိုဖွဲ့စည်းတည်ဆောက်ထားလေတော့ ချမ်းသာချင်တယ်။ အသက်ရှည်ချင် တယ်။ ပြည့်စုံကြွယ်ဝချင်တယ်။ လူငယ်စွမ်းအင်ကို ပိုင်ဆိုင်ချင်တယ်။ တကယ်တော့ ကျွန်ုပ်တို့ကိုလည်း တစ်သက်စာအဖို့ လုံလောက်တဲ့ စွမ်းအင်တွေ ပေးအပ်ထားတာပါပဲ။ ကျွန်ုပ်တို့ကောလိပ်ကျောင်းသားဘဝ (သို့မဟုတ်) လူကြီးဖြစ်စမှာ စွမ်းအင်ရင်းမြစ်ကို ဖြုန်းတီးလိုက်ကြတယ်။ လောင်စာဆီတိုင်ကီတွေကို ထိုးဖောက်လိုက်ကြတယ်။ အထူးသဖြင့် ဒုက္ခဖြစ်စေတဲ့ အပျက်အစီးတွေကို မပြုပြင်ကြသူတွေဟာ အခက်အခဲနဲ့ ရင်ဆိုင်ရတာပဲ။ ငယ်ဘဝစွမ်းအင်ကို ပြန်မဖမ်းယူနိုင်ရုံသာမကဘူး ရသင့် ရထိုက်တဲ့ အောင်မြင်မှုတွေကိုပါ လက်လွတ်ခံလိုက်ကြရပါတယ်။

ရေရှည်အောင်မြင်မှုကိုလိုချင်ရင် ကိုယ်နဲ့စိတ်ကိုသန့်စင်နေအောင် ကြိုးစားကြရမယ်လို့ သဘာဝတရားကြီးက တောင်းဆိုထားပါတယ်။ သူ့တောင်းဆိုချက်ကို အမှုမဲ့အမှတ်မဲ့ထားလိုက်ရင် အကြောက်၊ ပူပင် သောက၊ ဒုက္ခ၊ ဝီစကီပုလင်းစတဲ့ သရဲ သဘက်၊ မကောင်းဆိုးဝါးတွေ က အာမခံချက်ရှိတဲ့ ယာယီအောင်မြင်မှုကို ဆုံးရှုံးသွားအောင် ပြောင်း ပေးလိုက်နိုင်ပါတယ်။ ဒီမကောင်းဆိုး ဝါးတွေဟာ အားမာန်နဲ့ တက်ကြွမှုကို ဖျက်ဆီးပစ်လိုက်ပါတယ်။ ဖျက်စီးခံရတဲ့အထဲမှာ ရေရှည်အောင်မြင်မှုရဖို့ အခွင့်အရေးတွေလည်း ရောပါ သွားတော့တာပေါ့။          ။

 

ခင်မောင်တိုး (မိုးမိတ်)

ဝန်ခံချက်။       ။ Sidney Newton Bermer (Ph.D)၏ 366 Self Motivation Essay များမှ ထုတ်နုတ်ပြန်ဆိုပါသည်။

ခင်မောင်တိုး(မိုးမိတ်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.