25-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1047
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ကိုယ်စီတာဝန် ကျေပွန်မှ

တိုင်းပြည်က စနစ်တစ်ခုကနေ တစ်ခုကို ကူးပြောင်းစကာလတွေမှာ စိန်ခေါ်မှုတွေများစွာကို ရင်ဆိုင်ရစမြဲပါပဲ။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေးအစရှိသဖြင့် တည်ဆောက်ရတာတွေပြုပြင် ပြောင်းလဲရတာတွေ ရှိစမြဲပါပဲ။ နိုင်ငံတစ်နိုင်ငံမှာ အုပ်ချုပ်သူ လူတန်းစားနဲ့ အအုပ်ချုပ်ခံလူတန်းစားရယ်လို့ နှစ်မျိုးရှိပါတယ်။  နိုင်ငံတည်ဆောက်ရေးမှာ အုပ်ချုပ်သူကချည်းပဲ အရာအားလုံးကို တာဝန်ယူဖို့မဖြစ်နိုင်ဘဲ အုပ်ချုပ်ခံပြည်သူတွေကလည်း တာဝန်ယူရတဲ့ အပိုင်းကဏ္ဍတွေရှိပါတယ်။ ဥပမာ အခွန်ဆောင်ရတာမျိုးပါ။ ဒါက ပံ့ပိုးရတဲ့ တာဝန်မျိုးပေါ့။  နောက်တစ်မျိုးကတော့ ကျင့်သုံးရမယ့် တာဝန်မျိုးပါပဲ။

ကျင့်သုံးရမယ့် တာဝန်ဆိုတာတို့ တာဝန်အရေးသုံးပါးကိုဆိုလိုတာတော့ မဟုတ်ပါဘူး။ နိုင်ငံတော်က ကျင့်သုံးနေတဲ့ စနစ်နဲ့လမ်းစဉ်ကို အထောက် အကူပြုရေး မပြုရေးထက် အနှောင့် အယှက်မဖြစ်အောင် နေထိုင်ရေးကိုပဲ အဓိကထား ပြောချင်တာပါ။ ဘယ်ခေတ်၊ ဘယ်စနစ်နဲ့ပဲ တည်ဆောက်သည်ဖြစ်စေ တရားဥပဒေကို လိုက်နာရမယ့် တာဝန်ဟာ ပြည်သူတွေရဲ့ တာဝန်ပဲဖြစ်ပါတယ်။ လူတိုင်းက တရားဥပဒေနဲ့အညီ လိုက်နာနေထိုင် ရင် တရားဥပဒေစိုးမိုးရေး ချိန်ခွင် လျှာစောင်းမှာမျိုးကိုလည်း ကြောက်စရာမလိုတော့ဘူး မဟုတ်လား။

ပိုပြီး အာရုံစိုက်စရာကတော့ လူငယ့်ဝန်းကျင်ပါ။ ယနေ့ လူငယ်နောင်ဝယ်လူကြီးဆိုသလို နိုင်ငံ့တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ကြရမယ့် လူငယ်တွေထဲမှာ ဥပဒေကို ချိုးဖောက်၊ မှုခင်းတွေ ကျူးလွန်တတ်တဲ့ စရိုက်ဆိုး၊ အကျင့်ဆိုးတွေ စွဲကပ်နေပြီဆိုရင် အဲဒီတိုင်းပြည်၊ အဲဒီနိုင်ငံဟာ ပစ္စုပ္ပန်မှာလည်း မကောင်းသလို အနာဂတ်တွေကိုလည်း စိုးရိမ်စရာအခြေအနေပါပဲ။ ကျွန်တော်တို့ ပစ္စုပ္ပန်ကို မျက်ခြည်မပြတ်စောင့် ကြည့်ဖို့လိုပါတယ်။

အေးချမ်းတဲ့ တောင်ပေါ်မြို့လေးဖြစ်လို့ သွေးအေးငြိမ်သက်လေ့ရှိတဲ့ ရှမ်းပြည်နယ်ရဲ့ မြို့တော်တောင်ကြီးမှာ ဖြစ်ပွားခဲ့တာလေးတစ်ခုပါ။ ဒီဇင်ဘာ ၁ဝ ရက်၊ ည ၁ဝ နာရီအချိန် ဗိုလ်ချုပ်ပန်းခြံမြောက်ဘက် ဝင်ပေါက်ရှေ့က ပလက်ဖောင်းပေါ်မှာ လူငယ်ငါးဦးထိုင်နေတုန်း တခြားလူငယ်တစ်ဦးက မတော်တဆနဲ့ ခလုတ်တိုက်မိရာက လူငယ်ချင်းရန် ပွဲဖြစ်ပွားပြီး သေသူသေ၊ ဒဏ်ရာရသူရ ဖြစ်ကြရတယ်လို့ သိရပါတယ်။ အခင်းဖြစ်နေရာက ဂစ်တာ အကျိုးအပဲ့ အပိုင်းအစကနေ တရားခံတွေကို ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။

တောင်ကြီးမြို့မှာ အရင်ကသိုင်းသင်တန်းတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် သင်တန်းဆရာတွေရဲ့ အုပ်ထိန်းမှုကောင်းတော့ အပရိက ရန်ပွဲလေးတွေလောက်ကလွဲရင် ပြဿနာကြီးကြီးမားမားမရှိပါဘူး။ ခုတော့ လူသေတဲ့အထိ မြို့လယ်ကောင်မှာ ရန်ပွဲတွေဖြစ်ပွားလာတာ ဘာကြောင့်ပါလဲ။ လုယက်မှုလည်း မဟုတ်ပါဘူး။ ကြီးကျယ်တဲ့ရန်ငြိုးရန် စတွေကြောင့်လည်း မဟုတ်ကြပါဘူး။

အလားတူပဲ ဒီဇင်ဘာ ၁၁ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်မှာ ဘော်ဒါဆောင်ကြီးကြပ်ဆရာ နှစ်ဦးကိုယ်တိုင် ဦးဆောင်တဲ့ ကျောင်းသား ၂ဝ ဦးဟာ အထက်တန်းကျောင်းဝင်းထဲက ကျောင်းသား ခြောက်ဦးကို လက်နက်မျိုးစုံနဲ့ ဝင်ရောက်ရိုက်နှက်ခဲ့တဲ့အတွက် ဒဏ်ရာရရှိသွားတဲ့ ကျောင်းသားတွေကို ဆေး ရုံတင်လိုက်ရတယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကိုလည်း ဖတ်လိုက်ရပါတယ်။ သည်ဖြစ်ရပ်မှာတော့ နှစ်ဖက်လူငယ် တွေဟာ ရှေ့မှာလည်းရန်ဖြစ်ပွားခဲ့ကြပြီး ရန်ငြိုးရန်စရှိကြတယ်လို့ဆိုပါတယ်။ ကျောင်းဝင်းထဲအထိ ဝင် ရောက်ရိုက်နှက်တာဟာ အင်မတန် ရမ်းကားတဲ့ အပြုအမူတစ်ခုလို့ပဲ သုံးသပ်ရမှာဖြစ်ပါတယ်။

နောက်တစ်မှုက စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင်၊ အင်းတော်မြို့မှာ ဖြစ်တာပါ။ ကျောင်းသားတွေပါ ပဲ။ ဒါပေမယ့် အထက်က အမှုနှစ်မှုလို ရန်ပွဲသက်သက်မဟုတ်တော့ပါဘူး။ ဖောက်ထွင်းခိုးယူမှုပါ။ ဖုန်းဆိုင်က သော့လေးလုံးကို ဖျက်ဆီးပြီး ဖုန်း ၂၃ လုံးနဲ့ ဆက်စပ်ပစ္စည်း သိန်း ၃၈၃၂ဝဝဝ ကျပ်ဖိုးကို ခိုးယူခဲ့လို့ အဆောင်နေ ၁ဝ တန်းကျောင်းသား ခုနစ်ဦးကို အရေးယူထားတယ်လို့ သိရှိရပါတယ်။

အမှုတွေမှာ လူငယ်တွေ ကျူးလွန်ကြတာတွေ့ရပါတယ်။  တောင်ကြီးအမှုမှာ ဂစ်တာတီးရင်း မတော်တဆမှုနဲ့ ဖြစ်ကြတာပါ။ ဒီမိုကရေစီဆိုတဲ့ စကားလုံးကိုအသုံးချပြီး လွတ်လပ်ခွင့်ကို တလွဲပုံဖော်နေကြတဲ့ကိစ္စပါ။ မြို့လယ်ကောင် လူစည်ကားရာမှာ ကိုယ့်လွတ်လပ်ခွင့်ကြောင့် သူတစ်ပါး လွတ်လပ်ခွင့်ကို အနှောင့်အ ယှက်ဖြစ်စေတာ၊ ကိုယ်တိုင်ကျတော့ အထိမခံ၊ ခွင့်လွတ်နားလည်စိတ်မ မွေးနိုင်တာတွေက ဒီမိုကရေစီ မဆန် တာဆိုတာ သိဖို့လိုပါတယ်။ သံသယဖြစ်စရာက မူးယစ်စေတတ်တဲ့ တစ်စုံတစ်ရာ သုံးစွဲထားမှုကြောင့်လားဆို တာပါပဲ။ ခေတ်ပေါ်မူးယစ်ဆေးတွေဟာ အရင်ကပေါ်တဲ့ ဆေးတွေလိုရီဝေ မိန်းမောစေတာမဟုတ်ဘဲ စိတ်ြ<ွကရူးသွပ်စေလို့ အရင်မူးယစ်ဆေးဆိုတဲ့ အသုံးအနှုန်းအစား စိတ်ကြွရူးသွပ်ဆေးလို့ သုံးစွဲခေါ်ဝေါ်လာကြ တာတွေ့နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အများနဲ့ဆိုင်တဲ့နေရာမှာ တစ်စုတစ်ဖွဲ့က အနှောင့်အယှက်ဖြစ်စေနိုင်တာမျိုးကို (တိုင်တန်းသူမရှိလည်း) တာဝန်ရှိသူများက ကြိုတင်ထိန်းသိမ်းစောင့်ကြပ်ကြည့်ရှုရပါမယ်။ မှုခင်း ကြိုတင်တားဆီးရေးသဘောပါ။

ကနီလိုကိစ္စမှာကျတော့ တာဝန်ရှိတဲ့ ဘော်ဒါဆောင်ကြီးကြပ်ဆရာ နှစ်ဦးကိုယ်တိုင်ပါဝင်ဦးဆောင်နေတာ တွေ့ရပါတယ်။ သည်မှာရော ဆေးဝါးသုံးစွဲမှုတွေ ရှိမရှိဆိုတာ အရေးကြီးလာပါတယ်။ မိဘအုပ်ထိန်းမှုအောက်ကနေ ယုံကြည်စိတ်ချရမယ်ထင်လို့ အုပ်ထိန်းမှုလွှဲပြောင်းပေးအပ်လိုက်ကာမှ ပိုဆိုးသွားရမယ်ဆိုရင် ငွေလည်းကုန်၊ ပတ်ဝန်းကျင်ဆိုးထဲ တွန်းပို့ရာလည်းရောက်တာမို့ မိဘများဘက်က မိအေးနှစ်ခါနာဖြစ်ကြရသလို အုပ်စုဖွဲ့ရမ်းကားခြင်းဓလေ့ကို လူငယ်တွေ အကျင့်ပါသွားကြရှာပါတယ်။ အဖော်ကောင်းရင် ငရဲတောင်လိုက် မယ်ဆိုတဲ့ အမှန်အမှား ချင့်ချိန်ခြင်း ကင်းမဲ့စိတ်ဓာတ်တွေ ဝင်သွားစေပါတယ်။

ဒါကြောင့်လည်း တယ်လီဖုန်းဆိုင် ဖောက်ထွင်းမှုမျိုးဖြစ်လာခဲ့တာပါ။ အဲဒါဟာလည်း ဘော်ဒါဆောင် ကျောင်းသားတွေဖြစ်နေတာ သာဓကပါပဲ။ မိဘက ယုံကြည်စွာ လွှဲအပ်ထားတဲ့အပေါ် ပညာရေးရော၊ စာရိတ္တရေး မှာပါ ဦးဆောင်ပေးရမှာဟာ ဘော်ဒါဆောင်များရဲ့ တာဝန်ပါ။ အရွယ်ချင်းမကွာလှတဲ့ ကြီးကြပ်ဆရာတွေ ခန့် ထားပေးပြီး မျက်နှာလွှဲခဲပစ်လုပ်လို့ မဖြစ်ပါဘူး။ လွတ်လပ်မှုကို အခွင့်အရေး အလွန်အကျွံပေးပြီး လူငယ်တွေ ပျော်ရင်ပြီးရော မလုပ်သင့်ပါဘူး။

ချုပ်ပြီး ပြောရရင်တော့ စနစ်ကျတဲ့ အုပ်ချုပ်ထိန်းသိမ်းမှုမရှိဘဲ လျော့ရဲနေတာတွေ့ရပါတယ်။ လူငယ်တွေကို လွှတ်ထားတဲ့ စနစ်နဲ့ အမုန်းမခံဘဲ နေကြတာပါ။ မြို့နယ်အုပ်ချုပ်ရေး အပိုင်းကလည်း အများအတွက်ကြည့်ပြီး ပြတ်သားတဲ့ ဥပဒေတွေနဲ့ ထုတ်ပြန်ထိန်းချုပ်ရမှာပါ။ ဘော်ဒါဆောင်များကလည်း လူရရှိရေးအတွက် လွတ်လပ်မှုဆိုတာနဲ့ မစည်းရုံးဘဲ အောင်မြင်မှု၊ စည်းကမ်းသေဝပ်မှုနဲ့ စည်းရုံးကြစေချင်ပါတယ်။ အဓိကကတော့ လူငယ်တွေပါပဲ။

ကမ္ဘာကြီးကို အသာထားပြီး ပြည်တွင်းမှာပဲ ဘဝတူလူငယ်တွေကို ပြန်ကြည့်ပါ။ IT စနစ်တွေကို အခွင့် အရေးအဖြစ်အသုံးချပြီး ဘဝတက် လမ်းမြင့်အောင် ကြိုးစားနေကြတဲ့ လူငယ်တွေ အများကြီးပေါ်လာပါပြီ။ သူတို့ဟာ သူတို့အတွက်ရော တိုင်းပြည်အတွက်ပါ တန်ဖိုးတက်စေတဲ့သူတွေပါ။ IT ကို လွတ်လပ်စွာ အသုံးချခွင့်ဆိုတဲ့ ကောင်းမြတ်သော လွတ်လပ်မှုအနှစ်သာရကို အမိအရအသုံးချနိုင်ကြပြီး အောင်မြင်နေကြတာတွေ့ရမှာပါ။ မိဘတွေက လမ်းကြောင်းပြပေးကြပါ။ ဒါဟာ သီးသန့်ထမ်းဆောင် စရာမလိုတဲ့ ပြည်သူ့တာဝန်ပါပဲ။

ဝါဆိုကိုဦး (တောင်ကြီး)

ဝါဆိုကိုဦး (တောင်ကြီး)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.