14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ကျေးလက်လမ်းများ ရာသီမရွေးသွားလာနိုင်ရေး ရဲရဲမမျှော်လင့်နိုင်သေး

မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ၆၇ဝဝဝ ကျော် တည်ရှိနေသည်။ ယင်းကျေးရွာပေါင်း ၆၇ဝဝဝ ကျော်အနက် ထက်ဝက်ရှိသော ကျေးရွာပေါင်း သုံးသောင်းကျော်တွင် ရာသီမရွေးသွားလာနိုင်သည့် ကျေးလက် လမ်းများမရှိသေးဟု သိရသည်။ ထို့ထက်ပိုဆိုးသည်မှာ ကျေးရွာပေါင်း ၈၂၃ဝ ခန့်သည် သွားလာစရာ လမ်း လုံးဝမရှိသေးသည့် အခြေအနေတွင် ရှိနေသည်။ ယင်းအခြေအနေများကို မကြာသေးခင်က အသစ်ဖွဲ့စည်းခဲ့သည့် ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်တွင်ထားရှိသော ကျေးလက်လမ်းဦးစီးဌာနက ကောက်ယူထားသည့် စာရင်းဇယားများအရ သိရခြင်းဖြစ်သည်။

ကျေးလက်လမ်းဦးစီးဌာန၏  ကောက်ယူထားသော စာရင်းဇယား ဖော်ပြချက်တွင် မြန်မာနိုင်ငံရှိ ကျေးရွာပေါင်း ၁၂၄ဝ၅ ရွာ၊ လူဦးရေ အားဖြင့် ၉ ဒသမ ၆ သန်းခန့်နေ ထိုင်ရာဒေသများသည် ယခု ၂ဝ၁၇ ခုနှစ်အထိ အဆင့်မြင့် အဝေး ပြေးလမ်းမကြီးများနှင့် ဆက်သွယ်ထားနိုင်သည့် ကျေးလက်လမ်းများ ရှိ နေသည်ဟု ဆိုသည်။ ထို့ပြင် ကျေး ရွာပေါင်း ၁၆၂၃၈ ရွာ၊ လူဦးရေအား ဖြင့် ၁ဝ ဒသမ ၇၁ သန်းခန့် နေထိုင်သည့် ကျေးရွာများသည်သာ မြို့အရောက် ဆက်သွယ်ထားသော ရာသီမရွေးသွားလာနိုင်သည့် ကျေးလက်လမ်းပိုင်းများ ရှိနေသည်ဟု ဖော်ပြထားသည်။ သည့်ပြင်လည်း ဆက်လက်ဖော်ပြထားသေးသည်မှာ ကျေးရွာပေါင်း ၂ဝ၄၄၅ ရွာ လူဦးရေ အားဖြင့် ၁ဝ ဒသမ ၃၄ သန်းခန့် နေထိုင်ကြသော ဒေသကျေးရွာများသည် ခြောက်သွေ့ရာသီကျမှသာ သွားလာနိုင်သည့် ကျေးလက်လမ်း များရှိသည်ဟု ဖော်ပြထားပြန်သည်။           

စိတ်မကောင်းစရာကတော့ ကျေးရွာပေါင်း ၈၂၃ဝ ရွာ လူဦးရေ အားဖြင့် ၄ ဒသမ ဝ၇ သန်းခန့် မှီတင်းနေထိုင်သည့် ဒေသကျေးရွာများ သည် ယခုထက်တိုင် ကျေးရွာအချင်းချင်း ဆက်သွယ်သည့်လမ်း၊ ကျေးလက်နှင့် မြို့သို့ ဆက်သွယ်ထားသည့် လမ်းဘာလမ်းမျှမရှိသောကြောင်း သိလိုက်ရပါသည်။ ချုပ်ရလျှင်တော့ မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ခြောက်သောင်းကျော်ရှိသည့်အထဲ ထက်ဝက်ပမာဏခန့်သာရှိသော ကျေးရွာပေါင်း သုံးသောင်းကျော် လူဦးရေအားဖြင့် ၁၄ သန်းကျော် နေထိုင်ကြသည့် ကျေးရွာများတွင်သာ ရာသီမရွေးသွားလာနိုင်သည့် ကျေးလက်လမ်းများ ရှိနေသေးသည် ဟူ၍ မှတ်သားရပါတော့မည်။

ပြောရလျှင်တော့ အခြေအနေ က တော်တော်ဆိုးပါသည်။ မြန်မာ နိုင်ငံသည် လွတ်လပ်ရေးရပြီးခဲ့သည် မှာ အနှစ် ၇ဝ ပြည့်ပါတော့မည်။ ယခုအထိ ကျေးလက်ဒေသများတွင် ရာသီမရွေးသွားလာနိုင်သည့် လမ်းများ ဆက်သွယ်ဖောက်လုပ်နိုင်ခြင်း မရှိသေးပေ။ ရာသီမရွေးသွားလာနိုင်သည့်လမ်းများ မဖောက်လုပ်နိုင် သေးသည့်အပြင် ကျေးရွာပေါင်း ရှစ် ထောင်ကျော်တွင် တစ်ရွာနှင့်တစ်ရွာ သွားလာနိုင်စရာ လမ်းများမရှိသေးသည့် အဖြစ်က ပို၍ဆိုးနေပါသည်။ ယင်းသည် မြန်မာနိုင်ငံအား လွတ်လပ်ရေးရပြီးနောက်ပိုင်း တာဝန်ယူအုပ်ချုပ်ခဲ့ကြသည့် အစိုးရများ ကျေးလက်ဒေသများကို လုံးဝလျစ်လျူရှုခဲ့သည်ကို အထင်အရှားဖော်ပြ နေခြင်းဖြစ်နေသည်။ ထို့ကြောင့် လည်း ကျေးလက်ဒေသနှင့် ကျေးလက်နေတောသူတောင်သားများ ယနေ့ထက်ထိ ဆင်းရဲမွဲတေစုတ်ပြတ် သတ်နေခြင်းဖြစ်သည်။

ကျေးရွာများ၊ မြို့ပြရပ်ကွက်များ တိုးချဲ့ တည်ဆောက်လျှင် လမ်းဖောက်လုပ်ခြင်းကို တစ်ပါတည်း လုပ်ဆောင်ရမည်။ ဖောက်လုပ်ပေး သောလမ်းသည်လည်း လမ်းကောင်းဖြစ်ရမည်။ ရာသီမရွေး သွားလာနိုင်သော လမ်းချောလမ်းကောင်း ဖြစ်နေရမည်။ အရပ်ဒေသတစ်ခုတွင် ကျေးရွာတစ်ရွာတိုးလျှင်တိုးသော ကျေးရွာနှင့် အခြားကျေးရွာများ ဆက်သွယ်ထားသည့် လမ်းများရှိရမည်။ ကျေးရွာချင်းဆက်လမ်းများ ရှိပြီဆိုလျှင် ကျေးရွာချင်းဆက်လမ်းများမှ မြို့နယ်သို့  ဆက်သွယ်သည့်လမ်းများ ရှိနေရမည်။ ယင်းသို့ရှိဖို့ရာ အုပ်ချုပ်သူ အစိုးရတို့သည် ကျေးလက်ဒေသကို အာရုံစိုက်ရမည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် စဉ်းစားလျှင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေမှုကို ဦးစားပေး လုပ်ဆောင်ရမည်။

သို့သော် ယခုတော့ ထိုသို့ မဟုတ်ပါချေ။ အစိုးရအဆက်ဆက်တို့သည် ကျေးလက်ဒေသ လမ်းပန်း ဆက်သွယ်ရေးကိစ္စများ ဦးစားပေး စဉ်းစားမှုမပြုခဲ့ကြဘဲ ကျေးလက်နေ တောသူတောင်သူများအပေါ် ဘယ် လိုသြဇညောင်းအောင် ဆောင်ရွက်ရမလဲ။  ဆန်ရေစပါး အထွက်ကောင်းအောင် မည်သို့ခိုင်းစားရမလဲ၊ နိုင်ငံ တော်၏ များရာအင်အားစုကြီးဖြစ်သော ကျေးလက်နေတောင်သူ လယ်သမားများကို ငြိမ်ဝပ်ပိပြားမှုရှိအောင် ဘယ်လိုနှိပ်ကွပ်ထားရမလဲတို့ကိုသာ အမြဲစဉ်းစားအားထုတ်ခဲ့ကြသည်။ သည်လို ဖိနှိပ်ထားမှုများဖြင့် နေထိုင်ရသော ကျေးလက်နေပြည်သူများ အမြဲဆင်းရဲမွဲတေနေသည်မှာ နည်း တောင်နည်းနေသေးသည်ဟု ဆိုရမလိုရှိနေသည်။

ရင်နာစရာကောင်းသည်ကလည်း ကျေးလက်လမ်းများ ဖောက်လုပ်ပေးရေးတွင် ရှိနေပါသေးသည်။ ယခင်အစိုးရများသည် အာဏာတည်မြဲရေး၊ သြဇာညောင်းနေစေရေးတို့အတွက် ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ရေးကို နိုင်ငံရေး အမြတ်ထုတ်ရေး အသုံးချခဲ့ကြပါသေးသည်။ ယင်းသည် ရိုးအသော တောသူတောင်သားများအပေါ် အနိုင်ကျင့်ခြင်း၊ လူဝါးဝခြင်းဟု ပြောနိုင်သည်။ မဆလခေတ်တစ်လျှောက်လုံး ကျေးလက်နေပြည်သူများ အနိုင်ကျင့်ခံခဲ့ရသည်။ ပါတီ၊ ကောင်စီ အာဏာပိုင်ပုဂ္ဂိုလ်များ စပါးစိုက်ပျိုးရေး ကိစ္စ၊ စပါးဝယ်ယူရေးကိစ္စများဖြင့် အကြီးအကျယ် လူဝါးဝခဲ့ကြသည်။ ကျေးရွာတွင် လမ်းလေးတစ် လမ်းဖောက်ပေးရသည်ကို သူတို့က တကယ့်ကျေးဇူးရှင်အဖြစ် ဘုရားထူးခံခွင့်ရချင်ကြသည်။ တကယ့်ကျေးဇူး ရှင်ကြီးများအဖြစ်လည်း ရင်ကော့ခေါင်းမော့ကာ လက်ကန်သင်းရိုးပေါ် လျှောက်ခဲ့ကြဖူးသည်။

အမှန်တော့ ကျေးလက်လမ်း ဖောက်လုပ်ခြင်း၊ ကျေးလက်နှင့်မြို့ပြ ဆက်သွယ်သည့် လမ်းဖောက်လုပ်ခြင်းသည် ဒေသခံ ကျေးရွာသွားများ၏ လုပ်အားဖြင့်သာ ပြီးသွားရခြင်း ဖြစ်သည်။ တစ်အိမ်တစ်ယောက်၊ တစ်အိမ်ကျပ်တစ် ထောင်ထည့်စေ ခြင်းဖြင့် သူကြီးဘုရားရွာသားကောင်း မှုလုပ်ခဲ့ကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ မဆလခေတ်တွင်လည်း ကျေးလက် လမ်းပန်းဆက်သွယ်ရေးကို ကောင်း ကောင်းလုပ်မ ပေးခဲ့ကြောင့်အားလုံး သိပြီး ဖြစ်သည်။ ထိုရောအခါ စစ်အစိုးရလက်ထက်တွင်ရော ကျေးလက်လမ်းများ ပေါက်လာပါပြီလား။ ဝေးပါသေးသည်။ ပို၍ဝေးသည်မှာ စစ်အစိုးရ လက်ထက်တွင် လမ်းပိုင်းတော်တော်များများတော့ ဖောက်လုပ်ခဲ့သည်။ မြေယာများလည်း တော်တော်များများ အသိမ်းခံခဲ့ရသည်။ လမ်းဖောက်ရေးအတွက် လယ်ယာမြေဧရိယာ အများအပြားဆုံးရှုံးခဲ့သည်။ သို့ရာတွင် သူတို့ဖောက်ခဲ့သော လမ်းများသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးက နည်းနည်း၊ စစ်ရေးအမြင်အရတက်သာ၊ ဆုတ်သာရှိရေး ကများများဖြစ်ခဲ့သည်။ စစ်အစိုးရ ခေတ်တွင်လည်း လမ်းကောင်းမှ ကျေးလက်ဒေသဖွံ့ဖြိုးမည်ကို သိသိ ကြီးဖြင့် လျစ်လျူရှုထားခြင်းခံခဲ့ရ သည်။

ကျေးလက် ဒေသဖွံ့ဖြိုးရေးသည် သူတို့အတွက် အရေးမ ကြီးသေး။ ၂ဝဝ၈ အခြေခံဥပဒေအတည်ပြုနိုင်ရေးက အရေး ကြီးနေသည်။ ထိုကာလတွင် စည်းရုံးသိမ်းသွင်းရေးအတွက် ဖောက်ပေးခဲ့သော လမ်းပိုင်းအချို့ရှိခဲ့သည်။ သို့သော် ခေါင်ကမလုံ၍ ဝိုင်းခိုးခဲ့ကြသဖြင့် အမြီးနုတ်ခေါင်းနုတ် လမ်းအစုတ်အ ပြတ်သာရခဲ့သည်။ ယင်းလမ်းသည် တစ်နှစ်ပင်မခံကာ အပေါက်အမြဲ ချိုင့်ခွက်များဖြင့် ပျက်စီးခဲ့ရပြန်သည်။

ထို့နောက် ဦးသိန်းစိန်  အစိုးရလက်ထက်ရောက်တော့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဟူသည်၊ ကျေးလက်ဒေသနေ ပြည်သူများ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဟူသည် လမ်းပန်းဆက်သွယ်ရေးကောင်း မှဖြစ်မည်ကို အမြင်ကြည်ကြည်လင်လင် ရသွားကြသည်။ ကျေးရွာချင်းဆက်လမ်းများ၊ ကျေးရွာနှင့် အဝေးပြေး လမ်းမ ဆက်လမ်းများကို ဘတ်ဂျက်အခြေအနေပေးသလောက် ဖောက်သင့်သလောက် ဖောက်ခဲ့ကြသည်။ သို့သော် အကျင့် ပျက်ခြစားမှုများက အထက်မှအောက် အုံနှင့်ကျင်းနှင့် ငြာသံပေး ဝိုင်းဖွဲ့စားသောက်ခဲ့ကြသည်။ ပြောမနိုင်ဆိုမရ၊ အုပ်မရဖိမ ရဖြင့် လမ်းများတော့ ပေါက်ခဲ့ပါသည်။ မကြာခင်မိုးဖြိုင်ဖြိုင်ရွာသောအခါ ကျင်းချိုင့်များပေါ်ကာ ခိုးစားထားသည်များ ဘူးပေါ်သလို ပေါ်ပါတော့သည်။

ယခု အင်န်အယ်လ်ဒီ အစိုးရလက်ထက်တွင် မကြာသေးခင်လပိုင်းက  ကျေးလက်လမ်းဦးစီးဌာနကို ဖွဲ့စည်းခဲ့သည်။ ကျေးလက်လမ်းများ ကောင်းမွန်ရေး၊ ကျေးလက်နေပြည်သူ များ ဖွံ့ဖြိုးရေး၊ ကျေးလက်ထုတ်ကုန်များ ဈေးကွက်သို့ ချောမွေ့စွာတင်ပို့နိုင်ရေး စသည်တို့အတွက် ရည်ရွယ်သည်ဟုသိရသည်။ ၂ဝ၃ဝ ပြည့်နှစ် အမီဖောက်လုပ်ပြီးစီးထားသော ကျေးလက်လမ်း မိုင် ၂၆ဝဝဝ ကို ရာသီမရွေးသွားလာနိုင်အောင် ဆောင်ရွက်မည်။ မိုင် ၆၆ဝဝ ကိုလည်း ထပ်မံတိုးချဲ့ဖောက်လုပ်မည်။ ယခင်ဖောက်လုပ်ပြီးစီးထားသည့် လမ်းမိုင် ၆ဝ၇၂၅ မိုင်ကိုလည်း ပြုပြင်ထိန်းသိမ်းနိုင်ရေး စီမံကိန်းရေးဆွဲထား သည်ဟုလည်းသိရသည်။ သည်တစ်ခါတော့  ကျေးလက်နေ ပြည်သူများ လမ်းကောင်းကောင်းသုံးခွင့်ရတော့မည်ဟု ထင်သည်။ သို့သော်  ကျေးလက်လမ်း ဦးစီးဌာနသည် စီမံကိန်းများ ကို ငွေကြေးအဖွဲ့အစည်းများဖြစ်သည့် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုး ရေးဘဏ်၊ KFW, RECP စသည်တို့ထံက အတိုးမဲ့ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃ဝ ဖြင့် ဆောင်ရွက်ရမည်ဖြစ်၍ သိပ်ပြီး မျှော်လင့်နေလျှင်လည်း မဖြစ်သေးပေ။ ထို့ပြင် အ ကျင့်ပျက်ခြစားကြဦးမည့် သကောင့်သားများကလည်း အစိုးရ ရုံးဌာနတိုင်းတွင် ရှင်သန်နေဆဲဖြစ်သဖြင့် ကျေးလက် လမ်းများ ကောင်းလာရေး မျှော်လင့်ချက်သည် ချင့်ချိန်မျှော်လင့်ရမည့် အနေအထားရှိနေပါကြောင်း တင်ပြလိုက်ရပါတယ်။

မောင်လွင်ပြင်

မောင်လွင်ပြင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.