14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
အစွန်းရောက်ထဲက ချောက်ထဲကျမည်

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်တုန်းက မိဘများရဲ့ ဇာတိ၊ ဧရာဝတီတိုင်းထဲက ရွာတစ်ရွာကို သွားလည်တော့ အခေါ်အဝေါ်အသစ်အဆန်း စကားလုံးတစ်လုံး ကြားခဲ့ရဖူးတယ်။ ရွာထဲက ရွာသားတစ်စုကို ရည်ညွှန်းတဲ့ စကားလုံးပါ။

'တာလီဘန်' တွေတဲ့။   ကျုပ်တော့ ကျောရိုးထဲက စိမ့်အောင်  ကြက်သီးထသွားမိသဗျာ။ ဘယ့်နှယ်ဗျာ။ ငြိမ်းချမ်းတဲ့ ဗုဒ္ဓဘာသာ ရပ်ရွာထဲမှာ အစွန်းရောက် အ ကြမ်းဖက် သမားတာလီဘန်တွေက ဘယ်လိုများ ရောက်နေကြရသတုံး။

သည်လိုဗျာ။ ရွာထဲမှာ လူတစ်စုက အုပ်စုကလေးပုံစံနဲ့ သီးခြားပေါင်းသင်းစည်းလုံးနေကြတယ်။ ဘွဲ့ရ ကျောင်းဆရာလည်းပါတယ်။ ဘွဲ့ရလယ်သမားလည်းပါတယ်။ ၉ တန်း၊ ၁ဝ တန်းသင်ယူဖူးတဲ့ လယ်ပိုင်ရှင်လည်း ပါတယ်။ သည်လူတွေက ဘုန်းတော်ကြီး ကလောင်ရှင်တချို့၊ ဒဿနဆရာကလောင်ရှင် တချို့ရေးသားကြတဲ့ စာအုပ်တွေ စုဖတ်ကြပြီး  'ငါနှင့်ငါသာ နှိုင်းစရာ'တွေ ဖြစ် ကုန်ကြတယ်တူပါရဲ့။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေအဖြစ် ရာစုနှစ်နဲ့ ချီပြီးကြာအောင် အေးချမ်းစွာ ဒါန၊ သီလ၊ ဘာဝနာတွေ ပွားများနေကြတဲ့ ရွာသူရွာသားတွေကို သူတို့က အ ဖက်မတန်သလို သဘောထားနေကြ တာပေါ့။ သူတို့သာလျှင် ဗုဒ္ဓဘာသာဝင် စစ်မှန်တယ် ဘာညာနဲ့ သွေးနား ထင်ရောက်နေကြတာ။ တော်ရုံတန်ရုံ ဘုန်းကြီးကို သည်လူတွေက ဦးမချကြဘူး။ တော်ရုံတန်ရုံ ဘုန်းကြီးဟောတဲ့ တရားကို မနာယူကြဘူး။ တော်ရုံတန်ရုံ  ဘာသာရေးကိုင်းရှိုင်းသူတွေကိုလည်း ဆေးဖော်ကြောဖက်မလုပ်ကြ ဘူး။

''ကိုယ့် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် ရွာသားအချင်းချင်း ဗုဒ္ဓဘာသာဝင် မြန်မာအချင်းချင်း ဆဲတာထက်တောင် နာဖို့ကောင်းတဲ့ အခေါ်အဝေါ်မျိုးနဲ့ မခေါ်ကြပါနဲ့ဗျာ။ တာလီဘန်လို့ ခေါ်လိုက်တာဟာ မိစ္ဆာဒိဋ္ဌိလို့ ခေါ်လိုက်တာ ထက်တောင် ပြင်းထန်ပါသေးတယ်'' လို့ ကျုပ်ကတောင်းပန်ပြီး တာလီဘန်တွေရဲ့ လက်ရှိသမိုင်းကို လက်လှမ်းမီ သလောက် ရှင်းပြရပါတယ်။

တာလီဘန် Taliban ဆိုတာ အာဖဂန်နစ္စတန်နိုင်ငံမှာ ၁၉၉၄ ခုနှစ် ဆောင်းရာသီအတွင်း အထင် ကရပေါ်ထွက်လာခဲ့တဲ့ လက်နက်ကိုင် အစွန်းရောက်အုပ်စုကြီးပါ။ အင်အားကြီးမားတာမို့ နိုင်ငံရဲ့ လေးပုံ သုံးပုံလောက်ကိုတောင် အုပ်စီးထား နိုင်ခဲ့ပါသေးတယ်။ မွတ်စလင်ကမ္ဘာရဲ့  အစိတ်အပိုင်းတော်တော်များများ ကတောင် လက်မခံနိုင်တဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေပါ။ 'မာလာလာ'ဆိုတဲ့  ပါကစ္စတန် ကျောင်းသူမ အပျိုဖြန်းကလေးကို တာလီဘန်တွေက သေနတ်နဲ့ ပစ် လိုက်တဲ့အခါ  တာလီဘန်တွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စရိုက်ဟာ ကမ္ဘာမှာ ဘူးပေါ်သလို ပေါ်လွင်သွား ခဲ့ပါတယ်။ မာလာလာကတော့ သေနတ်ဒဏ်ရာရပြီး အင်္ဂလန်ကို ရောက် သွားပါတယ်။

သည်ကောင်မကလေးကလည်း ငြိမ်းချမ်းရေး နိုဘယ်လ်ဆုတွေ ဘာတွေရခဲ့ပေမယ့် မပြည့်အိုးကလေး တစ်လုံးလို့ ထင်သဗျာ။  ရခိုင်မြောက်ပိုင်းက ကိစ္စမှာ သူက သူ့ဘာသာဝင်တွေဘက်ကပါပြီး ကျုပ်တို့ရဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတောင် ဘာဖြစ်သလေး၊ ညာဖြစ်သလေးနဲ့ ဝေဖန်ခဲ့သေးတာ။ အလကား ကျပ်မပြည့်တဲ့ ကုလားမကလေးပါဗျာ။

တာလီဘန်တွေကို အစွန်းရောက်လို့ ခေါ်ကြရတာက သူတို့ဟာ ရှေးဟောင်းဓလေ့ထုံးစံတွေထဲက   တင်းကျပ်လွန်းလို့ ဘေးဖယ်ထားခဲ့တဲ့ ဘာသာရေး ဥပဒေတွေကို ပြန်လည်ဖော်ထုတ်ပြီး ရက်စက်ကြမ်းကြုတ်စွာ ကျင့်သုံးခဲ့ကြတာပဲ။ အထူးသဖြင့်  အမျိုးသမီးတွေအပေါ် ဖိဖိစီးစီးချုပ် ချယ်တင်းကျပ်လိုက်တာပါ။ အမျိုးသမီးတွေ အိမ်ထဲက အိမ်ပြင်မထွက် ပညာသင်သူခွင့်ပါ လမ်းပိတ်သွားပါတယ်။ ပျော်ပွဲရွှင်ပွဲ ရုပ်သံကအစ ပိတ်ပင်လိုက်ပါတယ်။ ဘောလုံးပွဲတွေတောင် ဆိတ်သုဉ်းသွားပါသတဲ့။ ထားပါတော့။ တာလီဘန်ရဲ့ အစွန်းရောက်အယူအဆတွေကို သည်နေရာမှာ သည့်ထက်အကျယ် မချဲ့လိုတော့ပါဘူး။

ကမ္ဘာတစ်ဝန်းက အစွန်းရောက် ဝါဒနဲ့ အစွန်းရောက်ဝါဒီတွေရဲ့ အလွဲ အမှားအဓမ္မတရားတွေကို အသာထား။

ကျုပ်တို့ နိုင်ငံသားပြည်သူတွေကြားထဲ အစွန်းရောက်တဲ့ အတွေးအခေါ်၊ အပြုအမူတွေ မရောက်ရှိဖို့ စေတနာမေတ္တာရှေ့ထားပြီး တိုက်တွန်းနှိုးဆော်လိုတာပါ။

ကျုပ်တို့ဟာ ကျုပ်တို့အများစု ကိုးကွယ်ဆည်းကပ်ကြတဲ့ ဗုဒ္ဓရှင် တော်ဘုရားရဲ့ 'မဇ္ဈိမပဋိပဋာ' လမ်းစဉ် (ဒါမှမဟုတ်) အစွန်းနှစ်ဖက်ကို မရောက်တဲ့ အလယ်အလတ်လမ်း စဉ်ကို တသွေမတိမ်း သတိရှိစွာနဲ့ ကျင့်သုံးကြရမှာ ဖြစ်ပါတယ်။ ဗုဒ္ဓရှင်တော်ဘုရားက ကိုယ့်ကိုယ်ကိုယ် သက်ညှာပြီး ဇိမ်ယူတဲ့ ကျင့်စဉ်မျိုးကို ပယ်သလို၊ ကိုယ့်ကိုယ်ကိုယ်ညှဉ်းပန်း ပြီး ကျင့်တဲ့ တိတ္ထိအကျင့်ကိုလည်း တားမြစ်ထားပါတယ်။

ဒီမိုကရေစီ ပြည်ထောင်စုကြီး ထူထောင်ဖို့ ကြိုးပမ်းနေဆဲကာလမှာ ဒီမိုကရေစီဝါဒနဲ့ အလိုက်ဖက်ဆုံး လမ်းစဉ်ဟာ အလယ်အလတ်လမ်း စဉ်ပါ။ အစွန်းရောက်တဲ့ လမ်းစဉ်တွေဟာ အောင်မြင်မှုမရတတ်ပါ။ ပြီးခဲ့တဲ့ ရာစုတုန်းက တရုတ်ကြီးမော်စီတုန်းရဲ့ ယဉ်ကျေးမှုတော်လှန်ရေးဟာ အစွန်းရောက်ခဲ့လို့ နာမည်ပျက်ခဲ့ရပါသေးတယ်။ ကမ္ဘောဒီးယားက အာဏာရှင်ပိုပေါ့ရဲ့ တော်လှန်ရေးဟာလည်း အစွန်းရောက်ပြီး ရုပ်ပျက် ဆင်းပျက်ကျဆုံးရှုံးသွားခဲ့ပါတယ်။      အခု... ကျုပ်တို့ဆီက ပြည် တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲအဆင့်ကို ဦးတည်တဲ့  အပစ်ရပ်ဆွေးနွေး ပွဲများဟာလည်း အလယ်အလတ် လမ်းစဉ်နဲ့ သွားနေတာပါ။

တစ်ချိန်က မှားခဲ့ဖူးတဲ့ 'အပြုတ် တိုက်ရေး' အစွန်းရောက်ဝါဒနဲ့ သွား ရင် ငြိမ်းချမ်းရေးကို မျှော်လင့်စရာမရှိပါဘူး။ ကိုယ်က အစွန်းမရောက်ပေမယ့် ပြင်ပက ပယောဂအစွန်းရောက် တွေ ကျူးကျော်လာရင်တော့ ပြတ်ပြတ်သားသား ကာကွယ်ရမှာပါ။

အခု... ရခိုင်မြောက်ပိုင်း အရေးတုန်းက ထွက်ပြေးတယ်လို့ဆိုကြတဲ့ ဘင်္ဂါလီတွေကို စနစ်တကျ စိစစ်ပြီး ပြန်လက်ခံမယ်လို့ အစိုးရက ကြေညာထားတာဟာ မယုတ်မလွန် အလယ်အလတ်လမ်းစဉ်ပါပဲ။ စိစစ်မှုနဲ့ မကိုက်ညီရင်တော့ ကိုယ်နဲ့ အမျိုးဘာသာတူတဲ့ တိုင်းပြည်မှာပဲ နေကြပေတော့လို့ ကျုပ်က အပြတ် ပြောချင်တယ်။

'မီးဘေးရှောင်၊ မလောင်ခင်တား'လို့ ဆိုထုံးရှိသမှုတ်လား။  အစွန်းရောက်လက်သစ် ARSA တွေဟာ အမြဲရှိနေကြမယ့် ခြိမ်းခြောက်မှုတွေပဲလို့ ကျုပ်မြင်တယ်ဗျာ။

 

ကြူးနှစ်

ကြူးနှစ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.