14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ဝီရိယ ရှိကြပါ

၁၉၆၄ ခုနှစ်က ကျွန်တော် ဘွဲ့ရပါတယ်။

ဘွဲ့ရပြီးနောက် ကျွန်တော် ဘီအီးဒီတက်ခဲ့ပါတယ်။ ဒါပေ မယ့် သုံးလလောက်သာ တက်ခဲ့ရပါတယ်။

ကျွန်တော် တက္ကသိုလ်ဆရီာနာသညျအမအေသမ အလုပ်ကိုရခဲ့ပါတယ်။ ကျွန်တော်အလုပ်ရတဲ့အကြောင်း အဖေ့ဆီစာရေးပြီး ပြောပြတော့ အဖေက အောက်ပါအတိုင်း ဆုံးမခဲ့တဲ့ စာကိုရေးပြီး ပေးပို့ခဲ့တယ်။

 

သားရေ

မင်းဘွဲ့ရပြီး အလုပ်လည်းရတယ်ဆိုတော့ အဖေဝမ်းသာတယ်။

ဒါပေမယ့် အလုပ်လုပ်တော့မယ်ဆိုရင် ဘာကိုသိထားရမလဲ။ အဖေဖတ်ထားမှတ်ထားတာတွေနဲ့ အတွေ့အကြုံတွေကို ပေါင်းပြီး သားကို ပြောချင်တာလေးတွေပြောမယ်။

အလုပ်နဲ့ပတ်သက်ပြီး လူတွေပြောကြတာရှိတယ်။

အလုပ်မှာ အခက်အခဲသုံးမျိုးရှိသတဲ့။ အလုပ်လုပ်ရင် မလုပ်ခင်က အခက်အခဲ၊ လုပ်နေဆဲမှာ တွေ့ရတဲ့ အခက်အခဲ အပြင် လုပ်ပြီးတဲ့နောက်လည်း အခက်အခဲတွေ တွေ့ရတာပါပဲ။

အလုပ်လုပ်ဖို့ ဘယ်လိုပြင်ဆင်မလဲ။

အလုပ်ကို ဘယ်လိုလုပ်မလဲ။

ဒါတွေကို ဖြတ်သန်းရမယ်။ အခက်အခဲတွေကို ကျော်လွှားဖို့ မိမိရဲ့ အရည်အချင်းတွေကို ထုတ်သုံးရမှာဖြစ်တယ်။ အခက်အခဲတွေဆိုတော့  အောင်နိုင်ချင်မှအောင်နိုင်မှာပေါ့။ အောင်နိုင်ရင်အမြတ်၊ ဆုံးရှုံးရင်တော့  သင်ခန်းစာပါ၊ ဒီလို လုပ်ရင် မင်းတိုးတက်လာမှာပါ။

လူငယ်တွေအနေနဲ့ ဘာကြောင့် မလုပ်ရတာလဲဆိုတဲ့ 'ဆင် ခြေတွေကို ရှာဖွေတာ'ဟာ မသင့်တော်ပါဘူး။

ကမ္ဘာဦးကာလကို ပြန်ကြည့်ပါ၊ စားဝတ်နေရေးအတွက် အင်မတန်ခက်ခဲတယ်။

မနက်ဖြန်အတွက် စားစရာမရှိဘူး။ တောထဲသွား သစ်သီးသစ်ဥရှာရတယ်။ အမဲလိုက်မှစားရတယ်။ ဒါတောင် အန္တရာယ် အတော်ကြီးတယ်။

ဒီလိုနေထိုင်တဲ့ဘဝကို လူတွေကျော်လွှားနိုင်လာတယ်။ လူတွေက စုပေါင်းနေထိုင်တတ်လာတယ်။ စိုက်ပျိုးမွေးမြူတတ်လာတယ်။ လူတွေဟာ တာဝန်အသီးသီး ခွဲဝေယူကြတယ်။ လုံခြုံရေးကိုတစ်ဖွဲ့က တာဝန်ယူတယ်။ တစ်ဖွဲ့က အုပ်ချုပ်ရေးပေါ့။ တစ်ဖွဲ့က စိုက်ပျိုး၊ နောက်တစ်ဖွဲ့က မွေးမြူရေးပေါ့။ အသီးသီးတာဝန်ယူကြတယ်။

ဒီလိုတာဝန်အသီးသီးကို ခွဲဝေယူကြတော့ သက်သောင့် သက်သာနေလာရတာပေါ့။

ဆိုလိုတာက လူမှုအသိုက်အ ဝိုင်းထဲမှာရှိတဲ့ လူတိုင်းမှာ မိမိရဲ့ တာဝန်လေးတော့ရှိတာပါပဲ။

ယနေ့ မိမိ ဒီလိုနေထိုင်နိုင်တာ ဟာ ဘယ်သူကမှ ကျွေးမွေးထားလို့ မဟုတ်ဘူး။

လူမှုအသိုင်းအဝိုင်းက ကျွေးမွေး ထားလို့ပဲ။

ဒါ မှန်မမှန် သိချင်ရင် ရော်ဘင်ဆင်ကရူးဆိုးလ်စာအုပ်ကို ဖတ်ကြည့်လိုက်ပါ။ တစ်ယောက်တည်း အထီးကျန်နေတဲ့ ဘဝမှာ စားဝတ်နေရေး မလွယ်တာကို တွေ့ရမှာဖြစ်တယ်။

ဒီတော့ လူတွေကြားထဲနေပြီး ဘာမှမလုပ်ဘဲ နေသူဆိုရင် လောကမှာ တာဝန်မကျေသူပေါ့။

''ဒါလောက်အလုပ်တွေများတာ ဘာလို့မလုပ်တာလဲ''လို့ မေးရင် ချမ်းတယ်၊ ပူတယ်၊ ဆာလို့၊ ဗိုက်ပြည့် နေလို့၊ မိုးရွာလို့၊ နေပူလို့၊  စောသေးလို့၊ နောက်ကျလို့ စတဲ့အကြောင်းပြ ချက်အများအပြားကို တွေ့ရမှာဖြစ် တယ်''

ဒီတော့ ဒီလိုအကြောင်းပြချက် တွေနဲ့ နေထိုင်သူတွေကို လူပျင်းတွေလို့ ခေါ်တယ်။

လူအမျိုးမျိုးတွေထဲမှာ  ပျင်းသူ တွေလို့ ခေါ်ခံရသူတွေဟာ  အသက်လည်း မရှည်တတ်ဘူးလို့ ဆိုတယ်။

ဘာကြောင့်လဲဆိုတော့ အဲဒီလို လူမျိုးဟာ သူ့ကိုပေးထားတဲ့ အစွမ်း အစကို ထုတ်ပြီးမသုံးကြလို့ပဲ။

အချို့ကလည်း သုံးရမှာ မဝံ့မရဲ ဖြစ်နေတတ်တယ်။

မသုံးတာကြာလာတော့ မတတ်တော့ဘူးပေါ့။

ဘာဖြစ်ဖြစ် အလုပ်မလုပ်ရင်တော့ လူပျင်းပေါ့။ ပျင်းရင်းပျင်းရင်း နဲ့ ဖျင်းလာတော့တယ်။

ဒီလူတွေဟာ လောကကို အကျိုးတစ်စုံတရာမပြုတာကြောင့် လောကကလည်း သူ့ကို မလိုအပ်တာပဲဖြစ်တယ်။

ဆင့်ကဲဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ပညာရှင်တွေက ပြောတယ်။

လူတွေမှာ လက်မဟာ အင်မတန် အသုံးဝင်တယ်။ ဒါကြောင့် လူတွေရှိနေသ၍ လက်မရှိနေမှာပဲ။

ဒါပေမယ့် ခြေသန်းလိုကတော့ အသုံးမဝင်ဘူး။ ဒါကြောင့် လူမှာအသုံးမဝင်တဲ့ ခြေသန်းတွေ (နှစ် သန်းပေါင်းများစွာကြာလာလျှင်) ပျောက်ကွယ်သွားမယ်တဲ့။

ဆိုလိုတာက လောကကြီးဟာ မလိုတာက မထားဘူး။ သဘာဝတ္ထ တရားက ချိန်ခွင်လိုပဲ။ အမြဲညှိပေးနေတတ်တဲ့။

ဆိုလိုတာက အလုပ်မလုပ်ရင် အသက်တိုတာ အမှန်ပဲ။

လူဖြစ်ဖို့ အလုပ်လုပ်ရမယ်။ ဒါမှမဟုတ်ရင် သင့်အတွက် နေရာမရှိဘူး။

ကျွန်တော်နဲ့အဖေ စကားတွေပြောချင်သေးပေမယ့် ယနေ့ အဖေ မရှိတော့ပါဘူး။ အဖေကွယ်လွန်သွားပေမယ့် အဖေ့စကားတွေ ကျွန်တော့် နားထဲမှာ ပဲ့တင်ထပ်နေပါတယ်။

ကျွန်တော် တက္ကသိုလ်တက်စဉ် ကတည်းက အဖေနဲ့စကားတွေ အများကြီးပြောဖြစ်တယ်။

တစ်ရက် ကျွန်တော်ကျောင်း ပိတ်ရက်တွေမှာ အိမ်ပြန်လာတဲ့အခါ အဖေက စာတစ်အုပ်ယူခဲ့ပါတယ်။  ''သားရေ၊ ဒီစာလေးကို ဖတ် ကြည့်စမ်း''

“To be a man is to do things instead of finding excuse not to do them”

''မင်းအဓိပ္ပာယ်ကို သိလား''

''အဖေပဲ ဘာသာပြန်ပြ''ဆိုတော့ အဖေပဲ ဘာသာပြန်ပြတယ်။

''လူသားတစ်ယောက်ဆိုတာ အလုပ်လုပ်ဖို့ ဖြစ်လာတာပါ။ ဒါတွေကို မလုပ်ဖို့ ဆင်ခြေတက်ဖို့မဟုတ်တဲ့၊ ကဲ-ရှင်းလား''

အဖေပြောတာ ကျွန်တော်သိပါတယ်။ ကျွန်တော်ဟာ အင်မတန် ဆင်ခြေတက်တတ်တယ်။

ကျွန်တော် ငယ်ငယ်က အဘိုးနဲ့  နေတာများတယ်။

အဘိုးက ကျွန်တော့်ကိုခိုင်းရင် ကျွန်တော်ရှောင်နေတတ်တယ်။

''မင်းအဘိုး အသက် ၈ဝ ရှိပြီ၊ တစ်နေ့တစ်နေ့ ဘာလုပ်လဲတွေ့လား''

''သူက လွှဖြတ်ချင်ဖြတ်နေမယ်။ ဒါမှမဟုတ် မြက်ပေါက်ချင် ပေါက်နေမယ်။ တစ်ခါတစ်ခါလည်း  တံမြက်စည်းလှဲနေတယ်''

''နေ့ဘက် သူအလုပ်လုပ်တယ်။ အနားမနေဘူး။ အားရင် စာဖတ်တယ်။ ညဘက်တော့ သတင်းနားထောင်တယ်။ နောက်ပြီး သီချင်းကြီးတွေ နားထောင်ပြီး ပက်လက် ကုလားထိုင်မှာ အိပ်တယ် မဟုတ်လား''

''ဟုတ်ကဲ့''

''အဖေရော ဘာလုပ်တာကို သားမြင်လဲ''

''အဖေက မော်တော်ဆိုင်ကယ်ကို ဖြုတ်လိုက်တပ်လိုက်လုပ်တယ်။ နောက်အပြင်ထွက်တယ်။ ပြန်လာရင် စာဖတ်တယ်။ လူနာလာရင် ဆေးကုတယ်''

''အေး-တစ်ခါတစ်ခါ မင်းတို့နဲ့ ကစားတယ်လေ၊ မင်းအမေနဲ့အတူ ဘုန်းကြီးကျောင်းသွားတဲ့နေ့လည်း သွားတာပဲ မဟုတ်လား''

''ဟုတ်ကဲ့''

''ငါဆိုလိုတာက တို့လူတွေ အား လုံး တစ်ခုခုတော့ လုပ်နေရတယ်''

''ဒီနှစ်ကျွန်တော် ကျောင်းတက် နေတယ်လေ အဖေ၊ စာတွေများ တယ်''

''အေး၊ အလုပ်များတဲ့ ကြားထဲက စာကျက်တာ ပိုပြီးကောင်းတယ် မှတ်လား။  အလုပ်လုပ်မှ ဦးနှောက်ထဲကို သွေးပိုရောက်တယ်။ ဥာဏ်ရွှင်တယ် သားရဲ့''

''ဒါပေမယ့်...''

''အေး ဒီမှာ အဖေဒီစာအုပ်ကိုဖတ်ပြမယ်။ ဒါပေမယ့် လူဆိုတာ သူအလုပ်လုပ်ရင် ဘာကြောင့်လုပ်တယ်။ မလုပ်ရင်ဘာကြောင့်  မလုပ်ဘူးဆိုတာကို အင်မတန်ဆင်ခြေ တက်တယ်တဲ့''

''ကျွန်တော်လည်း ဒီပုံစံပဲပေါ့ နော် အဖေ၊ ကျွန်တော်က လူကိုး''

''အေးကွ၊ အခြားသတ္တဝါနဲ့ လူကွာခြားတာကတော့ လူဟာ မိမိခြေထောက် နှစ်ချောင်းအပေါ်မှာရပ်ပြီး နေနိုင်သူပါ။ ဒီတော့ သူ့ရဲ့ အားနေတဲ့ လက်နှစ်ဖက်ကို သုံးပြီးအလုပ်လုပ်ဖို့အတွက် အင်မတန်အဆင်ပြေတယ်လို့ ဒီမှာ ရေးထားတာပဲ''

''ဒါပေမယ့် အဖေ၊ အများစုက တော့ အလုပ်မလုပ်ချင်ကြပါဘူး''

''အေးကွ သူတို့က ''အလုပ်မ လုပ်ပဲနေရင် သက်သာတယ်''လို့ထင်ကြတယ်။ သူတို့ပြောတာကို မင်း ကြားဖူးမှာပေါ့။ ပျင်းတယ်ဆိုတာ နာမည်သာဆိုးတာ အင်မတန် သက်သာတယ်''တဲ့''။

''ဟုတ်ကဲ့၊ အလုပ်လုပ်ရင် ပင်ပန်းတယ်။  အင်အားတွေ ကုန်သွားတယ်လေ။ ညဘက်စာဖတ်လို့မရဘူး အိပ်ချင်တယ်''

''တကယ်တော့သားရဲ့၊ သတ်မှတ်ထားတဲ့ အလုပ်ပမာဏ ပုံမှန်လုပ်ကြရင်တော့ အလုပ်ဟာ ကျန်း မာစေတာပါပဲ။  ကိုယ်ကာယဟာလည်း အလုပ်လုပ်လေ ကြီးထွားလာလေပဲကွ။ အချို့လူတွေပြောတယ်။ ဦးနှောက်စားတယ်တဲ့။ ခက်ခဲတဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့အခါ ဦးနှောက်ပင်ပန်းတာတော့ မှန်တာပါပဲ။ ဒါပေမယ့် ဦးနှောက်ဟာ စက် ကိရိယာတွေလို မစားသွားဘူး။ ပျက် မသွားပါဘူး။ အသုံးပြုလေ ထက်မြက်လေပါပဲ''

အဖေက ဦးနှောက်ဆိုတာ အ သုံးပြုဖန်များရင် စားမသွားဘူး။ ပွား များတယ်လို့ ဆိုတယ်။

အဖေပြောတာကို ကျွန်တော် သိပ်မယုံပေမယ့် ကျွန်တော် လက် တွေ့ စမ်းသပ်ကြည့်ပါတယ်။

ကျွန်တော် ၁ဝ တန်း ရောက်နေတဲ့ အချိန်မှာ အဘိုးနဲ့နေခဲ့တယ်။ အဘိုးနဲ့နေရတော့ အဘိုးခိုင်းသမျှကို ကျွန်တော်က လုပ်ရတယ်။ နွားစာစဉ်း၊ ရေခပ်၊၊ လမ်းရေဖျန်းစတဲ့ အလုပ်တွေကို အလုပ်သမားတွေနဲ့ တန်းတူလုပ်ရတယ်။

ကျွန်တော် ဗလမကောင်းပေမယ့် အရပ်တော့ အတော်ထွက်တယ်။

တစ်ခါတစ်ခါတော့လည်း အဘိုးခိုင်းရင် ကျွန်တော်ရှောင်နေတတ်တယ်။

ကြီးလာတော့ ကျွန်တော်ကာယ အလုပ်တွေကို လုပ်ရတာ ဝန်မလေးတော့ဘူး။ ကာယလည်းလုပ်တယ်၊ ဥာဏအလုပ်တွေကိုလည်း လုပ်တယ်။

စာရေးတယ်။

စာတွေဖတ်တယ်။

စာသင်တဲ့ အလုပ်အပြင် စာပေ ဟောပြောတာတွေ ပြုလုပ်တယ်။

ကျွန်တော် ဈေးဝယ်တတ်တယ်။ ချက်ပြုတ်တတ်တယ်။ နေ့တိုင်းလိုလို မိုင်ဝက်လောက်ဝေးတဲ့ ဈေးဘက် သွားတယ်။ လမ်းလျှောက်တယ်။ လိုအပ်တာတွေ ဝယ်တယ်။ ဈေးသည်တွေနဲ့ စကားပြောတယ်။

အိမ်မှာ အားရင်ချက်ပြုတ် တယ်။ ပြီးတော့ စာရေးတယ်။ စာဖတ်တယ်။

လူတွေဟာ  ပျင်းနေလို့မရဘူး။ ဝီရိယရှိဖို့အရေးကြီးတယ်။

ပျင်းတာဟာ မေ့လျော့ခြင်းလို့ ဆိုတယ်။

နေ့စဉ် အလုပ်တွေ အများကြီးလုပ်တယ်။ အလုပ်တွေ အများကြီးလည်း ပြီးတယ်။ အဖေရှိရင်တော့ ဝမ်းသာမှာပဲ။ အဘိုးရှိရင်လည်း ဝမ်းသာမှာပါ။

ဒီစာဖြင့် အဖေ့ကျေးဇူးကို ထုတ် ဖော်ကျူးအပ်ပါတယ်။

ဒေါက်တာခင်မောင်ညို

ဒေါက်တာခင်မောင်ညို
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.