16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
အရေမထူလွန်းဖို့

သူ့အတွက်သက်သက်ပဲ နေထိုင်သွားသူဟာ သူကိုယ်တိုင် ဝမ်းနည်းကြေကွဲဖို့ အခွင့်အရေးကိုသာ ရရှိပါလိမ့်မယ်။

ဟင်နရီဝပ်

အရေထူလွန်းတာဟာ အောင်မြင်မှုရဖို့ အတားအဆီးကြီးပါပဲ။ တခြားလူတွေက နည်းနည်းလေး အရှက်ခွဲလိုက်တာနဲ့ ဝမ်းနည်းကြေကွဲ မဆုံးဖြစ်ကြတဲ့ လူစားမျိုးက အများကြီးပါ။ ပါးနပ်မှု မရှိတဲ့လူတွေရဲ့ အမှုမဲ့အမှတ်မဲ့ချလိုက်တဲ့ မှတ်ချက် တွေကြောင့် သူတို့နှလုံးသားတွေ ညိုးချုံးကြေကွဲသွားကြရတယ်။ အဲဒီလို လူမျိုးတွေဟာ လူစုလူဝေးရှိတဲ့နေရာ ရောက်သွားတဲ့အခါ ကမ္ဘာကြီးတစ်ခုလုံးက သူတို့ကိုပဲ ဝိုင်းကြည့်နေသလို ခံစားနေကြရတယ်။

သဘောထားကို အထိမခံတတ် သူများကတော့ အလားအလာရှိတဲ့ အမျိုးသားတွေ၊ အမျိုးသမီးတွေပါပဲ။ သူတို့ဟာ သူတို့နှလုံးသားလိုအင်ကို  ဖြည့်ဆည်းနိုင်ရေးအတွက် အစီအစဉ်တွေ ချမှတ်ကြတယ်။ တစ်ခုတော့ရှိတယ်။ သဘောထားကို အလွန်အကျွံ  အထိမခံတတ်သူတွေက မိမိကိုယ်မိမိ သေကြောင်းကြံစည်တဲ့ လူစားမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။

ကျွန်ုပ်ရဲ့ ချမ်းသာသော မိတ်ဆွေတစ်ယောက်ဟာ အဆင့်မြင့်ဆုံး အရေထူသမားဖြစ်နေလို့ ဘဝမှာစိတ်ပျက်စရာ ကောင်းလောက်အောင် ကျဆုံးသွားပါတယ်။ တကယ်တော့ သူဟာ ဒေါ်လာတွေအများကြီး စုဆောင်းမိအောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ကိုယ်သူ အနိုင်မရနိုင်ခဲ့ဘူး။ စိတ်ကို ညှဉ်းပန်းနှိပ်စက်တဲ့  ခန်းမထဲမှာ နေနေရသူအဖို့ သွားလေရာရာ ငွေတွေသယ်ဆောင်နေရရင် ဘယ်သူကရော ငွေကိုလိုချင်ဦးမှာလဲ။

အမှန်တော့ အရေထူလွန်းတာဟာ မရွံ့မရဲပုံစံကို အကျယ်ချဲ့ထား ခြင်းသာဖြစ်ပါတယ်။ နှလုံးသားခံစားမှုကို အနာတရဖြစ်စေမယ့် အရေထူမှုမျိုးကို ရှောင်ရှားဖို့လူအ တော်များများမှာ အခြေအနေ၊ အလားအလာတွေ ရှိနေပါတယ်။ အရေထူလွန်းရင် နောက်ဆုံးမှာ မိတ်ဆွေအပေါင်းအသင်းကင်းမဲ့ပြီး အထီးကျန်ဘဝ  ရောက်သွားနိုင်ပါတယ်။

ကျွန်ုပ်ရဲ့ တပည့်အများစုဟာ သူတို့ရဲ့ သိစိတ်သဘာဝတွေကို ပြုပြင်နိုင်ခဲ့ကြပါတယ်။ သူတို့ဟာ  သူတို့ကိုယ်တိုင်အတွက် စဉ်းစားတာထက် အခြားသူတွေအတွက် ပိုစဉ်း စားကြတယ်။ ဒါဟာ အရေထူလွန်းတာကို ချေမှုန်းသုတ်သင်ပစ်ဖို့ အရေးကြီးတဲ့ အဆင့်တစ်ခုဖြစ်ပါ တယ်။ ကိုယ့်အကြောင်းကိုယ် စဉ်းစားတာထက် တခြားလူတွေအ ကြောင်း၊ တခြားလူတွေကို ကူညီဖို့ အကြောင်း စဉ်းစားဖို့ပိုအချိန်ပေးသင့်ပါတယ်။

''ကျွန်ုပ်တို့ဟာ မဟာခန္ဓာကိုယ် တစ်ခုရဲ့ အဖွဲ့ဝင်တွေဖြစ်ကြပါတယ်။ ဒီခန္ဓာကိုယ်ကြီးကို အပြန်အလှန် ချစ်ခင်မှုထဲမှာ မျိုးစေ့ချခဲ့တာပါ။ လူမှုရေးဘဝအတွက် အစုံအလင် တပ်ဆင်ပေးခဲ့တာပါ။ အားလုံးကောင်းကျိုးအတွက် ကျွန်ုပ်တို့ ပွားများလာကြရတာပါ ဆိုတာတွေကို ကျွန်ုပ်တို့ စဉ်းစားကြရမယ်''လို့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကပဲ ဆီနီကာ Seneca က မိန့်မှာခဲ့ပါတယ်။

ဒီတော့ ကျွန်ုပ်တို့ဟာ ညီရင်းအစ်ကို မောင်ရင်းနှမဘဝထဲ ဝင်တော့မယ်ဆိုရင် အရေထူလွန်းတဲ့ သားကောင်ဘဝနဲ့ ဆက်နေသွားလို့ မဖြစ်နိုင်တော့ပါဘူး။

 

 ခင်မောင်တိုး (မိုးမိတ်)

ခင်မောင်တိုး (မိုးမိတ်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.