16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ခရိုနီစိတ်ဓာတ်တွေ ပြောင်းလဲချိန်တန်ပြီ

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ခေတ်နဲ့အတူ ခရိုနီဆိုတဲ့ လူတစ်စု ပေါ်ပေါက်လာခဲ့ပါတယ်။ ခရိုနီဆိုတာ Cronyism ဆိုတာကို အတိုကောက်အဖြစ် crony ဆိုပြီးခေါ်ခဲ့ကြတာပါ။ နောက်ပိုင်းမှာ ခရိုနီတွေရဲ့ လောဘဇောတက်မှု၊ အတ္တကြီးမှုတွေကြောင့် မြန်မာပြည်သူတွေရဲ့ မုန်းတီးရွံ့ရှာမှုကို ခံခဲ့ရပါတယ်။ ပြောရမယ် ဆိုရင် ဒီမိုကရေစီစနစ်ထွန်းကားတဲ့ အနောက်နိုင်ငံကြီးတွေမှာလည်း ခရို နီဆိုတာရှိပါတယ်။ Crony Capitalism အရင်းရှင်ခရိုနီစနစ်ပါ။ နောက် ခရိုနီ Cronyဆိုတဲ့ အဓိပ္ပာယ်ဟာ ''နှစ်ပေါင်းကြာရှည်တည်တဲ့ခိုင်မြဲစေ'' ဆိုတာဖြစ်ပါတယ်။ Khronios ဆိုတဲ့  ဂရိဘာသာစကားပါ။ တိုင်းပြည် အာဏာရှိသူတွေအတွက် စီးပွားရေး လုပ်ငန်းတွေကို ကိုယ်စားလုပ်ကိုင်ပေးနိုင်သူ Proxy ပရော့ဆီတွေလည်းဖြစ် ပါတယ်။

ဒါပေမယ့် မြန်မာပြည်မှာ စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးတွေကိုယ်တိုင်က အတ္တတွေကြီးပြီး လောဘတွေတက်ခဲ့သလို စီးပွားရေး လုပ်ငန်းတွေကို လုပ်ဆောင်ပေးမယ့် ခရိုနီတွေ ကလည်း ကိုယ်ကျိုးစီးပွားအဓိက ဝါဒကို အသေကိုင်စွဲခဲ့ကြပါတော့တယ်။ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတာမျိုးလို ကျင့်ကြံခဲ့တာကြောင့် ခရိုနီဟာ ချမ်းသာကြွယ်ဝသူတွေဖြစ်ခဲ့ပါတယ်။ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေရဲ့ မျိုးဆက်တွေလည်း ခရိုနီတွေဖြစ်ပြီး အရမ်းချမ်းသာနေကြပါတယ်။ အာဏာရှိသူတွေဆီကနေ မြေယာတွေ၊ သဘာဝသယံဇာတတွေ၊ တံတားတွေ၊ လမ်းတွေ၊ အဆောက် အအုံတွေ၊ စီးပွားရေးဘဏ်တွေ၊ ပို့ကုန် သွင်းကုန်လုပ်ပိုင်ခွင့်တွေရပြီး ရနိုင်သမျှ ကိုယ်အိတ်ထဲထည့်ခဲ့ကြတာကြောင့် ခရိုနီတွေဟာ ချမ်းသာကြွယ်ဝပြီး မြန်မာပြည်ဟာ ဆင်းရဲတွင်းနက်ခဲ့ရပါတော့တယ်။

အမှန်က အစိုးရအာဏာရှိသူ တွေကိုယ်စား စီးပွားရေးလုပ်ငန်းတွေကို မမျှတအောင် လုပ်ဆောင်နိုင်ခဲ့ကြမယ်ဆိုရင် တိုင်းပြည်ဟာ ဒီလောက်ဆင်းရဲပြီး ချွတ်ခြုံကျမှာ မဟုတ်ပါဘူး။ ဘယ်အစိုးရ လက်ထက်ပဲဖြစ်ဖြစ် အစိုးရအာဏာရှိသူ တွေကိုယ်စား စီးပွားရေး လုပ်ငန်းတွေကို လုပ်ဆောင်ပေးနိုင်သူ ပရော့ဆီ Proxy တွေရှိဖို့လိုအပ်ပါတယ်။ ဒီမို ကရေစီစနစ်ဖြစ်တဲ့ အရင်းအနှီး အခြေပြုစနစ် capitalism မှာ အစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းတွေ ပါဝင်ပတ်သက်ခွင့်မရှိရပါဘူး။

မြန်မာပြည်ရဲ့ ခရိုနီတွေဟာ စစ်အာဏာရှင်လက်ထက်မှာ ပေါ်ပေါက်လာပြီး ချမ်းသာကြွယ်ဝခဲ့တာကို အကြောင်းပြုပြီး စစ်အာဏာရှင် ဗိုလ်ချုပ်တွေကို သူတို့ရဲ့ ကျေးဇူးရှင်အဖြစ် သဘောထားခဲ့ကြပါတယ်။ အခု စစ်အာဏာရှင်ခေတ်နိဂုံးချုပ် သွားခဲ့ပါပြီ။ စစ်အာဏာရှင်ခေတ် မဟုတ်တော့ပေမယ့် ခရိုနီတွေဟာ သူတို့ကို ချမ်းသာကြွယ်ဝအောင် ပြုပေးခဲ့သူတွေအဖြစ် အခုအချိန်ထိ ကျေးဇူးရှင်ကြီးတွေအဖြစ် သဘော ထားနေတုန်းပါ။ နောက်တစ်ချက်က ခရိုနီတွေထဲမှာလည်း စစ်အာဏာရှင် မျိုးဆက်တွေ ပါဝင်နေပါတယ်။

၂ဝ၁၆ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်အယ်ဒီပါတီအစိုးရ တက်ခဲ့ပြီးတဲ့ အချိန်မှာ တိုင်းပြည်ဟာ ဒီမိုကရေစီစနစ်ကို တည်ဆောက်သွားမှာဖြစ်ပါတယ်လို့ အတိအလင်း ကြေညာခဲ့ပါတယ်။ ဒီမိုကရေ စီစနစ်နဲ့သွားမယ့်လမ်းမှာ အစိုးရကိုယ်စား စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနိုင်မယ့် အရင်းအနှီး အခြေပြု (အရင်းရှင်) သူတွေ လိုအပ်ပါတော့တယ်။ မြန်မာပြည်မှာကလည်း ခရိုနီတွေလက်ထဲမှာပဲ ချမ်း သာကြွယ်ဝမှုတွေရှိနေပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီ အစိုးရ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစု ကြည်အနေနဲ့ ခရိုနီတွေကို ငြင်းပယ်ပစ်လိုက်လို့ မရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်ရပါတော့တယ်။ မပစ်ပယ် မငြင်းဆန်နိုင်လောက်တဲ့ အခြေ အနေမှာ လက်ခံလိုက်ရမှာပါပဲ။

ဒီမိုကရေစီ အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂ဝ၁၆ အောက်တိုဘာလမှာ အမေရိကန်နိုင်ငံကို သွားရောက်ပြီး သမ္မတ အိုဘားမားနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီရလဒ်ကတော့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကို  အမေရိကန်သမ္မတ  အိုဘားမားက သမ္မတအမိန့်နဲ့ ပြန်ရုပ်သိမ်း ပေးလိုက်တာပါပဲ။ ဒီစီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုမှာ SDN ခေါ်တဲ့ လူ ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို ပစ်မှတ်ထားဒဏ်ခတ်ထားခဲ့တဲ့ သဘောပါ။ ဒီ SDN ကို ပြန်ရုပ်သိမ်းလိုက်တဲ့အခါ ခရိုနီတွေ လွတ်လပ်ခွင့်ရသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံကို  ပြန်ရောက် လာလာချင်းမှာပဲ ခရိုနီတွေနဲ့ တွေ့ဆုံပြီး သူ့အစိုးရကို အကူအညီပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ဒါပေမယ့်  ခရိုနီတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရကို  အခုအချိန်ထိ ထိထိရောက်ရောက် မကူညီသေးပါဘူး။  ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရလက်ထက်မှာ ပြည်သူတွေ အတွက် ကျပ်တည်းဆင်းရဲမှုတွေပိုပြီး တွေ့ကြုံနေရပါတယ်။ ဒါကို ပြန်ကြည့်ရင် ခရိုနီတွေရဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ဆို့ထားတာတွေ  တွေနိုင်ပါတယ်။ တချို့လုပ်ငန်းတွေကိုလည်း ရပ်ဆိုင်းပစ်လိုက် တာတွေ့ရပါတယ်။ လမ်းတွေ၊ တံ တားတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာလည်း သူတို့ အကျိုးအမြတ်မရနိုင်တော့ ရှောင်ထွက်သွားကြတာတွေကိုလည်း တွေ့ရနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ခေါ်မှုကို မသိချင်ယောင်ဆောင်နေလိုက် တဲ့ သဘောပါပဲ။

ဒီအခြေအနေတွေ ဘာကြောင့် ဖြစ်နေရသည်လဲဆိုတာကို ပြန်ဆန်းစစ်ဖို့ လိုအပ်နေပါပြီ။ တိုင်းပြည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ခရိုနီတွေမပါဝင်ပဲမဖြစ်နိုင်ဘူးဆိုတာကို လည်း ခရိုနီတွေကိုယ်တိုင်သိနေကြမှာပါ။ ဒါကိုသိနေတဲ့ စစ်အာဏာရှင်ဟောင်းတွေက သူတို့လက်လွှတ် ဆုံးရှုံးလိုက်ရတဲ့ အာဏာတွေကြောင့်လား။ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ အာဏာအတွက် သူတို့ကျေးဇူးမကင်းခဲ့တဲ့ ခရိုနီတွေကို တားဆီးထားတာကြောင့်လား။ လက်ချိုးရေတွက်လို့ရတဲ့ ခရိုနီအုပ်စုထဲမှာလည်း စစ် အာဏာရှင်ဟောင်းတွေရဲ့ မျိုးဆက်တွေပါနေပါတယ်။ စစ်အာဏာရှင် မျိုးဆက်ခရိုနီတွေကလည်း အရပ်သား စီးပွားရေးလုပ်ငန်းရှင် ခရိုနီတွေနဲ့ အတော်ရင်းနှီးတဲ့ ပတ်သက်မှုတွေရှိနေပါတယ်။

မြန်မာပြည်က ခရိုနီတွေဟာ မြန်မာပြည်အနေနဲ့ မပြောနဲ့ ကမ္ဘာပေါ်မှာတောင် ချမ်းသာကြွယ်ဝမှုတွေကို ပိုင်ဆိုင်ထားကြပါတယ်။ ဒီချမ်း သာကြွယ်ဝမှုတွေအားလုံးဟာ ပြည် သူတွေပိုင်တဲ့၊ လူတွေရဲ့ စွမ်းအားအရင်းအမြစ်နဲ့ သယံဇာတတွေကို မတရားတဲ့ နည်းတွေနဲ့ ရယူခဲ့တာတွေပါပဲ။ အဓမ္မနည်းနဲ့ရယူထားကြတယ်။ ဒါကြောင့်လည်း ပြည်သူတွေက ခရိုနီတွေကို မုန်းတီးရွံ့ရှာနေကြတာဖြစ်ပါတယ်။ အခုအချိန်ထိ ပြည် သူတွေမှာ လူနဲ့တူတဲ့ အနေအထားကို ပြန်မရောက်သေးပါဘူး။ ဘယ်နေရာကြည့်ကြည့် လူအဆင့်မမီသေးပါဘူး။ အနိမ့်ဆုံး အဆင့်ဖြစ်တဲ့ စားဝတ်နေရေးနဲ့ သွားလာရေးတွေမှာ လည်း နေ့စဉ်ဒုက္ခတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါတွေကလည်း စစ်အာဏာရှင်တွေနဲ့ ခရိုနီတွေ ဖန်တီး ခဲ့ကြတယ်ဆိုတာ ပြည်သူအားလုံးသိနေပါတယ်။

စစ်အာဏာရှင်တွေ ထားပါဦး။ အာဏာနဲ့ပတ်သက်ရင် လောဘဇောဟာ ထိန်းသိမ်းမရနိုင်အောင် ဖြစ်တတ်ပါတယ်။

အရပ်သား ခရိုနီတွေကတော့ အခုအချိန်မှာ လောဘတွေ၊ အတ္တတွေ လျှော့သင့်နေပါပြီ။ အရပ်သား အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း မြန်မာပြည်စီးပွားရေး ဖွံ့ဖြိုးလာနိုင်ဖို့ ခရိုနီတွေပါဝင်လာနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါ တယ်။ မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့  ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ခရိုနီတွေရဲ့ ကူညီမှုကို တောင်း ခံခဲ့တာကိုကြည့်ရင် သိနိုင်ပါတယ်။ အဲဒီကူညီမှုမှာ ခရိုနီတွေက ကျပ်သိန်းပေါင်း သိန်းနဲ့ချီအောင် ကူညီခဲ့ကြပါတယ်။ ဒီပမာဏဟာများပြားတယ်ဆိုပေမယ့် ခရိုနီတွေရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ တိုင်းတာရင် မပြောပလောက်တဲ့ ပမာဏပဲဖြစ်ပါတယ်။

ခရိုနီတွေဟာ စစ်အာဏာရှင် ခေတ်တစ်လျှောက်လုံးမှာ ပြည်သူတွေရဲ့ မလိုလားမုန်းတီးမှုကို ခံယူခဲ့ကြရပါတယ်။ အခု ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေတဲ့ ခေတ်မှာ နာမည်ပျက်တွေကို ပြန်အဖတ်ဆယ်သင့်နေပါပြီ။ စစ်အာဏာ ရှင်ဟောင်းတွေ ဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီဟာလည်း ဘယ်လိုမှ အာဏာပြန်ရနိုင်မယ်မထင်တော့ပါဘူး။ ခရိုနီတွေအနေနဲ့ အတ္တတွေ၊ လောဘတွေဖယ်ပြီး နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးလာနိုင်အောင် ပါဝင်ကူညီသင့်နေပါပြီ။

အခုဆို အရပ်သား အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ခရိုနီတွေကို စီးပွားရေးဖွံ့ဖြိုးမှု မိတ်ဖက်ဆိုတဲ့ စကားလုံးကိုသုံးနေပါပြီ။  တိုင်ကွန်း Tycoon ဆိုတာ အင်မတန်လှတဲ့ အသုံးအနှုန်းဖြစ်ပါတယ်။  ရခိုင်ပြည်နယ် အခက်အခဲမှာ တိုင်ကွန်းတွေဖြစ်ဖို့အတွက်တော့ အများကြီး လိုအပ်နေပါသေးတယ်။ ဒီလောက်အနေအထားနဲ့တော့ ပြည်သူတွေအမြင်မှာ ရွံ့ရှာနေမှုကို မဖျောက်နိုင်သေးပါဘူး။ လိုအပ်နေတာက  စစ်အာဏာရှင်ဟောင်းတွေအနေနဲ့ အာဏာပြန်မရ နိုင်တော့တာကို သိနေပြီးဖြစ်ရင် သံယောဇဉ်ဖြတ်လိုက်ဖို့ပါ။ စစ်အာဏာရှင်တွေအပေါ် သံယောဇဉ်ဖြတ်ထားပြီး စွန့်ခွာလာခြင်းနဲ့အတူ အတ္တတွေ၊ လောဘတွေကိုပါ သံယောဇဉ်ဖြတ်ခဲ့ကြပါ။

တိုင်းပြည်နဲ့ပြည်သူတွေရှေ့မှာ မျက်နှာပြန်ပြနိုင်ဖို့နဲ့ မျက်နှာပန်းပြန်လှနိုင်အောင် ကြိုးစားကြဖို့ လိုအပ်ပါတယ်။

ဘဝမှာ ချမ်းသာကြွယ်ဝမှုနဲ့ နာမည်ကောင်းရမှုကို  ရွေးချယ်နိုင်ပါစေ။ ခရိုနီဆိုတဲ့ အမည်နာမည်ဆိုးကြီးကိုဖျောက်ပြီး တိုင်ကွန်းဆိုတဲ့ စီးပွားရေးဖွံ့ဖြိုးရေးမိတ်ဖက်တွေ ဖြစ်နိုင်ပါစေ။

မြတ်လှိုင်း

မြတ်လှိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.