16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
အတွေးသမားရဲ့ အရေးအသား - ၁

ရခိုင်အရေး ထိုင်တွေးနေမိတာ အခုမှမဟုတ်ပါဘူး။ မနေ့တစ်နေ့ကမှလည်း မဟုတ်ဘူး။

ကြာလှပါပကောလားဗျာ။ ၁၉၇၆-၁၉၇၇ လောက်ကတည်းက ကျုပ်တောင်တောင်အီအီ လျှောက် တွေးနေမိခဲ့တာကလား။

အဲသည်တုန်းက ကျုပ်မှာ တပ်မတော် (လေ)က စစ်မှုထမ်း သူငယ် ချင်းတစ်ယောက်ရှိခဲ့တယ်။ တစ်ခါမတော့ သူဟာ တာဝန်အရ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဘက်ကို သုံးလေးလကြာအောင်  ခရီးထွက်ခဲ့တယ်။ သူပြန်ရောက်တာနဲ့ အဲသည်ဒေသက အခြေအနေတွေကို သူမြင်ခဲ့ရသမျှ၊ ကြုံခဲ့ရသမျှ (သူငယ် ချင်းတွေဆိုတော့) အိတ်သွန်ဖာ မှောက် ဖောက်သည်ချခဲ့တော့တာပါပဲ။

သူပြောသမျှတွေကို အနှစ်ချုပ်လိုက်ရင် အဲသည်ဒေသမှာ ''အလွန် အမင်းဆင်းရဲခြင်းနဲ့ ဘင်္ဂါလီများ အဆမတန် တိုးပွားနေခြင်း''ဆိုတဲ့ အချက်နှစ်ချက်ကို ရရှိပါတယ်။

အဲသည် ကာလကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ 'လူဦးရေ ပေါက်ကွဲ' နေခဲ့တာပါ။ သူ့အိုးနဲ့သူ့ ဆန်မတန်တော့ဘဲ ဖင်မနိုင်ခေါင်းမနိုင်နဲ့ အငတ်ငတ်အပြတ်ပြတ်ဖြစ် နေခဲ့ရတော့တာပ။  လူဦးရေ ထိန်းချုပ်ဖို့ ကုလသမဂ္ဂက စီစဉ်တယ်။  ဃသာဘငညအေငသည ၅ လို့ ခေါ်တဲ့ ပဋိ သန္ဓေတားဆေး (တစ်လသုံးကတ်)တွေ အခမဲ့ ဖောဖောသီသီ၊ အလုံ အလောက်ဝေငှတယ်။

ဘင်္ဂါလီများဟာ အဲသည်ဆေးဝါးကို ငြင်းပယ်ကြပါတယ်။ အကြောင်းကတော့ ပဋိသန္ဓေတားခြင်းဟာ သူတို့ ကိုးကွယ်ရာဘာသာတရား အဆုံးအမနဲ့ ဆန့်ကျင်နေလို့ပါတဲ့။ အဲသဟာကြောင့် ဘင်္ဂါလီများရဲ့ လူဦးရေတိုးပွားနှုန်းဟာ ကြောက် ခမန်းလိလိကြီးမားလာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်မှာထက် စားဝတ်နေရေး အခွင့်အလမ်းသာတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲကို ဘင်္ဂါလီတွေဟာ နည်းအမျိုးမျိုး၊ ပရိယာယ်အသွယ်သွယ်နဲ့ တိုးဝှေ့ဝင်လာကြပြီး အခိုင်အမာ အခြေစိုက်ကြပါတော့တယ်။

ဒီနေရာမှာ မြန်မာအစိုးရ တာဝန်ရှိသူများက တရားမဝင်ရောက်ရှိလာတဲ့ ဘင်္ဂါလီတွေကို  ဘာကြောင့် မတားဆီးခဲ့ကြပါသလဲလို့ မေးခွန်းထုတ်စရာပေါ်လာသဗျ။ သည်မေး ခွန်းရဲ့ အဖြေကိုတော့ ထိုစဉ်က တာဝန်ရှိခဲ့ကြသူများသာ အသိဆုံးပါ။ ကျုပ်တို့လို အရပ်သား ဘေးလူက ရမ်းသန်းအဖြေထုတ်လို့မသင့်ပါဘူး။ တချို့ကဆို နယ်စပ်မှာရှိသမျှ တာ ဝန်ရှိသူတွေ အနာဂတ်အမြော်အမြင်နည်းလို့ ဘင်္ဂါလီတွေ လှိမ့်ဝင်လာကြ တာ ဘာညာနဲ့ ထင်ကြေးပေးခဲ့ကြပါ တယ်။

ကျုပ်ကတော့ မြန်မာနိုင်ငံဟာ ပထဝီဝင် ကျိန်စာသင့်တယ်လို့ပဲ မြင်ပါတယ်။

ကြီးကြီးကျယ်ကျယ်ပြောတာ မဟုတ်ဘူးဗျ။ ဦးနှောက်ရှိတယ်ဆိုရင် စဉ်းစားကြည့်ကြပါ။

မြန်မာနိုင်ငံဟာ ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံကြီးနှစ်ခုကြားမှာ ညပ်နေတဲ့အပြင် လူဦးရေ ပေါက်ကွဲနေတဲ့ ဘာသာကွဲ  နိုင်ငံနဲ့မှ မလွှဲမရှောင်သာ အိမ်နီးချင်းလာဖြစ်နေရ ပြန်ပါတယ်။ ကပ်ရောဂါဆိုက်နေတဲ့ နိုင်ငံနဲ့ အနီးကပ်နေရသလိုမျိုးလို့တောင် ဥပမာပေးချင်စရာပါပဲဗျာ။

ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ကူးဝင်လာ၊ ခိုးဝင်လာကြတဲ့ ဘင်္ဂါလီများကလည်း စိုက်ခင်းတွေထဲ ညဘက်မှာ အုံလိုက်ကျင်းလိုက်ဝင် ရောက်ဖျက်ဆီးတဲ့ ကျိုင်းကောင် အုပ်ကြီးလိုပါပဲ။ ကျိုင်းကောင်တွေကို မီးနဲ့ရှို့ပစ်လို့ရတယ်။ ကျူးကျော်ဘင်္ဂါ လီတွေကိုတော့ မီးနဲ့ရှို့လို့မရဘူးလေ။ ရေကြောင်းကနေ လှေလောင်းနဲ့ ပြန်ကြလို့မောင်းထုတ်ပြန်ရင်လည်း ဘင်္ဂါလားပင်လယ်အော်ထဲနစ်သေ ကုန်ကြမှာ။

''ဟိုမှာ ငတ်လို့ ဗမာပြည်မှာလာနေကြရင်လည်း အေဆေးနေကြကွာ။ အေးအေးချမ်းချမ်း သမ္မာအာဇီဝနဲ့ လုပ်ကိုင်စားကြဆိုပြီး လွှတ်ပေးလိုက်ပြန်တော့လည်း အရင်းမူလ တိုင်းရင်းသား ဒေသခံအစစ်ဖြစ်တဲ့ ရခိုင်ပြည်သူများအပေါ် လူအားနဲ့ စိုးမိုးဖိနှိပ်ကြပြန်တယ်။ (ဒေသတစ်ခုမှာ တိုင်းရင်းသားဦးရေထက် နိုင်ငံ ခြားသားဦးရေက ပိုများလာရင် လူပါးဝတာချင်းမှာ တရုတ်ကုလား အတူတူပါပဲ။ မယုံရင် တရုတ်နယ်စပ် မြို့တွေသွားကြည့်။) ပြောရရင်ဗျာ...ရခိုင်ပြည်သူတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ ''အမိမဲ့သား ရေနည်းငါး'' တွေ ဖြစ်ခဲ့ကြရရှာတာ ပါ။

ရခိုင်ပြည်နယ်ထဲမှာ ဘင်္ဂါလီဦးရေ မဆံ့ရင်ကန်များပြားလာရခြင်းရဲ့ အဓိကတရားခံကို အထူးရှာစရာ မလိုပါဘူး။ တရားခံက ထင်ထင်ရှား ရှားရှိနေပါတယ်။ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းရာကျမစိုးလို့ မပြောပါရစေနဲ့။

ဟော...ခုတော့ ဘင်္ဂါလီတွေက ARSA ဆိုတဲ့ လက်နက်ကိုင် အဖွဲ့အစည်းနဲ့ အကြမ်းဖက်စော်ကားလာပြီဆိုတော့ ပဋိပက္ခအကြီးကြီးဖြစ်လာ ခဲ့ရပြီပေါ့ဗျာ။ ဒင်း(သင်း) တို့ဘက်က တရားလွန်လာပြီလို့ပဲ အရပ်ပြော ပြောရတော့မှာပဲ။ တရားလွန်တဲ့သူက 'အမှားကျွန်' အဖြစ်ခံရမှာ ဓမ္မတာပဲဗျ။

အရေးထဲ 'သခွတ်ပင်က မီးတစ်ကျီကျီ' လုပ်ကြတဲ့ ကုလသမဂ္ဂအပါအဝင် ကုလားတွေဆီက ရေနံမရမှာစိုးလို့ ကုလားနဲ့ပင်းတဲ့ နိုင်ငံကြီး တချို့ရဲ့ အော်သံကလည်း နားကလောစရာ။  ဘာတဲ့... ''လူမျိုးတုံး  သုတ်သင်မှု'' ethnic cleansing ဆိုပါကလား။

သည်ဝေါဟာရကို ၁၉၉၂  ခုနှစ် ဘော့ဇနီးယား စစ်ပွဲတုန်းက အနောက်မီဒီယာကြီးတွေက တီထွင်သုံးစွဲရာက ကျက်သရေမင်္ဂလာမရှိစွာ တွင်ကျယ်နေတာပါပဲ။ မီဒီယာတွေဟာ သေနတ်တွေ၊ ဗုံးတွေထက် တောင် ပိုပြီးဆိုးဝါးနေပါပကော။ တလောက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မီဒီယာတွေကို အယုံအကြည်မရှိဘူးလို့ ပြောလိုက်တဲ့ စကားကတော့ ပိဿာလေးနဲ့ ထုသလိုပါပဲဗျို့။

အခုတော့ အိုးမလုံအုံပွင့်ပြီးထွက်ပြေးတဲ့ ဘင်္ဂါလီတွေကို မြန်မာအစိုးရက ပြန်ခေါ်ပါတယ်။ သို့သော် နိုင်ငံသားဖြစ်ကြောင်း သက်သေသာဓကလေးတော့ ပြကြရမှာပေါ့ ဗျာ။

ကဲ-ထွက်ပြေးတာ ငါးသိန်းဆိုရင် တရားဝင်ပြန်ရောက်လာမှာ ဘယ်လောက်လဲ။ ပြန်မလာဝံ့တဲ့ သူတွေဟာ အထောက်အထားမရှိတဲ့ ခိုးဝင်ကျုးကျော်ခဲ့တဲ့ ကလေကလွင့် တွေပေါ့ဗျာ။

 

ကြူးနှစ်

ကြူးနှစ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.