16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ဆေးခါးကြီးတိုက်ကျွေးပါ
လမ်းပေါ်မှာ လက်ကိုင်ဖုန်းကိုလုပြေးတယ်။ မော်တော်ဆိုင်ကယ်ကို လုပြေးတယ်၊ ဆွဲကြိုးဖြတ်ပြေးတယ်၊ ပိုက်ဆံအိတ်ကို လုပြေးတယ်ဆိုတာမျိုးတွေကို သာမန်အသေးအဖွဲ ရာဇ ဝတ်မှုအဖြစ် သတ်မှတ်ကြ၊ ထင်မြင်ယူဆကြမှာပါပဲ။
အဲသည်ပြစ်မှုတွေအတွက် ပြဋ္ဌာန်းထားတဲ့ ပြစ်ဒဏ်တွေလည်း အဆင်သင့်ရှိနေကြပြီးသားပါ။ စဉ်းစားကြရမှာက မြို့ပြဒေသတွေမှာ အဲသလို အသေးအဖွဲ ပြစ်မှုကျူးလွန်သူတွေ တိုးများနေသလား။ ကျူးလွန်သူတွေဟာ အသက် ၁၅ နဲ့ ၃ဝ ကြား လူငယ်လူရွယ် အလုပ် လက်မဲ့တွေလား။
သူတို့ဟာ စားဝတ်နေရေး လိုအပ်ချက်ကြောင့်ထက် မူးယစ်ဆေး ဝါးသုံးစွဲဖို့ ငွေကြေးအပူတပြင်း လို အပ်တာကြောင့်လား ဆိုတာတွေပါပဲ။ မူးယစ်ဆေးဝါးကို ခိုးကြောင်ခိုးဝှက် ဝယ်ယူသုံးစွဲရတဲ့ ငွေကြေး ပမာဏကိုလည်း သတိထားပြီး ကြည့်ရပါဦးမယ်။ ဆေးစွဲနေသူ တစ်ယောက်ရဲ့ တစ်နေ့တာ ငွေကြေး သုံးစွဲမှုဟာ တစ်နေ့အတွက် အနိမ့်ဆုံးလုပ်ခရတဲ့ ငွေကြေးပမာဏထက်များတယ်ဆိုတာ သတိပြုကြရပါလိမ့် မယ်။
ခိုးဝှက်လုယက်ပြီးရတဲ့ငွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲပြီးပြီဆိုတာနဲ့ နောက်ဆက်တွဲပြစ်မှုတွေက လိုက် လာတတ်ပါတယ်။ မတော်တလျော်ကျော်မကောင်းကြားမကောင်း သက်ငယ်မုဒိမ်းမှုတွေရဲ့ နောက်ကွယ်က တွန်းအားဟာ မူးယစ်ဆေးဝါးပါပဲ။ (A) ရောဂါကလည်း မူးယစ်ဆေးဝါးရဲ့ မိတ်ဆွေကြီးပါပဲ။
'ရာဇဝတ်မှု' ဆိုတဲ့ ခေါင်းစဉ်အောက်က ခိုးဆိုးလုနှိုက်ပြစ်မှုတွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲတဲ့ ပြစ်မှုတွေအတွက် တရားဥပဒေဘောင်ထဲက ပြစ်ဒဏ်တွေရှိနေကြပါ တယ်။ 'ကြိုက်မရှက် ငတ်မရှက်' ဆိုတဲ့ စကားလိုပဲ။ ဆေးသမားတစ် ယောက်ဟာ ဆေးလိုလာတဲ့အခါ တရားဥပဒေမပြောနဲ့ ငရဲပြည်က ယမမင်းကြီးကိုတောင် မကြောက် တော့ပါဘူး။
ဘာပြုလို့လဲဆိုရင် သူတို့အတွက် တရားဥပဒေနဲ့ ပြစ်ဒဏ်များဟာ ကြောက်စရာမဟုတ်လို့ပါပဲ။ တရားဥပဒေအရ ပြစ်ဒဏ်ပေးခြင်းသည် တရားခံနောင်ကြဉ်သွားအောင်၊ ကြောက်သွားအောင်ဆိုတဲ့ ရည်ရွယ်ချက်မပါရင် တရားခံရာဇဝတ်သားရဲ့ စိတ်ဓာတ်၊ အကျင့်စရိုက်ကို ပြုပြင်ပြောင်းလဲမှု Reform လုပ်နိုင်မှာမဟုတ်ပါဘူး။ အပြင်လောကကို ပြန်ရောက်လာတဲ့ ပြစ် ဒဏ်ခံ ထောင်ထွက်တစ်ယောက်ဟာ မငြိမ်ဝပ်မကျိုးနွံတဲ့အပြင် ''ငါက မော်စကိုပြန်ကွ၊ ဘာမှတ်သလဲ။ အမေကမွေး ထောင်ကကျွေးဆိုတာ ငါပဲ၊ ယီးတီးယားတားလာမလုပ်နဲ့၊ ဇက်ပြုတ်သွားမယ်'' ဆိုပြီး အရပ်ထဲမှာ ချဲလင်းတောင်းနေတတ်တဲ့ အဖြစ် တွေဟာ သည်တိုင်းပြည်မှာ ရိုးနေပါ ပြီ။
ထောင်ထွက်ဆိုရင်ပဲ ထိုင်ပြီးရှိခိုး ရတော့မလိုလို။ ဆက်ကြေးပဲပေးထား ရတော့မလိုလို။ (ဆက်ကြေးရဲ့ မူရင်း အဓိပ္ပာယ်သိကြပါရဲလား။ အသတ်မခံရဘဲ ဆက်ပြီးအသက်ရှင်နိုင် အောင် လာဘ်ထိုးရလို့ ဆက်ကြေးလို့ ခေါ်ပါသတဲ့ဗျား။) အမှန်က ရာဇဝတ်မှုနဲ့ ထောင်ကျတဲ့ သတ္တဝါ ဟာ ထောင်က လွတ်တာနဲ့ 'ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး' ဖြစ်သွားရမှာ။
တစ်နည်းအားဖြင့် ပြောရရင် အကျဉ်းထောင်ဆိုတာ စိတ်ညစ်စိတ် ယုတ်တွေကို ဦးနှောက်ထဲကနေ ခဝါချတဲ့ brain-wash လုပ်တဲ့၊ ပြုပြင်ပြောင်းလဲရေး အထူးဌာနကြီးဖြစ်ရမှာပါ။ ဖြစ်စေချင်တာပါ။
ကမ္ဘာမှာ ဆိုရှယ်လစ်ဝါဒ ခေတ်စားနေခဲ့တဲ့ ကာလတုန်းက ရေးကြ သားကြတဲ့ အယူအဆတစ်ခုရှိခဲ့ တယ်ဗျ။ ဆိုရှယ်လစ်နိုင်ငံများမှာ လူတန်းစား ကွာဟမှုနည်းပါးတဲ့အတွက် 'ဆင်းရဲ့နဲ့ ချမ်းသာ'ကွဲပြားမှုဟာ သိပ်မသိသာဘူးတဲ့။ ရာဇဝတ်မှုဖြစ် ပွားမှုနှုန်း နည်းပါးသတဲ့။ ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ အရင်းရှင်နိုင်ငံများမှာတော့ 'ထားစရာမရှိအောင် ချမ်း သာတဲ့သူ'နဲ့ 'စားစရာမရှိအောင် မွဲ တဲ့သူ'ဆိုပြီး ဘုံဖျားနဲ့ချုံကြားလိုလူ တန်းစားကွာခြားလွန်းတော့ အများစု ဆင်းရဲသားများကြားမှာ ရာဇဝတ်မှု များသတဲ့။
စာရေးသူရဲ့ အသက် ၆ဝ ကျော် အတွေ့အကြုံအရတော့ မဆလခေတ်ကလည်း ခိုးဆိုးလုနှိုက်တွေများ ခဲ့တာပဲ။ ပြည့်တန်ဆာတွေ ပေါခဲ့တာပဲ။ စစ်အာဏာနဲ့ အုပ်ချုပ်တဲ့ခေတ် မှာလည်း ထောင်ထဲမှာ လူကျပ်နေခဲ့တာပဲ။ လက်ရှိ ဒီမိုကရေစီ တည်ဆောက်စ ခေတ်ထဲမှာကော သိပ်မ ထူးလှပါဘူး။ ခုခေတ်က ရုပ်ဝတ္ထု အသစ်အဆန်းတွေ အသုံးအစွဲများကြတော့ မသုံးနိုင်တဲ့ ငမွဲက သုံးချင်တဲ့စိတ်တွေဖိစီး၊ လောဘတက်၊ ကြံမိကြံ ရာတွေကြံကြတာပဲ။(အံမယ်) ရန်ကုန် မြို့လယ်မှာတောင် money-changer ကို သေနတ်ဖောက်ပြီး လုဖို့ ကြိုးစား သတဲ့။
ရောဂါကြမ်းရင်တော့ ဓာတ် ကြမ်းတိုက်ရမှာပဲဗျ။ ဆေးကြိမ်လုံးနဲ့ ဆော်သင့်ဆော်ရမှာပဲ။ ရှေးက အာ ရေးဗျမှာလို သူခိုးကို လက်ဖြတ်သင့် ဖြတ်ရတော့မှာပဲဗျ။ မုဒိမ်းကောင်တွေကို နှစ်ရှည်ထောင်ဒဏ်ချပြီး နိုင်ငံတော်အတွက် လမ်းဖောက်တဲ့ နေရာမှာ ကျောက်တူးခိုင်း၊ ကျောက်ခွဲ ခိုင်း၊ မြေကြီးသယ်ခိုင်း၊ မြေကြီးဖို့ခိုင်း ရမှာပဲဗျ။ ကိုယ်ခံအားမကောင်းလို့ ပင်ပန်းပြီး သေသွားလည်း ကမ္မသ ကာပဗျာ။
'ပြည်သူနှင့်အတူ'ဆိုတဲ့ ဆောင်ပုဒ်နဲ့ ချီတက်နေတဲ့ ဒီမိုကရေစီခေတ်ဗျ။ ပဒေသရာဇ်သက်ဦးဆံပိုင်ခေတ်ကို ပြန်မသွားချင်ပါနဲ့လို့ တားမြစ် ချင်ပါသလား မိတ်ဆွေ။
ခင်ဗျားအိမ်ကို တံခါးဖွင့်ပြီး အိပ်ကြည့်ပါ။ ခင်ဗျားသမီးအပျိုကလေးကို ညဖက်လူပြတ်တဲ့ လမ်းထဲကို တစ်ယောက်တည်း လွှတ်ကြည့်ပါ။ ညဦးပိုင်းမှာ ခင်ဗျားကိုယ်တိုင်လမ်း ပေါ်ထွက်ပြီး အမူးသမားတွေကို လွတ်အောင်ရှောင်ကြည့်ပါ။ မြို့ပြမှာ ရာဇဝတ်မှုကြိုတင်ကာကွယ်ဖို့ လက်နက်၊ မော်တော်ယာဉ်၊ ဆက်သွယ်ရေး ကိရိယာအပြည့်အစုံနဲ့ ရဲတပ်ဖွဲ့အင်အားအများကြီး လိုအပ်နေ တယ်။ စေတနာ့ ဝန်ထမ်းလုံခြုံရေး အလုပ်ကို ပြည်သူလူထုအတွက် ခင်ဗျားလုပ်ပေးနိုင်မလား။
စစ်အာဏာရှင်ခေတ်က 'မာရှယ်လော'နဲ့ ကြမ်းခဲ့ရမ်းခဲ့သမျှကို 'ထေ'တဲ့အနေနဲ့ တရားဥပဒေစိုးမိုး ရေးကို အလျှော့ပေးလို့ မရသေးပါဘူး။ အမှုကြီးကော၊ အမှုသေးပါ ဆူးကြိမ်လုံးနဲ့ နာနာရိုက်သင့်ပြီ။ ဆေးခါး ကြီးကို မသောက်မနေရတိုက်သင့်ပါပြီ။

ကြူးနှစ်

ကြူးနှစ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.