19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
လူမိုက်ကောကီ လူ့ပြည်ဇာတ်ရုပ်

'လူမိုက်' ဆိုတဲ့ စကားလုံးကို နယ်ပယ်အရပ်ရပ်၊ ရှုထောင့်အသီးသီးကနေ အဓိပ္ပာယ်ဖွင့်ဆိုတတ်ကြတဲ့အတွက် စာပေနဲ့ ဒုံးဝေးသူအချို့ မျက်စိလည်၊ ဦးနှောက်လေပွေထသွား နိုင်ကြပါတယ်။

ကွယ်လွန်သူ စာရေးဆရာတစ်ယောက်ဆိုရင် သူ့ဝတ္ထုတစ်အုပ်ထဲမှာ 'လူမိုက်ဆိုတာ သတ်ရဲဖြတ်ရဲတိုက်ရဲခိုက်ရဲတဲ့ လူကိုမခေါ်ဘူး။ မိမိရဲ့ကိုယ်ကျိုးကို စွန့်ပယ်ပြီး အ များအကျိုး၊ တိုင်းပြည်နဲ့ လူထုအကျိုး သက်သက်ကိုသာ စွန့်လွှတ်စွန့်စား ခြင်းကြီးစွာ ဆောင်ရွက်တတ်တဲ့ လူမှသာ လူမိုက်လို့ခေါ်သင့်တယ်'လို့ ရေး ခဲ့ဖူးတယ်။

အဲသည် စာရေးဆရာက ဗိုလ်ချုပ်အောင်ဆန်းကိုတောင် လူမိုက် စာရင်းသွင်းထားခဲ့တာကလား။

နားမလည် သဘောမပေါက်နိုင် သူများအတွက်တော့ အဲသည် စာရေးဆရာရဲ့ 'လူမိုက်' အဓိပ္ပာယ်ဖွင့်ဆိုချက်ဗျုပ္ပတ်က တစ်မျိုးကြီးဖြစ် နေမှာပဲ။

ဗုဒ္ဓဘာသာစာပေအချို့မှာ 'ဗာလာနံ၊ လူမိုက်တို့သည်' ဆိုတဲ့ ပါဠိ၊ နိဿယျ စာသွားအသုံးအနှုန်းကို တွေ့ဖူးကြပါလိမ့်မယ်။

ဗုဒ္ဓဝါဒအလိုတော် အရတော့ဖြင့်ရင် 'ဗာလာနံ' ဆိုတဲ့ လူမိုက်သတ္တဝါဟာ ကုသိုလ်၊ အကုသိုလ်ခွဲ ခြားမသိဘဲ သူ့ကိုယ်ကျိုးစီးပွားအတွက် လုပ်ချင်ရာ စွတ်ရွတ်လုပ်တတ်တဲ့ လူရမ်းကားသတ္တဝါပဲ။ အဲသည် သတ္တဝါမျိုးတွေက လူ့ဘုံလောကမှာ လက်ညှိုးထိုးမလွဲအောင် ပေါများလှချည့်။

လူရိုး သင်္ချိုင်းမှာပဲ ရှိတယ်ဆိုတဲ့ စကားကို သတိရစရာ တစ်ခုပ။

'အဒေါ့ဖ် ဟစ်တလာ'ဆိုတဲ့ လူမိုက်ကြီးရဲ့ မိုက်ပုံမိုက်နည်းကို အများ သိကြပြီးမို့ အပ်ကြောင်းမထပ်ချင်ပေမယ့် အကြောင်းဆိုက်လာတဲ့အတွက် ဒီနေရာမှာ အနည်းအကျဉ်းတော့ ပြောပါရစေ။

ဟစ်တလာဟာ မိမိရဲ့မျိုးနွယ်ကို မြင့်မြတ်သော အာရိယာန်သွေးအဖြစ် တစ်ဖက်သတ် ချစ်မြတ်နိုးပြီး 'ဆီးမိုက်' အနွယ် Semitic ဝင်တွေဖြစ်ကြတဲ့ ယေဝတီတွေကတော့ အာရိယာန်အနွယ် ဂျာမန်တွေရဲ့ တိုးတက်ဖွံ့ဖြိုးရေးလမ်းကြောင်းကို ဟန့်တား နှောင့်ယှက်နေကြတဲ့ လူယုတ်လူညံ့ များအဖြစ် ဟစ်တလာက အမြင် စောင်းခဲ့ပါတယ်။

ဒါကြောင့်လည်း သူ့ရဲ့ တတိယမြောက် 'ရိုက်အင်ပါယာ' Third Reich ကြီးထဲမှာ ယေဝတီတစ်ကောင်တစ်မြီးမှ မရှိစေရဘူးဆိုပြီး ယေဝတီတွေ သန်းချီပြီး သုတ်သင်ခဲ့တာပါ။

ဟစ်တလာရဲ့ သုတ်သင်ရေး စီမံကိန်းကြီးကို 'မျိုးတုံးသန့်စင်ရေး' Ethnic Cleansing ဆိုတဲ့ အော့ နှလုံးနာဖွယ် ဝေါဟာရကြီးနဲ့ တင် စားခဲ့ပါတယ်။ ဒါမျိုးတွေက မဆန်းပါ ဘူး။

တစ်ချိန်တုန်းက မဇ္ဈိမဒေသမှာ 'ဝိဋူဋူဘ' ဆိုတဲ့ ဘုရင်တစ်ပါးဟာ သာကီဝင်အမျိုး အနွယ်တွေကို မျိုးတုံးသန့်စင်ရေး လုပ်ခဲ့ဖူးပါတယ်။ သူ့ဘေးရန်က ထွက်ပြေးလာကြတဲ့ သာကီဝင်တွေဟာ တစ်ချိန်နောင်ကာလမှာ မြန်မာနိုင်ငံရယ်လို့ ဖြစ် လာမယ့်ဒေသမှာ အခြေစိုက်ခဲ့ကြပါတယ်။ သာကီဝင်တွေထဲက အဘိ ရာဇဆိုတဲ့ ဘုရင်ကတကောင်းပြည် ကြီးကို တည်ထောင်တော်မူပါတယ်။ ဒါက လေ့လာမိသလောက်  ရာဇဝင် အဆိုပါ။

တစ်လောတုန်းက အဲသည်ကျက်သရေကျက်သရာမရှိတဲ့ 'မျိုးတုံးသန့်စင်ရေး' ဆိုတဲ့ စကားသံကို ကြားလိုက်ရပြန်ပါတယ်။ ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက လူသိရှင်ကြား ပြောလိုက်တာမှတ်ပါရဲ့။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဘင်္ဂါလီတွေကို မျိုးတုံးသန့်စင်ရေး လုပ်နေပါပြီလို့ မဟုတ်တမ်းတရမ်းတုတ်လိုက်ခြင်း သာဖြစ်ပါတယ်။ မြန်မာတွေဟာ ရှေ့နောက်ချိန်ဆတတ်တဲ့၊ အမြော်အမြင် ထားတတ်တဲ့ လူမျိုးတွေပါ။ မြန်မာနိုင်ငံသား ရခိုင်တိုင်းရင်းသားများဟာလည်း လူကိုလူလိုမြင်ပြီး ကိုယ်ချင်း စာတရားရှိကြပါတယ်။ ဒါကြောင့်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူဦး ရေပေါက်ကွဲ၊ စားစရာ နေစရာမရှိလို့ မြန်မာနိုင်ငံထဲ ခိုးဝင်နေထိုင်ကြတဲ့ ဘင်္ဂါလီများကို 'ထမင်းရည်အတူ သောက်ကြရစေတော့'ဆိုတဲ့ စိတ်နဲ့ ခွင့်ပြုခဲ့ကြတာပါ။ ကိုးကွယ်ရာ ဘာသာတရားချင်းလည်း မတူ၊ လူမျိုးလည်းမတူ၊ ယဉ်ကျေးမှုလည်း မတူတဲ့ လူစိမ်းတွေကို ကိုယ့်မြေကိုယ့်ရေပေါ်မှာ ခွင့်ပြုထားဖို့ တော်ရုံတန်ရုံ သဘောထားကြီးမှုနဲ့ မဖြစ်နိုင်ပါဘူး။

ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီ လူဦးရေများလာပြီး ရခိုင်တွေအပေါ် လူအားနဲ့ စိုးမိုးတဲ့အပြင် ဘင်္ဂါလီများက တစ်ကမ္ဘာလုံး အော့ကြောလန် အကြမ်းဖက်ဝါဒကို သွတ်သွင်းလာတဲ့ အခါ  ရခိုင်ဒေသမြောက်ပိုင်းဟာ ချိန်ကိုက်ဗုံးလို ပေါက်ကွဲသွားခဲ့ပါ တယ်။

မြန်မာ့လုံခြုံရေး တပ်ဖွဲ့တွေက ရှင်းလင်းတဲ့အခါ လိပ်ပြာ မလုံတဲ့ 'သားရေပေါ်အိပ် သားရေနားစားတဲ့' အကြမ်းဖက်လက်နက်ကိုင်တွေကို မွေးထုတ်တဲ့ မသမာ ဘင်္ဂါလီတွေ သိန်းချီပြီး တစ်ဖက်က သူတို့ ဘိုးဘွားမြေ ဘင်္ဂလားဒေ့ရှ်ကို ပြေးကြတာပေါ့။

အမှန်ကတော့ အစကတည်းက သူတို့မြေ သူတို့ရေဖြစ်တဲ့ ဘင်္ဂလားမှာပဲ သူတို့နေခဲ့ကြရင် ဒီကနေ့ ပြဿနာပေါ်စရာမလိုပါဘူး။

ကောင်းပြီ။ ဒီပြဿနာကို ဘယ်လိုရှင်းမလဲ။ လူမိုက်နည်းနဲ့တော့ ရှင်း လို့မဖြစ်ဘူး။ ဘော့စနီးယား စစ်ပွဲ ဖြစ်ခဲ့တဲ့ ၂ဝ ရာစု ကုန်ခါနီးတုန်းက 'ဆာ့ဘ်'ှနမဘ အမျိုးသား ခေါင်း ဆောင် လူမိုက်ကြီးတွေက ခွဲထွက် ချင်ကြတဲ့ မွတ်ဆလင်တွေကို မလှန် နိုင်အောင် နှိပ်ကွပ်ခဲ့တဲ့ သမိုင်းဟာ ပူပူနွေးနွေးပဲ ရှိပါသေးတယ်။ စစ်ပွဲ ပြီးသွားတဲ့အခါ လူမိုက်ကြီးတွေဟာ သူတို့ 'လက်ဆ' များသွားခဲ့တဲ့ အပြစ် တွေအတွက် ပြစ်ဒဏ်ကို ကြည်ကြည် ဖြူဖြူ ခံယူခဲ့ကြပါတယ်။

ကမ္ဘာပေါ်မှာ ဒီကနေ့ ဘယ်ကိုကြည့်လိုက်၊ ကြည့်လိုက် နိုင်ငံ့ခေါင်း ဆောင် လူမိုက်ကြီးတွေကို တွေ့နေရပါတယ်။ တချို့ လူမိုက်ကြီးတွေက 'ချဲလင်း' တောင်းပြီး လက်ဝှေ့ရေးကို မမောနိုင် မပန်းနိုင် ပြသနေပါတယ်။ သူတို့ စကားလုံးတွေက မနက်ဖြန် သဘက်ခါပဲ အနုမြူလက်နက်သုံးမယ့် တတိယကမ္ဘာစစ်ကြီးထဖြစ်တော့မလိုလို။ မြေကျင်းတူးပြီး ကျင်း ထဲမှာ ပုန်းနေရတော့မလိုလို။

မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်အမျိုးသမီးအိုကြီးကတော့ လူမိုက် စာရင်းထဲမပါပါဘူး။ သူက ဓားသွားတွေ တစ်ဝှီဝှီဝှေ့ယမ်းနေတဲ့ကြားမှာ ကျွမ်းကျင်လိမ္မာစွာ ပျံဝဲနေနိုင်တဲ့ သံမဏီလိပ်ပြာမယ်ပါ။

အင်း-သူမရှိတော့ရင် လူမိုက်ကြီးတစ်ယောက်ယောက်များ ဘွားခနဲ ပေါ်လာလေမလား။

 

 

ကြူးနှစ်

ကြူးနှစ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.