14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ကောက်ကျစ်ယုတ်မာမှုနှင့် အကြမ်းဖက်မှု

ကောက်ကျစ်ယုတ်မာသူ (သို့မဟုတ်) ကောက်ကျစ်ယုတ်မာခြင်းကား အဓိပ္ပာယ်မဲ့သက်သက် လူမျိုး နွယ် အချင်းချင်း နှိပ်စက်ညှဉ်းပန်းလို မှုသာဖြစ်သည်။ တရားဥပဒေနှင့်အညီ နေထိုင်ခြင်းကို ပိတ်ပင်တား ဆီးမှုသာဖြစ်သည်။ မိမိ မိသားစုမှ အပ သူတစ်ပါးကို အန္တရာယ်ပေးမည့်သူ၊ သူတစ်ပါးအပေါ် သနားကြင်နာမှု မရှိသူ၊ သူတစ်ပါး အေးချမ်းနေမှုကို မကျေနပ်သူ၊ အေးချမ်းခွင့်မပေးနိုင် ၍ ထိုအခြေအနေကို ဖျက်ဆီးသူ သက်သက်သာဖြစ်သည်။

ကောက်ကျစ်ယုတ်မာသူတို့သည် ကောက်ကျစ်ယုတ်မာမှုပြုရန် အဖွဲ့အစည်းပမာ ပြုလုပ်ထားသည်။ သူတို့သည် တည်ငြိမ်အေးချမ်းနေမှုကို မလိုလား။ အေးချမ်းမှုကို ဖျက်ဆီးပစ်လိုသူများဖြစ်သည်။ ထိုအဖွဲ့အစည်းသည် လူအများကြား၌ ယုတ်မာမှု အမျိုးမျိုး၊ ပယောဂအမျိုးမျိုးပြုလုပ်သည်။ ငွေမရှိသူကို ငွေပေး၍ တည်ငြိမ်မှု ဖျက်ဆီးရန် ကြံစည်သည်။ ရာထူးမက်သူကို ရာထူးပေး၍ ဖျက်ဆီးရန်ကြံစည်သည်။ အလွန်ရက်စက်တတ်သူများ ဖြစ်ပါ၏။

အာဏာကြီးကြီးရထားသူ အချို့က သူတို့၏ ရာထူးအာဏာကိုသုံး၍ ထိုအကြမ်းဖက်ကိစ္စပြုသူများကို အမျိုးမျိုး အကာအကွယ်ပြုလုပ်ပေးသည်။ သူတို့၏ ရည်ရွယ်ချက်မှာ တည်ငြိမ်မှုပျက်ပြားစေရန်အတွက် သူတို့ကဲ့သို့ လူများအချင်းချင်း ပေါင်းဖက်ကာ ကျန်လူများကို နှိပ်ကွပ် မည်။ အေးချမ်းစွာနေသူ ပြည်သူအပေါင်းကို ဒုက္ခပေးမည်။

အကြမ်းဖက်မှု ကျူးလွန်သူများသည် တစ်စုံတစ်ရာ အကျိုးကို ခံစားရသည်။ အကျိုးခံစားရသည့်အတွက် အကြမ်းဖက်မှုကို ကျူးလွန်ကြသည်။

အကြမ်းဖက်မှု တစ်စုံတစ်ရာ ကျူးလွန်ရန်အတွက် နောက်ကွယ်၌ အကြောင်းကိစ္စရပ်တစ်ခုခုရှိကိုရှိ၏။ ကောက်ကျစ်ယုတ်မာသူများကား သူတို့ကြောင့် တစ်စုံတစ်ဦးတစ်ယောက်  ဒုက္ခလှလှကြီး တွေ့သည်နှင့် ကျေနပ် ကြသူများဖြစ်၏။ သူတစ်ပါး ဒုက္ခရောက်၊ သူတစ်ပါး အခြေပျက်၊ အနေခက်သည်ကို ကျေနပ်နေကြသူများဖြစ်၍ Sadistist များဖြစ်သည်။ သူတစ်ပါး သွေးထွက်သံယိုမှုဖြစ်သူ တစ်ပါးစိတ်အနာတရဖြစ်သည်နှင့် ဝမ်းမြောက်ဝမ်းသာကြသူများဖြစ်၏။

အကြမ်းဖက်မှုပြုလုပ်သူသည် ဥပမာအားဖြင့်ကြည့်လျှင် သာမန်လူဆိုး၊ သူခိုးသာဖြစ်သည်။ အရိုင်း အစိုင်းသက်သက်။ အချို့ အကြမ်း ဖက်သမားများသည် သူတို့ ယုံကြည် ရာဘဝ၊ ယုံကြည်ရာ ဘုရားအတွက် အသွေးအသားနှင့် ပူဇော်သူများဖြစ်သည်။ ယင်းအယူအဆသည် အလွန်ရှေးကျသော ခေတ်ဟောင်းက ယုံ ကြည်မှု ပုံသဏ္ဌာန်မျိုးဖြစ်ပါ၏။ ဘာသာရေး ယုံကြည်မှု သို့မဟုတ် အစွဲတစ်ခုခုနှင့် မိမိအနစ်နာခံကာ ပူဇော်ခြင်းမျိုးသည် ရှေးအစဉ်အလာကို ယုံကြည်မှုဟု ဆိုစေကာမူ သက်ရှိ သတ္တဝါများ၏ အခွင့်အရေးကို ရှေ့တန်းတင်နေသည့် ယနေ့ခေတ်သစ်ကမ္ဘာ၌ သတ္တဝါများကို နှိပ်စက် ညှဉ်းပန်းမှုမျိုးသာဖြစ်နေပါ၏။

အကျင့်စာရိတ္တကောင်းသူများသည် အနည်းငယ် ပေးကမ်းခြင်းဖြင့် နောက်ဆုံး၌ အကျင့်စာရိတ္တပျက်သူ ဖြစ်သွားချေပြီ။ ထိုအခါ သူတို့ အပေါင်းအသင်းဖြစ်သွားချေပြီ။

နိုင်ငံရေး နယ်ပယ်ပြီးလျှင် ပညာရေးနယ်မှ ကျောင်းသားအရွယ်များကိုပါ ပျက်စီးသွားစေရန် စီစဉ်ခဲ့ကြတော့၏။

နိုင်ငံတစ်ခုသည် တည်ငြိမ်၊ စီးပွားရေးကောင်းနေလျှင် သူတို့၏ အကြံအစည်များ အောင်မြင်မည်မဟုတ်။ စီးပွားရေးပျက်မှ အောင်မြင်မည်။  ပြည်သူများ ဒုက္ခရောက်ကြမှ သူတို့ အစီအမံများ အောင်မြင်မည်။ သို့ဖြစ်၍ သူတို့က ကြားဝင်ကာ မကြာခဏ အကွဲကွဲအပြားပြားဖြစ် သွားစေရန် အစီအမံများ ချထားသည်။

လူအများသည် ဒုက္ခရောက်နေ သည့် အချိန်အခါ၌ အမှားအမှန် မခွဲခြားနိုင် ဖြစ်ကြသည်။ သားသမီး ကလေးသူငယ်များရှိကြ၍ မိမိတို့က လူကြီးများက ဒုက္ခကို ခါးစည်းခံနိုင်သည်ထား၊ လူမမယ်လေး ကလေးများကတော့ အမှားအမှန်ထက် ကောင်းကောင်းစားရမှုကို လိုလားသည်။ ခေတ္တခဏ သာယာမှုလေး သက်သက်သာသာကို မက်မောလေ့ရှိ၏။

ထိုကောက်ကျစ်ယုတ်မာသော လူ့အဖွဲ့အစည်းသည် ဥာဏ်နုနယ်၊ ဘာတစ်ခုမှမသိသေးသော ကလေးများ၏ ဦးနှောက် အတွေး အတွင်းသို့ မဟုတ်မဟတ် အယုတ်တမာ အမူအကျင့်အတွေးများ ထည့်သွင်းရန် ပြင်ဆင်ထားကြသည်။ ဤသည်ကို သတိထားကြရမည်။ သူတို့သည် ထိုကလေးများ၏ မိဘများကို သည်းခြေကြိုက် ငွေများနှင့် တရားဟော ကြပြန်၏။ ထိုအခါ ထိုကလေးရော၊ ထိုမိဘရော မိသားစုများ စိတ်ဓာတ် ပျက်စီးကုန်တော့၏။

ဒေသတစ်ခုလုံး၊ ထိုမှ နိုင်ငံတစ်ခုလုံး စိတ်ဓာတ်ရေးရာ ပျက်စီးမှု ကြီးကို ပြုလုပ်ခဲ့ကြသည်။ ယခုလည်း ပြုလုပ်နေဆဲ။ သူတို့ အလွန်၌လည်း သူတို့၏ မျိုးဆက်များက သူတို့ထက် ပိုဆိုးစွာ ပြုမူကြတော့မည်။ အယုတ်တမာ မိဘနှင့် အယုတ်တမာ အဖွဲ့ အစည်းများအောက်ကြီးပြင်းလာသော သူတို့၏ သားသမီးများသည် အဘယ်သို့ စေတနာ၊ မေတ္တာတရား ရှိပါမည်နည်း။ ကိုသာဆိုးများဖြစ်ပေတော့မည်။

ဖခင်နှင့် အဘိုးများရှေ့၌ ကြီးပြင်းလာသော သားသမီးများသည် အဘိုး၏စိတ်ဓာတ်၊ ဖခင်ကိုယ် ကျင့်တရားပျက်ပြားမှုကို မျက်ဝါးထင်ထင် လက်တွေ့ သင်တန်းဆင်း ခဲ့ရသူများပမာ။ ထိုအကျင့်၊ ထိုစရိုက်၊ ထိုစာရိတ္တပျက်မှုများဖြင့် သူတို့ အကျင့်ဆိုး တက္ကသိုလ်ကြီးမှ ဘွဲ့ထူးဂုဏ် ထူးများရခဲ့သည်။ လမ်း၌ရှိသော တရားဥပဒေ ဝတ်စုံဝတ်များကို ခေါ်ယူပါးရိုက်တတ်သည့် အကျင့်ကား အလွယ်ဆုံး လက်တွေ့ ဆောင်ရွက်မှုပင်မဟုတ်ပါလား...။

မောင်ဈေးကွက်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.