21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
သတင်းအမှားများဖြင့် သူခိုးက လူဟစ်နေကြသည်

စက်တင်ဘာ ၅ ရက်တွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် ကာဂျစ္စတန်နိုင်ငံ လက်ရွေးစင် ဘော လုံးအသင်းတို့ ၂ဝ၁၉ အာရှဖလား ဘောလုံးပြိုင်ပွဲအတွက် ခြေစစ်ပွဲ ကစားရမည်ဖြစ်သည်။ သို့သော် ခြေစစ်ပွဲပျက်သွားခဲ့သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်း၌ဖြစ်ပွားနေသော ဘင်္ဂါလီအကြမ်းဖက်တိုက်ခိုက်မှုများကို အကြောင်းပြု၍ ပျက်သွားရ ခြင်းဖြစ်သည်။

ကာဂျစ္စတန်နိုင်ငံသည် ဆိုဗီယက်ပြည်ထောင်စုမှ ခွဲထွက်ခဲ့သော မွတ်စလင်အများစု နေထိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ယင်းနိုင်ငံတွင် ခြေစစ်ပွဲနေ့မတိုင်မီ စက်တင် ဘာ ၄ ရက်က ထောင်ပေါင်းများစွာသော အစ္စလာမ်ဘာသာဝင်များ ရခိုင်အရေးကို နာလုံးပေါက်ပြီး ဆန္ဒပြခဲ့ကြသည်။ မြန်မာဘောလုံးအသင်းကိုလည်း အကြမ်းဖက်တိုက်ခိုက်နိုင်ခြေ ရှိသည်ဟူသော သတင်းများပေါ် ထွက်နေ၍ ခြေစစ်ပွဲကို ဖျက်သိမ်းလိုက်ရခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် အသင်းသည် ကာဂျစ္စတန်နိုင်ငံသို့ သြဂုတ် ၃၁ ရက်တွင်  ရောက်ရှိနေသော်လည်း ဆန္ဒပြပွဲများဖြင့် ရင်ဆိုင်ခဲ့ရသည်။ ရုရှားအစိုးရက ကျောထောက် နောက်ခံပြုထားသည့် ချေချင်းညာခေါင်းဆောင် ရမ်ဇန်ကာဒီရော့ဗ် ဦး ဆောင်လှုံ့ဆော်မှုဖြင့် စက်တင်ဘာ ၄ ရက်တွင် ဂရိုဇနီမြို့လယ်ရှိ ချေ ချင်းညာဗလီရှေ့၌ ထောင်ပေါင်းများ စွာသော အစ္စလာမ်ဘာသာဝင်များက ရခိုင်ပြည်နယ်တွင် အကြမ်းဖက် တိုက်ခိုက်မှု ပြုလုပ်နေသော အေအာရ်အက်စ်အေ ဘင်္ဂါလီအကြမ်း ဖက်သမားများ အရေးနှင့် ပတ်သက်ပြီး ထောက်ခံကြောင်း ဆန္ဒပြပွဲကို ကျင်းပခဲ့ကြခြင်းဖြစ်သည်။

ထို့ကြောင့် ကာဂျစ္စတန် ဝန်ကြီးချုပ် ဆာပါအီဆာကော့ဗ်က မြန်မာအသင်းအား အကြမ်းဖက်တိုက်ခိုက်နိုင်ဖွယ် အလားအလာရှိသည်ဟုဆိုကာ ခြေစစ်ပွဲကို ဖျက်သိမ်းရန် ဆုံး ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ကာဂျစ္စတန် ဘောလုံးအဖွဲ့ချုပ်က ပြောသည်။

သူတို့၏  စိတ်ထဲတွင် ရခိုင်ပြည်နယ်၌ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် ဘင်္ဂါလီမွတ်စလင်ဦးရေ ကိုးသောင်းနီးပါးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။ ရခိုင်ပြည်နယ်ရှိ မွတ်စလင်များ မောင်းထုတ်ခံနေရသည်။ ဒုက္ခအကြီးအကျယ် ရောက်နေကြသည် စသည်ဖြင့် သတင်းအမှားများ စွဲထင်နေပုံရသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးနှင့် မြန်မာနိုင်ငံအား ဆန္ဒ ပြနေကြသည်။

ယခုတော့ ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြပြီး ဘောလုံးခြေစစ်ပွဲ တစ်ပွဲပျက်ပြယ်သွားရသည်။ အခြားနိုင်ငံတစ်နိုင်ငံတွင် ပြောင်းလဲကျင်းပမည်ဟုတော့ ဆိုသည်။ မည်သည့်နိုင်ငံ၊ မည်သည့်နေ့ရက်တွင် ကျင်းပမည်ဆိုသည်ကိုတော့ မဆုံး ဖြတ်ရသေး။ ထုတ်ပြန်ကြေညာခြင်းလည်း မရှိသေး။

သည်အခြေအနေတွင် အေအာရ်အက်စ်အေ အစွန်းရောက် အ ကြမ်းဖက်သမားများသည် လက်နက်ငယ်များ အသုံးပြုပြီး ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ကျေးရွာနှင့် နေအိမ်များကို တိုက်ခိုက်မီးရှို့ဖျက် ဆီးမှုများ ပြုလုပ်နေကြပြန်သေးသည်။ မိုင်းများထောင်ထားမှုကလည်း အဆမတန် အန္တရာယ်များနေသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၃ ရက် ညဥ့်သန်းခေါင်ခန့်တွင် မောင်တောမြို့နယ် အောက် ဖြူးမကျေးရွာနှင့် ငါးခူရ ကျေးရွာသို့ ဆက်သွယ်ထားသည့် ငါးခူရဈေးထိပ်တံတား၌ မသင်္ကာဖွယ်လှုပ်ရှား မှုများ တွေ့ရှိရသဖြင့် သွားရောက် ရှင်းလင်းခဲ့သည်။ အစွန်းရောက် အကြမ်းဖက်သမားများက လုံခြုံရေး တပ်ဖွဲ့ဝင်များကို လက်နက်ငယ်များဖြင့် ပစ်ခတ်သည်။ ၄င်းတို့က နေအိမ် ၅ဝ ကို မီးရှို့ဖျက်ဆီးသည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ရှင်းလင်းရာ လက်လုပ်မိုင်းတစ်လုံးနှင့် ဆက် စပ်ပစ္စည်းများ သိမ်းဆည်းရမိသည်။

စက်တင်ဘာ ၄ ရက်တွင် အကြမ်းဖက်သမားများသည် မောင်တောမြို့နယ် အုန်းတော အနောက်ကျေးရွာရှိ နေအိမ် ၁၂ဝ ကျော်အား မီးရှို့ဖျက်ဆီးခဲ့ပြန်သည်။ အလားတူ ဇော်မတက်ကျေးရွာအုပ်စု ဒင်္ဂါးကျေးရွာတွင် နေအိမ် ၃ဝ၊ ဆော်ကီးနာမကျေးရွာတွင် နေအိမ် ၅ဝ၊ ဟင်္သာရကျေးရွာတွင် နေအိမ် ၁ဝ လုံး စုစု ပေါင်းနေအိမ်  အလုံး ၉ဝ မီးရှို့ဖျက်ဆီးခဲ့၍ မီးလောင်ဆုံးရှုံးခဲ့ရသည်။

ယင်းသို့ ဘင်္ဂါလီနေအိမ်များကို ဘင်္ဂါလီ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးနေကြခြင်းကို ကမ္ဘာ့သတင်းများတွင် မြန်မာလုံခြုံရေး တပ်ဖွဲ့က မီးရှို့ဖျက်ဆီးနေသည်။ ဘင်္ဂါလီများအား ရခိုင်ပြည်နယ်တွင် မနေနိုင်အောင် မောင်းထုတ်နေသည်။ မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များကလည်း တန်ပြန် အကြမ်းဖက်တိုက် ခိုက်နေသည်ဟူသော သတင်းအမှားများ၊ ပြောင်းပြန်သတင်းများ ထွက်ပေါ်နေသည်။ တစ်နည်းအားဖြင့် ရခိုင်အရေးတွင် မြန်မာနိုင်ငံအဖို့ သူခိုးက လူဟစ်ခြင်းခံနေရသည်။ ထို့ကြောင့်လည်း လတ်တလောကာလတွင် နိုင်ငံတော် အစိုးရအနေဖြင့် ပြည်သူလူထုအား သတင်းအတု၊ သတင်းအယောင်များကို သတိပြု ဆင်ခြင်သုံးသပ်ကြရန်၊ သတင်းမီဒီယာများတွင်လည်းသတင်းတု သတင်းယောင်များ ပလူပျံနေသဖြင့် လက်တွေ့အခြေအနေနှင့် နှိုင်းချိန်ပြီး သတင်းပေးပို့ခြင်း၊ ဖြန့်ဝေခြင်း၊ သတင်းတင်ခြင်း၊ ဝေဖန်သုံးသပ်ခြင်းများ ပြုလုပ်ကြရန် နှိုးဆော်ထား သည်။

သည်ကြားထဲ ပါကစ္စတန်နိုင်ငံ သူနိုဘယ်လ်ဆုရှင် မာလာလာဆို သည့် မိန်းကလေးကလည်း အထင်မှားအမြင်မှားဖြင့် မြန်မာနိုင်ငံအပေါ် ဝေဖန်သုံးသပ်မှုတစ်ခုပြုလုပ်ခဲ့ပါသေးသည်။ အော့စဖို့ဒ်တက္ကသိုလ် ဝင်ခွင့်ရရှိထားသော မွတ်စလင်လူမျိုး မာလာလာဆိုသော မိန်းကလေးသည် သူ၏ လူမှုကွန်ရက်တွစ်တာမှ တစ်ဆင့် ကြေညာချက်တစ်ရပ်ကို စက်တင်ဘာလဆန်းပိုင်းက ထုတ်ခဲ့ သည်။ မြန်မာနိုင်ငံ၌ မွေးဖွားကြီးပြင်းခဲ့သည့် မွတ်စလင်များအား မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားဖြစ်ခွင့် အသိအမှတ်ပြုသင့်ကြောင်း၊ ထွက်ပြေးနေရသည့် ဘင်္ဂါလီများကို ကူညီ ကယ်ဆယ်ပေးနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား အတုယူသင့်ကြောင်း လုံခြုံရေးတပ်များအနေဖြင့် အကြမ်းဖက်နေမှုများကို ရပ်တန့်သင့်ကြောင်း၊ စက်တင်ဘာ ၄ ရက်က ထုတ်ပြန်ရေးသားခဲ့သည်။ ယင်းသို့ ရေးသားခြင်းသည် မာလာလာအနေဖြင့်  ရခိုင် ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကို သတင်းအချက်အလက် သေချာစွာမသိဘဲ ဝေဖန်ခြင်း ဖြစ်နေသည်ဟု အန်အယ်လ်ဒီပါတီ ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး ဦးအောင်ရှင် (မုံရွာအောင်ရှင်)က ပြောကြားသည်။ မာလာလာသည် ၄င်း၏ ဘာသာဝင်များဘက်က ဘက်လိုက်ပြောဆိုခြင်း၊ သတင်း အချက်အလက်မှန်ကန်စွာ မသိရှိခြင်း စသည့်အချက်နှစ်ချက်ကြောင့် ယခုကဲ့သို့ ဝေဖန်ပြောဆိုနေခြင်း ဖြစ်သည်ဟုဆိုသည်။

ထို့ပြင် အခြားသော မွတ်စလင်နိုင်ငံများရှိ ရုပ်သံသတင်း ဌာနများသည်လည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော သတင်းအခြေအနေအမှန်ကို လေ့လာ စုံစမ်းခြင်းမရှိဘဲ မြန်မာနိုင်ငံအား စော်စော်ကားကား ပုတ်ခတ်တိုက်ခိုက် ခြင်းများရှိနေသည်။

သည်ရက်ပိုင်းအတွင်းမှာပင် အမ်အာရ်တီဗီရုပ်သံတွင် ထုတ်လွှင့်နေသော ရုပ်သံလိုင်းချန်နယ်တစ်ခုဖြစ်သည့် အမ်အင်န်တီဗီရုပ်သံလိုင်းတွင် ဘီဘီစီ မြန်မာပိုင်း အစီအစဉ် ထုတ်လွှင့်မှုများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း စက်တင်ဘာ ၄ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ ဘီဘီစီ မြန်မာပိုင်း အစီအစဉ် ရုပ်သံထုတ် လွှင့်ချက်များတွင် နိုင်ငံတော် အစိုးရက တားမြစ်ထားသော စကားလုံး အသုံးအနှုန်းများပါ ရှိသည့် သတင်းများကို ထုတ်လွှင့်ရန်ပေးပို့လာခဲ့ရာ အမ်အင်န်တီဗီက နိုင်ငံတော်၏ ညွှန်ကြားချက်များကို လေးစား လိုက်နာသောအားဖြင့် ဘီဘီစီမြန်မာပိုင်း အစီအစဉ်ကို သြဂုတ် ၃ဝ ရက်မှစတင်ကာ ရပ်ဆိုင်းထားလိုက်ခြင်းဖြစ် သည်ဟု ဆိုသည်။ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်ကလည်း အမ်အင်န်တီဗီသည် ၄င်းတို့၏ သတင်းများကို ကြားဝင် ဖြည့်စွက်ခြင်း၊ ဖြတ်တောက်ခြင်းများ ပြုလုပ်သည့်အတွက် ရုပ်သံသတင်း ထုတ်လွှင့်တင်ဆက်မှုကို ရုပ်ဆိုင်းလိုက်ကြောင်း စက်တင်ဘာ ၁ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

သည်အခြေအနေတွင် ဒဗလျူအက်ဖ်ပီဟုခေါ်သော ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေး အစီအစဉ်က ရခိုင်ပြည်နယ်တွင် စားနပ်ရိက္ခာ ထောက်ပံ့နေသည့် အစီအစဉ်များကို ရပ်ဆိုင်းလိုက်ကြောင်း စက်တင်ဘာ ၂ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့ပြန်သည်။ ရခိုင်ပြည်နယ်တွင် လူပေါင်း တစ်သိန်းနှစ်သောင်းခန့်သည် ၂ဝ၁၂ ခုနှစ်မှစပြီး ခိုလှုံရေး စခန်းများ၌ ကယ်ဆယ်ရေး အကူအညီများကို မှီခိုနေခဲ့ရသည်။ မြန်မာအစိုးရသည် ဒဗလျူအက်ဖ်ပီ အပါအဝင် ကယ်ဆယ်ရေးအဖွဲ့များ၏ ရိက္ခာထောက်ပံ့မှုများသည် အ ကြမ်းဖက်ဘင်္ဂါလီ စစ်သွေးကြွများ၏လက်သို့ ရောက်ရှိခဲ့ကြောင်း အကြိမ်ကြိမ် စွပ်စွဲထားသည်။ ကယ်ဆယ်ရေးအဖွဲ့များသည် ဘင်္ဂါလီမွတ်စလင်တို့အား  ဘက်လိုက်ကူညီသည်ဟုလည်း စွပ်စွဲခံရလေ့ရှိပြီး နောက်ဆုံးဖြစ်ပေါ်နေ သော မတည်ငြိမ်မှုများကြောင့် လုံခြုံရေးနှင့် ပတ်သက်ပြီး စိုးရိမ်မှုများဖြစ်ပေါ်ရသည့်အတွက် စားနပ်ရိက္ခာ အကူအညီ အစီအစဉ်အားလုံးကို ရပ်ဆိုင်းလိုက်ရခြင်းဖြစ်သည်ဟု ဆိုထားသည်။ ထိုသို့ ရပ်ဆိုင်းလိုက်ခြင်းကြောင့် ပြည်တွင်းနေရပ်ပျောက်ဆုံးသူနှင့် အခြားအားနည်းသူဦးရေ နှစ်သိန်းခွဲကို သက်ရောက်မှုရှိမည်ဟုလည်း ပြောကြားခဲ့ သည်။ ဆိုလိုသည်က နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ရခိုင်တိုင်းရင်းသားများနှင့် အင်အားနည်းသူ နဂိုနေရင်းစွဲ ဘင်္ဂါလီများ ထိခိုက်မှုဖြစ်ပေါ်လိမ့်မည်ဟု ဆိုလိုရင်းဖြစ် သည်။ အဖြေကတော့ ရှင်းပါသည်။ ကမ္ဘာ့မွတ်စလင်နိုင်ငံ များသည် ရခိုင်ပဋိပက္ခအရေးတွင် ၄င်းတို့၏ လူမျိုးများဘက်ကိုသာ ကြည့်သည်။ ၄င်းတို့၏ လူမျိုးများ ဘက်ကသာ ရပ်တည်သည်။ ၄င်းတို့ လူမျိုးထဲက ပေါ်ထွက်လာသော အစွန်းရောက် အကြမ်းဖက်သမားများနှင့် တိုက်ခိုက်သတ်ဖြတ် မီးရှို့ဖျက်ဆီးနေခြင်း များကိုတော့မမြင်၊ မျက်စိမှိတ်နေကြသည်။ မြန်မာနိုင်ငံဘက်ကတော့ ရှင်းသည်။ ရခိုင်ပြည်နယ်တွင် နဂိုရှိနှင့်နေပြီးသား ဘင်္ဂါလီများအား ဂိုဟင်ဂျာလူ မျိုးအဖြစ် သတ်မှတ်မည်လည်းမဟုတ်။ ရိုဟင်ဂျာပြည်နယ်အဖြစ် ရခိုင်ပြည်နယ် မြောက်ပိုင်းကို ပိုင်းပေးမည်လည်း မဟုတ်ချေ။ မြန်မာနိုင်ငံတွင် ဆက်နေချင်လျှင် မြန်မာနိုင်ငံ ၏ ဥပဒေ စည်းကမ်းများကို လိုက်နာရမည်။ မလိုက်နာနိုင်ပါက စစ်ဆေးအရေးယူခြင်းကို ခံရပါလိမ့်မည်။

မောင်လွင်ပြင်

မောင်လွင်ပြင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.