16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ရွှေသမင် ဘယ်ကထွက်

ဧရာဝတီတိုင်းထဲက ရွာတစ်ရွာမှာ နေထိုင်တဲ့ ဘကြီးတစ်ယောက်ဟာ ကံဥာဏ်ဝီရိယ မမျှတ မညီညွတ် လို့ အလွန်မတန် ဆင်းရဲတွင်းနက်ခဲ့ပါတယ်။

မြေပိုင်အိမ်ပိုင်ကလေးတော့ ရှိပါရဲ့။ သို့ပေမယ့် ခြံစည်းရိုးကျကျနန၊ ခိုင်ခိုင်မာမာ မကာမရံ၊ မဆီးမ တားနိုင်ခဲ့ဘူး။

အိမ်ဆိုတာကလည်း သစ်သားတိုင်၊ ပျဉ်ခင်းဖြစ်ပေမယ့် ဓနိမိုး၊ ဝါးထရံကာ ဘဝကနေ အဆင့်မမြှင့် နိုင်ခဲ့ပါဘူး။ တစ်ခုတော့ရှိရဲ့။ ပေတစ်ရာ ပတ်လည်လောက်ကျယ်တဲ့ သူ့ခြံကို အလကားရတဲ့ ကြခတ်ဝါးကိုင်းတွေ ခပ်စိတ်စိတ် ခပ်သိပ်သိပ်ကာထားခဲ့ တာကလား။ လူမပြောနဲ့၊ ခွေးမပြောနဲ့ ကြွက်တောင်တိုးလို့ မရနိုင်လောက်ဘူး။ တစ်ပေါက်တည်းရှိတဲ့ အိမ်ရှေ့ဝင်ပေါက်မှာလည်း တံခါးကောင်းကောင်း ဘယ်လုပ်နိုင်မှာလဲ။ ဆင်းရဲပါတယ်ဆိုမှဗျာ။ ခြံတံခါးက ခနော်ခနဲ့ ဝါးကပ်တံခါးကလေးကို အဖြစ် လုပ်ထားတာပါ။

ကြေးနန်း ကြိုးကလေးနဲ့ ဖြစ်ကတတ်ဆန်းချည်ပြီး ပိတ်ရတယ်။ ဖွင့်ချင်ရင် ကြေးနန်း ကြိုးလိမ်ကလေးကို ဖြေပြီးဖွင့်ရတယ်။ ခြံတံခါးမည် ကာမတ္တဆိုပါတော့ဗျာ။

''ဘကြီးရဲ့ ခြံတံခါးကို လူတိုးခွေးတိုးလို့တော့ မရဘူး။ နွားတိုးရင်တော့ တစ်ချက်တည်းနဲ့ တစ်စစီဖြစ် သွားမှာပဲ''လို့ ရန်ကုန်ကနေ အလည်သွားတဲ့ စာရေးသူက ဝေဖန်ဖူးပါ တယ်။

''တိုးရဲတိုးကြည့်ပါလား၊ အဲဒီနွားရဲ့ဇက်ကို ဓားနဲ့ပိုင်းပြီး အမဲပေါ် ပစ်လိုက်မှာပေါ့လဟ၊ ကိုယ့်ခြံဝင် ကိုယ့်နွားလေလကွာ''လို့ ဘကြီးက အနားမှာချထားတဲ့ လေးကင်းဓားကြီးကို မေးငေါ့ပြရင်းပြောတယ်။

အဲဒီ ဘကြီးကွယ်လွန်သွားတာ နှစ်ပေါင်း ၃ဝ ကျော်ပါပြီ။ သူ့စရိုက် နဲ့သူ့ဝါဒကို စာရေးသူ မမေ့နိုင်သေး ပါဘူး။ ခုတစ်လောမှ ဘကြီးကို ပိုပြီး သတိရလာပါတယ်။ သူ့လက်စွဲတော် 'မြည့်' နေအောင်သွေးထားတဲ့ လေးကင်ဓားကြီးကိုလည်း တစ်ရေးရေး မြင်ယောင်နေမိတယ်။

အခုတစ်လော ရင်တမမဖြစ်ရလောက်အောင် စိုးရိမ်စရာဖြစ်နေတဲ့ နိုင်ငံရဲ့ အနောက်ဘက်ခြံစည်းရိုး ကျိုးပျက်ရုံမက ကိုယ့်နိုင်ငံသားတွေ သွေးမြေကျနေရတဲ့ ပြဿနာဟာ မနေ့တစ်နေ့ကမှ ပေါ်လာခဲ့တာမဟုတ်ဘူး။ သမိုင်းကြောင်း ရှည် လွန်းလှပါပြီ။ အခုအခါမှာ 'ရခိုင်ပြည်နယ်'လို့ သတ်မှတ်ခြင်းခံထား ရတဲ့ ပြည်ထောင်စုဖွား ညီအစ်ကိုများရဲ့ ဒေသဟာ ရှေးအခါတုန်းက ထေရဝါဒဗုဒ္ဓဘာသာဝင်တို့ရဲ့ ရခိုင် ပြည်ဖြစ်ခဲ့ပါတယ်။ ရခိုင်တိုင်းရင်းသားတွေဟာ ဧရာမရိုးမတောင်တန်းကြီးရဲ့ အရှေ့ဘက်က မိမိတို့နဲ့ကိုးကွယ်ရာ ဘာသာတရား တူညီတဲ့ မြန်မာတွေနဲ့ တရင်းတနှီးထိတွေ့ ဆက်ဆံဖို့အတွက် အခွင့်အရေးနည်း ခဲ့ပါတယ်။ ''လူလည်းတစ်ထွေ၊ မြေလည်တခြား'' ဆိုတဲ့ ရှေးစာချိုး ကလေးအတိုင်း ပထဝီဝင် အကန့်အသတ်ကြောင့် ဝေးခဲ့ရတာပါ။

သူတို့နဲ့ နီးစပ်သွားတာက အိန္ဒိအနောက်ပိုင်းက ဘာသာကွဲလူမျိုးကွဲ ဘင်္ဂါလီတွေ။ ဘာသာကွဲ လူမျိုးကွဲတွေဟာ တည့်ရင်ခဏပဲ။ တစ်ချိန်ချိန်မှာတော့ ပြဿနာပေါ်မှာပဲ။ ပေါ်လည်းပေါ်ခဲ့တာ ကနေ့အထိပဲ။ သမိုင်းကို တူးဆွကြည့်ရင် ရခိုင်နဲ့ ဘင်္ဂလားဟာ 'ရန်ဖြစ်လိုက်ပြန် ချစ်လိုက်' ဇာတ်လမ်းတချို့ ရှိခဲ့ဖူးတာကို တွေ့ရပါလိမ့်မယ်။

ကံကြမ္မာဖန်လာပုံကတော့ ရင်ဆို့စရာပါပဲဗျာ။ နယ်ချဲ့အင်္ဂလိပ်တွေက အိန္ဒိယနဲ့ မြန်မာနိုင်ငံကို လက်နက်အားကိုး လူမိုက်မျိုးပီပီ သိမ်းပိုက်လိုက်တဲ့အခါမှာ ရခိုင်ပြည်နဲ့ ဘင်္ဂါလားတို့ကြားမှာ နယ်နိမိတ်ပျောက် သွားပါတယ်။ အဲသည်ကတည်းက ဘင်္ဂါလီတွေ ရခိုင်ပြည်နယ်ထဲ တံခါး မရှိဓားမရှိ လှိမ့်ဝင်လာခဲ့ကြတာပါ။               နောက်ပိုင်း နယ်ချဲ့ အင်္ဂလိပ်တွေက အိန္ဒိယမှာရှိတဲ့ ဆင်းရဲသားကုလားမျိုးစုံကို မြန်မာပြည်ထဲ ဆွဲ သွင်းတော့တာပဲ။ ဆင်းရဲသား ကုလား တွေအပြင် ငွေတိုးချေးစားမယ့် 'ချစ်တီးယား' ကုလားသူဌေးတွေလည်း ပါလာကြတာပေါ့။ ချစ်တီးယား ကုလားသူဌေးတွေ မြန်မာလယ်သမားတွေအပေါ် နှိပ်စက်လူပါးဝသွားခဲ့ကြတဲ့ သမိုင်းက အခိုင်အမာရှိပြီး သားပါ။

သူခိုးဓားပြသာလျှင် အပြစ်ရှိတာမဟုတ်ဘူးနော်။ သူခိုးဓားပြကို လက်ထောက်ချတဲ့၊ လမ်းပြတဲ့မသူ တော်မှာလည်းအပြစ်ရှိတာပဲ။ ဒင်း(သင်း)ကတောင် ပိုပြီးအပြစ်ကြီးသေး။ သူခိုးလမ်းပြဆိုတာ သူတို့ကိုယ်တိုင်လည်း သူခိုးဖြစ်နေတဲ့၊ ခိုးလို့မရရင် ဓားပြတိုက်တဲ့ ကမ္ဘာ့သမိုင်း ငပွကြီးနယ်ချဲ့အင်္ဂလိပ်တွေပါ။

ကြည့်စမ်း...ဒီသတ္တဝါတွေ ရှို့ခဲ့မီးဟာ ဒီကနေ့အထိ ထထတောက်တုန်းပါကလားဗျာ။ ၁၉၆၂ ခုနစ်မှာ အာဏာသိမ်းခဲ့တဲ့ တော်လှန်ရေးကောင်စီ (ခေါ်) စစ်အစိုးရ လက်ထက်မှာ မြန်မာပြည်ရောက်နေတဲ့ အိန္ဒိယသားတွေ တော်တော်များများ အိန္ဒိယပြန်သွားကြတယ်။ အဲဒီအချိန်က အရှေ့ ပါကစ္စတန်ဖြစ်နေတဲ့ (အခု... ဘင်္ဂလားဒေ့ရှ်) ကိုတော့ မြန်မာပြည် က ဘင်္ဂါလီတွေပြန်သွားကြတယ်လို့ မကြားဖူးပေါင်ဗျာ။

ဒီလိုနဲ့ပဲ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောဘက်မှာ ဘင်္ဂါလီတွေ တိုးပွားလာလိုက်ကြတာ ရခိုင်တိုင်းရင်းသား တစ်ယောက်ဆိုရင် ဘင်္ဂါလီ ကုလားက ၁ဝဝ မကဖြစ်နေပြီ။

ဒင်း (သင်း)တို့ နယ်ချဲ့ချင်နေတာကြာပြီ။ အင်္ဂလိပ်ခေတ်ကတည်းက မြန်မာ့မြေကို ရနိုင်သလောက် မောင်ပိုင်စီးချင်နေကြတာ။

ပထမ 'မူဂျာဟစ်' သူပုန်ဆိုပြီး ပေါ်လာတယ်။ တပ်မတော်က ရှင်းခဲ့ရတယ်။

နောက်နှစ် ပေါင်းများစွာကြာတော့ အစွန်းရောက် အကြမ်းဖက်သမားတွေအဖြစ် ပေါ်ပေါ်ထင်ထင် ထကြွကုန်ကြပြီဗျ။

ဒင်း(သင်း)တို့ ပင်ကိုအနေအထားက လူအရေအတွက်ကလွဲလို့ ဘာမှရှိကြတာ မဟုတ်ဘူး။

ဒင်း (သင်း)တို့မှာ အကြမ်းဖက်ဝါဒ Terrorism အားပေးအားမြှောက် လုပ်ပေးနေကြတဲ့ ရေနံဆီသည် နိုင်ငံတွေရှိကြပြီး၊ ရေနံဆီသည် နိုင်ငံတွေရဲ့ အောက်ဆွဲနောက်လိုက်အဖြစ် စိန်နားကပ်ရောင်နဲ့ ပါးပြောင်နေကြတာ။

အဲဒီတော့ ပါးမပြောင်နိုင်အောင် နားရင်းပိတ်တီးထည့်လိုက်ရင်တော့ စိန်နားကပ်ကျွတ်ထွက်ပြီး ပါးမည်းမည်းကြီး အရောင်ထွက်နိုင်မှာ မဟုတ်တော့ဘူးလို့ ထင်သဗျာ။

အမှန်တော့ စာရေးသူက ကိုယ့်ခံစားမှုနဲ့ကိုယ်၊ ကိုယ့်အထင်ကိုယ် ပြောနေတာ။ တကယ်လက်တွေ့လုပ် နေကြသူတွေက နိုင်ငံတော်အကြီးအကဲတွေပါ။

ရွှေသမင်လွတ်ထွက်မပြေးရအောင် မင်းကြီးက သူ့တာကို သူလုံအောင် ထိန်းပါလိမ့်မယ်။

ခေတ်ဆက်ဆက်က မင်းကြီးတွေ 'တာ'မလုံခဲ့လို့ အခုလို ပြဿနာအကြီးကြီး ပေါ်နေတာပဲလို့ ပြောလိုက်ချင်သဗျာ။

ကြူးနှစ်

ကြူးနှစ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.