14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ဘ၀မှာ အကောင်းဆုံးအချိန်

ဇွန်လ ၁၅ ရက်။

 နောက်နှစ်ရက်ဆိုလျှင် ကျွန်တော့်အသက် ၃ဝ ပြည့်တော့မည်ဖြစ်သည်။ ကျွန်တော့်ဘဝတွင် အသက် ၃ဝ ဆိုသော အရွယ်သို့ ရောက်လာတော့မည်ကို စိတ်ထဲက မကျေမနပ်ဖြစ်နေသည်။ ဘဝမှာဘာတစ်ခုမှ မပြည့်စုံသေးသည်ကို ခံစားနေရသည်။ ပြီးတော့ ကျွန်တော့်ဘဝတွင် အကောင်းဆုံးအချိန်တွေ ကုန်ဆုံး သွားပြီဟု စိတ်ထဲမှာထင်နေသည်။

 ကျွန်တော် နေ့စဉ် မဖြစ်မနေလုပ်သည့် အလုပ်တစ်ခုရှိသည်။ မနက်ပိုင်း အလုပ်မသွားခင် အားကစားရုံသို့ သွားလေ့ရှိသည်။ ထို့ကြောင့် မနက်တိုင်း မနက်တိုင်း ကျွန်တော့် မိတ်ဆွေကြီး နီကိုလပ်နှင့် အား ကစားရုံတွင် တွေ့ကြသည်။ သူက အသက် ၇၉ နှစ်ရှိပြီဖြစ်သော်လည်း အံ့သြစရာကောင်းလောက်အောင် ခန္ဓာကိုယ်ကသန်စွမ်းပြီး ကျန်းမာ ရေးက ဒေါင်ဒေါင်မြည်ဖြစ်သည်။

ထိုနေ့က နီကိုလပ်နှင့်တွေ့၍ နှုတ်ဆက်လိုက်သည်နှင့် သူက ကျွန်တော့်ကို အရင်လို ဖျတ်ဖျတ်လတ်လတ် တက်တက်ကြွကြွအမူအရာကို မတွေ့ရသဖြင့် ကျွန်တော့်ကို မေးလိုက်သည်။

 ''မင်း ဘာဖြစ်နေတာလဲဟင်''

ထို့ကြောင့် ကျွန်တော်က ပြောပြလိုက်သည်။ နောက်နှစ်ရက်ဆိုလျှင် အသက် ၃ဝ ပြည့်တော့မည်။ အ သက် ၃ဝ ပြည့်သည့် အရွယ်တွင်ဘဝမှာ ဘာတစ်ခုမှ မပြည့်စုံသေး သည်ကို တွေးမိပြီးခံစားနေရကြောင်း၊ မိတ်ဆွေကြီးနီကိုလပ် အရွယ်ရောက် ခဲ့ချိန်တုန်းကကော ကျွန်တော့်လို အတွေးမျိုး၊ ခံစားခဲ့ရတာမျိုးများ ရှိနေမလားဆိုတာ သိချင်ကြောင်း၊ ကျွန်တော်ကတော့ မရေမရာနဲ့ ကြီးပြင်းလာတာကို တွေးမိပြီး မိတ်ဆွေ ပူပန်နေမိကြောင်းကိုပါ ပြောပြလိုက်သည်။ တစ်ဆက်တည်း မေးခွန်း တစ်ခုမေးလိုက်သည်။

 ''ခင်ဗျား ဘဝမှာ အကောင်းဆုံး အချိန်အခါက ဘယ် အချိန်လဲ''         နီကိုလပ်က တုံ့ဆိုင်းနေခြင်းမရှိဘဲ ချက်ချင်းပင် ကျွန်တော့်ကို ပြန်ပြောလေသည်။

 ''အေး-မင်းက အဘိဓမ္မာဆန်ဆန်မေးတော့ ငါကလည်း အဘိဓမ္မာ ဆန်ဆန်ပြန်ဖြေရတာပေါ့ကွာ''

''ငါ့ကို သြစတြေးလျမှာ မွေးဖွားလာခဲ့တာ။ အားလုံးက ငါ့ကိုဂရု တစိုက်ကျွေးမွေးစောင့်ရှောက်ကြတယ်။ အထူးသဖြင့် မိဘနှစ်ပါးက အခရာပေါ့။ အဲဒီအချိန်ကာလဟာ ငါ့ဘဝအကောင်းဆုံးအချိန်ပေါ့ကွာ''

''ပြီးတော့ ကျောင်းနေရတယ်။ စာသင်ရတယ်။ အသိပညာဟူသမျှ ဆည်းပူးလေ့လာရတယ်။ အဲဒီအချိန်ဟာလည်း ဘဝမှာ အကောင်းဆုံး အချိန်ပဲပေါ့''

''ပြီးတော့ အလုပ်လုပ်ရတယ်။ တာဝန်ကျေကျေ အလုပ်လုပ်ပေးလို့ လစာငွေကြေးရတယ်။ အဲဒီအချိန်ကလည်း ဘဝမှာ အကောင်းဆုံး အချိန် ပဲလေ''

''နောက်တော့ ယခု ဇနီးသည်နဲ့တွေ့ကြပြီး ချစ်ကြိုက်မေတ္တာရှိကြလို့ လက်ထပ်ပေါင်းသင်းခဲ့တယ်။ အဲဒီကာလကလည်း ဘဝမှာ အ ကောင်းဆုံး အချိန်ပဲကွ''

''ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်လာတော့ ဇနီးသည်နဲ့အတူ သြစတြေးလျကနေ ထွက်ပြေးရတာပေါ့။ အသက်အန္တရာယ်ရှိတာကြောင့် မြောက်အမေရိကကို သင်္ဘောတစ် စင်းနဲ့ ထွက်လာခဲ့ကြတယ်။ အန္တရာယ်ကင်းကင်းနဲ့ လာခဲ့ရတာပေါ့။ အဲဒီ ကာလကလည်းဘဝမှာ အကောင်းဆုံး အချိန်ပဲလေ''

 ''ပြီးတော့ ကနေဒါမှာ အခြေချပြီး မိသားစုဘဝ အစပျိုးရတယ်။ အဲဒီကာလကလည်းဘဝမှာ အကောင်းဆုံး အချိန်ပဲပေါ့''

''နောက်တော့ ငါလည်း သားသမီးတွေရလာပြီး သူတို့ကို ကြီးပြင်းလာသည်အထိ ကျွေးမွေးစောင့် ရှောက်ရတာပေါ့။ အဲဒီအချိန်ကလည်း ဘဝမှာ အကောင်းဆုံးအချိန် တွေပါပဲကွာ''

''အခုတော့ ပြောရမယ်ဆိုရင် ငါ့အသက်က ၇၉ နှစ်ရှိပြီ၊ ကျန်းမာရေးကလည်း ကောင်းတယ်။ ငါ့ရဲ့ဇနီးသည်ကို စတွေ့တဲ့အချိန်ကလိုပဲ ချစ်နေတုန်းပဲကွ။ အခုလည်း ဘဝမှာအကောင်းဆုံး အချိန်ပဲလို့ ပြောနိုင်ပါတယ်ကွာ''

တင်ဆွေမိုး

       The Best Time of My Life by Joe Kemp ကို ဆီလျော်အောင် ပြန်ဆိုသည်။

တင်ဆွေမိုး
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.