7-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1040
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ငြိမ်သက်ခြင်း ပျက်ပြားမှုများ

တည်ငြိမ်အေးချမ်းသော အခြေအနေတစ်ခု ရုတ်ခြည်းပျက်ပြားခြင်းသည် တစ်စုံတစ်ခုဖောက်ပြန်၍ဖြစ်၏။ ပမာအားဖြင့် ပုံမှန်စီးဆင်းနေသော ချောင်းလေးတစ်ခု၊ မြစ်လေး တစ်စင်း စီးဆင်းမှုပုံပြောင်းသွားလျှင် ထိုရေစီးထဲသို့ တစ်စုံတစ်ခုကျ၍ သို့မ ဟုတ် တစ်စုံတစ်ခုပိတ်ဆို့လိုက်၍ဖြစ်၏။ ဤဖြစ်ရပ်မျိုးသည် သဘာဝ ဖြစ်ရပ်မျိုးသာဖြစ်၍ မထူးဆန်းပေ။

သို့သော် လူမှုပတ်ဝန်းကျင်တစ်ခု၌ လူအများသွားလာမှု ပုံမှန်ဖြစ်နေရာမှ ပျက်ပြားသွားပါက ပုံမှန်နေရာ၌ အနှောင့်အယှက်တစ်စုံတစ် ရာရှိနေပြီကို သိနိုင်ပါ၏။ တည်ငြိမ်မှုမရှိ၊ အေးချမ်းမှု ကင်းမဲ့သည့်နေရာများ၌ ထိုသို့ဖြစ်ရပ်များ ဖြစ်နိုင်သည်၊ ဖြစ်တတ်သည်။ သို့သော်တည်ငြိမ်မှု၊ အေးချမ်းမှုကို ပျက်ပြားစေလိုပါက ပျက်ပြားသွားစေရန် တစ်စုံတစ်ဦးက ပြုလုပ်၍ ရပါ၏။

 တည်ငြိမ်သောနိုင်ငံတစ်ခု၌ ဆူပူမှုဖြစ်ခြင်းသည် အကြောင်းမျိုးမျိုး ရှိနိုင်ပါ၏။  ထိုနိုင်ငံကို အုပ်ချုပ်သူက တည်ငြိမ်စေရန် တာဝန်ယူရသည်။ အုပ်ချုပ်သူကိုလည်း ထိုနိုင်ငံရှိ ပြည်သူအများစု၏ ဆန္ဒများနှင့် ရွေးချယ်ထားခြင်းသာဖြစ်၏။ ထိုသို့သော အစိုးရကို နှောင့်ယှက်သူမှန်သမျှ၊ အုပ်ချုပ်သူ ခက်ခဲစေရန် ပျက်ပြားစေရန် အားထုတ်သူမှန်သမျှ သို့မဟုတ် အဖွဲ့အစည်းသည် အစိုးရ၏ လုပ်ငန်းများ မအောင်မြင်စေရန်သာမက၊ ထိုအစိုးရ နောက်ကွယ်၌ရှိသော အစိုးရကို ထောက်ခံခဲ့သော ပြည်သူအများစု၏ ဆန္ဒကိုပါ စော်ကားခြင်းဟုလည်း ဆိုနိုင်သည်။

       နိုင်ငံတစ်ခုဟု ဆိုလိုက်သည်နှင့်  ထိုနိုင်ငံအတွက် အုပ်ချုပ်မှု၊ တရားစီရင်မှု၊ လူအခွင့်အရေး ကာကွယ်မှုများ ပုံစံတကျဖြစ်စေရန် စည်းမျဉ်း၊ စည်းကမ်း ဥပဒေများရှိသည်။ ထိုဥပဒေသည် လက်ရှိအစိုးရအတွက် သီးသန့် သတ်မှတ်ထားခြင်းမဟုတ်။ထိုနိုင်ငံ၌ တက်ရောက်လာသော အစိုးရဟု အမည်တပ်သည့် မည် သည့် အဖွဲ့ကဖြစ်စေ၊ လိုက်နာရသည့် စည်းမျဉ်းစည်းကမ်းဖြစ်ပါ၏။ ထို စည်းမျဉ်းစည်းကမ်းနှင့် ထိုနိုင်ငံအစိုးရနှင့် ပြည်သူကိုကာကွယ်ပေးရသည်။ တရားဥပဒေမဲ့ဖြစ်လျှင် အရေးယူရန်လည်း အဖွဲ့အစည်းများရှိသည်။ လက်နက်ကိုင်အဖွဲ့အစည်းသည် လိုအပ်လျှင် အသုံးပြုနိုင်သည့်  အသင့်ဖွဲ့ထားသော အဖွဲ့အစည်းဖြစ်သည်။

 နိုင်ငံတစ်ခု၏ လက်နက်ကိုင် အဖွဲ့အစည်းဆိုသည်မှာ ထိုနိုင်ငံ၏အစိုးရနှင့် ထိုနိုင်ငံ၏ ပြည်သူများကို စိတ်အနှောင့်အယှက်ပြုမည့်သူ မည်သူမဆို အကာအကွယ်ပေးရန် တာဝန်ရှိသည်။ ဤသည်မှာချောင်းတစ်ခုအတွင်း တသွင်သွင် စီးဆင်းနေသော ရေစီးကဲ့သို့ ပြည်သူများနှင့် အုပ်ချုပ်သူ အစိုးရကို အဆင်ပြေ ချောမွတ် စေရေးသည် အဓိက ဦးတည်ချက်ဖြစ်၏။

 အေးချမ်းစွာ စီးဆင်းနေသောရေစီးကို ရပ်တန့်သွားစေရန် ပြုလုပ်သည့် သဘာဝကို ဖြေရှင်းသကဲ့သို့ ပြည်သူစိတ်အေးချမ်းသာယာမှုကို နှောင့်ယှက်သူ မည်သူ့မဆို ဖြေရှင်းရမည်၊ တားမြစ်ရမည့်တာဝန်မှာ အစိုးရ၌ရှိသည့် အုပ်ချုပ်သူ၌ တာဝန်ရှိသည့် ထိုလုပ်ငန်းအဝဝကို နှောင့်ယှက်သူ မည်သူဖြစ်စေ၊ တားဆီးသူ၊ ရပ်တန့်ရန် ကြံဆောင်သူ မည်သူဖြစ်စေ၊ နိုင်ငံကသတ်မှတ်ထားသော ဥပဒေအရပ်ရပ်နှင့် အ ရေးယူ ဖြေရှင်းပေးရမည်။

 နိုင်ငံအားလုံးတွင် ရှိသော အစိုးရအားလုံး၌ တာဝန်ရှိသည်မှာ မိမိတာဝန်ယူထားသော နိုင်ငံတိုးတက်စေရန်၊ အေးချမ်းစေရန် လုပ်ရမည်။ မဖြစ်မနေယူရမည့် တာဝန်ဖြစ်သည်။ ထိုတာဝန်ကို နှောင့်ယှက်သူ၊ နှောင့်နှေးစေရန် ပြုလုပ်သူမည်သူဖြစ်စေ၊ မည်သည့်အဖွဲ့အစည်းဖြစ်စေ၊ ဥပဒေအရ အရေးယူခံရမည်။ ဤသည်မှာ လူ့ကျင့်ဝတ်၊ လူ့တာဝန်၊ လူ့စည်းကမ်းဖြစ်သည်။

       ထိုတာဝန်များ ပျက်ကွက်ခဲ့ သော် ...။

မောင်ဈေးကွက်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.