28-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာနိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှု ဟိုတယ်ကဏ္ဍတွင် ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံမှု ငါးခုရှိနေပြီး အဆင့်လေးတွင် ရှိနေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1030
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
လက်စွပ်ကလေးတစ်ကွင်း

 မေမေကွယ်လွန်ပြီး တစ်နှစ်ပြည့်သည့်နေ့တွင် ကျွန်မသည် မေမေအနှစ်သက်ဆုံး ဟင်းလျာများကို ချက်ပြုတ်နေမိပါသည်။

အစကတော့ ဤသို့ချက်ပြုတ်ရန် အစီအစဉ်မရှိပါ။  မေမေ ကွယ်လွန်သွားသည်မှာ တစ်နှစ်ပြည့်သွားသည့်တိုင် ကျွန်မအနေဖြင့် ဝမ်းနည်းပူဆွေးနေဆဲဖြစ်ရာ မေမေ့အမှတ်တရဖြစ် ပူပြင်းသည့် သြဂုတ်လ၏ နေ့လယ်နေ့ခင်းကြီးမှာပင်  ကြက်ဆင်သားနှင့် မေမေကြိုက်နှစ်သက်သည့် စွတ်ပြုတ်ချက်ပြုတ်နေခြင်း ဖြစ်သည်။

စွတ်ပြုတ်ကို စိတ်နှစ်၍ ချက်ပြုတ်နေရင်းကလည်း မေမေ့ကိုသတိရနေမိပါသည်။ ကျွန်မသည် မေမေကိုယ်တိုင်ချက်ပြုတ်ပေးသည့် ကြက်ဆင်သားစွပ်ပြုတ်ကို သိပ်ကြိုက်ခဲ့သူမဟုတ်ပါလား။

 မေမေက ဟင်းသီးဟင်းရွက်နှင့်အသားများ ပြုတ်ထားသည့် အိုးပူပူထဲသို့ ခေါက်ဆွဲခြောက်များ ထည့်လိုက်သည့်အခါ  နူးအိပြီးစားချင်စဖွယ် စွပ်ပြုတ်ဟင်းလျာဖြစ်လာပါ တော့သည်။ ထိုတစ်နေ့ကို ကျွန်မ ယခုအချိန်ထိ အမှတ်ရနေမိဆဲဖြစ်သည်။ ထိုနေ့က ကျွန်မအအေးမိပြီး ခေါင်းကိုက်နေစဉ် မေမေ ရောက်လာပြီး ကြက်ဆင်သားစွပ်ပြုတ်ဟင်းတစ် ခွက်လာတိုက်ပါသည်။ မေမေက ပေါင်မုန့်မီးကင်ကို ထောပတ်ပါးပါးသုတ်၍ စွတ်ပြုတ်နှင့်တို့ကျွေးပါသည်။ ကျွန်မချက်ချင်းဆိုသလိုပင် ရွှင်ရွှင်လန်းလန်းဖြစ်လာခဲ့ရပါသည်။

 ဒီနေ့လည်း စွပ်ပြုတ်အိုးထဲသို့ ခေါက်ဆွဲများထည့်ရင်းနှင့် မေမေ့ကိုသတိတရ ဖြစ်လာလေသည်။

တကယ်တော့ မေမေနှင့် တစ်ပတ်တစ်ပတ် ချက်ရင်းပြုတ်ရင်းနေခဲ့ရသည်။ ချက်ရင်းပြုတ်ရင်းနှင့် သတိရစရာ၊ ပြုံးစရာများကြုံလာခဲ့သည်။ ဒါတွေကို ပြန်စားမိတော့ မေမေ့ကို အထူးသတိတရဖြစ်ပြီး ချက်ရပြုတ်ရသည်မှာ ဖြေသိမ့်စရာဖြစ်လာပြီး မေမေနှင့်အတူ ရှိနေသလို မျိုးလည်း ခံစားရလေသည်။ မေမေ အနားမှာ ရှိနေသလိုမျိုးတွေးပြီး မေမေနှင့် စိတ်ကူးထဲမှာ စကား ပြောဖြစ်လေသည်။

        ''နောက်ဘာချက်ရဦးမှာလဲ မေမေ''

        ''အိုင်းရစ်အာလူး ကိတ်မုန့်ပေါ့''

ကျွန်မတစ်ခဏမျှ တွေဝေသွားပါသည်။ ကျွန်မအတွေးထဲတွင် တစ်ချိန်က ကြုံခဲ့ဖူးသော ဆုံးရှုံးမှုတစ်ခုကို သွားတွေးမိ၍ဖြစ်သည်။

လွန်ခဲ့သည့် နှစ်နှစ်ခွဲကျော်ကျော်ခန့်က အာလူးကိတ်မုန့် လုပ်ခဲ့စဉ်ကဖြစ်သည်။ မုန့်ဖုတ်နေစဉ် ကျွန်မသည် စေ့စပ်လက်စွပ်ကလေးကို ခဏချွတ်ထားလိုက်မိသည်။ သတိရတော့ လက်စွပ်ကလေးကို မတွေ့ရတော့။

ထိုအချိန်ကစ၍ ချက်နည်းပြုတ်နည်းစာအုပ်များကို အသုံးမပြုတော့။ စာအုပ်များကို အသုံးပြုမိသဖြင့် ငါ့လက်စွပ်ကလေးပျောက်သွားရသည်ဟု စိတ်ထဲမှာ စွဲနေမိလေသည်။ ယခင်ကဆိုလျှင် ကျွန်မအနေနှင့် ဘာပစ္စည်းပဲပျောက်ပျောက်၊ မေမေက ပြန်ရှာပေးတတ်စမြဲ။ မေမေ သာရှိနေသေးလျှင် လက်စွပ်ကလေး ပျောက်နေသည်ကို စိတ်မကောင်းဖြစ် နေမှာဖြစ်သည်။ ကျွန်မအနေဖြင့် ဘယ်လောက်ခံစားရမှာလဲဆိုသည်ကို မေမေနားလည်ပေးမှာဖြစ်သည်။ ယခုတော့ မေမေ့မရှိတော့သဖြင့် မေမေ့ဆီက အကူအညီရဖို့ မဖြစ်နိုင်တော့ပေ။

လက်စွပ်အကြောင်းတွေးမနေတော့ဘဲ ချက်ပြုတ်နည်းစာအုပ်ကို ကောက်ယူလိုက်သည်။ မေမေချက် တတ်သည့် အိုင်းရစ်ဟင်းလျာများ စာမျက်နှာကို လှန်လှောကြည့်မိလေသည်။ အိုင်းရစ် ကိတ်မုန့်ဖုတ်နည်းပါသည့်  စာမျက်နှာသို့ ရောက်သောအခါ အောက်ခြေတွင် တစ်စုံတစ်ရာကို ကျွန်မမြင်တွေ့လိုက်ရပါသည်။ လက်ခနဲလင်းလက်သွားသောအရာ။ ကျွန်မ တအံ့တသြ ဖြစ်သွားလေ သည်။ တကယ်တော့ ထိုစာမျက်နှာကြားထဲတွင် ကျွန်မ၏ စိန်လက်စွပ်ကလေး ညပ်ဝင်နေခဲ့တာပါလား။

သည်လို ဖြစ်နိုင်သည်ကို ကျွန်မ တစ်ခါမှမတွေးခဲ့ဖူးချေ။ ကျွန်မ အနေဖြင့် ချက်နည်းပြုတ်နည်း စာအုပ်ကို အသုံးမပြုခဲ့သည်မှာ သုံးနှစ်နီးပါးရှိပြီဖြစ်သည်။ အိမ်တွင်းရှိပစ္စည်းတွေကို ထုတ်ပိုးပြီး ရွှေ့ရ ပြောင်းရသည့်အခါများတွင်လည်း လက်စွပ်ကလေးက ထွက်ကျမသွားခဲ့။ လက်စွပ်ပျောက်စဉ်က လည်း ထိုစာအုပ်ထဲကို လှန်လှောမကြည့်မိခဲ့။

ထူးဆန်းအံ့သြဖွယ်ရာအဖြစ် အပျက်တစ်ခုနှင့်ကြုံလိုက်ရသဖြင့် ကျွန်မအနေဖြင့် ဝမ်းသာအားရဖြစ်ပြီး စိတ်နှလုံးကြည်နူးသွားလေသည်။ ကျွန်မသည် လက်စွပ်ကလေးကို တုန်ယင်နေသော လက်ဖြင့် ဆွဲယူ လိုက်သည်။ ပြီးတော့ ဝမ်းသာအားရစိတ်ဖြင့် ပြောလိုက်မိသည်။       

        ''ကျေးဇူးတင်လိုက်တာ မေမေရယ်''

        ထိုနေ့က အာလူးကိတ်မုန့်ကို ကျွန်မနှလုံးသားဖြင့် ပြုလုပ်နိုင်ခဲ့ သည်ဟု ဆိုရပေမည်။

 

The Ring by Kelly Salasin ကို ဆီလျော်အောင် ပြန်ဆိုသည်။

တင်ဆွေမိုး

တင်ဆွေမိုး
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.