16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
လျှပ်စစ်ကိစ္စ ဘယ်လိုရှင်းမလဲ

 ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်စုတည်ဆောက်ဖို့ဆိုရင် လျှပ်စစ်ဟာ အဓိက ကျတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ အစစအရာရာ လျှပ်စစ်နဲ့မကင်းတဲ့ ခေတ်ကာလမှာ လျှပ်စစ်မရှိဘဲ တိုးတက်ခေတ်မီအောင် ဘယ်လိုမှ လုပ်နိုင်မှာမဟုတ်တာ အသေအချာပါပဲ။ ထမင်းဟင်း ချက်ပြုတ်၊ မီးပူတိုက်၊ အဝတ်လျှော်၊ ရေတင်တာတွေဖြစ်တဲ့ အိမ်မှုကိစ္စ တွေမှာတောင် လျှပ်စစ်ကို အားထားအသုံးပြုလာခဲ့ကြတာကြာပြီဖြစ်လို့ လျှင်စစ်မီးမလာတဲ့ နေ့တွေမှာဆို ရုံးသမား၊ ကျောင်းသမားတွေ ဟန်ချက်ပျက်ကြရသလို တစ်နေ့တာအချိန်ဇယားတွေ ကမောက်ကမဖြစ်ကြရ တာမျိုးကို မြို့ပေါ်နေလူတန်းစား အားလုံးကြုံဖူးကြပြီးသားပါ။

မီးသွေးမရှိ၊ ထင်းမရှိတဲ့နေရာမှာ မီးပျက်တဲ့အခါ ထမင်းဟင်းမ ချက်နိုင်တော့လို့ နီးရာဆိုင်က ဝယ် ပြီးရုံးပြေး၊ ကျောင်းပြေးကြရတဲ့အခါ အိမ်ရှင်မခမျာ ချိန်ဆသုံးရတဲ့ ကုန်ကျစရိတ်ကို ဘရိတ်အုပ်လို့မရတော့တဲ့အတွက် တစ်လတာတွေးရင်း သွေးပျက်ရပါတော့တယ်။ သည် ထက်ပိုဆိုးတာကသောက်ရေ၊ သုံး ရေ၊ ချိုးရေနဲ့ အိမ်သာရေကအစ ဝယ်ရပြုရတော့မယ်ဆိုတဲ့အခါ ဆင်ခြေ ဖုံးမဟုတ်တဲ့ မြို့လယ်ကောင်က အိမ်ရှင်မတွေ အိမ်ဦးနတ်တွေ ဖျပ်ဖျပ်လူးရင်မောရတဲ့ ပြဿနာဖြစ်လာပါ တယ်။

ဒါက နိစ္စဓူဝကိစ္စတွေအပေါ် လျှပ်စစ်မီးရဲ့အကျိုးသက်ရောက်မှုလေးကို မြင်သာရုံပြတာပါ။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးစသဖြင့် အရေးအရာများစွာမှာ လျှပ်စစ်ဟာ ထဲထဲဝင်ဝင်နေရာယူသွားခဲ့ပါပြီ။ လျှပ်စစ်မရှိရင်၊ ရှိရက်နဲ့ မလုံလောက်ရင် အဲဒီနိုင်ငံဟာ ကမ္ဘာမှာ အောက်တန်း နောက်တန်းကျ ကျန်ခဲ့မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။

လျှပ်စစ်ကိုဘယ်ကရသလဲ။ လျှပ်စစ်ရရာရကြောင်းတွေထဲမှာရေ အားလျှပ်စစ်၊ နေနဲ့လေစွမ်းအင်၊ သဘာဝဓာတ်ငွေ့နဲ့ ကျောက်မီးသွေးတို့က အဓိကကျနေတာတွေ့ရပါ တယ်။ တချို့နိုင်ငံတွေကတော့ နျူကလီးယား ဓာတ်ပေါင်းဖိုတွေ၊ စွန့်ပစ်အမှိုက်ကနေတွေ၊ အပင်တွေကနေ လည်း လျှပ်စစ်ကိုထုတ်ယူအသုံးချ နိုင်ကြတာတွေ့ရပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာရော လျှပ်စစ်ကို ဘယ်ကရပါသလဲ။ ရေအား၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေက အများဆုံးလို့ဆိုရပါမယ်။ သို့သော် ထုတ်လုပ်နိုင်တဲ့ လျှပ်စစ်နဲ့ သုံးစွဲတဲ့ လျှပ်စစ်ပမာဏဟာ အချိုးကျရဲ့လား၊ လုံလောက်မှုရှိရဲ့လားလို့ မေးရင် မလုံလောက်ဘူးဆိုတဲ့ အဖြေကို တညီတညာတည်းဖြေကြမှာပါပဲ။ ဦးသိန်း စိန် သမ္မတဖြစ်တဲ့ကာလက လွှတ် တော်မှာ အမတ်တစ်ဦးတင်ပြတာလေးကို တစ်ဆင့်ခံတင်ပြချင်ပါ တယ်။ လူတစ်ဦးချင်း လျှပ်စစ်သုံးစွဲမှု မှာ မလေးရှားနိုင်ငံက ၃၆၁၄၊ တရုတ် နိုင်ငံက ၁၆၃၁၊ ထိုင်းနိုင်ငံမှာ ၂ဝ၄၅၊ ဗီယက် နမ်မှာ ၉၁၈၊ အင်ဒိုနီးရှားမှာ ၅၉ဝ၊ ဘင်္ဂလားဒေ့ရှ်မှာ ၂၅၂၊ ကမ္ဘော ဒီးယားမှာ ၁၃၁ ဖြစ်ပြီး မြန်မာနိုင်ငံက ၁ဝ၄ ပဲရှိတယ်လို့ ဆိုပါတယ်။

 နိုင်ငံတော်မှာ စွမ်းအင်အရင်းအမြစ်တွေ အလုံအလောက်ဖြစ်ပေါ် တည်ရှိပြီးဖြစ်ပါလျက် ပြည်သူတစ်ရပ်လုံး စွမ်းအင်မလုံလောက်မှုများ ကြုံတွေ့ခံစားနေရခြင်းအပေါ် နိုင်ငံ တော် အစိုးရအနေနဲ့ကျင့်သုံးနေတဲ့ လုပ်ထုံးလုပ်နည်းများ စီမံခန့်ခွဲမှုများနဲ့ အစီအမံများကို ပြန်လည်သုံးသပ်ရန် လိုအပ်နေပြီလို့လည်း တင်ပြသွားခဲ့ပါတယ်။ ကျွန်တော်တို့ထက် လျှပ် စစ်သုံးစွဲမှုသာတဲ့ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့ဟာ ကျွန်တော်တို့ဆီက သဘာဝဓာတ်ငွေ့တွေ ဝယ်ယူကြပြီး လျှပ်စစ်ထုတ်လုပ်ရေးမှာ အသုံးပြုကြတာပါ။ ကျွန်တော်တို့က ကိုယ့်မှာမလုံလောက်ဘဲနဲ့ သူများကိုရောင်းစားပြီး ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်ဖြစ်နေကြရတာပါ။

ဆိုလိုတာက အဲသလို ရောင်းလိုက်တဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့တွေဟာ နိုင်ငံပိုင်ပါ။ သည်တော့ နိုင်ငံသားတွေနဲ့လည်း သက်ဆိုင်တဲ့ ငွေကြေးတွေပါ။ ပြည်တွင်းမှာကတော့ ဝယ်လိုအားနဲ့ ရောင်းလိုအားမမျှရင် ဈေးတက်တယ်ဆိုတဲ့ ကုန်သည်နိယာမကြီးနဲ့ အရှုံးကို အကြောင်းပြ ပြီး လျှပ်စစ်ဓာတ်အားသုံးစွဲခကို ဈေး တက်ဖို့ (သူတို့အဆို ပြောင်းလဲ ကောက်ခံဖို့) ပဲ ကြိုးစားနေကြပါတယ်။ နိုင်ငံရဲ့အရှုံးကို ပြည်သူတွေက စိုက်ထုတ်ရမယ်ဆိုရင် နိုင်ငံရဲ့ အမြတ်ကိုလည်း ပြည်သူကခံစားရမှာပါ။ အိမ်နီးချင်းတွေကို ရောင်းထားတဲ့ လောင်စာစွမ်းအင်ဖိုးတွေနဲ့ရှုံးနေတယ်ဆိုတဲ့ လျှပ်စစ်ဖြန့်ဝေရေး စရိတ်ကိုဖြည့်ပေးသင့်တယ် မဟုတ် ပါလား။

ဒါပေမယ့် (သဘာဝဓာတ်ငွေ့ စတင်ပို့လွှတ်ခဲ့သည့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်မှ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အထိ) မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက ထည့်ဝင်စိုက် ထုတ်ရင်းနှီးမြှုပ်နှံခဲ့သည့် ရာခိုင်နှုန်း အရ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကရရှိသော ဝင်ငွေစုစုပေါင်းမှာ အမေ ရိကန်ဒေါ်လာ ၁၂၁ သန်းကျော်ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဇယား (၁) ပြည်ထောင်စု ဥပဒေပြုစာရင်း အပိုဒ် ၆ အပိုဒ်ခွဲငယ် (က)အရ ပြည် ထောင်စု ဘဏ္ဍာရန်ပုံငွေသို့ နှစ်စဉ် ရရှိငွေများအား ပေးသွင်းခဲ့ရတာဖြစ် ပါတယ်။ အဆိုပါ ပိုက်လိုင်းစီမံကိန်း အား မြန်မာ့ရေနံနှင့် သဘာဝဓာတ် ငွေ့လုပ်ငန်းက ပါဝင်ရင်းနှီးမြှုပ်နှံရာတွင် China Development Bank ထံမှ ချေးငွေယူရို ၈၆ ဒသမ ၁၆ သန်းဖြင့် ၂ဝ၁ဝ ပြည့်နှစ်မှ စတင်အကောင်ထည်ဖောင်ဆောင်ရွက်ခဲ့ပြီး တည်ဆောက်ရေးကာလဟာ သုံးနှစ် ကြာမြင့်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ပိုက်လုံး စီမံကိန်းအတွက် ချေးယူငွေအနက် အတိုးအရင်းပေါင်း ယူရိုငွေ ၁ဝ၃ ဒသမ ၆၄ သန်းအားပေးဆပ်ရန် ကျန်ရှိနေသေးပြီး အကျိုးအမြတ်အနေနဲ့ ရရှိခြင်းမရှိသေးဘူးလို့ ဆိုတဲ့ အတွက် အံ့သြရပါတယ်။

၂ဝ၁ဝ ကစခဲ့တာ ခု ၂ဝ၁၇ ဆိုတော့ ခုနစ်နှစ်ကြာမြင့်ခဲ့ပါပြီ။ အကျိုးအမြတ်ဝေးလို့ အတိုးအရင်းပေါင်း ပေးစရာကျန်သေးသတဲ့။ နောက်ထပ်အတိုးတွေကတက်ဦးမှာ။ အဲဒီ ဓာတ်ငွေ့က နောက်ထပ် ဘယ်နှနှစ် ကြာထိထွက်နေဦးမှာလည်း။ ဒါကို လည်း ရှင်းပြသင့်ပါတယ်။

 သေချာတာကတော့ ပြည်တွင်းမှာ လျှပ်စစ်မလုံလောက်ဘူး။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကလည်း လက်လွန်ထားပြီး ရေအားလျှပ်စစ်ကလည်း မနိုင်တော့ဘူး။ သည်တော့ ဘယ်လို ဖြစ်လာလဲဆိုတော့ ကျောက်မီးသွေးကနေ ထုတ်လုပ်မယ်ဆိုပြီး စီစဉ် လာကြပါတယ်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က ကျွန်မကကျွန်မလုပ်ထားတဲ့ဟာ တစ်ခုကို ကျွန်မတာဝန်ယူနိုင်တယ်။ ဒီလုပ်ငန်းစီမံကိန်းကြီးပြီးသွားတဲ့ အချိန်မှာ ကျွန်မသက်ရှိထင်ရှားရှိဦး မှာပါ။ အဲဒီအချိန်ကျလို့ရှိရင် တကယ်ပဲ ကျွန်မတို့ပြည်နယ်အတွက် အကျိုးမရှိဘူး ပြောကြရင် ကြိုက်သလောက်ပြော။ ကျွန်မခံပါ့မယ်''လို့ပြောပြီး အလားတူပဲ ဦးဝင်းထိန်ကလည်း ''လျှပ်စစ်အားထုတ်လုပ်ဖို့ ကျောက်မီးသွေးသုံးသင့်ရင် သုံးဖို့ကို တိုက်တွန်းထားတယ်။ လုပ်တာမလုပ်တာ အဲဒီအဆင့်ကိုတော့ ကျွန်တော် Folllow Lip မလုပ်နိုင်သေးဘူး)လို့ ပြောခဲ့ပါတယ်။ ကျောက်မီးသွေးကို လျှပ်စစ်ထုတ်လုပ်ရင် ကျန်း မာရေးထိခိုက်တာ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်တာတွေအတွက် အစိုးရ က စိုက်ထုတ်သုံးစွဲရမယ့် ကုန်ကျ စရိတ်တွေကို ထည့်တွက်ရမယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်စွမ်းအင်ပညာရှင် ဦးမျိုးမြင့်က “Clean Coal လို့ ခေါ်တဲ့ နည်း ပညာမြင့် ကျောက်မီးသွေး ဓာတ်အား ပေးစက်ရုံကို အသုံးပြုမယ်ဆိုရင် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ကုန်ကျစရိတ်ထက် ပိုများမယ်''လို့ ပြောပါ တယ်။

ဘာပဲပြောပြော ပြည်တွင်းမှာ လျှပ်စစ်မလုံလောက်တာက သေချာတယ်။ မသေချာတာက ကျောက်မီးသွေးကိုသုံးရင် အဆင်ပြေမပြေ၊ အန္တရာယ်ကင်းမကင်း၊ ကုန်ကျစရိတ် နဲ့ လျှပ်စစ်သုံးစွဲခ ကာမိ၊ မကာမိစတာတွေ ဘာမှမသေချာပါဘူး။ လုပ်ပြီးမှ ကျန်းမာရေးထိခိုက်မယ်ဆိုရင် ကုန်ကျစရိတ်များပြီး လျှပ်စစ်သုံးစွဲခတွေ ထပ်ထပ်တက်ပြီးရင်း တက်လာမယ်ဆိုရင် အစိုးရနဲ့ ပြည်သူ ကြည်ဖြူနိုင်ဖို့ ခက်သွားပါလိမ့်မယ်။

သည်တော့လုပ်မယ်ဆိုရင် ပွင့်လင်းမြင်သာတဲ့ ရှင်းလင်းတင်ပြချက်တွေ ပြည်သူကို ချပြရမှာဖြစ်ပြီး ခိုင်မာတဲ့ကတိကဝတ်တွေလည်း ပြည်သူကိုပေးရမှာဖြစ်တယ်လို့ ပြောချင် ကြောင်းပါဗျာ။

  ဝါဆိုကိုဦး (တောင်ကြီး)

ဝါဆိုကိုဦး (တောင်ကြီး)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.