24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ရန်ဖြစ်ကြ ပြန်ချစ်ကြ

လက်တွဲဖော်တွေ၊ ချစ်သူတွေဟာ တော်တော်ကြာ ရန်ဖြစ်ကြ၊ တော်တော်ကြာပြန်ချစ်ကြတဲ့ အလေ့အထတွေရှိကြတယ်။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြစ်ကြတယ်ဆိုတာ သံယောဇဉ်ရှိကြတဲ့ချစ်သူစုံတွဲတွေ၊ ဘဝလက်တွဲဖော်အဖြစ် ရည်မှန်းထားတဲ့သူတွေမှာ မကြာခဏတွေ့ ကြရတယ်။ တခါတလေ ကိစ္စအသေးလေးတွေက ကိစ္စအကြီးကြီးတွေ ဖြစ်သွားလေ့ရှိသလို တစ်ခါတလေမှာလည်းမထင်မှတ်ပဲပေါ် ပေါက်လာတတ်တဲ့ ကိစ္စအသစ်အဆန်းတွေကြောင့် နှစ်ဦးသားဘဝမှာ မထင်မှတ်တာတွေဖြစ်ပွားပေါ်ပေါက်ရာကအစလမ်းခွဲကြတဲ့ အဆင့်အထိ ရောက်သွားရတာမျိုးတွေရှိပါတယ်။

ရန်ဖြစ်တယ်ဆိုရာမှာလည်း မုန်းလို့ရန်ဖြစ်ကြတာမဟုတ်ပဲ ချစ်လွန်းလို့ ရန်ဖြစ်ကြတာမျိုးတွေလည်း ရှိပါလိမ့်မယ်။ ကိုယ်ကသူ့ကို ချစ်နေ လေတော့ သူ့ကိုမျက်စိအောက်က အပျောက်မခံနိုင်လောက်အောင်ဖြစ် ရတော့တယ်။ သူရဲ့အရိပ်ဟာ ကိုယ့်မျက်ဝန်း၊ မျက်အိမ်မှာ အမြဲရှိနေလေ တော့သူ့ရဲ့ပုံရိပ်တွေ၊ လှုပ်ရှားမှုတွေကို စောင့်ကြည့်တာမဟုတ်တာပဲ စောင့်ကြည့်နေသလို စွဲထင်နေလိမ့် မယ်။ နေတတ်တယ်။ ဒီတော့ပြောတာဆိုတာလုပ်တာကိုင်တာ၊ လှုပ်ရှားတာတွေ အားလုံးဟာမရည်ရွယ်ပဲ ရည်ရွယ်ချက်ရှိရှိ စောင့်ကြည့်အကဲခတ်နေသလို ဖြစ်သွားရပါတော့တယ်။

ဒီတော့ ကာယကံရှင်အတွက်စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ပေါက်ဖွားလာကြပြီး ရန်ဖြစ်တဲ့ အဆင့်ကို မထင်မှတ်ပဲရောက်သွားရ တော့တယ်။ ဒီတော့ ချစ်ရာကမုန်းသွားရတဲ့အဆင့်ကိုအလိုလိုရောက် သွားရတော့တာပါပဲ။

ဒါပေမယ့် ရန်ဖြစ်တယ်ဆိုတာရန်ဖြစ်စရာလူရှိမှ၊ စကားများရန်ဖြစ်ကြရမှ၊ မလွှဲမရှောင်သာဖြစ်သွားရတာမဟုတ်လား။ အဲဒီလိုစကားများ ရန်ဖြစ်ရမယ့် လူမရှိတော့ပဲ အဲဒီလူနဲ့ ကျောခိုင်းရ၊ ဝေးသွားရပြီဆိုရင် မျက်နှာချင်းဆိုင် စကားများခဲ့ရ၊ ငြင်းခုံခဲ့ရ၊ စကားနိုင်လုခဲ့ကြတဲ့ လူကိုပဲတမ်းတမိပြန်တယ်။ ရန်ဖြစ်ရာကနေ ပြန်ချစ်ဖို့စဉ်းစားမိတဲ့သဘောပဲဖြစ်ပါတယ်။ ဒါဟာရှက်စရာမဟုတ်တဲ့ဖြစ်ရိုးဖြစ်စဉ်ကိစ္စလို့ပဲ နားလည်နိုင် ကြပါတယ်။

မတူတဲ့ အမြင်တွေအယူအဆတွေနဲ့ လမ်းကြောင်းတစ်ခုအပေါ်မှာ ဆုံတွေ့ကြတဲ့လူတွေမှာလည်း ရည်မှန်းရာ ရည်ရွယ်ချက်တစ်ခုအတွက်မတူတာတွေ အတော်များများပဲ အဲဒီလမ်းကြောင်းပေါ်မှာ တွေ့ရပါလိမ့်မယ်။ ညင်ညင်သာသာ ပြောဆိုဆွေးနွေးနေရာကလည်ပင်းကြောတွေ ထောင်ထလာအောင် ငြင်းရခုံရတာမျိုးတွေလည်းရှိတတ်ပါတယ်။ ဓား ကြိမ်းကြိမ်းသလိုစကားလုံးတွေနဲ့လည်း ကြုံတွေ့နိုင်ပါတယ်။ ပျော့ပျော့၊  ပျော့ပျော့နဲ့အလွန်နံတဲ့ကြောင်ချေးလို လူတွေနဲ့လည်းမလွဲမသွေစကားပြောရဦးမှာပါ။ လိုရင်းတိုရှင်းနဲ့တိုတိုပြတ်ပြတ်ပြောတတ်တဲ့ အမှန်တရားဆိုပေမယ့် နားမခံသာအောင် အနားကပ်ဖောက်ခွဲတတ်တဲ့ ဗုံးလိုလူမျိုးတွေလည်းရှိတတ်တာမို့ အမှန်ကိုပြောကြပေမယ့်နာလို ခံခက်ကြလေတော့ စကားပြောရင်းပြောရင်းကစကားနောက်မှာတရားပါသွားကြပြီး ကာယကံရှင်တွေစကားများရန်ဖြစ်ကြတဲ့အဆင့် ကို ရောက်သွားကြမှာပါပဲ။

အဲဒီလို ရန်ဖြစ်ကြတဲ့ကိစ္စက ကြာချင်လည်းကြာမယ်၊ ကြာချင်မှ လည်းကြာမယ်ပေါ့၊ ''လင်နဲ့မယားလျှာနဲ့သွား''ဆိုတဲ့စကားလို အကျိုး စီးပွားတစ်ခုတည်းအတွက်တွေ့ဆုံ၊ ညီညွတ်ဖို့ကြိုးပမ်းနေတဲ့ အချိန်မျိုးမှာစိတ်အချဉ်ပေါက်စရာကိစ္စလေးတွေဟာ မလွဲမသွေကြုံကြရ မှာ သေချာပါတယ်။ ဒီတော့ကွဲကြပြဲကြတဲ့အဆင့်ကိုမရောက်သေးပေမယ့် တစ်ဦးနဲ့တစ်ဦး အစေးမကပ်ချင်အောင်ဖြစ်သွား ကြလိမ့်မယ်။ ဒါပေမယ့် အားလုံးမှာဆန္ဒတစ်ခုရှိနေတယ်လေ။ ဘာလဲဆိုတော့ရည်မှန်းချက်တစ်ခုကိုမရောက်ခင်၊ မပေါင်းစည်းမိသေးတဲ့ အချိန်မျိုးမှာ တစ် ယောက်ကိုတစ်ယောက် ပိုမိုနားလည်တာ၊ နားလည်နိုင်အောင် ကြိုးစားတာမျိုးတွေက ရန်ဆက်မဖြစ်ပဲ ပြန်ချစ်ဖို့ လမ်းစပေါ်လာလိမ့်မယ်။

ရန်မဖြစ်ကြပဲ ပြန်ချစ်ဖို့ လမ်းစပေါ်လာတာဟာ ကောင်းတဲ့လက္ခဏာ၊ လိုလားကြိုဆိုသင့်တဲ့ အမှတ်အသားပဲဖြစ်လိမ့်မယ်။ ရန်မဖြစ်ကြပဲ ပြန်ချစ်ကြရင်ကောင်းတာပေါ့။ အရင်ကနဲ့မတူပဲ ရှေးကထက် ပိုချစ်ကြတယ်ဆိုတဲ့ အခြေအနေမျိုးနဲ့ပြန်ချစ်ကြရင်ကောင်း တာပေါ့။ အမှားတွေ ချို့ယွင်းအားနည်းချက်တွေနေရာမှာ မှန်ကန်တရားမျှတမှု တရားတွေ ထွန်းကားလာရင် ကောင်းတာပေါ့။ နှစ်ဖက်စလုံးအမှားကို ပြင် ကြပြီး ရှေ့ခရီးသာယာဖြောင့်တန်းနေအောင် ကြိုးစားတာမျိုးဟာ ဘာလက်မခံနိုင်စရာမရှိရမှာလဲ၊ ကောင်းတဲ့ကိစ္စတွေမို့ ကြိုဆိုရမှာပေါ့။

တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ပြီး တစ်ခရီးတည်းသွားနေကြတဲ့ သွေးချင်းသားချင်း ညီကိုမောင်နှစ်မတွေဆိုတာစိတ်အခန့်မ သင့်မှုတွေရှိတတ်ပါတယ်။ ဒါဟာသာမန်ကိစ္စမျိုးတွေမဟုတ်ပါဘူး။ အတိအကျ ဖြေရှင်းနိုင်မယ့် ကိစ္စတွေဖြစ်ပါလိမ့်မယ်။ ဒီနေ့မဖြေရှင်းနိုင်ရင် မနက်ဖြန်ဖြေရှင်းလို့ရလိမ့်မယ်။ မနက်ြဖန်မှ ဖြေရှင်းလို့မရရင်လည်း ညဘက်ခါ ဖြေရှင်းနိုင်ကြမှာ သေချာတယ်။ အဓိကက ဖြေရှင်းချင်တဲ့စိတ် ဆန္ဒရှိနေဖို့ပဲ လိုပါလိမ့်မယ်၊ လူတွေမှာတူညီတဲ့ စိတ်ဆန္ဒတွေရှိနေရင် အခုဖြေရှင်းမရတာတွေ နောင်တစ်ချိန်မှာဖြေရှင်းလို့ရလိမ့်မယ်။ ဒါကို ယုံကြည်ပါ။

တချို့အချိန်ကာလတွေမှာ နှစ်ဖက်စလုံးမှာ အင်မတန်ရိုးသားစွာနဲ့ ကြိုးစားပြီးလုပ်ကိုင်ဆောင်ရွက်ချင်တဲ့ အလုပ်ကိစ္စတွေရှိနေပါ လိမ့်မယ်။ ဒါတွေဟာချက်ချင်းလက်ငင်းလုပ်ကိုင်ဆောင်ရွက်လို့မရတဲ့ ကိစ္စမျိုးတွေ ဖြစ်နေတတ်တယ်။ ဆန္ဒရှိကြပေမယ့်မတူညီကွဲပြားမှုလေးတွေကြောင့် ရင်ကြားစေ့မရပဲဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ ဒါဟာကွဲကွာဖို့၊ ခွဲခွာဖို့ လက်ပြနေတဲ့ အခြေအနေမျိုးမဟုတ်ဘူး။ တူတာတွေများနေပါလျက်နဲ့ မတူတာ အနည်းစုလေးအတွက်ကျောခိုင်းကြမှာလား၊ စဉ်းစားဖို့တော့ လိုလိမ့်မယ်။ အကြောင်းအမျိုးမျိုးကြောင့်ရန်ဖြစ်ကြမလား။ မကောင်း တဲ့ကိစ္စပါ။

ခံစားချက်ဆိုတာ ဘယ်သူ့မှာမဆိုရှိတတ်ပါတယ်။ အဲဒီကိစ္စအတွက် ကျောခိုင်းကြရတာဟာမကောင်းပါဘူး။ ရန်ဖြစ်ကြတာ ထက်ပြန်ချစ်ကြတာ ကောင်းပါတယ်။

ရန်ဖြစ်တာထက် ရန်မဖြစ်တာကောင်းပါတယ်။ ရန်ခဏခဏဖြစ် နေရင် ရန်စဟာရှည်လျားကြီးကျယ် သွားတတ်ပါတယ်။ ရန်မဖြစ်ပဲသင့် မြတ်ညီညွတ်ချစ်ခင်နေကြရင်ကောင်းပါတယ်။ ရန်ဖြစ်စရာတွေရှိလာရင်ရှိ နေကြရင်တောင် ပြန်လည်သင့်မြတ်ချစ် ခင်နေလောက်တဲ့ အကျိုးအ ကြောင်းအချက်အလက်တွေကို ပြန်ပြီးစဉ်းစားကြရင်ကောင်းပါတယ်။ လူတစ်ယောက်ချင်း၊ လူမျိုးတစ်မျိုးချင်း၊ တိုင်းနိုင်ငံတစ်ခုချင်းဆီမှာမှားတဲ့ဆန္ဒ၊ မှန်တဲ့ဆန္ဒကိစ္စ၊ မှားတဲ့လုပ်ကိုင်ဆောင်ရွက်မှု၊ မှန်ကန်တဲ့လုပ် ကိုင်ဆောင်ရွက်မှုတွေရှိကြမှာ အသေအချာပါပဲ။ ကြီးတဲ့အမှုသေးစေ၊ သေးတဲ့အမှု ကွယ်ပျောက်စေဆိုတဲ့ စိတ်သဘောထားမျိုး မွေးမြူနိုင်ကြ ရင်ကောင်းပါတယ်။ သေးတဲ့အမှုကြီးစေ၊ ကြီးတဲ့အမှုဖြေရှင်းမရအောင် ဆောင်ရွက်နေတာမျိုးဟာ မှန်ပါ့မလား။ အဲဒီအပြုအမူမျိုးဟာ 'မီးလောင်ရာ လေပင့်'ဆိုသလိုမျိုး ဖြစ်သွားလိမ့်မယ်။

လူတွေအားလုံးပဲ ချစ်ချစ်ခင်ခင် သာသာယာယာချစ်ခင်နေကြရင် ကောင်းပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စိတ်အခန့်မသင့်ကြရင် လည်း ခဏတဖြုတ် ယာယီသာဖြစ်သင့်တယ်။ ဒီအချိန်မှာပြဿနာကို ကြီးထွားမလာစေတဲ့ နားလည်ခွင့်လွှတ်ခြင်းများနဲ့ ပြေလည်ကျေအေးသင့်တယ်။ တစ်ဦးနဲ့တစ်ဦးပြန်လည်သင့်မြတ်ပြီး ပြန်ချစ်ကြတဲ့အနေအထားမျိုးကို ပိုင်ဆိုင်တဲ့သူမျိုးတွေဖြစ်စေ ချင်ပါတယ်။ ရန်ဖြစ်ကြတာထက် ပြန်ချစ်တာက ပိုကောင်းပါတယ်။

အားလုံးပဲ 'ရန်မဖြစ်ပါနဲ့ ပြန်ချစ်ကြပါ'။

ထက်ကျော်

ထက်ကျော်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.