25-5-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ပိန်းရိုးခြောက်များ ကိုရီးယားနိုင်ငံသို့ တင်ပို့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1012
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ရာဇဝတ်မှု လျော့ပါးရေးအတွက် ခေါက်တိုကြိုပို့

သိပ်မကြာခင်ကပင် သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်း အမျိုးသမီး တစ်ဦးမှာ အဝေး ပြေးဝင်းမှ တက္ကစီငှားစီးရာက လု ယက်ခံလိုက်ရသည့် သတင်းဖြစ် သည်။ လက်ထောက်ညွန်မှူးတစ်ဦး ဟု သိရသည်။ မော်လမြိုင်မှ ရန်ကုန် သို့ လာရောက်စဉ်ဖြစ်ပွားသည်ဟု သိရသည်။

 အောင်မင်္ဂလာအဝေးပြေးကား ဝင်းသို့ ကားဆိုက်ရောက်ချိန်မှာ နံနက် ၂ နာရီ ၃ဝ မိနစ်ဟု ဆိုသည်။ ပြဿနာဖြစ်စေသော အကြောင်းရင်း များထဲတွင် ကားဆိုက်ရောက်ချိန် လည်းပါသည်။ အဝေးပြေးကားဝင်းသို့  ကားဆိုက်ရောက်ချိန်သည် လူသူ အသွားအလာပြတ်သည့် အချိန် မဖြစ်စေသင့်ပါ။ မူရင်း ဂိတ်မှ စထွက် ချိန်ကစ၍ ရန်ကုန် အောင်မင်္ဂလာ အဝေးပြေးကွင်းသို့ ရောက်သည်ထိ အချိန်မည်မျှကြာအောင် မောင်းရ မည်။ လမ်းခရီး၌ ခေတ္တနားချိန်မည်မျှ ယူမည်ကို ဂိတ်မှူးများ၊ ယာဉ်မောင်း များ သိရှိကြပြီဖြစ်ပါသည်။

သို့ဆိုလျှင် မူရင်းဂိတ်မှ မည်သည့်အချိန်ထွက်လျှင် ရန်ကုန်သို့ မည်သည့်အချိန်ရောက်မည်ကို ချိန် ဆကာ ရန်ကုန်၌သွားလာရန် အဆင်  ပြေနိုင်သည့်အချိန်ကို တွက်ဆ၍ မူ ရင်းဂိတ်မှ ထွက်ရန်လိုပါသည်။ ရန် ကုန်တွင် အဆင်ပြေသည့် အချိန်ဆို သည်က အသွားအလာစည်ကားချိန် ကို ဆိုလိုရင်းဖြစ်သည်။ မနက်ဆိုလျှင်  ၆ နာရီထက်စော၍ မဝင်သင့်ဘဲ ည ဆိုလျှင်လည်း ၆ နာရီထက် နောက် ကျ၍ ဝင်ရန်မသင့်ပါ။ ရန်ကုန်သည် ယခင်ကကဲ့သို့ နှစ်ဆယ့်လေးနာရီ လှုပ်ရှားစည်ကားနေသောမြို့ မဟုတ် တော့ပါ။

ရန်ကုန်မှ နယ်သို့သွားလျှင် တော့ ပြဿနာသိပ်မရှိဟု ထင်ရသည်။ မိမိ၏ အတွေ့အကြုံအရ မိမိတို့နယ်တွင် အဝေးပြေး ကားကွင်းများ ၌ သက်ဆိုင်ရာကားအတွက် ခရီးတို ကြိုပို့ကားများထားရှိသောကြောင့် ဖြစ်သည်။ ဥပမာ-တောင်ပေါ်သား ကားစီးလာသူသည် တောင်ကြီးမြို့ အေးသာယာ၌ အဝေးပြေးကားကွင်း ရောက်သည်နှင့်  တောင်ပေါ်သား အမည်တပ် ကြိုပို့ကားပေါ်တက်လိုက် ရုံပင်။ ထိုကြိုပို့ကားက အိမ်တိုင်ရာ ရောက်လိုက်လံပို့ဆောင်ပေးသော ကြောင့် တက္ကစီငှားရမည့် ဒုက္ခမရှိ တော့ပါ။ ကားခမတန်တဆပေးစရာ လည်း မလိုတော့ပါ။ သတ်မှတ်နှုန်း ထားရှိပြီး ထိုနှုန်းဖြင့်သာပေးချေလိုက် ရုံသာ။ လုယက်ခံရမှာကိုလည်း ကြောက်စရာမလိုတော့ပါ။ ထိုကား များမှာ ခရီးသည်တင်ကားလိုင်းက တရားဝင်ထောင်ထားသော ကားများ ဖြစ်သည်မို့ ပြေးမလွတ်နိုင်ကြပါ။ ထို့ ကြောင့် ကြိုပို့စနစ်ထားရှိခြင်းမှာ အ လွန်အဆင်ပြေပါသည်။

ယခင်က ရန်ကုန်တွင်လည်း ထိုစနစ်ကို ကျင့်သုံးခဲ့ပါသည်။ အောင်ဆန်းကွင်းပတ်လည်ရှိ ကား လက်မှတ် အရောင်းဌာန များတွင် သွားရောက်၍ စီးနိုင်သလို အောင် မင်္ဂလာအဝေးပြေးမှနေ၍လည်း အောင်ဆန်းကွင်းထိ ပို့ဆောင်ပေးခဲ့ ကြဖူးပါ သည်။ ခရီးသည်များအတွက် တက္ကစီခလည်း လေးငါးရှစ်ထောင် သက်သာသလို လုယက်မှု အန္တရာယ်လည်း မရှိသောကြောင့် လွန်စွာ အဆင်ပြေခဲ့ဖူးပါသည်။

သို့သော် ယဉ်ကြောပိတ်ဆို့မှုကို အကြောင်းပြု၍ ခေါက်တိုကြိုပို့ကား များဖြင့် ခရီးသည် မပို့ဆောင်ရဟု အမိန့်ထုတ်လိုက် သဖြင့် ထိုစနစ် ရပ် ဆိုင်းသွားရသည်။ ထိုအခါ ခရီးတစ် ခါထွက်တိုင်း အဝေးပြေးကွင်းသို့ တက္ကစီငှားရသည့် စရိတ်ကပင် ခရီး စရိတ်လောက် ထပ်မံကုန်ကျနေရ သည်။ ထို့အပြင် အထက်က ပြဿနာများကဲ့သို့ တက္ကစီသမား အယောင်ဆောင်များက ဒုစရိုက် သမားနှင့် ပေါင်းကာ ခရီးသည်များ ထံက လုယက်သော အမှုအခင်းများ ဖြစ်လာကြသည်။

တစ်ဖက်တွင်ရော ယဉ်ကြော ရှင်းသွားသလားဟု ပြန်ကြည့်လျှင် ထူးမခြားနားဖြစ်စဉ်ကို တွေ့ရမည်။ ကြိုပိုကားဖြင့်ဆိုပါက လူဆယ့်လေး ငါးယောက်အတွက် ကားတစ်စီးသာ လိုသော်လည်း တက္ကစီဖြင့်ဆိုပါက သုံးလေးငါးစီးနှင့်အထက် လိုအပ်လာ သဖြင့် ယာဉ်ကြောပိုမိုပိတ်ဆို့ရုံသာ ရှိပါသည်။ ခေါက်တိုကြိုပို့ကားလည်း လျော့မသွားပါ။ ခရီးသည်မတင် သော်လည်း ကုန်စည်များကို သယ် နေကြသဖြင့် ဒုံရင်းက ဒုံရင်းပင်ဖြစ် ကာ ကြားထဲက ခရီးသည်သာ နစ်နာ ကြရပါသည်။

သို့ဆိုလျှင် အဘယ်ကြောင့် ဤစနစ်ကို ဖျက်သိမ်းလိုက်ရပါ သနည်းဟု ပြန်ဆန်းစစ်ပါက စီးပွား ရေးသမားချင်း၏ အကျိုး စီးပွားပြိုင် ဆိုင်မှုမှတစ်ဆင့် ခြေထိုးခံလိုက်ရ ခြင်းဖြစ်သည်ဟုသာ ယူဆဖွယ်ရာရှိ သည်။ သို့သော် အထက်က ပြောခဲ့ သလို အမှန်တကယ် နစ်နာကြရ သည်က ခရီးသည်ဖြစ်ကြောင်း သတိ မူသင့်ပေသည်။ လိုင်းကားများရှိ သည်ပဲဟုကား ပြော၍ မရပါ။ ခရီး ထွက်မည့် သူသည် သယ်ဆောင်ရမည့် ပစ္စည်းများကြလေ့ရှိသည်။ အ ဝတ်အစား အသုံးအဆောင်များ၊ လက်ဆောင် ပစ္စည်းများနှင့်မို့ အိတ် တွေ၊ ခြင်းတွေများသည်။ လိုင်းကား က မတင်ချင်။ တင်လျှင်လည်း ပါး စပ်ထဲထွက်သည့် နှုန်းတောင်းသည့် အပြင်ထေ့သလို၊ ရိသလို၊ သရော် မော်ကား ပြောတတ်သော ယာဉ် နောက်လိုက်၏ ပါးစပ်ကို ရင်ဆိုင်ရ သေးသည်။ ပြီးတော့ သွားလိုသော ကားဂိတ်ကို မရောက်ဘဲ လိုင်းကား မှတ်တိုင်မှာသာ ဆင်းရသည်မို့ ပစ္စည်း ပစ္စယတွေနှင့်က အဆင်မပြေပါ။

ယခုဆိုလျှင် ပို၍ ဆိုးသည်ဟု ပြောရပေမည်။ ကားလိုင်းတွေက လမ်းကြောင်းပြောင်းပြေးဆွဲကြပြန် သောအခါ စီးရမည့် မှတ်တိုင်လည်း မသိကြတော့။ ယခင်က နီးသောမှတ် တိုင်လည်း မရှိတော့ဘဲ တစ်ဆင့် အစား နှစ်ဆင့်ပြောင်းစီးကြရသော အခါ ခရီးသည်က အချိန်ရောငွေ ကြေးပါ ကသီလင်တဖြစ်ကြရရှာ သည်။

နယ်မှာလို ဂိတ်အလိုက် ကြိုပို့ စနစ်ရှိစဉ်က အနည်းငယ်စော၍ ရန် ကုန်ကိုဝင်လည်း ကြိုပို့ကားကို စောင့် စီးပါက အောင်ဆန်းကွင်းရောက်လျှင် လင်းပြီဖြစ်၍ အဆင်ပြေလှသည်။ သည်အတွက် ခရီးသွားလက်မှတ်ခ တွင် ကြိုပို့စီးမစီးမေးကာ စီးလိုသူထံ က ကြိုပို့ခကောက်ခံလိုက်ရုံဖြင့် အ ဆင်ပြေသည်။ တက္ကစီခလို တစ်နင့် တပိုးပေးစရာမလိုတော့။ ရန်ကုန် တိုင်း အစိုးရအနေဖြင့် ဤအချက်ကို ပြန်လည်စဉ်းစားသင့်သည်။ အဝေး ပြေးယာဉ်လိုင်းများကို ပိတ်ပင်သော် လည်း ဆူးလေ ဂိတ်မှနေ ၍ အဝေး ပြေးထိ တစ်ဦးလျှင် တစ်ထောင်ပေး ရသော စုပေါင်း တက္ကစီများကိုမူ ခွင့် ပြုထားပြန်သည်။

အစိုးရက ပြတ်ပြတ်သားသား တားမြစ်မည်ဆိုလျှင် ထိုစုပေါင်း တက္ကစီများကိုလည်း တားမြစ်ရပေ လိမ့်မည်။ သို့သော် တစ်ဖက်က ခရီး သွားပြည်သူတို့၏ ဒုက္ခကိုလည်းမ ဖြစ်မနေထည့်သွင်းစဉ်းစားရန်လို   သည်။

ထို့ကြောင့် အစိုးရကိုယ်တိုင် ခေါက် တိုကြိုပို့လုပ်ငန်းတစ်ရပ်ကို သင့်တင့် သော နှုန်းထားဖြင့် ထူထောင်ပေးရန် လိုသည်။ အထူးသဖြင့် ညဥ့်နက်သန်း ခေါင်အချိန်မှ ရန်ကုန်ဝင်သော ခရီးစဉ် များအတွက် ဦးစားပေးစီစဉ်ပေးရမည်။

အဝေးပြေးဂိတ်တွင်းမှ မြို့တွင်း သို့ ဆွဲမည့် တက္ကစီများကို အသိအ မှတ်ပြု ကတ်များထုတ်ပေးထားပြီး ထို ကတ်ပါမှ ကားဝင်းအတွင်း ဝင်ရောက် ကာ ခရီးသည်တင်ဆောင်ခွင့်ပြုလျှင် အလွယ်တကူ လုယက်မှုများ ပြုနိုင် တော့ မည်မဟုတ်ပါ။ တစ်လက် စတည်းမှာပင် အဝေးပြေးဂိတ်မှ မည် သည့် မြို့နယ်သို့ ယာဉ်စီးခမည်မျှဆို သည်ကိုပါ သတ်မှတ်ပေးရပေလိမ့် မည်။

 ပြည်သူများ ခရီးသွားလာရေး အဆင်ပြေစေရန်အလို့ငှာ တစ် ကြောင်း၊ ရာဇဝတ်မှုလျော့ပါးရေးအ တွက်တစ်ကြောင်း ခေါက်တိုကြိုပို့ လုပ်ငန်းကို သက်ဆိုင်ရာ ဂိတ်များမှ ဖြစ်စေ၊ ရန်ကုန်တိုင်း အစိုးရကဖြစ် စေ မဖြစ်မနေ ဆောင်ရွက်ပေးသင့် ပါကြောင်း အသိပေးတင်ပြလိုက်ရပါ သည်။

ဝါဆိုကိုဦး (တောင်ကြီး)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.