24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရင်းနှီးမြှုပ်နှံမှု တိုးတက်နေတဲ့ ဂျာမန် အိမ်ရာဈေးကွက်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ဒါ မြန်မာကွ

(၁)

မကြာသေးမီက ကျွန်တော်မိတ်ဆွေတွေနဲ့ဆုံတော့ ကျွန် တော့်ယူဆချက်ကို ပြောပြပါတယ်။

အဲဒါကတော့ ရွှေအကြောင်းပါပဲ။

 အဝေးရောက် မြန်မာနိုင်ငံသားတွေကို ရွှေလို့ခေါ်ကြပါ တယ်။

 ရွှေဟာ ဘယ်တော့မှ အရောင်မမှိန်ဘူး။

 မြန်မာပြည်ဟာ ရွှေနိုင်ငံလို့ ခေါ်ရလောက်အောင် ရွှေ တွေထွက်တယ်။ နေရာအနှံ့မှာ ရွှေကိုကျင်လို့ ရတယ်။

စားသောက်စရာမရှိရင် ရွှေကျင်လို့ရတယ်။

ကျွန်တော်နဲ့ ကွယ်လွန်သူ ဆရာ ဦးဘသန်းဟက် (ရန်ကုန် တက္ကသိုလ် တွဲဖက်ပါမောက္ခချုပ်ဟောင်း) နဲ့ ရင်းနှီးပါတယ်။

သူ့ဌာနကို လိုက်သွားပြီး ကျောက်စိမ်းအကြောင်း ဆွေး နွေးဖူးတယ်။

သူနိုင်ငံခြားက ပြန်လာတော့ ဖားကန့်မှာ ကျောက်စိမ်းတူး ဖူးတယ်လို့ ဆိုတယ်။

သူက ဘယ်သူမှ မတူးတဲ့ စမ်းချောင်းမှာတူးတယ်။ စမ်း ချောင်းကို ပိတ်ပြီး ရေတွေကိုဆည်ပြီး အောက်ဘက်မှာတူး တယ်။ မအောင်မြင်ဘူး။ ဒါပေမယ့် သူ့အောက်ဘက် စမ်း ချောင်းမှာတူးတဲ့ သူကျတော့ သိန်းထောင်ကျောက်ကြီးရသွား တဲ့ အကြောင်း ပြောပြပါတယ်။

''ဒါက ကံပဲကွ''လို့ သူပြောပါတယ်။ လောဘနဲ့ အပင် ပန်းခံပြီး လုပ်ဖို့မလိုဆိုတာကို သူသဘောပေါက်သွားသတဲ့။

(၂)

အဲဒီနောက်သူ ရန်ကုန်တက္ကသိုလ် ဆရာပြန်လုပ်တဲ့အ ကြောင်း ပြောပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ ကထိက၊ ပါမောက္ခ၊ တွဲဖက်ပါ မောက္ခအထိ တာဝန်ထမ်းဆောင်ခဲ့တယ်။

သူရဲ့ စေတနာကြောင့် သူ့ တပည့်များအပြင် အခြားသော ဌာနမှ တပည့်အများကလည်း ချစ်ခင်ကြပါတယ်။

ကျွန်တော်က ကျောက်စိမ်းကိုမသိပါ။ ကျွန်တော်စိတ်ဝင် စားတာက ရွှေပါပဲ။

ကျွန်တော်က ''ဖားကန့်မှာ ရွှေရောထွက်လားဆရာ''လို့ မေးတော့ သူက ''ပေါမှပေါပေါ့ ဆရာခင်မောင်ညိုရေ၊ ဆင်းရဲ တဲ့ သူတွေသာ ရွှေကျင်ကြတာ''လို့ ဖြေတယ်။

 ''ဘာလို့လဲ ဆရာ''

 ''အဲဒီက ကျောက်စိမ်းတွေရရင် သူဌေးတွေဖြစ်ကြတာ လေ၊ ရွှေက တစ်နေကုန်ကျင်မှ တစ်ရွေးတစ်ပဲရတာ''

 ''ဘယ်နေရာကျင်ကြတာလဲ ဆရာ''

''ဥရုချောင်းမှာ ဘယ်နေရာ ကျင်ကျင် ရွှေရတာပဲ''တဲ့။

ဆရာပြောတော့ ရွှေအကြောင်း ကျွန်တော်ရှာဖွေဖတ်ရှုကြည့်တယ်။

 ပြတ်ရွေ့ကြောတွေဆုံတဲ့ မြန်မာ နိုင်ငံမှာ ရွှေတန်ချိန်သန်းချီရှိတယ်လို့ သိရတယ်။

သုဝဏ္ဏဘုမ္မိဆိုတာ သထုံဒေသ လို့ နားလည်တယ်။ ဒီနေရာ ရွှေရှိမှာ ပေါ့လို့ လေ့လာကြည့်တော့ ထွက်တာ ပေါ့။

ကျိုက်ထိုတစ်ဝိုက်ထွက်တဲ့ ရွှေ ဟာ အမှုန်တွေ မဟုတ်တော့ဘူး။ အချပ်အခဲတွေပါ တွေ့နေရတယ်။

အဲဒီလို လူတွေရွှေရှာနေရင် လယ်စိုက်သူ ဘယ်ရှိတော့မလဲလို့ ပူ ပန်မိတယ်။

(၃)

၁၈၄၉ ခုနှစ်က အမေရိကန်မှာ ရွှေတွေ့တယ်။ လူတွေဟာ ကာလီဖိုး နီးယားကို အပြေးအလွှားသွားခဲ့တယ်။

အဲဒီမှာ သစ်စက်တွေလုပ်ကြ တယ်။ ရှပ်တဲလ်ဆိုတဲ့သူရဲ့ စက်မှာ ရွှေ စတွေ့တာပါပဲ။

သူ့စက်ကို ရေအားနဲ့လည် စေတယ်။ ဒါပေမယ့် သူ့စက်ဟာ သဲ တွေဝင်ပြီး မကြာမကြာ ရပ်သွား တယ်။ ဒီလိုသဲဖယ်ရင်း သူမသင်္ကာ တော့သဲတွေမီးရှို့ကြည့်တယ်။ ဒီအခါ ရွှေဖြစ်နေကြောင်းတွေ့ရတယ်။

ရှပ်တဲလ်ဟာ ချမ်းသာသွားတယ် လို့ မထင်ပါနဲ့။ နောက်ဆုံးလမ်းပေါ် တောင်းစားရတဲ့ဘဝကိုတောင် ရောက်သွားတယ်လို့ ဆို တယ်။ ဆိုလို တာက ရွှေဟာ သစ်ခွဲစက်လောက် သူ့ကို အကျိုးမပေးခဲ့ပါဘူး။ ဒါပေမယ့် မြန်မာတွေကတော့ ရွှေကို ချစ်တယ်။

ဘာကြောင့်လဲ။

၁၉၆၂ ခုနှစ် ဦးနေဝင်း အာဏာ သိမ်းပြီးတဲ့နောက် မြန်မာပြည်မှာ ပိုက်ဆံတွေကို သုံးကြိမ်လောက် တရားမဝင်ကြောင်း ကြေညာ တယ်။

ဒီအတွက် ပိုက်ဆံတွေကို လူ တွေမယုံတော့ဘူး။ ရသမျှ ပစ္စည်း တွေ ဝယ်တယ်။ အဓိကက ရွှေတွေ ဝယ်ကြတော့တယ်။

 ရွှေဟာ မရှိဝမ်းစာ ရှိတန်ဆာ ဆိုတဲ့ စကားရှိတယ်။

 သူ့ကို အချိန်မရွေးရောင်းလို့ရ တယ်။ သိသာလောက်အောင်လည်း ဈေးကျလေ့မရှိဘူး။

 ရွှေဝယ်ရင် အာမခံတဲ့ စာရွက် လည်းရတယ်။ လူတွေယုံတယ်။

 ငွေတွေဖောင်းပွလေ ရွှေတွေ ကျစ်လာလေပဲ။ ဆိုလိုတာက ငွေဈေး ကျရင် ရွှေဈေးတက်တာပါပဲ။

 ''ကျွန်တော်တော့ ရွှေကို သိမ်း တာ သဘောကျတယ်။ ဒါက Hard Currency ပဲ''လို့ သူဌေးတစ်ဦးက ပြောဖူးတယ်။

မှန်ပါတယ်။ အချိန်မရွေး ငွေ ကြေးအဖြစ် ပြောင်းလဲနိုင်တဲ့ ရွှေတုံး တွေကို သူက Currency လို့ သုံးပါ တယ်။

 ဒါကြောင့် စီးပွားရေး ပညာရှင် အချို့ကို ကျွန်တော်မေးကြည့်ပါတယ်။

 ရွှေဟာ Currency ဟုတ်ရဲ့လား''

''ဟုတ်ပါတယ်၊ တစ်ကမ္ဘာလုံး မှာ ရွှေဟာ Currency အနေနဲ့ သတ် မှတ်ထားတယ်''

(၄)

ထိုနေ့က ကျွန်တော့်မိတ်ဆွေက ဖိတ်ကျွေးတဲ့ ညစာ စားပွဲမှာ အနည်း ငယ်မူးနေတဲ့ မိတ်ဆွေက ကန့်ကွက် တာကိုကြားတော့ ကျွန်တော် စိတ်မ ကောင်းပါဘူး။ ကျွန်တော်ပြောတာကို ကန့်ကွက်နေပါတယ်။

 ''တကယ်တော့ ရွှေဟာ Currency ဆိုတော့ အခွန်မကောက်သင့် ဘူး''လို့ ကျွန်တော်ပြောတော့ သူက ''ဒါမြန်မာပြည်ဗျ''လို့ သူပြောပါ တယ်။
သူပြောတော့ ကျွန်တော် အံ့သြ သွားပါတယ်။

ဒါမြန်မာပြည်ပဲ ဆိုတဲ့ စကား ဟာ ဘယ်လောက်အထိတာသွားလဲ။

ထိုအတွေးဟာ ဘာမဆို ကိုယ့် နည်းကိုယ့်ဟန်နဲ့ ကိုယ်လုပ်တယ်ဆို တာကို အားပေးနေသလိုပဲ။

ကျွန်တော်တို့က တတ်နိုင်သ လောက် အမှန်တရားကို မြတ်နိုးတာပါ။

'ဒါဆို မမှန်တာကိုရော'ဆိုတဲ့ မေးစရာ ရှိလာပါတယ်။

သူတို့လို အရာရှိဟောင်းတွေက တော့ ''ဒါမြန်မာပြည်'' ဆိုတဲ့ စကား ကို သဘောကျဟန်တူတယ်။

သူတို့လုပ်သမျှ အပြစ်တွေဟာ မြန်မာပြည်မှာမို့လို့ အပြစ်မဟုတ်ဘူး လို့ ယူဆနေကြဟန်တူတယ်။

ကျွန်တော်စဉ်းစားကြည့်တယ်။

မမှန်တာပြောတာတော့ ကိစ္စမ ရှိပါဘူး။ မမှန်တာတွေလုပ်တာက တော့ ဒိုမီနိုသက်ရောက်မှု (Domino Effect) လိုဖြစ်နေ ပါတယ်။

မီးခိုးကြွက်လျှောက် ပြဿနာ တွေတက်တာကို သတိပြုရပေမယ်။

(၅)

ခုလက်ရှိမှာ မြန်မာပြည်ဟာ အရှေ့တောင်အာရှစီးပွားရေးကွန် ရက် Asean မှာ အဖွဲ့ဝင်နိုင်ငံဖြစ် နေပါတယ်။ အာဆီယံနိုင်ငံ ၁ဝ နိုင်ငံ မှာ ဆင်းရဲတဲ့နိုင်ငံလေးနိုင်ငံရှိတယ်။ ချမ်းသာတဲ့ နိုင်ငံရဲ့ တိုးတက်မှုနှုန်း ဟာ ၈ဝ ရာခိုင်နှုန်းဆိုရင် ကျွန်တော် တို့လို ဆင်းရဲတဲ့ နိုင်ငံတွေရဲ့ တိုး တက်မှုနှုန်းဟာ ၂ဝ ရာခိုင်နှုန်းသာရှိ တယ်။ လေးဆလျော့နည်းနေတာကို တွေ့ရတယ်။ အမှန်တော့ ကမ္ဘာမှာ Asean ဟာ ဖွံ့ဖြိုးမှုအင်မတန်နည်းတဲ့ နိုင်ငံ အုပ်စုဖြစ်ပါတယ်။ ဒီလိုအုပ်စု တွေထဲမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီး ယား၊ ဗီယက်နမ်တို့ဟာ ပိုပြီး ဖွံ့ဖြိုးမှု အင်မတန်နည်းတယ်။

 ဒါဟာ အစိုးရကြောင့်လို့ပြော ရင် တစ်ဖက်ကလည်း ထိုက်တန်တဲ့ အစိုးရကို ရထားတာပဲလို့ ပြောကြပေ မယ်။

မကြာသေးမီက ဒေါ်အောင် ဆန်းစုကြည် မိန့်ခွန်းဟာ အင်မတန် ရှင်းလင်းပြတ်သားပါတယ်။

 ''ပြည့်ဝတဲ့ ဒီမိုကရေစီမဟုတ် သေးသော်လည်း တစ်လှမ်းချင်းလှမ်း နေတယ်။ လုံးဝပြည့်ဝသည့် ဒီမိုက ရေစီဖြစ်အောင် နိုင်ငံသူနိုင်ငံသား များတွင် တာဝန်ရှိတယ်''ဆိုပြီးပြော သွားပါတယ်။

(၆)

 ကျွန်တော်တို့ အားလုံးမှာ တာ ဝန်ရှိတယ်။

 ဥပမာ-အကြောင်းအရာတစ်ခု ကို ဆွေးနွေးတာမျိုးကို ပိတ်ပင်တာ မျိုး (ပိတ်ပင်သကဲ့သို့ဖြစ်အောင်လုပ် တာမျိုး)ပေါ့လေ။ ဥပမာ-တစ် ယောက်က ဆွေးနွေးတယ်။

 ''ရွှေကို ပစ္စည်း Commodity အနေနဲ့ ဘာလို့စဉ်းစားလဲ။ ရွှေတုံးကို ပေါ့။ ရွှေတုံးဟာ Currency ပါ။ လက်ဝတ်ရတနာကသာ Commodity ပါ''

ဒါကို ''ကျွန်တော်တို့ နိုင်ငံက ဆင်းရဲတယ်။ ဒီတော့ ရွှေကို Commodity အနေနဲ့ အခွန်ကောက်ချင် တယ်''လို့ ဆွေးနွေးနိုင်ပါတယ်။ ဒီအ ခါ တစ်ဖက်ကလည်း ''ဒါဆိုရင် စဉ်း စားဆွေးနွေးဖို့ လိုတယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေနဲ့ ရင် ပေါင်တန်းသွားကြရမယ်။ မလိုအပ် ဘဲ ဥပဒေကြောင်းရာကို ပြောင်းရင် ကောင်းပါ့မလား''ဆိုပြီး ဆွေးနွေး သင့်ပါတယ်။

ကျွန်တော်ကတော့ ဒီဝိုင်းမှာ ပါ ဝင်တဲ့ သူတစ်ယောက်ရဲ့သားဟာ ကမ္ဘာ့ဘဏ်မှာ တာဝန်ထမ်းဆောင် သူ ဖြစ်နေလို့ပါပဲ။

ထိုသူဟာ ကမ္ဘာနဲ့အဝန်း ရွှေအ ပေါ် သဘောထားတွေကို သိမှာပဲလို့ ယူဆတယ်။ ဒါကြောင့် ရွှေနဲ့ ပတ် သက်ပြီး စကားချီတာပါ။

သို့သော် စိတ်မကောင်းစွာပဲ နားထောင်လိုက်ရပါတယ်။

 မြန်မာပြည် လူအချို့ရဲ့ ထုံးစံ အတိုင်း 'ငါ့စကားနွားရ' ပြောသလို ပြောတာကိုကြားရတော့ စိတ်မ ကောင်းပါ။

ကျွန်တော်တို့နိုင်ငံကို သူတို့ ကယ်တင်မယ်လို့ စိတ်မကူးတာ ကိစ္စ မရှိပါဘူး။

ဒီလိုမျိုးအခြေအနေမှာ ကယ် တင်ဖို့ စိတ်မကူးတာလည်း ကောင်း ပါတယ်။

ဒါပေမယ့် ဒီမိုကရေစီလမ်း ကြောင်းရောက်အောင် တက်လှမ်း နိုင်အောင် ဖေးမပေးဖို့တော့ နိုင်ငံ သားတိုင်းမှာ တာဝန်ရှိတယ်။

အထူးသဖြင့် အမှားတွေမလုပ် မိကြဖို့၊ မပြောမိကြဖို့ အရေးကြီး တယ်။

(၇)

 မြန်မာပြည်မှာ အမှားတွေအ များကြီး ကျူးလွန်နေတာ အများသိ ကြပါတယ်။

ဥပမာ-မူးယစ်ဆေးဝါးကိစ္စပါပဲ။ မူးယစ်ဆေးဝါးဆိုတာ ဘယ်တော့မှ အမှန်တရားမဟုတ်ပါဘူး။ ယနေ့မှာ မူးယစ်ဆေးဝါးကို မမှန်ကန်တဲ့နည်း တွေနဲ့ ရောင်းဝယ်နေကြတယ်။ ဒါကို Pyramid Marketing လို့ ခေါ်ပါ တယ်။ ဥပမာ-ကျွန်တော်က ကြက် တစ်ပိဿာကို တစ်သောင်းနဲ့ သွား ရောင်းတယ်ဆိုပါတော့။ ဝယ်သူက ငါငွေ ၂ဝဝ ပေးမယ်။ မင်းမူးယစ် ဆေးပြား ၂ဝဝဝဝ ကျပ်ဖိုးပေးလိုက် မယ် ယူမလားဆိုတော့ ကြက်ရောင်း သူဟာ စိတ်ဝင်စားလာတယ်။

သူက ဆေးတွေကို ရောင်းတယ်။ နောက်ကြက်ပြန်ဝယ်တဲ့အခါ ငွေတစ်ထောင်ပေးမယ် မူးယစ်ဆေး ဝါးတစ်သောင်းဖိုး ယူသွားပါလား လို့ ပေးရင် အဲဒီလူက ယူမှာပဲ။ မူးယစ် ဆေးဝါးရောင်းရတာ လွယ်ပြီး အ မြတ်တွေများတာကိုး။

ဒီလိုနဲ့ ဆေးရောင်းတဲ့ သူတွေက ဘာမှမကြိုးစားရဘဲ ဆေးဖြန့်ပြီးသား ဖြစ်သွားတယ်။ မြန်မာပြည်ဟာ ယနေ့ ဆေးစွဲတဲ့ သူတွေများလာနေ ပြီ၊ ထောင်ထဲက လူတစ်ဝက်ဟာ မူးယစ်ဆေးဝါးအမှုနဲ့ ရောက်လာသူ တွေချည်းပါပဲ။

ဖိလစ်ပိုင်မှာတော့ ထောင်ထဲအ ထိ မူးယစ်ဆေးတွေရောက်လာတယ်။

ဒါကို သမ္မတဒူတာတေးက ပြတ်ပြတ်သားသားကိုင်တွယ်လိုက် တယ်။ ပြည်သူတွေလည်း လက်ခံ လာတယ်။

ဒီတော့ ကျွန်တော်တို့က မှန်မှန် ကန်ကန်ဆုံးဖြတ်နိုင်တဲ့ ခေါင်းဆောင် တွေကို မျှော်လင့်နေကြတယ်။

အစိုးရဘာလုပ်နေလဲ၊ ပြည်သူ ကို ရှင်းပြနိုင်ရပါမယ်။

အရင်တစ်ခေတ်ကလို ဒါမြန်မာ ပြည်လေ။ သူလုပ်ချင်တာ သူလုပ် မယ်ဆိုပြီး ငုံ့ခံနေကြရင် ဒီမိုကရေစီ မျှော်တိုင်းဝေးမှာပါ။

ဒါမြန်မာပြည်ပါ။

သို့သော် ကမ္ဘာ့အလယ်ဝင့် ထည့်မယ့် နိုင်ငံပါလို့ ရဲရဲဝံ့ဝံ့ကြွေးကြော်နိုင်အောင် ကြိုးစားကြပါစို့။

ဒေါက်တာခင်မောင်ညို
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.