14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
သူငယ်ချင်းနှစ်ယောက်

တစ်ခါတုန်းက သူငယ်ချင်းနှစ် ယောက်တို့သည် အလုပ်ကိစ္စတစ်ခု ကို အတူတကွ လုပ်ကိုင်ရန် တိုင်ပင် ကြပြီးနောက် ခရီးထွက်လာခဲ့ကြလေ သည်။ ဤသို့နှင့် ကန္တာရကြီးတစ်ခု သို့ ရောက်လာကြသည်။
    ထိုအခါ အနားယူနေကြစဉ် အကြောင်းကိစ္စတစ်ခုကို ဆွေးနွေး ရင်းနှင့် ငြင်းခုံကြလေသည်။ ထိုအခါ စိတ်မထိန်းနိုင်သော သူငယ်ချင်းက ကျန်တစ်ယောက်၏ ပါးကို ရိုက်လိုက် လေသည်။ အရိုက်ခံရသော သူငယ် ချင်းမှာ အတော်နာကျင်သွားသော် လည်း ဘာတစ်ခွန်းမှပြန်မပြောဘဲ သဲပေါ်တွင် တစ်စုံတစ်ရာကို ကောက် ရေးလိုက်သည်။
    ''သည်နေ့ ငါ၏ အချစ်ဆုံး သူငယ်ချင်းက ငါ့ပါးကို ရိုက်နှက် သည်''
    မကြာခင်မှ သူငယ်ချင်းနှစ် ယောက်လည်း ဆက်လက်၍ ခရီး ထွက်လာကြသည်။ အိုအေစစ်စခန်း သို့ ရောက်လာသည်။ ထိုအခါ သူ ငယ်ချင်းနှစ်ယောက်သည် ရေချိုးရန် ပြင်ဆင်ကြလေသည်။ ရေချိုးကြ သောအခါ ပါးရိုက်ခံရသော သူငယ် ချင်းက ခြေချော်ပြီး ရွှံ့နွံအိုင်ထဲကျ  သွားရာ တဖြည်းဖြည်း နစ်မြှုပ်စပြု လာသည်။ ကျန်သူငယ်ချင်းက ခြေ မြန်လက်မြန်နှင့် ဆယ်ယူရလေ သည်။ ရွှံ့နွံထဲတွင် နစ်မြုပ်ရာမှ ပြန် လည်လွတ်မြောက်လာသည့်အခါ ထို သူငယ်ချင်းက ကျောက်တုံးတစ်တုံး ပေါ် စာထွင်း၍ ရေးလေသည်။
    ''သည်နေ့ ငါ့အချစ်ဆုံး သူ ငယ်ချင်းက ငါ့အသက်ကို ကယ်တင် ခဲ့သည်''
    ပါးရိုက်ခဲ့သော၊ အသက်ကယ်ခဲ့ သော သူငယ်ချင်းဖြစ်သူက ကျောက် တုံးပေါ်၌ စာထွင်းရေးနေသော သူကို မေးလိုက်သည်။
    ''မင်းကို ငါက ပါးရိုက်ခဲ့ပြီး နာကျင်အောင်လုပ်တော့ မင်းက သဲ ပေါ်မှာ အဲဒီအကြောင်းကို ရေးခဲ့ တယ်နော်၊ အခုအခါမှာတော့ ဘာ ကြောင့် ကျောက်တုံးပေါ်မှာ စာထွင်း ရေးရတာလဲ''
    ထိုအခါ သူငယ်ချင်းက ပြန် ပြောလေသည်။
    ''တို့နှစ်ယောက်ကြားမှာ တစ် ယောက်က နာကျင်အောင်လုပ်တဲ့ အခါ သဲပေါ်မှာပဲ ရေးသင့်တယ်။ ဒါမှ ခွင့်လွှတ်ခြင်းဆိုတဲ့ လေပြည်က အဲဒီ စာကို အလွယ်တကူ ဖျက်သွားလိမ့် မယ်လေ။ ဒါပေမယ့် တို့နှစ်ယောက် ကြားမှာ တစ်ယောက်ယောက်က ကောင်းတဲ့အမှုကိစ္စ ပြုလုပ်တဲ့အခါ ကျတော့ ကျောက်တုံးပေါ်မှာပဲ စာ ရေးထွင်းသင့်တယ်။ အဲဒီအခါကျ တော့ ဘယ်လိုလေမျိုးကမှ အဲဒီစာ သားကို ဖျက်လို့ မရတော့ဘူးလေ''

တင်ဆွေမိုး
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.