23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
အချစ်ပြီးတော့ နောင်တ

မြို့ကလေးတစ်မြို့တွင် ရိုးသား ဖြူစင်သော မိန်းကလေးတစ်ဦးရှိလေသည်။ သူက ဘဝမြင့်မားရေးအ တွက် စိတ်ကူးအိပ်မက်တွေနှင့် အကောင်အထည်ဖော်ရန် ကြိုးပမ်း နေသူလည်းဖြစ်သည်။သူ့ဝန်းကျင် တွင် ရိုးရိုးသားသားနှင့် ကြိုးစားရင်း အောင်မြင်မှုရနေသော လူငယ်လေး တစ်ဦးလည်းရှိလေသည်။
    ကံကြမ္မာက ဖေးကူသဖြင့် နှစ် ဦးသား တွေ့ဆုံခင်မင်သွားကြသည်။ မကြာခင်မှာတော့ မိန်းကလေးက ထိုလူငယ်အား ချစ်မိသွားပြီး လူငယ် ကလေးကလည်း မိန်းကလေးအားနှစ် သက် မြတ်နိုးသွားလေသည်။
    မိန်းကလေးက ထိုလူငယ်ကလေးအပေါ် အားကိုးမြတ်နိုးသလို သူလိုအပ်သမျှကို လူငယ်ကလေးက လည်း ဖြည့်ဆည်းပေးရှာသည်။ တကယ်တော့ ထိုမိန်းကလေးအပေါ် လူငယ်ကလေးက ကောင်းစွာနား လည်သည်၊ ခွင့်လွှတ်သည်။ ထို့ ကြောင့် ဘာမဆို ကူညီသည်။ လိုချင် တာမှန်သမျှ လုပ်ပေးရှာသည်။ မိန်းကလေးကလည်း လူငယ်လေးအပေါ် ချစ်မြတ်နိုးစွာဖြင့် ပျော်ရွှင်ချမ်းမြေ့ မှုပေးရှာသည်။         
    အိမ်ကို အားကိုးအားထား ပြုနေ ရသည့်ဘဝမှ မိမိကိုယ်ကိုယ်အားကိုး သူဖြစ်လာစေရန် လူငယ်ကလေးက တိုက်တွန်းသည်။ လူမှုပတ်ဝန်းကျင်တွင် ကျင်လည်နိုင်ရန်မည်သို့  မည်ပုံနေထိုင်လှုပ်ရှားရမည်ကို သွန်သင်ဆုံးမသည်။ အောင်မြင်သူတစ် ယောက်ဖြစ်စေရန် အမြဲတမ်းလိုလို လမ်းညွှန်ပေးခဲ့သည်။ နောင်တွင် လူငယ်ကလေးမရှိ သည့်တိုင်အောင် မိန်းကလေးအနေဖြင့် တစ်ယောက် တည်း ရင်ဆိုင်ရပ်တည်နိုင်စေရန် ဖြစ်သည်။
    တစ်ခါတစ်ရံတွင် မိန်းကလေးက တစ်ခုခု အမှားအယွင်းလုပ်မိ သည့်အခါ အပြစ်တင် ဆူပူတာမျိုး တော့ ရှိခဲ့လေသည်။ တကယ်တော့ မိန်းကလေးငယ်ကလေးကို စိတ်တိုင်းကျ သွန်သင်ပြီး ပြီးပြည့်စုံသူတစ် ယောက် ဖြစ်အောင် လုပ်ပေးနေခြင်း ပဲဖြစ်သည်။
    ဤသို့ဖြင့် မိန်းကလေးငယ် လေးသည် တဖြည်းဖြည်းနှင့် အောင် မြင်မှုရလာလေသည်။ လူပုံအလယ် တွင် ထင်ရှားလူသိများလာသလို သူ့အား သဘောကျနှစ်သက်သူတွေလည်း အမြောက်အမြားရှိလာသည်။ အထူးသဖြင့် ထိုမိန်းကလေးမှာ ရုပ်ရည်ရူပကာကလည်း ချောမောလှပ သူတစ်ဦးဖြစ်သဖြင့် သူ့အားနှစ်သက် မြတ်နိုးသူများ ဝိုင်းဝိုင်းလည်နေသည်။ တစ်ချက်ပြုံးလိုက်လျှင် တစ်ဖက်သား ကြေ<ွကကျမတတ် ချစ်မြတ်နိုးသွား ကြရသည့် အလှမျိုး။
    မကြာမြင့်မီအချိန်မှာပင် မိန်း ကလေးငယ်မှာ သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိနေပြီး အောင်မြင်မှုမှာ လည်း ထိပ်ဆုံးသို့ ရောက်လာလေ တော့သည်။ ထိုအချိန်တွင်လည်း လူ ငယ်ကလေးကတော့ သူ့ဘေးတွင် ရှိနေဆဲ၊ အမြဲတမ်း သွန်သင်လမ်း ပြနေဆဲ၊ ပို၍ပို၍အောင်မြင်မှုရ အောင် တွန်းအားပေးနေဆဲရှိသည်။
    သို့သော်လည်း အမျိုးသမီး ကလေးကတော့ သူ့အား ထိုကဲ့သို့ သွန်သင်လမ်းပြနေသည်ကို မနှစ်မြို့ တော့ချေ။ သူ့အနေဖြင့် ဘာမဆို ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လုပ်နိုင်သည်ဟု ထင်မြင်ယူဆလာလေသည်။ လူငယ်ကလေးကတော့ သူ့ ရည်ရွယ်ချက်အတိုင်း မိန်းကလေးငယ်အား တွန်းအားပေးလျက်ရှိသည်။ ထိုအခါ မိန်းကလေးက သူ့အား ဘာကြောင့် ယခုလို လမ်းပြသွန်သင်နေ ရသည်ကို နားမလည်နိုင်အောင်ဖြစ် လာသည်။ သို့နှင့်သူတို့နှစ်ဦးသား မကြာခဏ ဆိုသလို စကားများ လိုက်ရန်ဖြစ်လိုက်နှင့် ဖြစ်လာသည်။ မကြာပါချေ။ မိန်းကလေးက လမ်း ခွဲစကားစတင်ပြောဆိုလာတော့သည်။
    ''ကျွန်မက ရှင်ပြောသမျှကို နားမထောင်နိုင်တော့ဘူး။ ကျွန်မခြေ ထောက်ပေါ် ကျွန်မဘာသာရပ်တော့မယ်။ အခုဆို ကျွန်မကအောင်မြင်မှု အပြည့်အဝရနေပြီလေ။ ကျွန်မအခု အနေအထားကို နှစ်သက်သဘောကျ သူတွေ ကျွန်မဘေးမှာ ဝိုင်းဝိုင်းလည် နေပြီ။ အဲဒါကို ရှင်က သဘောမကျ ဘူးဆိုရင် ရှင်ကျွန်မအနားက ထွက် သွားနိုင်တယ်''
    ထိုစကားက လူငယ်ကလေး ရင်ထဲအသည်းထဲ၌ ထိခိုက်နာကျင် သွားစေခဲ့သည်။ ရိုးရိုးသားသားဘဝ ကတည်းက ချစ်ခင်လာခဲ့ရသူကလေး က ယခုအခါကျမှ သူ့အပေါ် နား လည်မှုမရှိတော့ဘဲ မုန်းတီးသွားမှုကို စဉ်းစားမရဖြစ်သွားသည်။ သူ့အနေ ဖြင့် မိန်းကလေးငယ်အား ကိုယ့်ကိုယ်ကိုယ်အားထားရသူ တစ် ယောက်ဖြစ်အောင် လုပ်ပေးခဲ့သည်။ အောင်မြင်မှုများ ရလာသည့်အခါ မာနတံခွန် ထူလာလေသည်။ အခု အမုန်းစကားတွေပါ ပြောဆိုလာခဲ့ချေပြီ။ လူငယ်ကလေးက ပြန်ပြောလိုက် သည်။
    ''မင်းက အတ္တကြီးလာတော့ မင်းကို ငါဘယ်လောက်ချစ်မြတ်နိုး တယ်ဆိုတာကို မသိတော့ဘူးပေါ့။ မင်းကို ငါက ရိုးရိုးသားသား ကလေး ငယ်ဘဝကတည်းက ချစ်မြတ်နိုးခဲ့ သူပါ။ မင်းဘဝမှာ ဘာမှဖြစ်မလာခင် ဘာအောင်မြင်မှုမရခင်ကတည်းက ငါက ချစ်ခဲ့သူပါ။ ငါ့ရည်ရွယ် ချက်က မင်းကို အားပေးဖို့၊ အမှား အယွင်းမရှိစေဖို့ ကူညီပံ့ပိုးခဲ့တာ ပါ။ ငါတို့ဘဝမှာ မအောင်မြင်ကတည်းက အတူတူရှိနေခဲ့တယ်။ မင်းဟာ ငါ့ အတွက် ငါဟာ မင်းအတွက်ဆိုပြီး အတင်းအကျပ်မလုပ်ခဲ့ဖူးဘူး။ ငါက မင်းအတွက် အကောင်းဆုံး လုပ် ပေးခဲ့တယ်။ ငါ့ထက် အောင်မြင်မှု ရအောင် လုပ်ပေးခဲ့တယ်။ ငါ့ဘဝမှာ မှားယွင်းခဲ့တဲ့ အမှားမျိုး မင်းမမှား ရအောင် ငါလုပ်ပေးခဲ့တယ်။ ဒါကြောင့် မင်းကို ငါသွန်သင်ဆုံးမခဲ့တယ်။ ဆူပူအပြစ်တင်ခဲ့တာပါ။ အဲဒါတွေ အားလုံးကို မင်းအေးအေး ဆေးဆေး စဉ်းစားကြည့်ရင်တွေ့လာ မှာပါ''
    လူငယ်ကလေးကတော့ လူ့သဘာဝကို သဘောပေါက်နားလည် ခဲ့ပါသည်။ တစ်ဦးနှင့် တစ်ဦး နား လည်မှုကသာ သာယာပျော်ရွှင်မှုရ နိုင်သည်။ မည်သူတစ်ဦး တစ် ယောက်ကမှ သူတို့ကို ပျော်ရွှင်မှု မပေးနိုင်။
    တကယ်တော့ လူငယ် ကလေး အနေဖြင့် ရင်ကွဲပက်လက် ဖြစ်ရ သည်ကတော့ ပြောပြစရာ စကားလုံး ပင်မရှိတော့။
    မိန်းကလေးငယ်အနေဖြင့် နောက်ပိုင်းတွင် လူငယ်လေး၏ စေတနာကို နားလည်သွားခဲ့ပါသည်။ သို့သော် နောက်ကျသွားပြီဖြစ်သည်။ ဤသို့နှင့် သူ့ဘဝတစ်လျှောက်လုံး နာ ကျင်ကြေကွဲခံစားရလေတော့သည်။

The Dilemma of Love and Regret of Lifetime  ကို ဆီလျော် အောင်ပြန်ဆိုသည်။

တင်ဆွေမိုး
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.