23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ပညာခရီး မနီးဝေး

အကြောင်းရှာ

''ကျွန်တော်တို့ ပညာအကြောင်းကို အမျိုးမျိုးပြောကြတယ်။ ဘာကြောင့်လဲ ကိုဘသစ်''

''ဒီလိုပြောလောက်အောင်လည်း ပညာမှာ ဝိသေသ လက္ခဏာများစွာရှိတာကို တွေ့ရတာကိုး။

ဥပမာအနေနဲ့ အကျိုးအကြောင်း ဆက်စပ်တွေးတတ်တာ ကို ပညာလို့ ယူဆတယ်ဆိုပါစို့။

အကျိုးတွေကို တွေ့နေရတယ်။ ဒီအကျိုးတွေ ဘာကြောင့် ဖြစ်လဲဆိုတဲ့ အကြောင်းကို ရှာတာပညာလို့ ဆိုနိုင်တယ်။

အကြောင်းကိုရှာတာ ပညာပေါ့လေ။ ဒီလိုလည်း မှတ်နိုင်ပါ တယ်''

ကိုဘသစ်က ပညာအကြောင်း ရှည်ရှည်ဝေးဝေးပြောပါ တယ်။

''ဒါပေမယ့် ဒီအကြောင်းကို ကောင်းတဲ့ရလဒ်အဖြစ် ရ အောင် ပြောင်းတတ်ရင် အဲဒီပညာဟာ ပိုပြီး အသုံးဝင်လာပါ တယ်''

''ပညာကို အသုံးချတာလား''

''အချို့က အသုံးချလို့ရတာကို ပညာလို့ ခေါ်ကြတယ်။ ဒါကို အသုံးချပညာလို့ခေါ်နိုင်ပါတယ်''

''မမှန်ဘူးလား''

''မှန်တော့မှန်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အဓိပ္ပာယ်သတ် မှတ်ချက်ကတော့ ကျွန်တော့်ယူဆချက်နဲ့ လွဲနေတယ်ထင်ပါ တယ်။

ဥပမာ လူတစ်ယောက်ဟာ ကားပြင်တတ်တယ်ဆိုရင် ကားဘာကြောင့်ပျက်လဲ၊ ဘယ်နေရာမှာ ပျက်လဲ၊ ဘာလို့ပျက်လဲ ဒါတွေကို ဆက်စပ်တွေးခေါ်တာကို ပညာလို့ ခေါ်နိုင်ပါတယ်''

''ဒီပညာကနေ ပိုက်ဆံရတာပဲ မဟုတ်လား''

''ကားပြင်တတ်ရင် ပိုက်ဆံရပါတယ်။ ဒါကို ပစ္စည်းဖိုးနဲ့ လက်ခပေးတယ်လို့ ခေါ်တယ်။ လက်သမားတို့ ပန်းရံတို့ဟာ လက်ခရ တာပါပဲ။ အချို့နေရာမှာတော့ ဒီလိုမခေါ်ဘူး''

''လုပ်အားခလား''

''ဥပမာ ကျောင်းသားတစ်ယောက်ဟာ အမှတ်ကောင်း ကောင်း လိုချင်တယ်။ ဒါကြောင့် စာသင် တော်တဲ့ လူကို ခေါ်ပြီး အိမ်မှာ စာသင်တယ်။

ဆရာက ကျောင်းသား သင်္ချာ ညံ့တယ်ဆိုရင် သင်္ချာကို ဖိသင်ပေးတယ်။ ဂုဏ်ထူးနဲ့အောင်သွားတယ်။ သူက စာသင်ပေး တဲ့ ဆရာကို ပိုက်ဆံပေးတယ်။ ဒါကို Óဏ်ပူဇော်ခလို့ ခေါ် တယ်''

''ပညာတွေပဲပေါ့ ဟုတ်လား''

''ဟုတ်ပါတယ်။ ဒါတွေဟာ အ ကြောင်းတွေကို ဖော်ထုတ်လို့ရတဲ့ ရလဒ်ပါပဲ''

အကြောင်းကို ပြုပြင်

ကိုဘသစ်ပြောတာတွေကို ကျွန် တော် မှတ်ထားခြင်းဖြစ်တယ်။ ကား ပျက်ရင်ကားဘာကြောင့်ပျက်လဲရှာ တယ်။ အကြောင်းရှာပြီး ရလဒ် ကောင်းအတွက် လုပ်ဆောင်တယ်။ ဒါတွေဟာ ပညာတွေပါပဲ။

ကိုဘသစ်က ကျွန်တော့်ကို ပြန် မေးတယ်။

''ဆရာညို၊ ပညာနဲ့ ပတ်သက် တဲ့ အကြောင်းရှာတာကို သဘော တွေ့လား''

''ကိုဘသစ်ပြောတာ မှန်ပါ တယ်''

 ''ကျွန်တော်ကတော့ အကြောင်း ကို ဒီထက်ပိုပြီး လေးလေးနက်နက်ရှာ နိုင်မှ အဲဒီသူကို ပညာရှိလို့ ခေါ်ချင် တယ်။

ကျွန်တော်ဆိုလိုတာက အ ကြောင်းကိုတော့ တွေ့မြင်သိရှိတယ်။ ဒီအကြောင်းကို လူတွေအတွက် ပိုပြီး အကျိုးရှိအောင် ပြုပြင်ပြောင်းလဲပေး လို့အောင် ကြိုးစားနိုင်တယ်ဆိုရင် သူ့ကို ပညာရှိလို့ ခေါ်ချင်တာပါပဲ''

 ''ဘယ်လိုမျိုးလဲ ပြောပါဦး''

''မကြာသေးမီက ကျွန်တော် မုံရွာရောက်သွားတယ်။ မုံရွာမြို့အဝင် မှာ မအူဆိုတဲ့ အရပ်ရှိတယ်။ သူတို့ ဟာ လမ်းဘေးမှာ မြေပဲဆားလှော် တွေ ရောင်းကြတယ်။ ဈေးလည်း အင်မတန်ပေါတယ်။ ဒါနဲ့ ဆက်စပ် ပြီး ကျွန်တော်က အမေရိကန်စိုက်ပျိုး ရေးပညာရှင်ပေါ့လေ။ ဂျော့ခ်ျဝါရှင် တန် ဘာဗာကို သတိရတယ်။ ဂျော့ခ်ျ ဝါရှင်တန် ဘာဗာဟာ လူမည်း စိုက် ပျိုးရေးပညာရှင်ပါ။

သူဟာ အမေရိကန် ပြည် ထောင်စုမှာ သီးနှံအထွက်ကျနေတာ ကို လေ့လာပြီး အလှည့်ကျစိုက်ပျိုး ရေးကို တီထွင်ခဲ့တယ်။ ဥပမာ ဒီမြေ ပေါ်မှာ ပြောင်းချည်းပဲနှစ်စဉ်စိုက်ရင် အထွက်နှုန်းကျသွားတယ်။ ဒီတော့ ကြားညှပ်ကာ မြေပဲ တစ်လှည့်ပြောင်း တစ်လှည့် စိုက်ရင်ဖြင့် အထွက်တိုး တယ်ဆိုတာကို တင်ပြခဲ့တယ်။ ဒီအ တွက် အမေရိကန်ပြည်ထောင်စုမှာ သီးနှံတွေ စိုက်ပျိုးမှုအဆင်ပြေလာ တယ်''

''ဒီနည်းကို ကျွန်တော်တို့ဆီ လည်း သုံးလို့ရတာပေါ့နော်''

''ရတာပေါ့၊ ခုအချိန်မှာ နွေစပါး မိုးစပါး ဆောင်းစပါးဆိုပြီး စပါးပြီး စပါးစိုက်ကြတာ မှားတယ်''

''ဓာတ်မြေသြဇာ ထည့်လို့မရ ဘူးလား''

 ''ရပါတယ်။ ဒါပေမယ့် ဘေး ထွက်ဆိုးကျိုးတွေ အများကြီးပဲ''

ရေခဲ

''ဆရာညိုကို စိတ်ဝင်စားစရာ တစ်ခု ပြောရဦးမယ်။ အရင်တစ် ခေတ်က ရေခဲဆိုတာ ဇိမ်ခံပစ္စည်ူးကထကမပ ထဲမှာပါတယ်''

''ဘာကြောင့်လဲ''

''လွန်ခဲ့တဲ့ အနှစ် ၁ဝဝ လောက် က ရေခဲကို လူတွေ မလုပ်နိုင်ဘူး''

 ''ရေခဲကို လိုချင်ရင် ဘယ်လို လုပ်လဲ''

''ရေခဲကို လိုချင်ရင် ရေခဲ တောင်တွေကနေ သယ်ယူလာရ တယ်။ အမေရိကန် ပြည်ထောင်စုလို နိုင်ငံတွေက မြောက်ပိုင်းမှာ ဆောင်း တွင်းဘက်ရေခဲတယ်။ အဲဒီ ရေခဲတွေ ကိုခွဲပြီး ဖွဲတွေနဲ့အုပ်ပြီး တောင်ပိုင်းကို ပို့ဆောင်ရတယ်။ တစ်နှစ်ပတ်လုံး ဒီလိုရောင်းကြတယ်''

''ဈေးကြီးမှာပေါ့''

 ''ကြီးတာပေါ့။ ဒါကြောင့် ရေခဲ ဆိုတာ ဇိမ်ခံပစ္စည်း Luxury လို့ ပြောတာပါ။ ဒါပေမယ့် ရေခဲဟာ သားငါးတွေအသီးအရွက်တွေကို လတ်ဆတ်အောင် သိုလှောင်တဲ့ နေရာမှာ အထောက်အကူပြုတယ်။ ဆေးပညာမှာလည်း အတော်လေးကို အရေးပါတယ်''

''ဒီနေ့တော့ ရေခဲကို အလွယ် တကူရနေတာပဲ''

''ဟုတ်တယ်။ ဒါဟာ ပညာရှင် တွေရဲ့ စွမ်းဆောင်ချက်ပေါ့။ သူတို့က အအေးအတွက် စဉ်းစားတာပါ။ အေး ရင်ရေခဲတာပေါ့။

 ရေဟာ 32 F သို့မဟုတ်  0.C မှာ ခဲတယ်။ ရေဟာ အေးရင်ခဲတာပါပဲ။ ဒါဆိုရင် ပူတဲ့ အရပ်တွေမှာ အေး အောင် လုပ်နိုင်ရင် ရေခဲရမှာပေါ့''

''ဟုတ်ပြီ ဒီလို အေးအောင် ဘယ်လိုလုပ်မလဲ''

''ပညာရှင်တွေ လေ့လာတဲ့အခါ အရည်တစ်ခုဟာ အငွေ့ပြန်သွားရင် အပူကို စုပ်ယူသွားပြီး အအေးကို ချန်ထားတယ်။

ဒီတော့ အငွေ့ပြန်လွယ်စေတဲ့ အရည် (အမိုးနီးယား၊ ဖရီယွန်) စတာ တွေကို အငွေ့ပြန်စေပြီး အအေးဓာတ် ကို ရယူစေနိုင်တယ်။ ဒီလိုနဲ့ ကျွန် တော်တို့အတွက် ရေခဲသေတ္တာတို့ ရေခဲစက်တို့ကို တီထွင်နိုင်ခဲ့တာပဲ''

''အလုပ်ဖြစ်တာပဲ''

အလုပ်လုပ်မှ

''ခင်ဗျားပြောတာကို သဘော ကျတယ်၊ အလုပ်ဖြစ်တယ်ဆိုတာ အင်မတန်ကောင်းတယ်။ ကျွန်တော် တို့ဟာ အလုပ်ဖြစ်ဖို့အတွက် အလုပ် လုပ်ကြရတယ်။ ပထမဆုံး တီထွင်မှု တွေ အလုံးစုံကောင်းမွန်သေးတာ တော့ မဟုတ်သေးဘူး။ အဆင့်ဆင့် ဆောင်ရွက်ရတယ်။ ပစ္စည်းအသစ် တွေတစ်ခုပြီးတစ်ခု တီထွင်ပြီး ပြုပြင် မှု ပြုရတယ်''

''ကျွန်တော်တို့ မော်တော်ကား တွေလိုပေါ့နော်''

''မှန်တယ်။ အရင်ခေတ်က မော် တော်ကားဟာ လှည်းကြမ်းကြီးစီးရသ လိုပဲ။ လမ်းတွေမှာလည်း ခဏခဏ ပျက်တယ်''

''ခုခေတ်မှာတော့ တကယ့်ကို ဇိမ်ခံကားတွေပေါ်လာတယ်။ အဝေး ပြေးကားတွေ မှန်လုံကားတွေမှာ ငြိမ့် ငြိမ့်ညောင်းညောင်းနဲ့ သွားကြတယ်''

 ''ဒါပေမယ့် မြန်မာပြည်က အဝေးပြေးလမ်းမကြီးမှာ မကြာခဏ မှောက်တယ်မဟုတ်လား''

 ''ဟုတ်တယ်။ ဒီလိုဖြစ်ရတာ ဘာကြောင့်လဲဆိုတဲ့ အကြောင်းရှာဖို့ လိုတယ်''

 ''သိပ်တော့မခက်ဘူး ထင် တယ်''

 ''ဘာလို့ မခက်ဘူးထင်တာလဲ''

လူတကာအတွက် မခက်တာပဲ လေ၊ ကျွန်တော်တို့ကျမှ အခက်အခဲ တွေ များရမှာလား''

လိုအပ်ချက်တွေ

ကိုဘသစ်ပြောတာကို စဉ်းစားမိ ပါတယ်။

သူဆက်ပြောပါတယ်။

''ကျွန်တော် နိုင်ငံခြားမှာ နေစဉ် က အဝေးပြေးလမ်းတွေမှာ သွားဖူး တယ်။ ကိုယ်ပိုင်ကားနဲ့လည်း သွားဖူး တယ်။ မှန်လုံ ကားကြီးတွေနဲ့လည်း သွားဖူးပါတယ်။ သူတို့မှာ ပြဿနာ မရှိကြဘူး''

''သူတို့မှာက ကားလည်းကောင်း လမ်းတွေကလည်းကောင်းတာကိုး''

''ကားတွေကို သေသေချာချာ ကြံ့ခိုင်မှုစစ်ထားတယ်။ လမ်းတွေကို လည်း ပညာရှင်များက အသေအချာ ခင်းတယ်။ ပြီးတော့ အဲဒီမှာ လူတွေ လည်း ကောင်းတယ်။ စည်းကမ်းရှိ တယ်ဆိုတာလည်း ထည့်ပြောရမယ် ထင်ပါတယ်။ အထူးသဖြင့် ကျွန် တော်တို့ဆီက ယာဉ်မောင်းတွေဟာ ယာဉ်မောင်းသင်တန်းတွေ မတက်ဖူး ကြဘူး။ မောင်းတဲ့ စနစ်တွေက သိပံ္ပ နည်းမကျဘူး။ ခေတ်ပြောင်းလဲတဲ့ အချိန်မှာ ယာဉ်မောင်းတွေ ကားတွေ  အသစ်ပြောင်းကိုင်တိုင်း သင်တန်း ပေးသင့်တယ်''

''ဒါတော့ ကျွန်တော်ထောက်ခံ တယ်။ အဝေပြေးကားတွေဟာ ဆောင်းတွင်းအညာဘက်သွားရင် အင်မတန်အေးတာပဲ။ စောင် အထပ်ထပ်ခြုံရတယ်။ တကယ်တော့ ဥရောပတို့ ကနေဒါတို့မှာ ဒီလိုသာ ဆိုရင် သေကုန်မှာပေါ့''

''မှန်ပါတယ်။ ကားထဲမှာ အပူ အအေးမျှတအောင် ဘယ်လို လေပူ လေအေးပေးရမယ်ဆိုတာကို သူတို့ မသိကြဘူး''

''သူတို့ မသိတော့ ခရီးသွားတွေ ပဲ ခံစားရတာပေါ့''

''ဟုတ်တယ်၊ နောက်မှားနေတဲ့ အထဲမှာ အချက်ပြစနစ်ပါပဲ။ အဝေး ပြေးလမ်းမှာ ကျော်တက်ဖို့ အချက်ပြ တယ်ဆိုရင် ရှေ့ကားက ဘယ်ဘက် ကို အချက်ပြမီးပြတယ်။ သာမန်ဆို ရင် သူက ဘယ်ကွေ့မှာပေါ့။ ဒါပေ မယ့် အဝေးပြေးလမ်းတွေမှာ ဒီလို အချက်ပြရင် ကျော်တက်မယ်လို့ ပြော တာ မဟုတ်လား''

''ဟုတ်ပါတယ်။ တကယ်တမ်း မိမိဘယ်ဘက်ကို ကွေ့မယ်ဆိုပြီး အ ချက်ပြထားရင် တစ်ဖက်ကားက ကျော်တက်ဖို့ အချက်ပြတယ် ထင်ရင် တိုက်ကုန်မှာပေါ့''

''ဒါမျိုးတကယ်ရောရှိလား''

''ရှိပါတယ်။ ဒီလို ယာဉ်တိုက်မှု ကြောင့် အသက်ဆုံးရှုံးမှုတွေဖြစ် တယ်။ ကျွန်တော်တို့ဆီမှာ အရွယ် ကောင်းတွေ ယာဉ်မတော်တဆမှုနဲ့ သေဆုံးသူတွေအများကြီးပါပဲ။ ဆရာ ဝန်တွေ၊ အင်ဂျင်နီယာတွေ၊ အနုပညာရှင်တွေ၊ လူငယ်တွေ အ များကြီး ပါပဲ။ နှမျောစရာအင်မတန် ကောင်းတယ်''

 ''ယာဉ်ဆိုတာဟာ လိုရာကို ပို့ ဆောင်ပေးဖို့ပါ၊ သေရွာကို ပို့ဆောင် ပေးဖို့ မဟုတ်ဘူး။ ယာဉ်အိုယာဉ် ဟောင်းတွေ၊ အဆင့်မမီတဲ့ စက်မှု ဇုန်ကားတွေဟာလည်း အန္တရာယ် ရှိတာပဲ''

''ကျွန်တော်တို့ဟာ ယာဉ်မောင်း တွေကိုရော ယာဉ်တွေကိုရော ခရီး သွားဖို့အတွက် အဆင့်သင့်ဖြစ် အောင် အမြဲပြင်ဆင်ထားသင့် တယ်။ အထူးသဖြင့် ယာဉ်မောင်းတွေဟာ တာဝန်ယူတဲ့စိတ် ရှိရမယ်။ ယာဉ် မောင်းအများစုဟာ ယာဉ်တိုက် တယ် ဆိုရင် ထွက်ပြေးတော့တာပဲ။

ဘာလို့ ပြေးလဲဆိုရင် လူတွေ အရိုက်ခံရမှာစိုးလို့တဲ့။ အဲဒီလို ဝိုင်း ရိုက်တဲ့ခေတ် ကုန်သင့်ပါပြီ။ ဘတ်စ် ကားတွေမှာ ယာဉ်နောက်လိုက်တွေ က ခရီးသည်ကိုရိုက်၊ ခရီးသည်က လူစုပြီး ယာဉ်လုပ်သားတွေကို ရိုက် နဲ့ အမိုက်သံသရာလည်နေတယ်''

နိဂုံး

ပညာအကြောင်းရေးနေတာ  ပါ။

 ပညာဟာ အကြောင်းရှာခြင်းပါ ပဲ။ ကျွန်တော်ခရီးသွားတဲ့အခါ ပြဿနာဖြစ်ရတဲ့အကြောင်းရှာတယ်။

 လူချင်းအတူတူ  ခရီးသွားမှပဲ ကျွန်တော်တို့က ဘာလို့ တန်ဖိုးတွေ ကျသွားရတာလဲ။

 ပြဿနာဖြစ်နေရတာ ဘာ ကြောင့်လဲ။

အကြောင်းရှာတော့ ခေါင်းမှာ ချာချာလည်နေပါတယ်။ တကယ် တော့ အကြောင်းကို လိုတဲ့ပုံရောက် အောင် ပြုပြင်ကာ ဘဝမှာ ပညာ ခရီးသွားနိုင်ကြပါစေ။

ဒေါက်တာခင်မောင်ညို
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.