25-5-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ကလေး ခရိုင်အတွင်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း သစ်ထုတ်လုပ်ခွင့်ပြုမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1012
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ဖိနပ်အပ်ခအတွက် ဂေါပကအဖွဲ့များက အလှူခံကြဦးမတဲ့

မြန်မာနိုင်ငံတစ်ဝန်းရှိ တန်ခိုးကြီး ဘုရားအများစုတွင် ဖိနပ်အပ်သည့် ဌာနများရှိကြသည်။ ယင်းဌာန များတွင် ဘုရားဖူး လာရောက်ကြသူ များသည် အခကြေးငွေပေး၍ ဖိနပ် များအပ်ထားကြရကာ ဘုရားကြည် ညိုဖူးမြော်ကန်တော့ကြရသည်။

ယင်းဖိနပ်အပ်လက်ခံသည့် လုပ်ငန်းများကိုလည်း ဘုရားဂေါပက အဖွဲ့များ၏ စီစဉ်ကြီးကြပ်မှုဖြင့် လေ လံဆွဲစေခြင်း၊ ကန်ထရိုက်ပေးခြင်း ကာလအကန့်အသတ်သတ်မှတ်ကာ ရန်ပုံငွေ ရှာဖွေခဲ့ကြသည်။ ရရှိသည့် ဖိနပ်အပ် လုပ်ငန်း လေလံရန်ပုံငွေ၊ ကန်ထရိုက် ရန်ပုံငွေများကို သက် ဆိုင်ရာ ဘုရားစေတီပြုပြင် ထိန်း သိမ်းခြင်း၊ တိုးချဲ့အဆောက်အအုံ ဆောက်လုပ်ခြင်း၊ ဝန်ထမ်း လစာပေး ခြင်းနှင့် အခြားအထွေထွေ သုံးစွဲခြင်း များအတွက် ခွဲဝေချထား အသုံးပြုကြ သည်။ များသောအားဖြင့် ဖိနပ်အပ်နှံ ခြင်းလုပ်ငန်းအား လေလံပစ်ခြင်း၊ ကန်ထရိုက် စနစ်ချထားပေးခြင်းတို့ တွင် အချိန်ကာလ အကန့်အသတ် အား တစ်နှစ်တစ်ခါ ခွင့်ပြုဆောင် ရွက်ခွင့်ပေးကြခြင်းက များသည်။

ယခုအခါ မြန်မာနိုင်ငံတစ်ဝန်း ရှိ တန်ခိုးကြီးဘုရားများတွင် ဖိနပ် အပ်သည့် လုပ်ငန်း လုပ်ကိုင်ခွင့်ရ သည့် လေလံအောင်ထားသူများ၊ ကန် ထရိုက်စာချုပ်များ သက်တမ်းကုန် ဆုံးပါက ပြန်လည်ရုပ်သိမ်းတော့မည် ဟု သိရသည်။ သက်တမ်းကုန်ဆုံး သွားသည့် ဖိနပ်အပ်လုပ်ငန်း လုပ် ကိုင်သူများသည် သက်ဆိုင်ရာ ဘုရား ဂေါပက အဖွဲ့များထံ လုပ်ငန်းပြန် လည် အပ်နှံရမည်ဖြစ်ပြီး ယင်းဖိနပ် အပ်လက်ခံသည့် လုပ်ငန်းများကို ဂေါပကအဖွဲ့က တိုက်ရိုက်စီမံကွပ်ကဲ လုပ်ကိုင်သွားတော့မည်ဟုလည်း သိရ သည်။

ယင်းအစီအစဉ်ကို သာသနာ ရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သာ သနာရေး ဦးစီးဌာနက စီစဉ်ညွှန်ကြား လမ်းညွှန်ခြင်းဖြစ်သည်။ တန်ခိုးကြီး  ဘုရားအများစုတွင် ကန်ထရိုက်ချ ထားပေးသော၊ လေလံဆွဲခြင်းဖြင့် လုပ်ကိုင်ခွင့်ရနေကြသော ဖိနပ်အပ် လုပ်ငန်း လုပ်ကိုင်သူများကြားတွင် အ ရှုပ်အရှင်း ပြဿနာရှိနေသည်ဟူ သော သတင်းများလည်း မကြာခဏ ပေါ်ပေါက်ခဲ့သည်။ ဘုရားဖူး ဧည့် သည်များအတွက် ဖိနပ်အပ် အခ ကြေးငွေ တောင်းခံရာတွင်လည်း မကြာခဏ စိတ်အနှောင့်အယှက်ဖြစ် နေရပြီး တိုင်တန်းမှု များ လည်း များ ပြားလာနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ယင်းကိစ္စများကြောင့် ဖိနပ် အပ်လက်ခံပြီး အခကြေးငွေ ကောက် ခံနေသည့် လုပ်ငန်းများကို သက် တမ်းကုန်ဆုံးလျှင် လုပ်ကိုင်ခွင့် ရပ် နားထားလိုက်ပြီး ဘုရားဂေါပက အဖွဲ့ များက ဆက်လက်စီစဉ်ဆောင်ရွက် ကြရမည်ဟု သာသနာရေး ဦးစီး ဌာနက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ သာသနာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦး ဖြစ်သူ ဦးအောင်ဆန်းဝင်းက ''မြန်မာ နိုင်ငံတစ်ဝန်းမှာရှိတဲ့ တန်ခိုးကြီး ဘုရားတွေ အားလုံးပါ ပါတယ်။ ကန် ထရိုက်သက်တမ်းကုန်သွားရင် သက် ဆိုင်ရာ ဂေါပက အဖွဲ့က စီမံရမှာပါ။ ဂေါပက အဖွဲ့တွေကတော့ ကန်ထ ရိုက် ဘယ်လောက်အထိ ပေးထားလဲ မသိဘူးခင်ဗျ။ တန်ခိုးကြီး ဘုရားတွေ က  အများကြီးရှိတော့ သူတို့က ဘယ်လို ကန်ထရိုက်မျိုးပေးထား လည်း ကျွန်တော်တို့က မသိနိုင်ဘူး လေ။ ဘုရားတစ်ဆူနဲ့ တစ်ဆူလည်း တူလည်း မတူနိုင်ဘူး။ ဥပမာ-ဒီလ ကုန်မှာ ပေးထားတယ်ဆိုရင် နောက် လတစ်ရက်နေ့က စပြီးတော့ ဖြစ်မှာ ပေါ့။ ဥပမာကို ပြောတာပါ။ သူတို့က ဒီဇင်ဘာလကုန်အထိ ကန်ထရိုက် သက်တမ်းပေးထားရင် ဇန်နဝါရီ ၁ ရက်ကစပြီး ဘုရားဂေါပက အဖွဲ့က အဲဒီလုပ်ငန်း စတင် စီမံကိုင်တွယ်ရ မှာပါ'' ဟု ဆိုသည်။

တန်ခိုးကြီးဘုရားများရှိ  ဖိနပ် အပ်နှံသည့် လုပ်ငန်းများကို ဂေါပက အဖွဲ့က စီမံကိုင်တွယ်ခြင်းကို  ယခုအ ခါ ရန်ကုန်မြို့ ဆူးလေစေတီတော် တွင် ဖေဖော်ဝါရီ ၁ ရက်က စတင် ဆောင်ရွက်နေပြီဟုလည်း သိရ သည်။ ယင်းစေတီတော်တွင် ဆူးလေ  စေတီဂေါပကအဖွဲ့က တိုက်ရိုက်ဝန် ထမ်းခန့်ထားပြီး ဖိနပ်အပ် လက်ခံ ခြင်းအတွက် အခကြေးငွေ သတ် မှတ်မထားဘဲ စေတနာရှိ သလောက် မှန်ပုံးထဲသို့ အလှူငွေထည့်ဝင်သည့် နည်းဖြင့် ဆောင်ရွက်နေသည်။

ယင်းသို့  ဖိနပ်အပ်နှံခြင်းကိစ္စ အတွက် အခကြေးငွေတစ်စုံတစ်ရာ မပေးရဘဲ စေတနာရှိသလောက် ထည့်ဝင်လှူဒါန်းခြင်းမျိုးသည် ကောင်းမွန်သည့်စနစ်ဖြစ်သည်။ ယင်းကို နဂိုကတည်းက ဆောင်ရွက် သင့်သည်။ နဂိုကတည်းက မဆောင် ရွက်နိုင်ခဲ့ခြင်းသည် ဘုရားဂေါပက အဖွဲ့အချို့၏ အကျင့်ပျက်ခြစားနေ ကြခြင်းကြောင့်လည်း ဖြစ်သည်ဟု အတွင်းကျကျသိထားကြသူများက ဝေဖန်ထောက်ပြ ထားကြသည်။

တန်ခိုးကြီး ဘုရားအများစု၏ ဂေါပက အဖွဲ့လူကြီးမင်း အချို့သည် တန်ခိုးကြီးပါသည်ဆိုသည့် ဘုရားစေ တီကို အကြောင်းပြုပြီး မတော် လောဘ စီးပွားရေးရှာခဲ့ခြင်းများ ရှိခဲ့သည်။ ဘုရားစေတီကို အကြောင်း ပြုပြီး အမျိုးမျိုးသော ခေါင်းစဉ်များ ဖြင့် အလှူခံ မှန်ပုံးထောင်၊ ဖလား ခွက်ထိုးခံခြင်းများဖြင့် ဖလားဝါးခဲ့ ကြသည်။ မှန်ပုံးဝါးခဲ့ကြသည်။ ထို့ပြင် ဘုရားဝတ္တက မြေများကို အသုံးချပြီး လုပ်ငန်းအမျိုးမျိုး အကြောင်းပြကာ ကန်ထရိုက်ပေးခြင်း၊ လုပ်ငန်းလိုင်စင် ထုတ်ပေးခြင်းများဖြင့် ကိုယ်ကျိုးစီး ပွားရှာခဲ့ကြသည်။ ယင်းတို့သည် ယမန်နှစ်က ဟိုးလေးတကျော် ဖြစ် ပွားခဲ့သည်။ မြန်မာနိုင်ငံ တစ်နံတစ် လျား ဗုဒ္ဓဘာသာဝင်များအဖို့လည်း အခြားဘာသာကိုးကွယ်သူများကြား တွင် အရှက်ရခဲ့ကြရသည်။ ''သြော်-ဗုဒ္ဓဘာသာမှာလည်း ဘာသာတရား ယုံကြည်ကိုးကွယ်မှုကို ခုတုံးလုပ်ကာ ကိုယ်ကျိုးစီးပွားရှာခဲ့ကြပါလား''ဟူ၍ လည်း မှတ်ချက်ပေးခံခဲ့ရသည်။

ယခုလည်း ဘုရားဖူး ဧည့်သည် များ ဖိနပ်အပ်နှံသည့် လုပ်ငန်းများက ရရှိလာသည့် ရန်ပုံငွေကို အချို့သော ဂေါပက လူကြီး တစ်ဦးစ၊ နှစ်ဦးစက ဝါးတီးဖွင့်သည်၊ စာရင်းဖျောက်သည်၊ ရှင်းရှင်းလင်းလင်းမရှိ၊ ပွင့်လင်းမြင် သာ ထုတ်ဖော်မပြဟု ဆိုနေကြပြန် သည်။

ဖိနပ်အပ်လုပ်ငန်း လုပ်ကိုင်ခွင့် ရသူများသည် ဖိနပ်အပ်နှံခ အခ ကြေးငွေတောင်းခံရာတွင်လည်း  စည်းမဲ့ကမ်းမဲ့၊ ဣနြေ္ဒမဲ့စွာ အရဲအ တင်းတောင်းခံခြင်းများကြောင့် အရှက်ရခဲ့ရသည့် အဖြစ်များလည်း ဖြစ် ပေါ်ခဲ့ဖူးသည်။ ယင်းအဖြစ်များကို မျက်မြင်ကိုယ်တွေ့ရှိ ခဲ့သည့် ဆူးလေ စေတီတော်ဂေါပကအဖွဲ့ရုံး အဖွဲ့မှူး တစ်ဦးက ယခုလို သုံးသပ်ပြောကြား ထားသည်။

''ဂေါပက အဖွဲ့ကတော့ စာချုပ် ထဲမှာ ဖိနပ်တစ်ရန်ကို ကျပ် ၁ဝဝ ကောက်ပါလို့ သတ်မှတ်ထားတာကို သူတို့က လူသုံးယောက် လာရင် ၃ဝဝ၊ အိတ်တစ်လုံးတည်း လာအပ်လည်း ၃ဝဝ ပဲ။ လူငါးဦးဆို ငါးရာ၊ အချို့ရင် မိသားစုလိုက် တက်လာကြတာ။ ကလေးတွေလည်းပါတယ်။ ၁၅ ဦး၊ ၁၆ ဦးလောက်ရှိတယ်။ အဲဒါကို ကန်ထရိုက်က အတိအကျလိုက် ရေတွက်ပြီးတော့ အတိအကျ လိုက် တောင်းတော့တာပဲ။ နောက်ပိုင်းကျ တော့ တိုင်တာတောတာတွေများလာတယ်။ မဖြစ်တော့ဘူးဆိုပြီး အခုလို စနစ်မျိုးလုပ်ရ တာပါ။ ဖိနပ်အပ်ခ မပါဘူးဆိုရင်လည်း မှန်ပုံးထဲ မထည့် နဲ့ရတယ်။ အခုစနစ်က အောင်မြင်ပါ တယ်။ အချို့ဆိုရင် ကျပ် ၁ဝဝဝ၊ ၁၅ဝဝ အထိ  ထည့်လှူသွားတာ တောင်ရှိတယ်။ တစ်ပတ်တစ်ခါ၊ နှစ် ပတ်တစ်ခါ ဖောက်ရေတွက်ပါတယ်။ တစ်ခါရေရင် ကျပ် ၁ဝ သိန်း အထက်မှာရှိတယ်''ဟု ဆိုသည်။

အမှန်တော့ ဘုရားဖူးလာသူ ဧည့်သည်များအတွက် ဖိနပ်အပ်ခဟူ သည် သဒ္ဓါကြေးသာ ဖြစ်ရပါမည်။ လေလံဆွဲသူ ကန်ထရိုက် ယူသူ ဆို သည်ကလည်း စီးပွားရေး အကျိုး အမြတ်ကို မျှော်ကိုးကြသူများက အများစုဖြစ်နေ၍ သက်တမ်းတစ်ခု ကုန်ဆုံးလျှင် ကိုယ့်အတွက် အမြတ် သိန်းပေါင်းဘယ်လောက်ကျန်ရမည်ဟု တွက်ကြသူချည်းဖြစ်သည်။

 ပြောရလျှင်တော့ မြန်မာတစ် နိုင်ငံလုံးတွင် ရှိသည့် တန်ခိုးကြီး ဘုရားစေတီ ပုထိုးတိုင်းလိုလိုတွင် မည်သည့် လုပ်ငန်းကိုမျှ အကြောင်း ပြပြီး ကန်ထရိုက်စနစ် လုပ်ကိုင်ခွင့် ချထားပေးခြင်း၊ တင်ဒါစနစ်၊ လေလံ စနစ်ဖြင့် လုပ်ကိုင်ခွင့်ချထားပေးခြင်း များကို ရှောင်ရှားသင့်သည်။ ရုပ်သိမ်း သင့်သည်။ ပိတ်ပင်ထားသင့်သည်ဟု ယူဆသည်။ ဘုရားစေတီများနှင့် ဝတ္ထကမြေများပေါ်တွင် ကန်ထရိုက် စနစ်၊ လေလံစနစ်၊ တင်ဒါစနစ်များ ဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့်ပေးပြီး ရန် ပုံငွေရှာဖွေနေသရွေ့ ယင်းဘုရား စေတီနှင့် ဝတ္ထက မြေများသည် စီးပွားရေးအကွက်အကွင်းစားကျက် မြေများသာ ဖြစ်နေပါလိမ့်မည်။ ထို့ ပြင် အဂတိလိုက်စားရာ နေရာဌာန၊ အကျင့်ပျက်ခြစားသူတို့ ခြေချရာ ဌာနများ အဖြစ်လည်း ဖြစ်နေပါဦး မည်။

ဘုရားဂေါပက လူကြီးများဟူ သည် အများပြည်သူ ယုံကြည်လေး စားရလောက်သည့် ပုဂ္ဂိုလ်များ၊ တည် ကြည်ဖြောင့်မတ်ကြသူ များဟု အမွှမ်း တင်ထားကြသော်လည်း သူတို့၏ စိတ်နေစိတ်ထားများက သောတာပန် တည်နေပြီဟု မည်သူ အာမခံထား နိုင်ကြပါမည်နည်း။ ထို့ကြောင့် ဘုရားစေတီပုထိုးများ ထိန်းသိမ်း စောင့်ရှောက်ရေး၊ ပြုပြင်မွမ်းမံရေး၊ ဖွံ့ ဖြိုးတိုးတက်ရေးနှင့် ဘုရားဖူးလာ ဧည့်ပရိသတ်အတွက် ဝန်ဆောင်မှု ပေးသည့် လုပ်ငန်းများ လုပ်ကိုင်ရန် ရန်ပုံငွေ ရှာဖွေရမည်ဆိုလျှင် ပြည် သူများ၏ သဒ္ဓါကြည်ဖြူသန့်စင်သော စစ်မှန်သည့် အလှူငွေများဖြင့်သာ ရန်ပုံငွေရအောင် ရှာဖွေစေချင်တယ်။ အမှန်တော့ တန်ခိုးကြီး ဘုရားများ တွင် ဖိနပ်အပ်နှံခြင်းလုပ်ငန်း ကန်ထ  ရိုက်ပေးခြင်း၊ လေလံဆွဲခြင်းဖြင့် ရန်ပုံ ငွေရှာဖွေခြင်းသည် မဖြစ်သင့်သော ကိစ္စဖြစ်သည်။ ဘုရားဖူးလာရောက် သူ ဧည့်သည်များအတွက် လုံခြုံစိတ် ချစွာ ဖိနပ်အပ်နှံရေးသည် ဘုရား ဂေါပကအဖွဲ့က အပြည့်အဝ ဝန် ဆောင်မှုပေးရမည့် ကိစ္စဖြစ်သည်။ ဖိနပ်အပ်နှံလက်ခံပေးရခြင်းအတွက် အခကြေးငွေလည်း တစ်ပြားမျှမပေး ရ၊ မှန်ပုံးကြီးငယ်များ အစီအရီ ထောင်ထားပြီး စေတနာရှိသလောက် အလှူငွေထည့်သွားခိုင်းရမည့် ကိစ္စ လည်း မဖြစ်သင့်ပါကြောင်း၊ ဘုရားဖူး ဧည့်သည်များအား ဝန်ဆောင်မှုပေးရ မည့် ကိစ္စသာဖြစ်ပါကြောင်း အမြင်မ တော် အရှက်ရစရာမဖြစ်စေလို၍ ရေးသား တင်ပြလိုက်ရခြင်းဖြစ်ပါ သည်။

မောင်လွင်ပြင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.