28-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာနိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှု ဟိုတယ်ကဏ္ဍတွင် ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံမှု ငါးခုရှိနေပြီး အဆင့်လေးတွင် ရှိနေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1030
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
စေတနာ၊ မေတ္တာတရားနှင့်

ရုံးခန်းထဲတွင် မစ္စတာဖီလစ် သည် အိမ်ပြန်ရန် ပြင်ဆင်နေစဉ် ဇနီးဖြစ်သူ မှာလိုက်သည်ကို သွား သတိရလေသည်။ ဇနီးဖြစ်သူက ငှက် ပျောသီးဝယ်ခဲ့ရန် မှာလိုက်ခြင်း ဖြစ် သည်။ ရုံးထဲမှ အပြင်ထွက်လိုက် သည့်အခါ လမ်းတစ်ဖက်တွင် ဆင်းရဲ နွမ်းပါးပုံရသည့်  အဘွားအိုကြီးတစ် ယောက် ငှက်ပျောသီးများ ထိုင် ရောင်းနေသည်ကိုတွေ့လိုက်ရသည်။ ခါတိုင်းဆိုလျှင် သူ့ရုံးနှင့်မနီးမဝေးရှိ စားသောက်ကုန်ဆိုင်မှသာ ငှက်ပျောသီးကို ဝယ်လေ့ရှိသည်။ သို့သော် ထို နေ့က အိမ်ကို စောစောပြန်ရောက် ချင်သဖြင့် ထိုအဘွားအိုကြီး ထံမှပင် ငှက်ပျောသီးဝယ်ရန် စိတ်ကူးမိလေ သည်။

အဘွားအိုရှိရာသို့သွားပြီး ငှက် ပျောသီးကို ဘယ်လိုရောင်းသလဲဟု မေးလေသည်။ တစ်ဖီးကို ခုနစ် ဒေါ်လာဟု အဘွားအိုက ဈေးပြော လိုက်သည်။ ထိုအခါ မစ္စတာ ဖီလစ် က ဝယ်နေကျ ဆိုင်မှာဆိုလျှင် တစ်ဖီးကို ငါးဒေါ်လာပဲ ပေးရတယ် ဟုပြောပြီး ထိုဈေးနှင့် ရောင်းနိုင်မ လားဟု မေးကြည့်သည်။

''မရပါဘူးကွယ်၊ သားပြောတဲ့ ဈေးနဲ့ မရောင်းနိုင်ပါဘူး၊ ဒါပေမယ့် တစ်ဖီးကို ခြောက်ဒေါ်လာနဲ့ ပေး လိုက်မယ်လေ။ ဒေါ်ကြီးအနေနဲ့ အဲဒီ လောက်ပဲ ဈေးလျှော့ရောင်းနိုင်ပါ တယ်ကွယ်''

မစ္စတာ ဖီလစ်က ''ရပါတယ် လေ''ဟု ပြောလိုက်ပြီး သူ့ကားကို စားသောက်ကုန်ရောင်းသည့် ဆိုင်သို့  မောင်းထွက်လာခဲ့သည်။

ဆိုင်ထဲဝင်ရောက်ပြီး လတ်လတ်  ဆတ်ဆတ် ငှက်ပျောသီးတစ်ဖီးကို ကောက်ယူလိုက်ပြီး ငွေသိမ်းကောင် တာသို့ လာခဲ့သည်။ ထိုအခါ ငွေသိမ်း   စာရေးမလေးက ငှက်ပျောသီး တစ်ဖီး  ကို ၁ဝ ဒေါ်လာကျသည်ဟု ပြော လိုက်သဖြင့် မစ္စတာဖီလစ်သည် တအံ့တသြဖြစ်သွားသည်။

''မင်းတို့ဆိုင်မှာ ငါဝယ်နေတာ  နှစ်အတော်ကြာပြီ၊ အခုဟာက တော် တော်ကို ဈေးများနေတယ်။ ဝယ်နေ ကျ ဖောက်သည်တစ်ဦးကို ဈေးသက် သက်သာသာ ရောင်းပေးမှပေါ့ကွ''

မန်နေဂျာဖြစ်သူက ကြားသွား ပြီး သူ့ဆီသို့ ရောက်လာပြီး ပြောလိုက် သည်။

''ဝမ်းနည်းပါတယ် ခင်ဗျာ၊ ကျွန် တော်တို့ ဆိုင်မှာက သတ်မှတ်ထား တဲ့ ဈေးနဲ့ပဲ ရောင်းလေ့ရှိပါတယ်။ ဒါ ကြောင့် ဈေးလျှော့လို့ မရပါ ဘူး''

ထိုသို့ ပြန်ပြောသည်ကို ကြား လိုက်ရသည့်အခါ မစ္စတာဖီလစ် စိတ်ထဲတွင် မကျေမနပ် ဖြစ်သွား သည်။ ထို့ကြောင့် ငှက်ပျောသီးကို ပြန်ထားလိုက်သည်။ ပြီးနောက် အဘွားအိုဆိုင်သို့ ပြန်လာခဲ့သည်။

အဘွားအိုကြီးက သူ့အား မှတ်မိ နေပြီး ပြောလိုက်သည်။

''မင်းပြောတဲ့ ဈေးနဲ့တော့ မ ရောင်းနိုင်ဘူးနော်။ ဘာဖြစ်လို့လဲဆို တော့ အဲဒီဈေးနဲ့သာရောင်းရင် ဒေါ် ကြီးမှာ အမြတ်ကျန်မှာ မဟုတ် ဘူး''

ထိုအခါ မစ္စတာဖီလစ်က ပြော လိုက်သည်။

''ဈေးအတွက်တော့ ဘာမှ မပူ ပါနဲ့။ ကျွန်တော်က ငှက်ပျောသီး တစ် ဖီးကို ၁ဝ ဒေါ်လာပေးမှာပါ။ ဒီတော့ ကျွန်တော့်ကို ငှက်ပျောသီး နှစ်ဖီး ပေးပါ အဒေါ်ကြီး''

အဘွားအိုကြီးမှာ ပျော်ရွှင် ကြည်နူးသွားပြီး ငှက်ပျောသီး နှစ်ဖီး ကို လှမ်းပေးလိုက်ရင်းနှင့် ပြောလိုက် သည်။

''တစ်ဖီးကို ၁ဝ ဒေါ်လာ မယူပါ ဘူးကွယ်၊ ခုနစ်ဒေါ်လာပဲ ယူပါမယ်။ မင်းရဲ့ ရက်ရောမှုနဲ့ သဘောကောင်း မှုကို ဒေါ်ကြီး အသိအမှတ်ပြုလို့ပါ''

 ထို့နောက် အဘွားအိုကြီးက သူ့ အကြောင်းကို ပြောပြလေသည်။

 ''ဒေါ်ကြီး ယောက်ျားက သစ် သီးဆိုင်ကလေးဖွင့် ရောင်းခဲ့ဖူးပါ တယ်။ တစ်နေ့မှာ သူအကြီးအကျယ် နေထိုင်မကောင်းဖြစ်ပါရော၊ ဒေါ်ကြီး တို့မှာ သားသမီးလည်း မရှိဘူး။ ဆွေ မျိုးသားချင်းလည်း မရှိဘူး။  ဒီတော့ ဒေါ်ကြီးတို့မှာ ဘယ်သူ့ဆီက အ ထောက်အပံ့မှ မရဘူးပေါ့။ သူ့ အတွက် ဆေးဖိုးဝါးခ အတွက်ပဲ သစ် သီးဆိုင်ကလေးကို ရောင်းလိုက်ရ တယ်။ ဒါပေမယ့် နောက်ဆုံးတော့ ဒေါ်ကြီးခင်ပွန်းလည်း ကွယ်လွန်သွား ခဲ့တယ်လေ''

 ပြောရင်းနဲ့ အဘွားအိုမှာ မျက် ရည်တွေ စီးကျလာလေသည်။ ''ဒါ ကြောင့် ကိုယ်တိုင်ရှာဖွေ စားသောက် ရတာပေါ့။ ဒါကြောင့် တတ်နိုင် သလောက် ဝယ်ပြီး ပြန်ရောင်းနေရ တာပါကွယ်။ ဒေါ်ကြီး အသက်ရှင် နေသရွေ့တော့ ဒီလိုပဲ ဈေးရောင်း နေရတော့ မှာပေါ့''

မစ္စတာဖီလစ်က ပြောလိုက် သည်။

''အဒေါ်ကြီး ဘာမှမပူပါနဲ့။ အ ဒေါ်ကြီးက ကောင်းရောင်း ကောင်း ဝယ် လုပ်စားနေတာပဲ၊ ကျွန်တော် လည်း ဒီနေ့က စပြီး နေ့တိုင်း အဒေါ် ကြီးဆီကပဲ ဝယ်ပါ့မယ်''

ပိုက်ဆံအိတ်ထဲမှ ငွေများကို ထုတ်ယူလိုက်ပြီး ဒေါ်လာ ၁ဝဝ ကို အပိုထပ်ပေးလိုက်သည်။

'' ဒီငွေတွေကို ယူလိုက်ပါ။ သစ် သီးတွေ စုံအောင်တင်ရောင်းပါ။ ပို ပေးတဲ့ငွေက ကျွန်တော် နောက်ရက် နေ့တွေမှာလည်း ဝယ်မှာမို့ ကြိုတင် ငွေပေးထားတယ်လို့ မှတ်လိုက်ပါ။ သစ်သီးတွေ အစုံတင်ရောင်းတော့ အဒေါ်ကြီးလည်းအမြတ်တွေပိုရလာ မှာပေါ့''

အဘွားအိုကြီးက ကျေးဇူးတင် မ ဆုံး ဖြစ်သွားသည်။

 နောက်ပိုင်းတွင် မစ္စတာဖီလစ် သည် သူ့မိတ်ဆွေအပေါင်းအသင်း များကို သူ့လိုပင် အဘွားအိုကြီးထံမှ  ဝယ်ရန်တိုက်တွန်းလေ သည်။ မစ္စတာ ဖီလစ်၏ ကူညီပံ့ပိုးမှုကြောင့် ဝယ် သူများလည်း တိုးလာသဖြင့် အဘွား အိုကြီး၏ နေရေးထိုင်ရေးမှာ ပိုမို အ ဆင်ပြေလာခဲ့လေတော့သည်။

တင်ဆွေမိုး

Act of Kindness and Goodwill ကို ဆီလျော်အောင် ပြန် ဆိုသည်။

တင်ဆွေမိုး
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.