28-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာနိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှု ဟိုတယ်ကဏ္ဍတွင် ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံမှု ငါးခုရှိနေပြီး အဆင့်လေးတွင် ရှိနေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1030
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ရွှေ့ပြောင်းနေထိုင်ခြင်းသည် လူ့သဘာဝ

လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်က စ၍ အနောက်ဥရောပဒေသသို့ ရေ ကြောင်း၊ ကုန်းကြောင်းလမ်းများစွာ ဖြင့် ရွှေ့ပြောင်းရောက်လာကြသူများ အလုံးအရင်းနှင့် ရှိခဲ့သည်။ နိုင်ငံ တကာ သတင်းစာမျက်နှာများ၌ မ မြင်ချင် မကြားချင်အဆုံးသော သတင်းများ အဆမတန်များပြားခဲ့ သည်။ ပင်လယ်တွင်း၌ ကူးတို့ သင်္ဘောမှောက်၍ လှေပေါ်ပါသူအား လုံးနီးပါး ရေထဲ၌ ကူးခတ်နေကြပုံ၊ ရထားသံလမ်းပေါ် ရရာပစ္စည်းခင်း၍ အိပ်နေကြပုံ၊ ကားလမ်းပေါ်၌၊ ဦး ခေါင်းပေါ်၌ အထုပ်ကြီးတစ်ထုပ်၊ ကျောပေါ်၌ အိတ်ကြီးတစ်လုံး လက် ထဲ၌ ပုံးတစ်လုံးကိုင်ထားပုံတို့သည် စိတ်မချမ်း မြေ့ဖွယ်ရာများဖြစ်ခဲ့၏။ ရေစပ်တစ်နေရာ၌ တင်ကျန်ရစ်နေခဲ့ သော လေးငါးနှစ် အရွယ်ကလေးငယ် အလောင်းတစ်ခု ပုံကား လူအများရင် ထဲကို နင့်သွားစေခဲ့သည်။
x x x
ပြဿနာအဆက်ကား ထို ကလေးငယ်အလောင်းကြောင့်မဟုတ်။ ကူးတို့သင်္ဘောနစ်ခဲ့ရခြင်းအကြောင်း ကလည်း အဓိကမဟုတ်။ လူအားလုံး မြင်တွေ့နေရသည်က လူစု၊လူဝေးကြီး တစ်နေရာမှ တစ်နေရာသို့ မိမိမွေး ရပ်ကို အဘယ်ကြောင့် စွန့်ခွာနေကြ သနည်း။ လူဆိုသည်မှာ ဇာတိမွေး ရပ်မြေကို ခင်တွယ်သည်။ စွဲလမ်း သည်။ ယခု အဖြေတစ်ခုခုရှိရပါ မည်။ စားရမဲ့၊ သောက်ရမဲ့ ဘဝ အဖြစ်မျိုးနှင့် ကြုံတွေ့နေရ၍လား။ ထိုမျှလောက်နှင့်လည်း မဖြစ်နိုင်ပါ။ မိမိအသက်၊ မိမိ မိသားစုအသက် သားသမီးများ အသက်နှင့် ထို့နောက် ပြဿနာကြီး တစ်ခုအဖြစ် အလဲအ လှယ်လုပ်ရ လောက်သည့် အနေအ ထားသို့  ရောက်နေ၍လား။
x x x
ရှေးနှစ်ပေါင်းများစွာ မိမိတို့ ဘိုးဘွားများ အစဉ်အဆက်ကတည်း က နေခဲ့ရသည့် ဇာတိ၊ မွေးရပ်မြေကို စွန့်ခွာရုံမက မိမိတို့နှင့် ယဉ်ကျေးမှု မတူ၊ အသားအရောင်မတူ၊ သဘာဝ မတူ၊ ကိုးကွယ်သည့် ဘာသာမတူ သည့် အရပ်ဒေသသို့ အသက်စွန့်၍ သွားလိုကြခြင်း၏ နောက်ကွယ်၌ အ လွန်ကြီးမားသော ဆန္ဒကြီးတစ်ခုမှာ သက်သက်သာသာ နေလိုကြခြင်း တစ်ခုတည်းကြောင့်တော့ မဟုတ်နိုင်။ သို့ဆိုလျှင် လူစုလူဝေးလိုက် ရွှေ့ လျားမှုကြီး အဘယ်သို့ ပေါ်ပေါက် လာရပါသနည်း။
x x x
ပထဝီဝင် အနေအထားကြောင့် လား၊ လူလူချင်း အချင်းချင်းသတ် ဖြတ်မှုများကို နေ့စဉ်မြင်တွေ့နေရ၍ လား။ ဤအရပ်ဒေသ၌ ငုတ်တုတ် ထိုင်စောင့်ရင်း သေရမည့်နည်းတူ အခြား တစ်နေရာ ရွှေ့လျှင် အသက် ရှင် ကောင်းရှင်မည်ဆိုသည့် ရည် ရွယ်ချက်နှင့်လား။တွေး၍ရနိုင်သမျှ တွေးကြည့်လျှင်လည်း အချက်အ လက် မပြည့်စုံ၍ တိကျသော အဖြေ တစ်ခုရရှိနိုင်မည် မဟုတ်ပေ။
x x x
ဤကမ္ဘာမြေပေါ်တွင် ယခုကဲ့သို့ ဖြစ်ရပ်မျိုး ယခင်က ဖြစ်ခဲ့ဖူးသည် လား။ လွန်ခဲ့သည့် နှစ်သန်းပေါင်း များစွာက ဖြစ်ခဲ့ဖူးသည်လား။ ဤ နေရာဒေသအတွက် အထောက်အ ထား မရှိနိုင်ခဲ့ပါ။ သို့သော် တစ်ချိန် တစ်ခါက ကမ္ဘာပေါ်တွင် လူမျိုး အများအပြားသည် မိမိတို့နေရပ်ရင်း မဟုတ် ပါဘဲလျက် တစ်နေရာမှတစ် နေရာသို့ အခြေတကျ ရောက်ရှိလာ ကြပြီး နေထိုင်နေသည်ကို လူ့အဖွဲ့အ စည်း နေထိုင်မှု သမိုင်း၌ တွေ့ရှိခဲ့ကြ သည်။ ထိုသူတို့သည် ခန့်မှန်း၍မရ နိုင်သော အကြောင်းအမျိုးမျိုးကြောင့် နောက်ဆုံးတွေ့သည့်နေရာသို့ ပြောင်း လာခဲ့ကြောင်းလည်း တွေ့ခဲ့ကြသည်။ သို့သော် သူတို့သည် ရွှေ့ပြောင်း ရောက်လာသူများသာဖြစ်သည်။
x x x
ယနေ့အခါ ယဉ်ကျေးမှု ကွဲပြား၊ လူပုံစံခြားနား၊ နေထိုင်စားသောက်မှု သီးခြားဖြစ်နေသော သူများကို ဖွံ့ဖြိုး မှု အနည်းဆုံး အာရှဒေသနေရာများ ၌ တွေ့ကြရသည်။ ထိုအုပ်စုလူများ သည် အဘယ်အရပ်က ရောက်လာ သနည်း။ အစရှာမရသကဲ့သို့ ဖြစ်နေ သည့် လူအုပ်စုတစ်ခုကို တွေ့ရတတ် သည်။ မနုဿဗေဒပညာရှင်များ ဦးနှောက်ခြောက်စေသော  ထိုသို့ သော လူအုပ်စုကြီးများကို အာရှ ဒေသ၌ တွေ့ရတတ်သည်။  ထိုသူများ သည် ဤနေရာမှ ဇာတိများ မဟုတ် သည်က သေချာသည်။ သို့သော် သူတို့ ဤနေရာ၌ ရှိနေသည်မှာ နှစ်များစွာ ကြာရှည်ခဲ့ပြီ။ ဤနေရာမှ ဇာတိသားများနှင့် လားလားမှမတူ ကွဲ ပြားလွန်းသည်ကို တွေ့ရနိုင်သည်။ ခွဲခြား၍ရသည်။ သူတို့ အဘယ်နေ ရာက ရောက်လာသနည်း။ အစရှာ မရသည့် သူများ မဖွံ့ဖြိုးသည့် အာရှ ဒေသတစ်ခွင်၌ရှိပါ၏။ အဖြေရှာမရ သော သူများဖြစ်သည်။ သတိပြုစရာ ပင်။
x x x
ယနေ့အခါ၌လည်း ပုံသဏ္ဌာန် အမျိုးမျိုးနှင့် လူစုလူဝေးကြီးသည် တစ်နေရာမှတစ်နေရာသို့ ပေါ်ပေါ် ထင်ထင်ပင် ရွှေ့ပြောင်းနေကြသည်။ တစ်ချိန်တစ်ခါက ဥရောပတိုက်မှ လူများ တောင်အာဖရိကတိုက်သို့ ရွှေ့ပြောင်းခဲ့သည့် ပုံသဏ္ဌာန်နှင့် တူ လာသည်ဆိုရပေမည်။
နမူနာယူဖွယ်မှာ ယနေ့တောင် အမေရိကတိုက်၌ မိမိတို့ ဇာတိပမာ နေထိုင်နေသော လူအားလုံးနီးပါး သည် ရွှေ့ပြောင်းလာသူများသာဖြစ် သည်မှာ ငြင်း၍မရပါ။
ဥရောပတိုက်ထက် ပိုကျယ်ဝန်း သော နေရာ၊ ပို၍နေထိုင်ကောင်း သော နေရာ။ ပထဝီဝင် ပိုမျှတသည့်  နေရာ၊ လုပ်ငန်း ကိုင်ငန်းပေါသည့် နေရာသည် ယနေ့ အမေရိကန်နိုင်ငံ ဖြစ်နေသည် မဟုတ်ပါလား။
x x x
အာရှဒေသရှိ ယနေ့ သီရိလင်္ကာ ကျွန်းသည် နမူနာယူစရာ ဒေသ တစ်ခု ဖြစ်သည်ဆိုရမည်။
အိန္ဒိယနိုင်ငံတောင်ပိုင်း ဒေသမှ ထွက်ပြေးလာသူများသည် တစ်ချိန် နှစ်ပေါင်းများစွာက လူသူနည်းရာ သီရိလင်္ကာကျွန်းသို့ ကူးသန်းပြေးခဲ့ကြ သည်။ ယခု ထိုကျွန်းပေါ်၌ မိမိတို့ ဒေသပမာ နေထိုင်နေကြပြီဖြစ်၏။
x x x
လူအများ ရွှေ့ပြောင်းနေကြခြင်း မှာ လူတို့သည် ရှေးရှေးကတည်းရှိခဲ့ သော သဘာဝတစ်ခုသာဖြစ်သည်ဟု လက်ခံလိုက်လျှင် အထူးအဆန်း မဟုတ်တော့ပါ။

မောင်ဈေးကွက်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.