25-5-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ကလေး ခရိုင်အတွင်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း သစ်ထုတ်လုပ်ခွင့်ပြုမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1012
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ခေတ်ဟောင်းပုံပြင် - ၃၇

လွန်လေပြီးသော ၁၉၆၂ ခုနှစ် ကစပြီး ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ကံမကောင်းအကြောင်းမလှစွာနဲ့ တစ်ပါတီ စစ်အာဏာရှင် စနစ် ရဲ့ သံ ဆူးတပ် စစ်ဖိနပ်ကြီးအောက်မှာ ပြားပြားမှောက်သွားခဲ့ရတဲ့အကြောင်း ကို ပြောရင် ''အပ်ကြောင်း မထပ်ပါ နဲ့တော့ ကိုယ့်ဆရာ''လို့ ငြူစူချင်ကြ သေးသလားဗျာ။

ဓာတ်ပြားဟောင်းကြီးလိုအပ် ကြောင်းထပ်တယ် မထင်ကြပါနဲ့။ ဓာတ်ပြားဟောင်းကြီးက လွှင့်ထုတ် ထွက်ပျံ့နေတဲ့ ''ဒို့သာ အာဏာရှင် ဒို့သာ အရှင်သခင်''ဆိုတဲ့ တေး သီချင်းက ခုထက်ထိ မဆုံးသေးဘူးဆို တာ မိတ်ဆွေညီအစ်ကိုတော် ငနင်း ပြား နိုင်ငံသားများ နားလည်သဘော ပေါက်ထားကြပါ။

''ဟေ့ ဟေ့ နိုင်ငံတော်ရဲ့ အထွတ်အထိပ် ဥသျှောင်နံပတ်တစ် ခေါင်းဆောင်က ငရို့ရဲ့ လေဒီကြီး ဒေါ်အောင်ဆန်းစုကြည်၊ အာဏာရ ပါတီ က သူဦးဆောင်ခဲ့တဲ့ ပါတီ။ မောင်ရင်က ဘယ့်နှာကြောင့် စစ် အာဏာရှင်ဆိုတဲ့ အမင်္ဂလာဝေါဟာ ရကြီးကို တဖွဖွ ရွတ်နေရတာတုံး''လို့ နလပြိန်းတုံး တစ်ယူသန်လေပေါက် နဲ့လည်း မဟောက်ချင်ကြပါနဲ့ ညီ အစ်ကိုတို့။

တိုတိုနဲ့ ရှင်းရှင်းပြောမယ်၊ ၂ဝဝ၈ ခြေ/ဥကြီးရှိသရွေ့ စစ် အာဏာရှင်စနစ်အမြစ်တွယ်နေဦး မှာပဲ။  ၂ဝဝ၈ ခြေ/ဥကြီးဟာတို့၍ ထိ၍မရတဲ့ Untouchable ပဋိညာဉ် ကျမ်းစာကြီးပါပဲ။ သိကြားမင်းရဲ့ ခွေး ရေပုရပိုဒ်ထက်တောင် တန်ဖိုးကြီး ပါသေးရဲ့။ တစ်လောက လုပ်ကြံခံရ တဲ့ 'ဦးကိုနီ' ဟာ အဲသည် ခြေ/ဥ ကြီးကို ပြင်ဖို့ တဖွဖွတောင်းဆိုနေလို့ နှုတ်ပိတ်ခံရတာလို့တောင် အရပ် ထဲပြောနေကြတာကလားဗျာ။

ကျွန်တော့်လို သရဲဘောကြောင် တဲ့ မလောက်လေးမလောက်စား ကောင်ကတော့ ခြေ/ဥကြီးအ ကြောင်း မပြောဝံ့ပေါင်ဗျာ။ ကျွန်  တော်တို့ နိုင်ငံမှာက အမေရိကန် မာဖီးယားရာဇဝတ်ဂိုဏ်းက ကြေးစား လူသတ်သမားတွေထက်ဆိုးတဲ့၊ ဂျပန် ယာကူ ဇာရာဇဝတ်ဂိုဏ်းက ကြေးစား လူသတ်သမားတွေထက် လက်ရဲဇက် ရဲနိုင်တဲ့ အသေခံမယ့် လူသတ်သမား တွေပေါ်နေပြီ မဟုတ်လား။             

(အောင်မယ်လေး) ပြောရင်း တောင် ကြက်သီးထမိသဗျာ။ ပြော လက်စနဲ့မို့ စစ်အာဏာရှင်စနစ်ရဲ့ အော်ဂလီဆန်စရာ အစိုးရိမ် လွန်ကဲမှု အကြောင်း ကလေးတစ်ခုကိုတော့ ဇာတ်ကြောင်းလှန် နတ်သံနှော ပြရဦးမဗျာ။

 မဆလလို့ ခေါ်တဲ့ မြန်မာ့ဆို ရှယ်လစ်လမ်းစဉ်ပါတီဆိုသဟာ ဥက္ကဋ္ဌကနေ အောက်ဆုံးပါတီဝင်တွေ အထိ အရပ်သားဝတ်စုံတွေ ဝတ်ထား ကြပေမယ့် ပါတီရဲ့ မဏ္ဍိုင်ကြီးက တော့ စစ်ထွက်စစ်ပြန်၊ စစ်သား ဟောင်းတွေချည်းပါပဲ။

ပါတီရဲ့ အရေးပါတဲ့ ရာထူးကြီး များမှာ အရပ်သား စစ်စစ်ဆိုလို့ နှစ်ယောက်နဲ့ တစ်ပိုင်းလောက်ပဲပါခဲ့ တာပါ။ ရပ်/ကျေး အဆင့်ပါတီ ခေါင်းဆောင်ကအစ အမိန့်ကို နာခံ တတ်ရုံကလွဲလို့ နိုင်ငံရေး သဘော တရား နကန်းတစ်လုံးမသိတဲ့ စစ်ပြန် ရဲဘော်ဟောင်းဖြစ်နေ တတ်တာကို တွေ့ခဲ့ဖူးပါတယ်။

အရုပ်အဆိုးဆုံးကတော့ မဆလ ဟာ ပြိုင်ဘက်မထား ဝေဖန်ဆန့်ကျင် တဲ့ နိုင်ငံရေးသမားဆိုရင် ထောင်ထဲ ကန်သွင်းတဲ့ တစ်ပါတီ အာဏာရှင် စနစ်ကို ကျင့်သုံးနေတာပါပဲ။

စစ်သားဟောင်းပါတီ ဆိုတော့ အဲသည် ပါတီဟာ စစ်အာဏာရှင် ပါတီလို့ နာမည်အတပ်မခံရရုံတစ် မယ် စစ်မူစစ်ဟန် အကြံအဖန်တွေနဲ့ နိုင်ငံကို အုပ်ချုပ်တာပေါ့။

စစ်မူစစ်ဟန် စစ်အကြံအဖန်ဆို တာက လုံခြုံရေးကို အထူးဦးစား ပေးတဲ့ ဓလေ့ပါပဲ။ မျောက်တွေမြေ ကြီးပေါ်မှာ မအိပ်ခင်၊ မြေကြီးခိုင် မခိုင်သေချာအောင်လက်နဲ့ သုံးချက် ပုတ်ပြီးမှ အိပ်ရာဝင်သလို၊ တစ်တီတူး ငှက်တွေ မိုးပြိုကျရင် ခုခံနိုင်အောင် ခြေနှစ်ချောင်းမိုးပေါ်ထောင်ပြီး အိပ် တတ်ကြသလို အစိုးရိမ်လွန်တတ်ကြ တဲ့ စိတ္တဇတစ်မျိုးလို့ ထင်ပါရဲ့။             

ခုခေတ် ဆောက်လုပ်ရေး လုပ် ငန်းကြီးတွေမှာ တွေ့ရလေ့ရှိတဲ့ Safety First (လုံခြုံရေးသည် ပထမအဆင့် ဦးစားပေး) စာတန်းပါ ဆိုင်းဘုတ်ကြီးတွေဟာ စစ်သည် တော်ကြီးများရဲ့ အရေးအကြီးဆုံး ဂါထာမန္တရားပါပဲ။

မဆလ ခေတ်တုန်းက တက္ကသိုလ်ကျောင်းသားတော်တော် များများဟာ  ဆံပင်ရှည်ထားတတ် ကြပါတယ်။ ခုခေတ်လို့ Pony-tail မြင်းမြီး ဆံပင်ပုံစံမျိုးထားရလောက် အောင်တော့ မရှည်ပါဘူး။ နားရွက် ဖုံးရုံ၊ ကုပ်ထောက်ရုံလောက်ပါ။ ဒါက လည်း သူများထက် ပိုထူးတာ မဟုတ် ပါဘူး။ နိုင်ငံတကာမှာ ခေတ်စားတဲ့ Sub Culture စူဠယဉ်ကျေးမှုရဲ့ လက္ခဏာတစ်ခုပါ။

အာဏာရှင်စစ်သည်တော်ကြီး တွေရဲ့ အမြင်မှာ ဆံပင်ရှည်ရှိတဲ့ လူငယ်တိုင်း သူတို့ကို ဆန့်ကျင်တော် လှန်နေတဲ့ ကျောင်းသားတွေ နဲ့ တစ် ဂိုဏ်းတည်းသတ်မှတ်လိုက်ပြီး 'သူပုန်' လို့ အရူးအတွေး အခေါ်မျိုးနဲ့ နာမည် တပ်တယ်။ ကျောင်းသားတွေ အုံကြွ ပြီဆိုရင် ဆံပင်ရှည်ထားတဲ့ လူငယ် တွေကို ဖမ်းပြီး လှံစွပ်သွားနဲ့ ဆံပင် တွေကို ကြွက်ကိုက်သလိုဖြတ်ကြ တော့တာပဲ။ ဆံပင်ရှည်ထားတဲ့ ဆိုက် ကားသမားတောင် ဆံပင်အဖြတ်ခံရ တာခင်ဗျ။ သန့်သန့်ပြန့်ပြန့်နေတဲ့ ဆံ ရှည် စိတ်ဝေဒနာသည်လည်း ဘယ် လွတ်ပါ့မလဲ ဗျာ။

ဦးခေါင်းပေါ်မှာရှိတဲ့ ဆံပင်ကို ဖြတ်ပစ်လိုက်ခြင်းအားဖြင့် အထွတ် အမြတ် ကိုယ်အင်္ဂါတစ်ရပ်ကို နာမ် နှိမ်လိုက်တာပဲလို့ မဆလ စစ်သည် တော်ကြီးတွေ ကျောက်ခေတ်အတွေး အခေါ်နဲ့ ယုံကြည်ခဲ့သလားဆိုတာကို တော့ ကျွန်တော် ယတိပြတ်မပြော နိုင်ပါဘူး မိတ်ဆွေတို့။ ဆံပင်ကို လှံ စွပ်နဲ့ လှီးဖြတ်ပစ်ရုံနဲ့တော့ ကျောင်း သားလူငယ်တွေရဲ့ တော်လှန်ရေး စိတ်ဓာတ်မီးလျှံဟာ ငြိမ်းသေသွား မှာ မဟုတ်ဘူးဗျ။

ဘယ်လိုမဆို မဆလပါတီက တော့ ပါတီညီလာခံကြီးတွေ တခြိမ့်ခြိမ့်ကျင်းပနေခဲ့တာပဲဗျ။ ပါတီ ညီလာခံဆိုတော့ ထိပ်သီးခေါင်းဆောင် စစ်သည်တော်ဟောင်းကြီးတွေ ကြွ ချီတော်မူလာကြမှာဖြစ်တဲ့အတွက် လုံခြုံရေးကိုတော့ အဆင့်အမြင့်ဆုံး စီမံထားတာပဲဗျို့။

တတိယအကြိမ် ပါတီညီလာခံ ကျင်းပနေတဲ့ကာလ တစ်ညနေမှာ ပေါ့။ ကျွန်တော်နဲ့ ငယ်ပေါင်းသူငယ် ချင်း အေးမောင်ဗိုလ် (ကွယ်လွန်သူ ဇာတ်ညွှန်းဆရာ ရေသီတာဧ) တို့နှစ် ယောက်ဟာ မင်္ဂလာဒုံတပ်မြို့ရဲ့ လူသူအစည်ကားဆုံး ဝါယာလက် ကားဂိတ် မှာ သောက်ဖော်စားဖက် တစ်ယောက်ဖြစ်တဲ့ သိမ်းဆွေ (ကွယ် လွန်)နဲ့ အခြေအတင်စကားများနေ ကြတယ်။ ထိုးမယ့်ကြိတ်မယ့် အဆင့် ထိ မရောက်ပါဘူး။ စကားများရုံပါ။

အဲသည်ကိစ္စကလေးကို 'နင် တန် နင်တန်'ဆိုပြီး လူစုခွဲလိုက်ရင် ရရဲ့သားနဲ့ လုံခြုံရေးယူထားတဲ့ စစ် သည်တော်တွေက လှံစွပ် ကြီးတွေ တစ်ကားကားနဲ့ ဝိုင်းဖမ်းသဗျ။

''နိုင်ငံတော်အကြီးအကဲတွေ ညီလာခံကျင်း ပနေတာ မသိဘူး လား'' ဘာလားနဲ့ ဟိန်းဟောက်ပြီး ကျွန်တော်တို့ကို ရဲစခန်းက အချုပ် ထဲထည့်လိုက်ပါသဗျာ။

တစ်ညလောက်တော့ ကြမ်းပိုး တွေကို သွေးလှူဒါနပြုခွင့် ရခဲ့တာ ပေါ့ခင်ဗျာ။    ။          

ကြူးနှစ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.