23 - 3 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မင်းပြားမြို့နယ် လက်မ(ရခိုင်) ကျေးရွာမှ နေအိမ် ၈ဝ ကျော် ဘေးလွှတ်ရာသို့ပြောင်း
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1006
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
လူလတ်တန်းစား စီးပွားရေးနယ်ပယ် ချဲ့ထွင်ရေး

ကျွန်တော်တို့ တိုင်းပြည်မှာ အဓိက လူတန်းစားနှစ်မျိုးပဲရှိခဲ့ပါ တယ်။ အုပ်စိုးသူကနေ ဘူဇွာဖြစ် သွားတဲ့ လူတန်းစားအနည်းငယ်နဲ့ အဖိ နှိပ်ခံဆင်းရဲသားလူတန်းစားတွေ ပါပဲ။ အဖိနှိပ်ခံဆင်းရဲသားတွေက တိုင်းရင်းသား ပြည်သူတွေပါပဲ။ အနည်းငယ်ဖြစ်တဲ့ အုပ်စိုးသူလူတန်း စားတွေရဲ့ ရင်းနှီးကျွမ်းဝင်မှုကို အခွင့်ကောင်းယူပြီး ချမ်းသာလာခဲ့တဲ့ သူဌေးစာရင်းဝင် ခရိုနီ လူတန်းစား တွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီခရိုနီ လူတန်းစားသစ်တွေကလည်း အနည်းငယ်ပါပဲ။ အုပ်စိုးသူနဲ့ ခရိုနီ လူတန်းစားတွေဟာ တိုင်းပြည်တိုး တက်ကောင်းစားရေးအတွက် လုံးဝငဲ့ မကြည့်ဘဲ ကိုယ်ကျိုးစီးပွားကိုပဲ ကြည့်ခဲ့ပါတယ်။
    ပြည်သူတွေဖြစ်တဲ့ ဆင်းရဲသား လူတန်းစားတွေကတော့ အဖိနှိပ်ခံနေ ရပြီး ပိုပိပြားသထက် ပိပြားခဲ့ရတယ်။ ခေါင်းတောင်ထောင် မကြည့်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာ အင်မတန်မှ ဆင်းရဲတွင်းနက်တဲ့ဒဏ်ကို ခံစားနေခဲ့ရသလို  အခုလည်း ဆင်းရဲတွင်းထဲက မလွတ်မြောက် သေးပါဘူး။ ကမ္ဘာမှာတောင် အဆင်း ရဲဆုံးနိုင်ငံစာရင်း ဝင်ခဲ့ပါတယ်။ ဒီအဆင်းရဲဒဏ်က လွတ်မြောက်နိုင်ဖို့ အတွက် တိုင်းပြည်စီးပွားရေး အဓိကပါပဲ။ ဒီတိုင်းပြည် စီးပွားရေးကို ချုပ်ကိုင်ထားတဲ့ ခရိုနီအရင်းရှင်ကြီးတွေရဲ့ လိုအပ်သလို ချယ်လှယ်အုပ်စိုးမှုကနေ လွတ်မြောက်အောင် ဆောင်ရွက်ရတော့မှာပါ။ ဒီမိုကရေစီခေတ်ကို ဖော်ဆောင်နေတဲ့ အချိန်မှာ တိုင်းရင်းသား ပြည်သူတွေရဲ့ ဘဝတွေကို အဆင်းရဲဆုံး အနေအထားကနေ ဆွဲတင်နိုင်အောင် ကြိုးစားနိုင်ဖို့က အဓိက ကျပါတယ်။ တိုင်းပြည်မှာ အချမ်းသာဆုံး လူတန်းစားတစ်စုနဲ့ ဆင်းရဲသား လူတန်းစားဆိုတာပဲရှိခဲ့ ပေမယ့် အခု ဒီမိုကရေစီခေတ်မှာ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အမျိုးသားရေးကို အခြေခံတဲ့ အမျိုးသားခေါ်တိုင်းရင်းသား အရင်းရှင် တွေဖြစ်တဲ့ လူလတ်တန်းစားတွေ လို အပ်ပါတယ်။
    လူလတ်တန်းစား အရင်းရှင်တွေ က ကွာဟနေတဲ့ အပေါ်နဲ့ အောက် ခြေလူတန်းစားနယ်ပယ်ကို ညှိပေးနိုင် ပါလိမ့်မယ်။ လူလတ်တန်းစား အရင်း ရှင်တွေဖြစ်တဲ့ အမျိုးသားခေါ် တိုင်း ရင်းသား အရင်းရှင်တွေအတွက် နယ်ပယ်မရှိခဲ့ပါဘူး။ အုပ်စိုးသူ လူ တစ်စုနဲ့ ခရိုနီလူတစ်စုက တိုင်းပြည် စီးပွားရေး အရပ်ရပ်ကို အပိုင်စီးချုပ် ကိုင်ထားခဲ့ပါတယ်။ လူလတ်တန်းစား အမျိုးသား အရင်းရှင်တွေ မပေါ် ပေါက်နိုင်ခဲ့ပါဘူး။
    ကျွန်တော်တို့နိုင်ငံမှာ ပညာ တတ်လူတန်းစားကို လူလတ်တန်းစား ဆိုပြီး သတ်မှတ်ခဲ့ကြပါတယ်။ စား ဝတ်နေရေး အခြေအနေအရ သာမန် အဆင်ပြေပြေနေနိုင်စားနိုင်တဲ့ လူ တွေ၊ အတတ်ပညာရှင်တွေ အသိ ပညာရှင်တွေက လူလတ်တန်းစား တွေ မဟုတ်ပါဘူး။ လူလတ်တန်းစား အရင်းရှင်နယ်ပယ်ထဲမှာ မပါဝင်ပါ ဘူး။
    တိုင်းပြည်တစ်ခုမှာ လူလတ် တန်းစား အမျိုးသား အရင်းရှင်တွေ ရှိနေဖို့ အရေးကြီးပါတယ်။ အခု ဒီမို ကရေစီကို ဖော်ဆောင်မယ့်ခေတ်မှာ တိုင်းပြည်အနာဂတ်အတွက် လူ လတ်တန်းစားနယ်ပယ် ကျယ်ဝန်း လာအောင် ဆောင်ရွက်ရပါမယ်။ လူ လတ်တန်းစား အမျိုးသား အရင်းရှင် တွေပေါ်ပေါက်လာအောင်လည်း ဒီမိုကရေစီကို ဖော်ဆောင်နေတဲ့ အစိုးရမှာ တာဝန်ရှိပါတယ်။ အခု လက်ရှိအချိန်မှာ တိုင်းပြည်ရဲ့ သွင်း ကုန်ထုတ်ကုန်တွေဟာ အရင်းရှင်ကြီး တွေလို့ ပြောနိုင်တဲ့ ခရိုနီတွေ ချုပ် ကိုင်ထားတုန်းပါ။
    ဒီအရင်းရှင်ကြီးတွေနဲ့ ယှဉ်ပြိုင် ဖို့ လူလတ်တန်းစား အရင်းရှင်တွေ ပေါ်ပေါက်စုဖွဲ့ထားတဲ့ ကုမ္ပဏီတွေ အဆင်သင့်ဖြစ်နေဖို့လိုပါတယ်။ လူ လတ်တန်းစား အရင်းရှင်တွေရဲ့ နီး စပ်ရာစုပေါင်းဖွဲ့စည်းထားတဲ့ ကုမ္ပဏီ တွေကိုလည်း တိုင်းပြည်စီးပွားရေး အ တွက် သွင်းကုန်ထုတ်ကုန်လိုင်စင် တွေကို အစိုးရဘက်က ဦးစားပေးခွင့် ပြုပေးရမှာ ဖြစ်ပါတယ်။
    ဒီအမျိုးသား လူလတ်တန်းစား အရင်းရှင်တွေကလည်း တိုင်းပြည်မှာ လိုအပ်နေတဲ့ ဖွံ့ဖြိုးတိုးတက်လာနိုင် မယ့် လုပ်ငန်းတွေကို အဓိကထား ရှာ ဖွေရင်းနှီးဖို့လည်း လိုပါတယ်။             ကျွန်တော်တို့ တိုင်းပြည်ဟာ စိုက်ပျိုးရေး အခြေခံတဲ့ တိုင်းပြည်ပါ။ မြေပြန့်တောင်တန်းတွေပေါ်က ဆင်းရဲသား ပြည်သူ တွေကို အဓိက ထားထောက်ပံ့နိုင်တဲ့ လုပ်ငန်းတွေကို လုပ်ရပါလိမ့်မယ်။ ဒီတောင်ယာ စိုက်ပျိုးနေသူတွေကို နည်းပညာတွေ ဖွံ့ဖြိုးအောင် လုပ်ပေးခြင်းဟာ တိုင်း ပြည်အနာဂတ်ကို ရှင်သန်ဖွံ့ဖြိုး အောင် ဆောင်ရွက်ပေးခြင်းပါပဲ။
    နောက် ပင်လယ်တန်းရိုးတန်း တွေနဲ့ အင်းတွေက ရေလုပ်ငန်းတွေ ကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရပါလိမ့်မယ်။ အမျိုး သား အရင်းရှင်တွေ အနေနဲ့ တိုင်းပြည် အတွက် စိုက်ပျိုးရေး ထွက်ကုန်တွေ၊ ရေလုပ်ငန်းထွက်ကုန်တွေရဲ့ ဈေး ကွက် ရှာဖွေဖန်တီးလုပ်ဆောင်ရမှာ  ပါ။ အမျိုးသား အရင်းရှင်တွေ (သို့ မဟုတ်) လူလတ်တန်းစား အရင်းရှင် တွေဟာ အရင်းရှင်မဟုတ်တော့ပဲ တိုင်းပြည်အတွက် အရင်းအနှီး အ ခြေပြုဝါဒကို စွဲကိုင်လာနိုင်ပါတယ်။ အရင်းအနှီးအခြေပြု ဝါဒဟာ အောက်ခြေစီးပွားရေးပုံသဏ္ဌာန်ကို ပြောင်းလဲပေးပါလိမ့်မယ်။ ဆင်းရဲ သားပြည်သူတွေရဲ့ စီးပွားရေး အကျပ် အတည်းကို ပြေလည်အောင် ဖြေရှင်း နိုင်ပါလိမ့်မယ်။ အောက်ခြေဆင်းရဲ သားပြည်သူတွေကို ထုတ်ကုန်လုပ် ငန်းတွေမှာ လူ့အရင်းအမြစ်တွေအ ဖြစ် အသုံးချကြမှာပါ။ ဒီ လူ့အရင်း အမြစ်တွေကို အသုံးချရင်း ကျွမ်း ကျင်တဲ့ လုပ်သားတွေ ဖြစ်လာပြီး လူလတ်တန်းစား နယ်ပယ်ထဲကို ဝင် လာနိုင်ပါတယ်။ ဒီလို အရင်းအနှီးမဲ့ နေခဲ့တဲ့ လုပ်သားတွေကနေ နောက် တစ်ဆင့် လူလတ်တန်းစားနယ်ပယ် ထဲကို ဝင်ရောက်လာနိုင်ပါတယ်။ ဒီလိုဖြစ်လာနိုင်ဖို့ ဘဏ်တွေရဲ့ ငွေ ကြေးစနစ်တွေကို လိုအပ်သလို ပြု ပြင်ရပါလိမ့်မယ်။
    နောက်တစ်ခုက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေနဲ့ အမျိုး သား အရင်းအနှီးအခြေပြုပြု လူ လတ်တန်းစား ကုမ္ပဏီတွေကို ချိတ် ဆက်ပေးရပါလိမ့်မယ်။ နိုင်ငံခြား ကုမ္ပဏီတွေနဲ့ အမျိုးသားအရင်း အနှီး ပြုလူလတ်တန်းစားစုဖွဲ့ ကုမ္ပဏီတွေ ဟာ ကိုယ်ကျိုးမျှကြည့်ပြီး ဆောင် ရွက်နိုင်ဖို့လိုပါတယ်။ နိုင်ငံခြား ကုမ္ပဏီတွေဆီက ခေတ်မီနည်းပညာ တွေကိုလည်း လုပ်အားအခြေခံ ပေါင်း စပ်ဆောင်ရွက်ပြီး ကျွမ်းကျင်တဲ့ လုပ်သားတွေ ဖော်ထုတ်နိုင်ရမှာပါ။ လူလတ်တန်းစား နယ်ပယ်ကျယ် ဝန်းလာရင် တိုင်းပြည်မှာ ချမ်းသာ သူတွေနဲ့ ဆင်းရဲပြည်သူတွေရဲ့ လူ တန်းစားကွာဟမှုဟာလည်း တဖြည်း ဖြည်း ကျဉ်းမြောင်းလာပါလိမ့်မယ်။
    ဒီလူလတ်တန်းစားနယ် ကျယ်ဝန်းရေးဆိုတဲ့ သီအိုရီကို အမျိုးသား ရေးဝါဒစွဲကိုင်ပြီး ကမ္ဘာပေါ်မှာ အောင်မြင်ခဲ့တဲ့ နိုင်ငံကို ပြပါဆိုရင် ဂျပန်နိုင်ငံကို ပြရပါလိမ့်မယ်။  ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းမှာ ပြာပုံအတွင်း က တိုင်းပြည်စီးပွားရေးကို အောင် မြင်ခဲ့တာ လူလတ်တန်းစားနယ်ပယ် ချဲ့ထွင်တဲ့ ဆောင်ရွက်ချက်ကို အဓိက ထားခဲ့တာကြောင့်ဖြစ်ပါတယ်။
    အမျိုးသား အရင်းရှင်တွေပေါ် ထွက်အောင် ဂျပန်နိုင်ငံရဲ့ စစ်ပြီး ခေတ် အစိုးရဟာ မဟာဗျူဟာမြောက် စနစ် တစ်ခုရေးဆွဲပြီး အကောင်အထည် ဖော်ပေးခဲ့တာကြောင့် ဖြစ်ပါတယ်။
    ကျွန်တော်တို့နိုင်ငံမှာလည်း တိုင်းရင်းသား အမျိုးသား အရင်းအ နှီးအခြေပြု လူလတ်တန်းစားတွေ ပေါ်ပေါက်ဖို့ အခြေခံကျကျ စီမံကိန်း တွေ ရေးဆွဲပြီး အကောင်အထည် ဖော်ရပါလိမ့်မယ်။

ဒါ့အပြင် ကျွန်တော်တို့ တိုင်းပြည် ကနေအပြင်ထွက်သွားကြတဲ့ သူတွေ အများအပြားရှိပါတယ်။ ဦးနှောက် ယိုစိမ့်မှုနဲ့အတူ အရင်းအနှီးတွေ အ များအပြား တိုင်းပြည်ပြင်ပကို ရောက် ရှိသွားပါတယ်။ ပြည်ပရောက် မြန်မာ တိုင်းရင်းသား လူလတ်တန်းစား အ ရင်းအနှီးပြုနိုင်သူတွေလည်း ပြည် တွင်းပြန်ခေါ်ဖို့ လိုပါတယ်။
    အခုအချိန်မှာ တရုတ်နိုင်ငံဟာ စီးပွားရေး အင်အားကြီးနိုင်ငံကြီး တစ်ခု ဖြစ်နေပါပြီ။ အဲဒီလိုစီးပွားရေး အင်အားကြီးနိုင်ငံဖြစ်ပေါ်လာဖို့ ပြည်ပရောက်နေတဲ့ ချမ်းသာတဲ့ တရုတ်လူမျိုးတွေကို တိုင်းပြည်အ တွင်း ရောက်အောင်ပြန်ခေါ်နိုင်ခဲ့လို့ ဖြစ်ပါတယ်။ ပြည်တွင်းမှာ လိုအပ်တဲ့ နေရာတွေမှာ ရင်းနှီးခဲ့ကြပါတယ်။ ဒီတရုတ်ပြည်က ပြည်ပရောက် အ ရင်းအနှီးအခြေပြုမှုတွေနဲ့ ဆောင် ရွက်ခဲ့ကြလို့ စီးပွားရေး အင်အားကြီး နိုင်ငံဖြစ်လာတာပါ။
    ကျွန်တော်တို့ နိုင်ငံမှာ စီးပွားရေးက ဂရပ်မျဉ်းအောက်ကို ထိုးဆင်းကျ ခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံစီးပွား ရေးဆိုတာ အောက်ခြေမှာ အဆင်းရဲဆုံးဒဏ်တွေကို ခံစားခဲ့ရတဲ့ ပြည်သူ တွေအတွက် အဓိက ဆောင်ရွက်ရ မှာဖြစ်ပါတယ်။ နေ့စဉ် စားဝတ်နေ ရေးအတွက် ပြည်သူတွေ ရုန်းကန် လှုပ်ရှားနေရပါတယ်။ ဒီပြဿနာကို အဓိက ဖြေရှင်းရပါမယ်။ ဒီပြဿနာ တွေကို ဖြေရှင်းပေးရမှာက အခု ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေတဲ့ အရပ်သား အစိုးရမှာ တာဝန်ရှိပါ တယ်။ ပြောမယ်ဆိုရင် အရပ်သား အစိုးရရဲ့ စီးပွားရေးဆိုင်ရာ ဝန်ကြီး တွေ အကောင်အထည်ဖော်ပေးရမှာ ပါ။ အရင်အစိုးရလက်ထက်က အ လတ်စားဆိုတဲ့ စီမံချက်တွေ၊ စီမံ ကိန်းတွေကို ပြန်ဆန်းစစ်ပြီး အသစ်ပြန်ရေးဆွဲရပါမယ်။ အလတ်စား စက်ရုံအလုပ်ရုံတွေထက် အလတ်တန်းစား အရင်းအနှီးအခြေပြုတဲ့ လူလတ်တန်းစားတွေကို စီးပွားရေးနယ် ပယ်မှာ ဆောင်ရွက်နိုင်အောင် ဆောင်ရွက်ပေးရမှာပါ။
    တိုင်းပြည်စီးပွားရေးမှာ ချုပ်ကိုင် ချယ်လှယ်နေတဲ့ ခရိုနီအရင်းရှင်ကြီး တွေကို ယှဉ်ပြိုင်ပြီး ထုတ်ကုန်တွေ ဖွံ့ ဖြိုးအောင် ဆောင်ရွက်နိုင်မယ့် အမျိုး သား အရင်းရှင်တွေများလာအောင် ဆောင်ရွက်ပေးနိုင်ဖို့ စီမံချက်တွေ ရေးဆွဲရပါလိမ့်မယ်။
    ဒီစီမံချက်တွေရေးတဲ့ နေရာမှာ အမျိုးသားရေးစိတ်၊ တိုင်းပြည်အကျိုး ကို လိုလားတဲ့ အရင်းအနှီးပြုသူတွေ ကို အဓိက ထားရပါလိမ့်မယ်။ လူသားအရင်းအမြစ်တွေကို နည်းပညာ သစ်တွေနဲ့ ပေါင်းစပ်ပေးနိုင်သူတွေ လည်း ဖြစ်ရပါမယ်။ မြန်မာပြည်မှာ အဓိက ထွက်ကုန်ဖြစ်တဲ့ လယ်ယာ တွေ လုပ်ကိုင်နေတဲ့ လယ်လုပ်သူ၊ တောင်ယာစိုက်သူတွေကိုလည်း အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင် သူတွေဖြစ်ရပါမယ်။ ဒီလူလတ်တန်းစား အရင်းရှင်နယ်ပယ်ကျယ်ဝန်းလာမှ အရင်းရှင်ကြီးတွေနဲ့ ဆင်းရဲသား ပြည်သူတွေရဲ့ ကွာဟမှု ကျဉ်းမြောင်း လာမှာဖြစ်သလို တိုင်းပြည်စီးပွားရေး လည်း တိုးတက်လာမှာဖြစ်ပါတယ်။

မြတ်လှိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.