29-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1017
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
လေးခွတစ်ချောင်းနှင့် ကောင်လေးတစ်ယောက်

တစ်ခါတုန်းက ဆမ်မီနှင့် မေရီတို့ မောင်နှမနှစ်ယောက်သည်  တောရွာတွင် နေထိုင်ကြသော အဘိုးအဘွားတို့ဆီ အလည်သွားကြလေသည်။ အဘိုးအဘွားတို့ဝင်းခြံထဲတွင် ဆော့ကစားကြသည်။ တစ်နေ့တွင် ဆမ်မီက လေးခွတစ်ချောင်းကို ကိုင်၍ တောထဲတွင် ဟိုလျှောက်ပစ် ဒီလျှောက်ပစ်နှင့် လက်တည့်စမ်းနေ လေသည်။ သို့သော် သူပစ်သမျှ၊ လက်တည့်စမ်းသမျှ အလွဲချည်းသာ ဖြစ်နေသဖြင့် စိတ်ပျက်လက်ပျက်ဖြစ် ပြီး နေ့လယ်စာစားရန် အိမ်ပြန်လာခဲ့ လေသည်။ ထိုသို့ ပြန်လာရင်း ခြံထဲ အရောက်တွင် အဘွားဖြစ်သူ၏ ဘဲ ငန်းကြီးကို သွားတွေ့လေသည်။
    ထိုအခါ ဘာကိုမှစဉ်းစားမနေ တော့ဘဲ လုပ်မိလုပ်ရာ သဘောဖြင့် ဘဲငန်းကြီးကို လေးခွနှင့် လှမ်းပစ် လိုက်မိရာ ခေါင်းကိုထိသွားပြီး တစ်ချက်တည်းနှင့်  သေသွားသည်။ ဆမ်မီလည်း ကြောက်ကြောက်လန့်လန့် နှင့် ဘဲငန်းကြီးကို သစ်လုံးပုံကြား၌ ဖွတ်ထားလိုက်သည်။ မေရီက ပြတင်းပေါက်မှနေ၍ အားလုံးကို မြင်တွေ့ လိုက်သည်။ သို့သော် ထိုအကြောင်းကို ဘယ်သူ့ကိုမှ ပြောမပြပေ။ ထမင်း စားပြီးသည့်အခါ အဘွားက ပြောလိုက်သည်။
    'မေရီရေ စားပြီးတဲ့ ပန်းကန်တွေ လာဆေးပေးပါ'
    မေရီက အဘွားဖြစ်သူအား ပြန် ပြောလိုက်သည်။
    'အဘွား၊ ဆမ်မီက  သမီးကို ပြောထားတယ်။ အဘွားကို  မီးဖိုချောင်မှာ သူသွားကူပေးမယ်တဲ့'
    ထို့နောက် မေရီက ဆမ်မီနား ကပ်ပြီး တိုးတိုးကလေးပြောလိုက်သည်။
    ''နင် ဘဲငန်းကြီးကို သိတယ် မဟုတ်လား''
    ဆမ်မီတစ်ယောက် တုန်လှုပ် သွားသည်။ ဘဲငန်းကြီးအကြောင်းကို မေရီသိထားပုံရလေသည်။ သူပြောသမျှကို နားမထောင်လျှင် ထိုဘဲငမ်းကြီး အကြောင်းကို အဘိုးအဘွားတို့အား ပြောလိုက်မှာစိုးသဖြင့် ပန်းကန်တွေကို သွားဆေးလိုက်သည်။
    ထိုနေ့ ညနေတွင် အဘိုးဖြစ်သူက သူတို့အား ငါးမျှားလိုက်ကြမလားဟု မေးလေသည်။ အဘွားဖြစ်သူက
    ''ကျွန်မတော့ မလိုက်နိုင်ဘူး။ ပြီးတော့ မေရီက အဘွားနဲ့ နေခဲ့၊ အဘွားတို့ ညစာအတွက် ချက်ရ ပြုတ်ရမှာ''
    ထိုအခါ မေရီက ရယ်ရယ်ပြုံးပြုံး နှင့်ပြောလိုက်သည်။
    ''ကောင်းပါပြီ ဘွားဘွားရယ် ဒါပေမယ့် ဆမ်မီကေ့ပြာထားတယ်။ အဘွားကို သူကူညီလုပ်ပေးချင်လို့တဲ့''ဟု ပြောရင်း ဆမ်မီနားကပ်ပြီး တိုးတိုးလေး ပြောလိုက်ပြန်သည်။
    ''ဘဲငန်းကြီးကို သိတယ်နော်''
    ထို့ကြောင့် မေရီက အဘိုးဖြစ်သူနှင့် ငါးမျှားရာလိုက်သွားသည်။ ဆမ်မီက အဘွားကို ကူညီလုပ်ကိုင်ပေးဖို့ နေခဲ့ရလေသည်။ ဤသို့ နေ့ပေါင်းများစွာ မေရီကမတရား အခွင့်အရေး ယူနေသည်ကို ကြာတော့ ဆမ်မီက မခံနိုင်တော့။ ထို့ကြောင့် အဘွား ဖြစ်သူကို ဘဲငန်းကြီးအား သူသတ် လိုက်မိကြောင်း ဝန်ခံလိုက်သည်။
    အဘွားဖြစ်သူက ဒူးထောက် ထိုင်ချလိုက်ပြီး ဆမ်မီကို ပွေ့ဖက်လိုက်သည်။
    ''မြေးလေးရယ် အဲဒီအကြောင်း ကို ဘွားဘွားသိပါတယ်။ အဲဒီတုန်းက ဘွားဘွားက ပြတင်းပေါက်မှာ ရှိနေတယ်။ ဘွားဘွားက ငါ့မြေးလေးကို ချစ်လို့ ဘာမှမပြောခဲ့တာ။ ဒါပေမယ့် ဘွားဘွားတစ်ခု အံ့သြမိတာက မြေးလေးအပေါ်မှာ မေရီကမတရား အ နိုင်ကျင့်နေတာကို ဘာဖြစ်လို့ ဒီလောက်တောင်ခံနေရသလဲလို့''
သင်ခန်းစာ ။    ။ မိမိကျူးလွန်မိသမျှကို ဝန်ခံပါ။ ထိုသို့ ဝန်ခံလိုက်ခြင်း ဖြင့် စိတ်လေးလံနေစရာမလိုတော့။ မိမိကိုယ်ကိုယ်လည်း စိတ်သန့်သွားပြီး ထို့အတွက် မည်သူကမျှ အခွင့်အရေး ယူ အနိုင်ကျင်တော့မည်မဟုတ်။ အားလုံးက မိမိရဲ့ အမှားကို ခွင့်လွှတ် မှာဖြစ်သည်။

Little Boy with a slingshot ကို ဆီလျော်အောင်ပြန်ဆိုသည်။

တင်ဆွေမိုး
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.