23 - 3 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မင်းပြားမြို့နယ် လက်မ(ရခိုင်) ကျေးရွာမှ နေအိမ် ၈ဝ ကျော် ဘေးလွှတ်ရာသို့ပြောင်း
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1006
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
Job Opportunity နိုင်ငံ တိုးတက် စည်ပင်စေဖို့ အခွင့်အလမ်း

ထရန့်အမြင်

 ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန် သမ္မတဒေါ်နယ် ထရန့်က ကွန်ဂရက်မှာ မိန့်ခွန်းပြောတယ်။

ပထမဦးဆုံး လွှတ်တော်မှာပြောတဲ့ မိန့်ခွန်းပါပဲ။

သူက စီးပွားရေးသမားဖြစ်လို့ သူ့ရဲ့ မိန့်ခွန်းတွေထဲမှာ သူ တင်တဲ့ စီးပွားရေးအမြင်တွေကို ကျွန်တော် သဘောကျပါတယ်။

၂ဝဝ၁ ခုနှစ် တရုတ်တွေ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ထဲကို ဝင်လာကတည်းက အမေရိကန်တွေရဲ့ ကုန်ထုတ်တဲ့ စက်ရုံတွေ ၆ဝဝဝဝ ခန့်ကို ပိတ်ခဲ့ရသတဲ့။

အမေရိကန် လူမျိုး ၉၄ သန်းဟာ အလုပ်လက်မဲ့ဖြစ် နေရတယ်။ အမေရိကန် လူမျိုး ၄၃ သန်းဟာ ဆင်းရဲတွင်း ထဲကို ရောက်နေ ပါသတဲ့။

ဒါဟာ ကြောက်စရာကောင်းလှပါတယ်။

တကယ်တော့ စက်ရုံတစ်ရုံမှာ အနည်းဆုံး အလုပ်သမား တစ်ထောင်ရှိတယ်ဆိုရင် စက်ရုံတစ်သောင်းမှာ အလုပ်သမား ၁ဝ သန်း ရှိမှာပါပဲ။

ဒီတော့ စက်ရုံ ခြောက်သောင်း ပိတ်ရရင် အလုပ်သမား သန်း ၆ဝ အလုပ်လက်မဲ့ဖြစ်မှာ သေချာတယ်။

နိုင်ငံတကာ ကုန်သွယ်ရေး

အမှန်တော့  ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ပတ်သက်ပြီး ထရန့်က ပြင်းပြင်းထန်ထန် ကန့်ကွက်ဖူးတယ်။

အမေရိကန် သံမဏိ Steel စက်ရုံတွေ ဘာကြောင့်ပိတ် လိုက်ရတာလဲ။ တရုတ်က သံမဏိတွေ ပေါပေါလောလော ဝင်လာလို့ပဲ။

အမေရိကန် ပြည်ထောင်စုမှာ ပြဿနာတစ်ခုရှိတယ်။ အဲဒါကတော့ သွင်းကုန်ကို အခွန်နည်းနည်း စတိလောက်သာ ကောက်ခံတယ်။

သူတို့ ရောင်းတဲ့ ပစ္စည်းတွေကိုတော့ အခြားနိုင်ငံတွေက အခွန်ကြီးလေးစွာ ကောက်တယ်။

ဥပမာ အမေရိကန် ကုမ္ပဏီက ထုတ်လုပ်တဲ့ မော်တော် ဆိုင်ကယ်ဆိုရင် အချို့နိုင်ငံက ၁ဝဝ ရာခိုင်နှုန်း အခွန်ကောက် တယ်။

ဒီတော့ ဘယ်သူကမှ အမေရိကန်ပစ္စည်းကို မသွင်းချင် တော့ဘူး။

အမေရိကန်ဟာ ကုန်သွယ်မှုလိုငွေ ဘီလျံ ၈ဝဝ အထိ တိုးမြင့်လာတယ်လို့ ဆိုတယ်။

ဂလိုဘယ်လိုက်ဇေးရှင်း

အမှန်တော့ ဂလိုဘယ်လိုက်ဇေးရှင်းကို စတင်သူတွေက အနောက်တိုင်းသားများသာ ဖြစ်ခဲ့ပါတယ်။ ဥရောပက လူဖြူ တွေ အပါ အဝင် အင်္ဂလိပ်နဲ့ အမေရိကန်တွေဟာ ၁၈ ရာစု စက်မှုတော်လှန်ရေးကာလ နောက် ပိုင်းမှာ ကုန်ထုတ်စွမ်းအားတွေ များ စွာကောင်းလာကြတယ်။

ဒါကြောင့် သူတို့ဟာ အရှေ့ တိုင်းကို နယ်ချဲ့တယ်၊ ကုန်သွယ်မှု တွေ လုပ်လာကြတယ်။ အထူးသဖြင့်  အင်္ဂလိပ်တွေဟာ တရုတ်ကို စိတ်ဝင် စားပြီး အမေရိကန်တွေကတော့ ဂျပန်ကို တံခါးဖွင့်ခိုင်းခဲ့ပါတယ်။

အင်္ဂလိပ်တွေဟာ  တရုတ်ဆီက ပစ္စည်းကို ရွှေအစား ဘိန်းပေးနိုင် အောင်လို့ တရုတ်ပြည်ကို မူးယစ် ဆေးဝါးတွေ သွင်းခဲ့ပါတယ်။

တရုတ်အများအပြား ဘိန်းစား တွေဖြစ်ကုန်ပြီး ဘိန်းစစ်ပွဲတွေ အ ကြိမ်ကြိမ်ဖြစ်ခဲ့ရတယ်။

ယနေ့ ဒေါ်နယ်ထရန့်ကလည်း ဘိန်းစတဲ့ မူးယစ်ဆေးဝါးတွေ အမေ ရိကန်ပြည်ထောင်စုကို မရောက် အောင်နဲ့ နိုင်ငံကို ပိုမိုထိရောက်စွာ ကာကွယ်နိုင်ဖို့ ဒေါ်လာ ဘီလျံတစ် ထောင်ကျော်ကို ကာကွယ်ရေး အသုံး စရိတ်မှာ တိုးမြှင့်ပေးပါတယ်။

ဒါပေမယ့် ဒုတိယ ကမ္ဘာစစ်အ ပြီး ဂလိုဘယ်လိုက်ဇေးရှင်းမှာ အရှေ့ တိုင်းနိုင်ငံတွေဖြစ်တဲ့ ဂျပန်နဲ့ တရုတ် ဟာ ဥရောပ၊ ယူကေနဲ့ အမေရိကန် တို့ကို အထိနာစေခဲ့ပါတယ်။

ဂျပန်စီးပွားနှင့် ဂလိုဘယ်လိုက်ဇေးရှင်း

အမှန်တော့ ဂျပန်ဟာ ကျွန်း နိုင်ငံသေးသေးလေးသာဖြစ်ပေမယ့် အမေရိကန်ကို ယှဉ်ပြိုင်လာနိုင်ခဲ့ တယ်။

တကယ်တော့ အမေရိကန်တို့ ဟာ ၁၈ ရာစု နှောင်ပိုင်းမှာ ဂျပန်နဲ့ ကုန်သွယ်ဖက်ဖြစ်ခဲ့ပါတယ်။

 ဒါပေမယ့် အမေရိကန်ရဲ့ အ နိုင်ကျင့်မှုတွေကြောင့်  ဒုတိယ ကမ္ဘာ စစ်မှာ သူတို့ အမေရိကန်ကို စစ် ကြေညာခဲ့ပါတယ်။

အမေရိကန်ဟာ ဂျပန်နဲ့ ပြင်း ပြင်းထန်ထန် တိုက်ခဲ့ရပြီး နောက်ဆုံး အဏုမြူဗုံးနှစ်လုံးသုံးကာ စစ်ပွဲကို အနိုင်ယူခဲ့ပါတယ်။ စစ်ရှုံးတဲ့ ဂျပန် ဟာ လုပ်ငန်းတွေ အားလုံးပျက်စီး သွားပေမယ့် စိတ်ဓာတ်တော့ ကျန် နေပါတယ်။

အမှန်တော့ ဒုတိယ ကမ္ဘာစစ် ကြီး ပြီးသွားပေမယ့် အမေရိကန်တွေ ကတော့ စစ်ပွဲဆင်နွှဲနေဆဲပါပဲ။

အဲဒီစစ်က ကိုးရီးယား စစ်ပွဲပါ။

ကွန်မြူနစ်ကို ကြောက်တဲ့ အမေရိကန်တွေဟာ ကိုရီးယား ကျွန်း ဆွယ်မှာ ဝင်ရောက်နေရာယူတယ်။

 မြောက်ဘက်ခြမ်းက ကွန်မြူနစ် ကိုရီးယားတွေဟာ တောင်ဘက်အ ခြမ်းက ကွန်မြူနစ်မဟုတ်တဲ့ ကိုရီး ယားနဲ့ စစ်ပွဲတွေဖြစ်တယ်။ အဲဒီစစ် ပွဲမှာ တောင်ဘက်အခြမ်းမှာရှိတဲ့ ကိုရီးယားတွေနဲ့အတူ အမေရိကန် တွေက ကူတိုက်ပေးတာပါပဲ။

အဲဒီ ကိုရီးယား စစ်ပွဲဟာ ၁၉၄၉ ကနေ ၁၉၅ဝ အထိ လေးနှစ်တာ ကြာခဲ့ပါတယ်။ ဒီလို တိုက်ပွဲအတွက် အမေရိကန်တွေဟာ ဂျပန်က ပစ္စည်း တွေကို သုံးခဲ့ကြတယ်။ ဂျပန်က စက် ရုံတွေဟာ အလုပ်ဖြစ်လာတယ်။

 အဲဒီအချိန်ကစပြီး ဂျပန်စီးပွား ရေးဟာ ပြည်လည် နာလန်ထူလာပြီး ကမ္ဘာ့ဈေးကွက်ကို ဝင်တိုးတယ်။

ဂျပန်ဟာ အီလက်ထရွန်းနစ် ပစ္စည်းတွေနဲ့ ကမ္ဘာ့ဈေးကွက်ကို ထိုး ဖောက်ခဲ့သလို မော်တော်ကားနဲ့ လည်း ထိုးဖောက်လာတယ်။

ကမ္ဘာအနှံ့မှာ ဂျပန်ကား စက်ရုံ တွေ ပေါ်ပေါက်လာတယ်။

ဇွဲနဘဲနဲ့ လုံ့လကြောင့် ဂျပန် ပစ္စည်းတွေဟာ ကောင်းမွန်စိတ်ချရ တဲ့ ပစ္စည်းတွေအဖြစ် ဈေးကွက်မှာ ကျော်ကြားတယ်။

တရုတ်စီးပွားနှင့် ဂလိုဘယ်လိုက်ဇေးရှင်း

တရုတ်ကတော့ ဒုတိယ ကမ္ဘာ စစ်အပြီးမှာ ကွန်မြူနစ်စနစ်နဲ့ တိုင်း ပြည်ကို ထူထောင်ခဲ့ပါတယ်။

သူက ဆင်းရဲတယ်။ ဘိန်းစွဲ တယ်။ ဒါတွေကို ကွန်မြူနစ် ဗဟို ဦးစီးစနစ်က ပြင်းထန်စွာ ကြိုးစားပြီး ဖြေဖျောက်နိုင်ဖို့ ဆောင် ရွက်တယ်။

ဘိန်းစွဲတာတွေ ပျောက်ကုန် တယ်။ စီးပွားရေးကတော့ ဈေးကွက် စီးပွားရေးကိုစလိုက်မှပဲ တိုးတက်လာ တော့တယ်။

တရုတ်က စီးပွားရေးပေါ်လစီ ပြောင်းလေတော့ နိုင်ငံရပ်ခြား တရုတ် (Oversea Chinese) တွေ ဟာ ငွေကြေးများအပြင် နည်း ပညာများကို ယူဆောင်လာကာ ရင်းနှီး မြှုပ်နှံလာကြတယ်။ တရုတ်မှာ ကမ္ဘာ့ စွမ်းအင်အမြင့်မားဆုံး ဟိုက်ဒရိုဂျင် ဗုံးကိုပင် ပိုင်ဆိုင် လာတယ်။

သူ့ရဲ့ ကြိုးစားမှုကြောင့် စီးပွား ရေး တိုးတက်လာတယ်။

ကုန်ထုတ်မှုတွေ တိုးတက်ကာ ဈေးကွက်ကို ဈေးအသက်သာဆုံးနဲ့ ဝင်တိုးတယ်။ လူသုံးကုန်ပစ္စည်း မြောက်မြားစွာကို ထုတ်သလို ကုန် ကြမ်းကုန်ချော သံမဏိ အီလက်ထ ရွန်းပစ္စည်းတွေကိုလည်း ထုတ်တယ်။

 နိုင်ငံတကာက လာရောက် ရင်း နှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေကိုလည်း လက်ခံတယ်။ Apple တို့လို ကွန်ပျူ တာတွေ၊ မိုဘိုင်းဖုန်းတွေ လုပ်တဲ့ ကုမ္ပဏီတွေဟာ  တရုတ်မှာ ဝင် ရောက်ရင်းနှီးမြှုပ်နှံတော့တယ်။

အမေရိကန် ကုမ္ပဏီများစွာ အဲဒီ ကို ရောက်သွားတယ်။ တရုတ်ဟာ ဈေးပေါပေါနဲ့ ပစ္စည်းမျိုးစုံ ထုတ်လုပ် ရောင်းချတဲ့အတွက် တစ်ကမ္ဘာလုံး ဟာ သူ့ဆီကနေ ဝယ်လာတဲ့ အခြေ အထိရောက်အောင် ဆောင်ရွက်နိုင် လာတယ်။

ဒါကြောင့် တစ်နေရာမှာ တွေ့ဖူး တဲ့ စကားကတော့ God Creates us. but everything is made in China ဆိုတဲ့ စကားတောင်ဖြစ်လာပါတယ်။

ထရန့်ရဲ့ လှည်းဘီး

ထရန့်ဟာ စီးပွားရေး လှည်းဘီး ကို တစ်ဖက်လှည့်ဖို့ ကြိုးစားနေတယ် လို့ဆိုတယ်။ သူက အမေရိကန် ကုမ္ပဏီတွေကို အခွန် ၃၅ ရာခိုင်နှုန်း ကနေ ၁၅ ရာခိုင်နှုန်းအထိ လျှော့ချ မယ်။ နိုင်ငံခြားက ဝင်လာတဲ့ ပစ္စည်း တွေကိုလည်း ကြီးလေးတဲ့ အခွန် ကောက်မယ် လို့ ဆိုတယ်။

စက်ရုံတွေကို ပြန်လည် လည် ပတ်စေမယ်။

ယနေ့ အမေရိကန် ရှစ်ယောက် အနက် တစ်ယောက်ဟာ အလွန် အမင်း ဆင်းရဲနေတယ်လို့ ဆိုပါ တယ်။

တကယ်တော့ ကမ္ဘာ့အချမ်းသာ ဆုံးနိုင်ငံမှာ အဆင်းရဲဆုံး လူတစ် ယောက်အနေနဲ့ ဘယ်လိုခံစားကြရ မလဲ။

ဒီလိုလူမျိုးအရေအတွက်ဟာ တွက်ကြည့်လိုက်ရင် အမေရိကန် သန်း ၃ဝ ကနေ သန်း ၄ဝ အထိ ရှိပါတယ်။

ထရန့်ဟာ စီးပွားရေး ဝင်ရိုးကို တစ်ပတ်ပြန်လည်လာအောင် လှည့် နိုင်ပါ့မလား။

ခက်ခဲနေတဲ့ အမေရိကန်ပြည် သူတွေကို ကူညီပြီး အခြားနိုင်ငံတွေ နဲ့ ဆက်ဆံရေး တင်းမာလာမလား။

ဒါမှမဟုတ် စီးပွားရေး သမား တွေက သူ့ကို တွန်းထိုးမှာလား။

သူဟာ သတင်းမီဒီယာတွေနဲ့ လည်း အဆင်မပြေဘူး။ သူ့ပတ်ဝန်း ကျင်မှာရှိတဲ့ တရားသူကြီးတွေနဲ့ လည်း အဆင်မပြေဘူး။

သူ့ရဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ လည်း အဆင်မပြေလှဘူး။

သူ့ကို ကူညီဖို့ သူတစ်ယောက်ပဲ ရှိတယ်လို့ သူက ဆိုထားပါတယ်။ သူ ဘယ်ခရီးဆက်မလဲ။

သူ့ရဲ့ ကိုယ်စွမ်း ဥာဏ်စွမ်းကို စောင့်ကြည့်လို့နေပါတယ်။

မြန်မာဈေးကွက်

 မြန်မာတွေကတော့ ယနေ့မှာမှ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှု ကနေ လွတ်မြောက်ခါစရှိပါသေး တယ်။

 မြန်မာရဲ့ ကုန်ချောပစ္စည်းတွေ ကို အမေရိကန်အထောက်အကူပြု မယ့် အလာအလာနည်းနေတာကို တွေ့ရပေမယ်။

 မြန်မာအတွက် ပို့ကုန်ခွဲတန်ျးှကသအေ လည်း အဆင်ပြေပါ့မလားလို့ တွေးရပါတယ်။

ဒါပေမယ့် တကယ်တမ်းမှာ မြန်မာပြည်က ကနောင်မင်းသား တည်ထောင်ခဲ့တဲ့ ရှိစုမဲ့စု စက်ရုံတွေ ဟာ အင်္ဂလိပ်အတက်မှာ ပျက်စီး သွားတယ်။ အင်္ဂလိပ်က မြန်မာပြည် အတွက် ဘီယာစက်ရုံ (မန္တလေးဘီ ယာ) တစ်ရုံကိုသာ ၁၈၈၅ ခုနှစ်က တည်ပေးခဲ့ တယ်။ နောက်ကုန်ချော ထုတ်တဲ့ စက်ရုံတွေကတော့ သကြား စက်နဲ့ အရက်ချက်စက်ရုံတွေပဲရှိ တယ်။

ယနေ့ မြန်မာပြည်မှာ အကျိုး အမြတ်ရတာတွေကတော့ ဘီယာနဲ့ စီးကရက် စက်ရုံတွေဖြစ်နေတယ်။ ယနေ့ ဘီယာစက်ရုံအကြီးကြီး ငါးရုံ ရှိတယ်။ နောက်ထပ် နှစ်ခုတည်ဦး မယ်။

 မြန်မာတွေအနေနဲ့ ဘိန်းစိုက် တာလည်း နာမည်ကြီးတယ်။ ဘိန်းဖြူ စက်ရုံနဲ့ ဆေးပြားတွေလည်း နာမည် ကြီးတယ်။ အဲဒီအတွက် စက်ရုံတွေ ရှိမှာပါပဲ။ ဒါတွေဟာ SME တွေ လား။ အီလက်ထရွန်းနစ်ခေတ်ကြီး မှာ ကျွန်တော်တို့ ဘာလို့ နောက်ကျန် နေရတာလဲ။

ငြိမ်းချမ်းရေးမရလို့ ဆိုပြီး ပြော ကြပါတယ်။ မှန်ပါတယ်။

တကယ်တော့ ကျွန်တော်တို့ ဆင်းရဲတွင်းကနေ တက်ဖို့ ဘယ်သူ ကြိုးစားရမှာလဲ။

ကျွန်တော်တို့အတွက် အလုပ် အကိုင် အခွင့်အလမ်းကို ကျွန်တော် တို့ကသာ ရှာရပါမယ်။

နိဂုံး

ဖိလစ်ပိုင်မှာတော့ သမ္မတ ဒူ တာတေးက ခပ်ကြမ်းကြမ်း ကိုင်သွား တယ်။

အမေရိကန်မှာတော့ ခုလို ဒေါ် နယ်ထရန့်က သူ့ပြည်သူတွေအတွက် ခိုင်မာစွာ ရပ်တည်လာတယ်။

ကျွန်တော်တို့လည်း ဒီမိုကရေစီ တည်ဆောက်ဖို့ ခေါင်းဆောင်ကောင်း ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ဟာ ပြည်သူအတွက် အစွမ်းကုန်ကြိုးစား လို့ နေပါတယ်။

 ပြည်သူတွေ ပါဝင်ဖို့ အများကြီး လိုအပ်ပါတယ်။

မမှန်တာတွေကို မဖုံးထားပါနဲ့၊ ထုတ်ပြောပါလို့ လမ်းဖွင့်ပေးနေပါ တယ်။

 ငြိမ်းချမ်းရေးရပြီး နိုင်ငံတိုးတက် ဖို့ အားလုံးပါဝင်ဆောင်ရွက်ကြပါစို့။

ဒေါက်တာ ခင်မောင်ညို
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.