29-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1017
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ငါသိ တစ်ဆယ်ကဲ စိတ်

ဘာမဆိုသိ၊ ဘာမဆိုတတ်ဟို စပ်စပ်ဒီစပ်စပ်နဲ့ “ကိုတတ်ပ” လုပ်တတ်တဲ့ လူမျိုးတွေကို တွေ့ဖူးတယ်။ ဘာအကြောင်းအရာကို ပြောဆိုဆွေး နွေးမလဲ။ ကြိုက်တဲ့ ဆွေးနွေးဖော် ဆွေးနွေးဘက်လာခဲ့၊ ပြောဆိုဆွေးနွေး လို့ရတယ်။ စကားဝိုင်းဖွဲ့လို့ရတယ်။ အခြေအနေပေးရင် သူကတောင် ဦးဆောင်ဆွေးနွေးတဲ့အဆင့်အထိ ရောက်သွားတတ်သေးတယ်။ အလွန် သိ၊ အလွန်တတ်၊ အလွန်တော်တဲ့ လူမျိုးတွေပါပဲ။ သာမန်ကြည့်ရင် သူတို့ကို အဲ့ဒီလို ထင်စရာရှိပေမယ့် တကယ့်တကယ်နှိုက်နှိုက်ချွတ်ချွတ် နှံ့နှံ့စပ်စပ်မေးမြန်းကြည့်မယ်ဆိုရင် တော့ အဲ့ဒီလို လူမျိုးတွေဟာ တကယ် မသိ၊ တကယ်မတတ်၊ တကယ် မတော်တဲ့ လူရှော်တွေအဖြစ် မြင်တွေ့ ရလိမ့်မယ်။
    လောကမှာ အရာရာကို နား လည်နိုင်စွမ်းရှိသူ အင်မတန်ရှားပါ တယ်။ ရှိမယ်လည်း မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တစ်မျိုး ကောင်း နှစ်မျိုးကောင်းကျွမ်းကျင်နား လည်ကောင်း နားလည်နိုင်ပါတယ်။ ဆရာတစ်ဆူ အဆင့်အထိလည်း ရှိ ကောင်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ဘာသာရပ်တိုင်းကိုတော့ က၀ိဘ၀ ရောက်အောင် မစွမ်းဆောင်နိုင်မှာ သေချာပါတယ်။ သစ်ပင်တွေစုပြီး ပေါက်နေတဲ့နေရာကို သစ်တောလို့ ခေါ်တယ်ဆိုပေမယ့် မတူတဲ့ သစ် တပင်စီရဲ့ အတိုင်းအထွားအနိမ့် အမြင့်သက်တမ်းနဲ့ အရည်အသွေး တွေကိုတော့ အတော်များများက မပြောနိုင်မှာသေချာပါတယ်။ ဘာ ကြောင့်လဲ။ ယေဘုယျသိနားလည်မှု လောက်ဟာ ပြီးပြည့်စုံတဲ့ နားလည် မှုမျိုးမဟုတ်လို့ပဲဖြစ်ပါတယ်။
    ဒါပေမယ့် လူဆိုတာ သူသိသမျှ ကိုသိကြောင်း လူတွေကို ထပ်ပြီး သိ သွားစေချင်ကြတယ်။ အရာရာမှာ အလွန်သိတဲ့ ““ကိုဖိုးသိ””အဖြစ် အများရဲ့ အထင်ကြီးမှုကို ခံချင်ကြ တယ်။ ခံရအောင်လည်း အကျိုးအ ကြောင်း အချက်အလက်နဲ့ ခွင်ပေါင်း စုံရှာဖွေ ဖန်တီးတတ်ကြတယ်။ တစ် စိတ်ကို တစ်အိတ်လုပ်ပြကြ၊ ဗာရာဏ သီချဲ့ကြ လုပ်ချင်ကြတယ်။
    အဲ့ဒီစိတ်ဓာတ်ကို လေ့လာမယ် ဆိုရင် လူတိုင်းဟာ ““ငါသိတစ်ဆယ် ကဲစိတ်”” လွှမ်းမိုးနေလို့ဆိုတာကို တွေ့ ရလိမ့်မယ်။ ကိုယ်က သူများထက်ပို သိတယ်လို့ ထင်နေတဲ့ အကြောင်း ကြောင့်လည်း တစ်ပိုင်းပါနိုင်တယ်။ ပကတိတရားထက် လွန်ကဲပြီး ကိုယ့် ကိုယ်ကိုယ် အထင်ကြီးမှုနဲ့လည်း ဆိုင်နိုင်တယ်။ ဒီလိုဖြစ်လာတဲ့အခါ အရာအားလုံးကို ကိုယ်ကတစ်စွန်း တစ်စလောက် သိရှိနားလည်တာကို အများကြီးသိနားလည်လာတယ်လို့ ထင်လာတော့တယ်။ ဒီအချိန်မျိုးမှာ ပွဲထွက်ခွင့်ရသွားပြီဆိုရင်တော့ဖျာ သိမ်းဖို့ စောင့်နေတဲ့ လူကိုတောင် ချမ်းသာမပေးတော့ပဲ သိသမျှ ဆရာ ကြီးလုပ်ပြီး ဟောတော့၊ ပြောတော့ မယ်သာမှတ်။
    တခြားသူတွေရေးထားတဲ့စာက သူ့စာလောက်မကောင်းဘူး။ အနှစ်သာရမရှိဘူး။ တခြားလူတွေ ဟောတာ ပြောတာက သူလောက် လေးနက်မှုမရှိဘူး။ အာဝဇ်္ဇန်းမရွှင် ဘူး။ တခြားသူတွေဆိုတာ၊ ငိုတာက သူ့လောက်သရုပ်မပီဘူး။ သဘာဝမ ကျဘူး။ ဘယ်နေရာမှာမဆို သူက ဦးစီးဦးဆောင်ပြုမှ သင့်လျော်တယ်။ ကျန်တဲ့ သူတွေက သူ့လောက်မတော်၊ မတတ်၊ အရည်အချင်းမရှိဘူးလို့ ထင်နေတတ်ကြတယ်။ အဲ့ဒီလို “ငါသိ တစ်ဆယ်ကဲ စိတ်” ရောဂါခံစားနေရ သူတွေဟာ လူအမြင်ကတ်စရာတွေမို့ ဆရာတော် “ရှင်မဟာရဋ္ဌသာရ”က ဒီလိုဟောပြောဆုံးမဖူးတယ်။
နှလုံးသည်းခြေ၊ သနေ်္ဓလည်းတန်
မမှန်စကား၊ လူဖြစ်မှားဟု
အများမဆိုရစေနှင့်။
မဖြောင့်မသား၊ မတရားကို
လားလားဤသူ၊ မပြုဟူ၍
ဗိုလ်လူခပ်သိမ်း၊ မေတ်္တာလိမ်းသည်
ချီးမွမ်းဆိုထွေရတတ်စေ ပါတဲ့။
    ဒီလို လူမျိုးဟာ လူ့လောကထဲ ကို လူဖြစ်မှားပြီးရောက်လာတဲ့ လူမျိုး၊ အကျင့်တန်တဲ့ လူမျိုး၊ မဖြောင့်မတ် မမှန်ကန်တဲ့ လူမျိုးရယ်လို့ အများက ထင်မှတ်မမှားရအောင် ဆုံးမတာပဲ ဖြစ်ပါတယ်။
    တကယ်တော့ ကိုယ့်ကိုယ်ကို အလွန်သိ အလွန်တတ်တယ်လို့ ထင် နေသူတွေဟာ ဘာမှမသိ ဘာမှမ တတ်တဲ့ သူတွေပဲဖြစ်ပါတယ်။ နည်း နည်းလေးသိတာကို အများကြီးသိ တယ်လို့ ထင်မှတ်မှားနေမှုဟာလည်း အန်္တရာယ်တစ်ခုပါ။ "Little
Knowledge is Dangerous" မဟုတ်လား။ အင်မတန် သတိထားဖို့ ကောင်းပါ တယ်။ ဒါပေမယ့် “ငါသိတစ်ဆယ်ကဲ” သမားတွေ ကိုယ်ပါလေရာတွေက တော့ အဲ့ဒါကို သတိထားမိမယ်မ ထင်ဘူး။
    ကြွားချင်ဝါချင်ရာက အစပြုခဲ့ တဲ့ ဒီစိတ်ဟာ လူတကာ နှာခေါင်း ရှုံ့ကြတဲ့ စိတ်မျိုးဖြစ်တယ်ဆိုတာ သူတို့မသိကြလေသလား။ အခြေအ နေ အကျိုးအကြောင်း အမျိုးမျိုးအရ ကိုယ်ပြောသမျှဆိုသမျှ ခေါင်းညိတ် ထောက်ခံနေတဲ့သူတွေ ရှိလေလေ အဲဒီ့ ရောဂါက သည်းသန်ပြင်းထန် လေပဲဖြစ်ပါတယ်။ အားနာတာကို အလို့၊ သူ့လောက်မသိလို့ ထင်မှတ် မှားနေတာဟာ အဆိုးဆုံးပါပဲ။ အဲ့ဒီ လူတွေဟာ အကြွားအ၀ါသန်လွန်းတဲ့ “မင်းတို့ ကန်ချဲ့ရင်ချဲ့ ငါ့လိပ်ကိုတော့ မလျှော့ဘူး”ဆိုတဲ့ လူစားမျိုးတွေပါ။
    အရင်တုန်းက ရွာတစ်ရွာမှာ အလွန်ကြွားတတ်တဲ့ လူတစ်ယောက် ရှိတယ်။ တစ်ရက်မှာ အကြောင်း တစ်ခုကြောင့် ရွာဦးက ကန်ပေါင် နားကို ရောက်သွားလေတော့ ရေထဲ ကတက်ပြီး နေစာလှုံနေတဲ့ လိပ် တစ်ကောင်ကို တွေ့သတဲ့။ သူတွေ့ခဲ့ရ တဲ့ လိပ်ကလည်း အတော်အတန် တော့ကြီးပါလိမ့်မယ်။ ဒါနဲ့ ရွာကာလ သားတွေ စကားဝိုင်းမှာ အခြားသူတွေ နဲ့ ဆုံမိတဲ့အခါ သူတွေ့ခဲ့ရတဲ့ လိပ် ကြီးအကြောင်း ဖောက်သည်ချပြီး အဲ့ဒီလိပ်ဟာ လှည်းဘီးလောက်ရှိ ကြောင်းပြောပါတယ်။ လူတွေက မယုံပါဘူး။ ဒါနဲ့ သူက ဆန်ကောဝိုင်း လောက်တော့ အနည်းဆုံးရှိမယ်ထင် တယ်လို့ လျှော့ချလိုက်တယ်။ ဒါပေ မယ့် ကျန်တဲ့ လူတွေက မယုံပြန်ဘူး။ ဒီတော့သူဟာ လင်ပန်းအရွယ်ထိ လျှော့ရတော့တယ်။ ဒါပေမယ့် အ ချက်အလက်နဲ့ တိတိကျကျ ပြော တတ်တဲ့ တစ်ဦးက ကန်ရဲ့အကျယ်နဲ့လိပ်ရဲ့ အရွယ်ကမမျှတဘူး။ မဖြစ် နိုင်ဘူးလို့ ထပ်ငြင်းတဲ့အခါ ကိုဖိုးကြွား က သည်းမခံနိုင်တော့ပဲ...
    ““ဟေ့ မင်းတို့ ကန်ကိုချဲ့ရင်ချဲ့ ကြ၊ ငါ့လိပ်ကိုတော့ ဒါထက်ပိုပြီး လျှော့လို့မရတော့ဘူး”” လို့ အဆုံး သတ်လိုက်သတဲ့။ ဒါက ကြားဖူးတဲ့ ပုံပြင်ပါ။
    လောကမှာ မရှိတာကို အရှိ လုပ်ပြီး ကြွားတတ်တဲ့သူ၊ ရှိတာနည်း နည်းကို များများပြောတတ်တဲ့ သူတွေ ဟာ ယုတိ္တတန်တာ၊ မတန်တာ၊ မှန် တာ၊ မှားတာ အပထားနေရာတကာ “ကိုဖိုးသိ”လုပ်တတ်ကြတယ်။ “ကို တတ်ပ” လုပ်တတ်ကြတယ်။ လောကမှာ လူသုံးမျိုးရှိသတဲ့။ ဒီထဲက ပထမအမျိုးအစားက သူသိ တယ်။ သူသိတာကိုလည်း သူကိုယ် တိုင်သိတယ်။ အဲဒီ လူမျိုးဟာ ပညာ ရှိ။ ဒါကြောင့် ဆည်းကပ်ပါလို့ ဆိုထား တယ်။ ဒုတိယ အမျိုးအစားကတော့ သိတယ်။ ဒါပေမယ့် သူသိနေတာကို သူ့ဟာသူမသိပြန်ဘူး။ အဲ့ဒီလူက တော့ ရိုးသားတဲ့လူပဲ။ သူ့ကိုသင်ကြားပေးလိုက်ပါတဲ့။ တတိယအမျိုး အစားကတော့ သူလည်း မသိ၊ သူမ သိတာကိုလည်းမသိ၊ အဲ့ဒီလူဟာ လူ မိုက်၊ ရှောင်လော့၊ ရှားလော့တဲ့ ဒီလို ဖတ်ဖူးတယ်။
    ဒီအဆိုအမိန့်ထဲမှာ မပါတဲ့ စတုတ်္ထအမျိုးအစားကတော့ သူက တကယ်တော့မသိ၊ ဒါပေမယ့် သူ့ကို သူဘာမဆိုသိတယ်လို့ ထင်နေပြီး နေရာတကာ ဆရာလုပ်တတ်တဲ့ “ငါ သိတစ်ဆယ်ကဲ” သမားတွေဖြစ်ပါတယ်။ သူတို့ကိုကတော့  ရှောင်ရုံမ က တွေ့ရင်တောင် မဆက်ဆံကြရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ တွေ့ကြ၊ ဆုံကြ၊ ပြောကြ၊ ဆိုကြရရင် မလိုအပ်တဲ့ စိတ်ဆင်းရဲစရာတွေ တွေ့ရတော့မှာ ကိုး။       

ထက်ကျော်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.