19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
နောက်ဆုံးနှုတ်ဆက်ခြင်း

သူ့ကို တွေ့လိုက်ရလျှင် ဆင်းရဲ နွမ်းပါးသော တောင်းရမ်းစားသူ တစ် ယောက်ဟု ထင်စရာဖြစ်သည်။ သို့ သော် သူ့နှင့်တွေ့ပြီး ရင်းနှီးသွားသည့် အခါတွင်မူ ချစ်ခင်နှစ်လိုဖွယ်ရာ တော်ဝင်မင်းသားတစ်ဦးလို မှတ်ယူ သွားမည်ဖြစ်သည်။ နေ့စဉ်နေ့တိုင်း  လိုလို ခြေသံတရှပ်ရှပ်ပေးပြီး ရောက် လာတတ်သည်။  သူရောက်လာသည့် နေရာမှာ စတော့ရှယ်ယာပွဲစားများ ရုံးခန်းဖြစ်သည်။ ထိုနေရာတွင် သူ့ မိတ်ဆွေတွေရှိသည်။ သူရင်းနှီးမြှုပ်နှံ ထားသည့် ရှယ်ယာများကို လာကြည့် ခြင်းဖြစ်သည်။
    ညနေခင်း နှစ်နာရီလောက်ဆို လျှင် ဘီလီသည် ရုံးခန်းထဲ ရောက် လာပြီး အားလုံးကို အပြုံးနှင့် နှုတ် ဆက်လေ့ရှိသည်။ ဆောင်းထားသည့် ဦးထုပ်မှာ ဟောင်းနွမ်းနေသည်။ ၀တ် ထားသည့် အ၀တ်အစားတွေက လည်း ဖာထေးရာများနှင့် ဖြစ်သည်။ ဆောင်းတွင်းဆိုလျှင် မာဖလာကို လည်ပင်းမှာ ပတ်ထားသည်။ နွေရာ သီဆိုလျှင်တော့ အင်္ကျီကြယ်သီးတွေ ကို အပြည့်မတပ်။ သူပြုံးပြပြီဆိုလျှင် မညီမညာသော သွားတွေကို တွေ့ရ သည်။
    တကယ်တော့ သူက ကျွန်တော် တို့အတွက် ဆရာကြီးတစ်ဦးဖြစ် သည်။ မှတ်သားစရာတွေ ပြောပြ တတ်သည်။ သူပြောပြသည်မှာလည်း  အကြောင်းအရာ အစုံဖြစ်သည်။ ကျွန်တော်တို့ ရုံးခန်းထဲတွင် စတော့ ဈေးကွက်ကိုကြည့်ရင်း မှတ်သားရင်း သူ့ပြောသမျှကို နားထောင်ရလေ သည်။ လန်ဒန်မြို့သားလေသံနှင့် ပြောတတ်သည်။ စတော့ဈေးကွက် အခြေအနေဘယ်လိုပဲရှိရှိ၊ ဘာမှ ပြဿနာမရှိ။ သူအဖို့တော့ ဘာမှ ခံစားမှုမရှိ။ တစ်နေ့တွင် မထင်ထား တာ ဖြစ်လာသည်။ ကျွန်တော်တို့ အသက် ၈၀ အရွယ် ဘီလီကြီး ကင်ဆာဖြစ်နေပြီတဲ့။
    စတော့ဈေးကွက်တွင် ရင်းနှီး မြှုပ်နှံထားသမျှကိုလည်း လာရောက် မကြည့်နိုင်တော့။ သူ့အတွက် အရေး မပါတော့။ ထိုကြောင့် ကျွန်တော်တို့ တတွေက သူ့အား သွားရောက်ကြည့် ရှုစောင့်ရှောက်ရန်ဖြစ်လာသည်။ သူ့ အခြေအနေက တစ်နေ့တစ်ခြား ဆိုး ရွားလာနေသည်။ သူတွင် မိသားစု အရင်းဆို၍  အင်္ဂလန်မှာ ရှိနေသည့် နှမတစ်ယောက်သာရှိသည်။ ထို့ ကြောင့် ကျွန်တော်တို့ပင် သူ့မိသားစု ၀င်များပမာ ဖြစ်လာကြသည်။ ကျွန် တော်တို့အထဲမှ တချို့က ဘီလီရှိရာ ဆေးရုံသို့ အလှည့်နှင့် သွားပြီး ကြည့်ရှု စောင့်ရှောက်ရသည်။ ဂယ်ရီက ဘီလီ၏ မိတ်ဆွေသူငယ် ချင်းတစ်ဦး ဖြစ်ပြီး ဘိလီ၏ငွေရေးကြေးရေးကို ထိန်းသိမ်းပေးသူလည်းဖြစ်သည်။ သူကပဲ ဘီလီကို ကြည့်ရှုပေးရသည်။ တချိန်လုံးလိုလို ဘီလီဘေးတွင် တွေ့ရ လေသည်။ ကျွန်တော်တို့ အားလုံးက ဘီလီတစ်ယောက်တည်း အထီးကျန် ဖြစ်မနေစေချင်ကြပါ။
    တစ်ညနေခင်းမှာတော့ ကျွန် တော့်တို့အားလုံး သိလိုက်ကြပါသည်။ သိပ်ကြာရှည်နေရတော့မှာ မဟုတ် ဘူး။ ထိုကြောင့် ကျွန်တော်က ဂယ်ရီ နှင့်အတူ ဘီလီထံမှာ လာနေပေး  မည်ဟု ပြောလိုက်သည့်အခါ ဂယ်ရီ က ကျွန်တော့်အား အိမ်ပြန်နေလိုက် ပါ။ မနက်ကျမှ သူ့နှင့် လူချင်းလဲပေး ဖို့ ပြောလေသည်။
    ဤသို့နှင့် မနက် ငါးနာရီလောက် တွင် အိမ်တံခါး ခေါက်သံကို ကြား လိုက်ရသဖြင့် ကျွန်တော်နှင့် ဇနီး သည်တို့ အိပ်ရာမှ လန့်နိုးသွားသည်။ ကျွန်တော်က အိပ်ရာမှထပြီး ဘယ် သူများလာတာလဲဟု သွားကြည့် သည်။
    တံခါးဖွင့်လိုက်တော့ မည်သူ့ကို မျှ မတွေ့ရပါ။ ထိုနေ့မနက် ၉ နာရီ လောက်တွင် ဂယ်ရီက ဖုန်းဆက်အ ကြောင်းကြားသည်။ ညကပဲ ဘီလီ တစ်ယောက် ကွယ်လွန်သွားပြီတဲ့။ ထို့ကြောင့် ကျွန်တော်က မေးလိုက် သည်။
    ““ဘယ်အချိန်လောက်က ဆုံး သွားတာလဲ ဟင်””
    ““မနက် ၅ နာရီမှာ””ဟု တုန်တုန် ယင်ယင်နှင့် ပြန်ပြောလေသည်။
    ကျွန်တော်တို့ အိမ်တံခါးကို မနက် ၅ နာရီမှာ လာခေါက်ခြင်းသည် ဘီလီတစ်ယောက် ကျွန်တော် တို့အား နောက်ဆုံးလာရောက် နှုတ် ဆက်ခြင်းပင်ဖြစ်မည်ဟု ယူဆမိပါ သည်။
ွှငာနူပီနစညေအကမန ဘပ ကြမမပှစငူခ့ကု ကို ဆီလျော်အောင် ပြန်ဆို သည်။               

တင်ဆွေမိုး
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.