19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
တာဝန်ဆိုသည်မှာ

လူဆိုသော သတ်္တ၀ါသည် မွေး ဖွားလာကတည်းက အမည်တစ်ခုခု နှင့် သူရောက်ရာနေရာ၌ တာဝန် သည် ပါလာပြီးဖြစ်သည်။ မည်သူတို့၏ သားသမီး၊ မည်သူ၏အစ်ကို၊ မည်သူ၏ညီ၊ ညီမ၊ အစ်မ စသဖြင့် ဆက်စပ်မှုများဖြင့် အမည်နှင့် နေရာ တစ်ခုရရှိလာသည်။ ထိုအမည်နာမ နှင့်အတူ တာဝန်ကတွဲလျက်ရှိလာ ပြန်၏။ ဤသည်မှာ မိသားစု လူအုပ်စု လေးတစ်ခု အတွင်းရှိ နေရာနှင့် တာဝန် ဖြစ်သည်။

    ထိုလူသားသည် လူ့အဖွဲ့အစည်း အတွင်း၌လည်း ဆက်စပ်မှုရှိနေပါသည်။ ထိုသူသည် ကျောင်းသား၊ သို့မဟုတ် ရပ်ကွက်တစ်ခု၌ နေထိုင် သူ၊ သို့မဟုတ် ထိုမြို့၌ နေထိုင်သူ ထိုနိုင်ငံ၌ နေထိုင်သူဖြစ်၍ မိမိရွေး ချယ်မထားသော တာဝန်များက ထိုသူ့ ပခုံးပေါ်သို့ ရောက်နေပြန် သည်။ ကျောင်းသားတာဝန်၊ မြို့သား တာဝန်၊ ဒေသသားတာဝန်၊ နိုင်ငံသား တာဝန်များက ထိုသူကို ချည်နှောင် ထားပြန်သည်။ လူ့အဖွဲ့အစည်းအ တွင်းနေရ၍ ထိုချည်နှောင်မှုမှ ရုန်းမထွက်နိုင်၊ ဒေသ၏ စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များကြား၌ ထိုသူနေရသည်။ သိသိသာသာ စည်းမျဉ်းများရှိသကဲ့သို့ ရေးသားမ ထားဘဲ လိုက်နာနေကြသော့ ညတမ-ငအအနညူတေ စည်းကမ်းများက အမြောက်အမြားရှိနေပါသေး၏။ ထို အရာများသည် ဒေသ၏ ကျင့်ဝတ် များ လူ့ယဉ်ကျေးမှုနေရာ၌ ရှိနေ ပါတော့သည်။

    လူအဖွဲ့အစည်းတစ်ခု၊ နိုင်ငံ တစ်ခုနှင့် ပြဿနာများ တစ်စုံတစ် ရာ ပေါ်လာသည့်အခါ  အဆိုပါ ပြဿနာ များအပေါ် မည်သူ၌ တာ ၀န်ရှိသနည်းဟု စောကြောလာတတ် သည်။ မေးမြန်း၊ စုံစမ်းသူများရှိလာ သည်။ ထိုသူများသည် ကျင့်ဝတ် သမားများနှင့် သတင်းသမားများဖြစ် ၏။ ကျင့်ဝတ်သမားနှင့် သတင်း သမားများသည် သူတို့အလုပ်သူတို့ တာဝန်ထမ်းဆောင်ခြင်းသာဖြစ်၏။ သူတို့သည် အမှိုက်များကို မီးရှို့ သူများ မဟုတ်ကြပါ။ ပြဿနာရှာ မီးလောင်ရာ လေပင့်သူများ မဟုတ် ကြပါ။ သူတို့ အလုပ်၊ သူတို့ တာဝန် ထမ်းဆောင်သူများ၏ အပြုအမူသာ ဖြစ်သည်။ တာဝန်မဲ့သူ တာဝန်ရှောင် သူများအနေနှင့် ဤမျှလောက်တော့ သိထားသင့်ပါ၏။

    အသက်အရွယ်ကြောင့်၊ ငွေ ကြေးမပြည့်စုံ၍၊ မိမိနှင့် မသက်ဆိုင် ၍ဆိုသော ဆင်ခြေမျိုးသည် လူ့တာ ၀န် မသိသူများပြောလေ့ရှိသော တာ ၀န်မဲ့ စကားမျိုးသာဖြစ်၏။ လူသား အားလုံး၌ တာဝန်ကိုယ်စီရှိကြသည်။ အလွန်သေးဖွဲသော အလုပ်ဖြစ်စေ၊ မိမိအလုပ်ကိုတော့ တာဝန်ကျေပြွန် စေရန် လုပ်ကြရမည်။ တာဝန်ကို ရှောင်လွဲ၍မရပေ။ လူတစ်ယောက် သည် ဤမျှလောက်တော့ သိတန် ကောင်းပါ၏။

    လူတစ်ယောက်သည် သူလုပ် နေသော အလုပ်၊ သူရောက်ရှိသည့် နေရာ၏ အလုပ်တာဝန်ကို ခံမှု ရှိရသကဲ့သို့ တာဝန်ယူမှုလည်း ရှိရ သည်။ မိမိလုပ်သော အလုပ်ကို တာဝန်ခံရသည်။ မိမိအလုပ် မိမိ၌ တာဝန်ရှိသည်ဟု ပွင့်ပွင့်လင်းလင်း ၀န်ခံတတ်လျှင် အလုပ်ဖြစ်ပြီဖြစ်၏။  ထိုအခါ၌ တာဝန်ယူမှုနှင့် တာဝန်ခံမှု သည် တစ်ပါတည်း ပြည့်စုံပြီးဖြစ် သည်။

    မိမိအလုပ်၊ မိမိတာဝန်ဆိုသည် မှာ မိမိကိုယ်တိုင် ရွေးချယ်ပြီး လုပ် သော အလုပ်၏ တာဝန်ဖြစ်သည်။ ထိုအလုပ်သည် အစိုးရလုပ်ငန်း လုပ်ဆိုလျှင် အစိုးရကို တာဝန်ကျေ ပြွန်သည်ဟု ယူဆခြင်းသည် တလွဲ ဖြစ်နေတတ်သည်။ အစိုးရဆိုသည် မှာ ပြည်သူက ရွေးချယ်ခန့်အပ်ထား သော အဖွဲ့အစည်းဖြစ်၍ ပြည်သူ့ တာဝန်ထမ်းဆောင်ခြင်းသာဖြစ်၏။ အစိုးရအပေါ်၌သာ တာဝန်ကျေပြွန် ဖို့ ပြုမူနေလျှင် ပြည်သူ့အပေါ် တာ ၀န်မကျေပြွန်ရာ ရောက်သွားတတ် ပါ၏။ ပြည်သူ့အပေါ် တာဝန်မကျေ ခြင်းဖြစ်၏။


    လူ့အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ် ခုခုနှင့် ပြဿနာများ တစ်စုံတစ်ရာ ပေါ်လာသည့်အခါ အဆိုပါ ပြဿနာ များ မည်သူ၌ တာဝန်ရှိသည်ဆို သည့် အဖြေမှာ အုပ်ချုပ်သူ အစိုးရ၌ တာဝန်ရှိသည်။ သူက တာဝန်ကျေ ပြွန်ရန်လိုပါ၏။

မောင်ဈေးကွက်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.