25-5-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ကလေး ခရိုင်အတွင်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း သစ်ထုတ်လုပ်ခွင့်ပြုမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1012
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ငလျင်လှုပ်ခြင်းနှင့် အတူ

အသက် ၁၁ နှစ်အရွယ် အိန် ဂျယ်လာသည် အာရုံကြောများ တုံ့ ဆိုင်းသည့် ရောဂါဝေဒနာကို ခံစား နေရလေသည်။ ထိုကြောင့် လမ်းလည်း မလျှောက်နိုင်၊ လျှောက်လို့မရ။ ထိုကလေးမလေး ပြန်လည်ကောင်း လာဖို့ မဖြစ်နိုင်။ မျှော်လင့်ချက်မရှိ တော့ဟု ဆရာဝန်များ က ယူဆထား သည်။ သို့သော် ထိုကလေးမလေးက တော့ သူ့ရောဂါကြောင့် စိုးရိမ်ထိတ် လန့်ခြင်း ဖြစ်မနေပေ။ ဤသို့နှင့် ဆေးရုံးက ခုတင်ပေါ်မှာပဲ လဲလျောင်း နေရလေသည်။ သို့သော် ထိုကလေး မလေးက သူ့နှင့် တွေ့သမျှ လူများကို တစ်နေ့နေ့မှာ သူလမ်းပြန်လျှောက် နိုင်မည်ဟု ပြောပြလေသည်။

ဆန်ဖရန်စစ္စကိုရှိ အထူးကြပ်မတ်ကုသသည့် ဆေးရုံသို့ ပြောင်း ရွှေ့ကုသခံယူရလေသည်။ ကုသပေး နေသည့် သူများက ကလေး မလေး၏ အနိုင်မခံ အရှုံးမပေးတတ်သည့် စိတ် ကို သဘောကျနေကြသည်။ သူတို့က စိတ်ကူးအာရုံထဲတွင် လှုပ်ရှားနိုင် သည်ကို သင်ကြားပေးသည်။ သူ့ စိတ်ကူးထဲတွင် လမ်းလျှောက်နိုင် သည်ကို မြင်အောင်ကြည့်ခိုင်းလေ သည်။ တခြားနည်းလမ်းမရှိသဖြင့် ထိုကလေးမကလေး၏ မျှော်လင့်ချက်ကို ထိုနည်းဖြင့် ရှိစေရန် ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။ ထိုကြောင့် ကလေး မလေးသည် ဆေးရုံ ခုတင်ပေါ်မှာ လဲလျောင်းရင်း မိုင်ပေါင်းများစွာ လမ်းလျှောက်နေလေသည်။ ကိုယ် လက်လှုပ်ရှားကျန်းမာရေး လေ့ကျင့် ခန်းများကို တတ်နိုင်သလောက် လုပ် လေသည်။ ရေပူကန်ထဲမှာလည်း ကောင်း၊ လေ့ကျင့်ရေး စခန်းထဲတွင် လည်းကောင်း လုပ်ရလေသည်။ ထို့အ ပြင် အိပ်ရာထဲမှာလဲ လျောင်းနေရင်း စိတ်ကူးယဉ်မှုကိုအားစိုက်၍ ယုံယုံ ကြည်ကြည်နှင့် လုပ်သည်။ သူ့အနေ ဖြင့် လှုပ်ရှားသွားလာနိုင်သည်၊ သွား နေသည်ဟု အမြင်အာရုံထဲမှာ ဖြစ် လာစေလေသည်။

တစ်ရက်တွင် ကလေးမလေး သည် သူ့ခြေထောက်ကို လှုပ်ရှားနေ ပြီး စိတ်ထဲမြင်လာအောင် စိတ်ကူး ကြည့်နေသည်။ စိတ်ထဲတွင် အား စိုက်၍ လှုပ်ရှားနေသည်ကို မြင်လာ နေသည်။ ထိုအချိန်မှာပင် မယုံကြည် စရာ အဖြစ်အပျက်တစ်ခုဖြစ်လာခဲ့ လေသည်။ သူ့ခုတင်ကြီး ရွေ့လျား သွားခြင်းဖြစ်သည်။ ခုတင်ကြီးက အ ခန်းထဲတွင် ပတ်ချာလည်နေလေ သည်။ ကလေးမလေးက တအံ့ တသြ နှင့် အော်ဟစ်လိုက်လေသည်။

''လာကြည့်ကြစမ်းပါ။ ကျွန်မ ဘယ်လိုလှုပ်ရှားနိုင်တယ်ဆိုတာ၊ ကြည့်ကြပါ လာကြည့်ကြပါ။ ကျွန်မ လှုပ်ရှားလို့ရပြီ၊ ကျွန်မ လှုပ်ရှားနိုင်ပြီ''

အမှန်တကယ်တော့ ထိုအချိန် တွင် ဆေးရုံထဲတွင် ရှိနေကြသူတွေ အားလုံးက အော်ဟစ်ပြေးလွှားနေကြ ခြင်းဖြစ်သည်။ ဘေးကင်း ရာနေရာကို ရှာဖွေနေကြလေသည်။ လူတွေက ကြောက်လန့်တကြားနှင့် အော်ဟစ် နေသည်။ ဆေးရုံအတွင်းက ပစ္စည်း ပစ္စယတွေ လည်း အလဲလဲအပြိုပြိုနှင့် ဖြစ်နေသည်။ မှန်တံခါးတွေလည်း တစ်စစီကွဲကုန်သည်။

တကယ်တော့ ငလျင်လှုပ်ခြင်း ဖြစ်သည်။ သို့သော် အင်ဂျယ်လာ ကလေးကို ထိုအကြောင်း သွားမပြော ကြရန် တစ်ယောက်နှင့် တစ်ယောက် အသိပေးကြသည်။ ကလေးမလေးက သူလှုပ်ရှားနိုင်ပြီဟု ထင်မှတ်ယူဆနေ လေသည်။ ထိုအချိန်မှစပြီး နောက် အနည်းငယ်အကြာတွင် အင်ဂျယ် လာတစ်ယောက် ကျောင်းပြန်တက် နိုင်ပြီဖြစ်သည်။ ကလေးမလေးသည်  ချိုင်းထောက်မပါ၊ ဘီးတပ် ကုလားထိုင်နှင့်မဟုတ်၊ သူ့ဘာသာသူ လမ်း လျှောက်လာခြင်းဖြစ်သည်။ ငလျင် လှုပ်လိုက်ခြင်းသည် မသန်မစွမ်း ဖြစ် နေ သူ၊ လမ်းမလျှောက်နိုင်သူ ကလေး ကလေးကို လူကောင်းပကတိဖြစ် အောင် ကုစားပေးလိုက်ခြင်းဖြစ် သည်ဟု ဆိုရပေမည်။

တင်ဆွေမိုး
Did the Earth move for you by hanoch macarty ကို ဆီလျော် အောင် ပြန်ဆိုသည်။

တင်ဆွေမိုး
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.