25-5-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ကလေး ခရိုင်အတွင်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း သစ်ထုတ်လုပ်ခွင့်ပြုမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1012
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ခေတ်ဟောင်းပုံပြင် - ၃၂

ရပ်ကွက်ထဲမှာတော့ သူတို့ လင်မယားက ဝတ်ပုံစားပုံခေတ် အ ဆန်ဆုံး၊ မော်ဒန်အဖြစ်ဆုံး၊စတိုင်(လ) အကျဆုံး၊ ဖက်ရှင်အလှဆုံး လို့ ဆိုရမယ်။ အသက်ကလေးတွေကလည်း ၂၇/၂၈ တစ်ဝိုက်။ အသားတွေက လည်း ဝင်းနေအောင်ဖြူကြ၊ ရုပ်ရှည် ကလေးတွေ ကလည်း မင်းသား မင်း သမီးလို ချောမောလှပကြနဲ့ဆိုတော့ ရပ်ကွက်ဂုဏ်သိက္ခာတောင် မြင့်မား လျှံတက်နေသလိုပဗျာ။ မျက်နှာ ထားကလေးတွေကတော့ အမြဲ တမ်း ရှုတည်တည်နဲ့ဆိုတော့ မာန ကြီး ကြသယောင်ယောင်လည်း ထင်ရ တာပေါ့။

ပစ္စည်းဂုဏ်နဲ့ မာနကြီးမယ်ဆို လည်း ကြီးစရာပါ။ ခင်မျိုးလှိုင်တစ် ယောက်လမ်းထွက်ရင် ဝတ်ထားတဲ့ ရွှေထည်လက်ဝတ်လက်စား မျိုးစုံကပဲ ရွှေချိန် ၁ဝ သားလောက်ရှိပေသကိုး။ သူ့ယောက်ျား ဇော်ဇော်ဆိုတဲ့ ငနဲ ကလေးကလည်း ရွှေဟန်းချိန်းတွေ ရွှေလက်စွပ်တွေ နဲ့ ရွှေနားကပ်တစ် ဖက်တောင် ပန်ထားသေး။ လက် ပတ်နာရီကလည်း ရွှေရောင်ဝင်းလို့၊ ဝေါ့ကင်းရှုးကလည်း အပျံစား။

သူတို့ လင်မယားမှာ သားသမီး ရှိပုံမရဘူး။ စီးပွားရှာတုန်း အချိန်မို့ ကလေးမယူသေးတာလို့ ခင်မျိုးလှိုင် က ပြောသတဲ့။ သူတို့ ဇာတိက ပဲခူးတိုင်းထဲက မြို့တစ်မြို့တဲ့။ အဲသည် မှာ အိမ်ပိုင်ရှိကြသတဲ့။ ရန်ကုန်က ကျွန်တော်တို့ ရပ်ကွက်ထဲမှာ သူတို့က အိမ်ငှားပြီး လာနေကြတာ။ နှစ်ထပ် အိမ်တစ်လုံးရဲ့အပေါ်ထပ်မှာ ငှားနေကြတယ်။ အောက်ထပ်မှာ အိမ်ရှင် မုဆိုးမကြီးနဲ့ သူ့သမီး အပျိုကြီးတို့ နေကြတာ။ ''ကလေးမပါတဲ့ အိမ် ငှားလည်းဖြစ်တယ်။ လင်မယား နှစ် ယောက်တည်းဆိုတော့ အိမ်ငှားရတာ တန်တယ်'' လို့ အိမ်ရှင် အဘွားကြီးက ပြောလေရဲ့။

 ဇော်ဇော်တို့ လင်မယားက တစ် လမှာ ရက်ပေါင်း ၃ဝ ရှိတဲ့အနက် ၁ဝ ရက်လောက်ပဲ အိမ်မှာနေကြ တာ။ ကျန်တဲ့ ရက် ၂ဝ က အပြင် အပ ခရီးထွက်နေကြတာများတယ်။တစ်ခါတလေ ခရီးထွက်သွားကြတာ များ တစ်လ၊ တစ်လခွဲလောက်ကြာ တယ်။

အိမ်နီးချင်းမိန်းမကြီး တချို့က အိမ်ရှင်အဘွားကြီးကို ''အဲသည် လင်မယားက ဘာအလုပ် လုပ်ကြ တာတုံး'' လို့ တစ်ခါတလေ စပ်စုကြ တယ်။

''ကုန်ရောင်းကုန်ဝယ်လို့ ပြော တာပဲ''

 ''ဘာကုန်တွေတုံး''

 ''မြစ်ဝကျွန်းပေါ်ဒေသထွက် ကုန် ငါးပိ၊ ငါးခြောက်၊ ပုစွန် ခြောက်တွေလို့ ပြောတာပဲ''

''ဘယ်ဈေးမှာ ရောင်းသတဲ့  တုံး''

 ''မန္တလေးတို့ ဘာတို့ဘက်ပို့ တယ်လို့ ပြောတာပဲ''

အိမ်ရှင်မုဆိုးမ အဘွားကြီးက လည်း ခပ်နုံနုံထဲကပါ။ သူ့ကို မေး လိုက်ရင် သူဖြေတဲ့ စကားက မရေ မရာနဲ့ (လို့ပြောတာပဲ) နဲ့ချည်း အ ဆုံးသတ်နေကြ။ ကိုယ့်အိမ်ကို ငှားပြီး အပေါ်တပ်တင်ထားတဲ့ အိမ်ငှား လင်မယားနဲ့ ဘာသိဘာသာနေတာ လည်း ပါတာပေါ့လေ။

 ဇော်ဇော်တို့ လင်မယားက လည်း ဘာသိဘာသာပဲနေကြတာ။ အိမ်နီးချင်းတွေနဲ့လည်း အဆက် အဆံမရှိဘူး။ သူတို့ ကုန်ရောင်း ကုန်ဝယ်ခရီးထွက်ရာက ပြန်လာ ကြရင်တော့ အိမ်ရှင်အဘွားကြီး သားအမိအတွက် မန္တလေးထိုးမုန့်လို လက်ဆောင်၊ တောင်ကြီး ပဲပွကြော် လို လက်ဆောင်တွေပါလာတတ်တယ်လို့ ပြောတာပဲ။

 ဇော်ဇော်တို့ ဇနီးမောင်နှံကို အိမ် နီးချင်းတွေသာမက လမ်းထဲက လမ်း သူ လမ်းသားတွေပါ စိတ်ဝင်တစား အထင်ကြီးနေကြတယ်။ ဟိုလင် မယားနှစ်ယောက်တွဲပြီး လမ်းထွက် ရင် ရွှေမင်းသမီး ရွှေမင်းသားစုံတွဲကို ငေးကြသလို ဝိုင်းငေးနေတတ်ကြ တယ်။ တချို့က မငေးဘဲ အိမ်ထဲ ကနေ ချောင်းကြည့်နေကြတယ်။

''တကယ့် ထိပ်တန်း tip-top First-class မော်ဒယ်ဘွိုင်းနဲ့ မော် ဒယ်ဂဲလ်စုံတွဲပဲလကွ''လို့ လမ်းထဲ က ယစ်ထုတ်ကြီးက မှတ်ချက်ပေး တယ်။

''အမျိုးသားကသာ အဝတ်အ စား ထပ်ချင်ထပ်မယ်၊ အမျိုးသမီးက ဘယ်တော့မှ အဝတ်အစား မထပ် ဘူး။  အပြင်ကို တစ်ခါထွက်လာရင် ဝတ်စုံက တစ်မျိုးပဲ၊ ဇာတ်မင်းသမီး တွေ တောင် သူ့လို အဝတ်အစားလဲ မဝတ်နိုင်ကြပေါင်'' လို့ လမ်းထဲက စပ်စုမကြီးက မစားရဝခမန်း အမွှန်း တင်ပြန်တယ်။

ကျွန်တော်တို့ အရပ်သူအရပ် သား ဗမာတချို့က သည်နေရာမှာ တော့ အတော်ခွကျတယ်။ ကိုယ့် အ ကျိုးစီးပွားနဲ့ ဘယ်လိုမှ မပတ်သက် တဲ့ ကိစ္စမျိုးမှာ အချိန်ကုန်ခံ၊ လေ ကုန်ခံပြီး အလုပ်မရှိ အလုပ်ရှာ ကြောင်ရေချိုးပေးဆိုသလို စူးစမ်းစပ် စု ဝေဖန်လေကန် တတ်ကြတဲ့ အ ကျင့်ပဲ။ ဇော်ဇော်တို့ လင်မယားလမ်း ထွက်လာကြတာနဲ့ ဆူနေတဲ့ ထမင်း အိုးပစ်ထားခဲ့၊ ထောင်းလက်စငရုတ် သီးတွေနဲ့ ငရုတ်ဆုံကို ထားခဲ့ပြီး ငရုတ်ကျည်ပွေ့ကြီးကိုင်လို့ ဟိုလင် မယားကို ထွက်ကြည့်လိုက်ကြရတာ အမောပါပဲ။ တချို့ဆို အိမ်သာတက် ချင်တာတောင် အောင့်ထားကြ သလား မဆိုနိုင်ပေါင်ဗျာ။

ဟိုလင်မယားကတော့ အဝတ် အစားပြိုးပြိုးပြက်ပြက် လက်ဝတ် လက်စားဝင်းဝင်းလက်လက်နဲ့ ဘယ် သူ့မှ လူမထင်သလို သူတို့ လမ်းသူတို့ လျှောက်သွားကြတာပဲ။ ခင်မျိုးလှိုင်က နှုတ်ခမ်းနီတွေရဲ တွတ်ပြီး တစ်ထွာ လောက်မြင့်တဲ့ ဟိုက်ဟီးဒေါက်ဖိနပ် ကြီးနဲ့။ ဇော်ဇော် က နေမပူပါပဲနေကာ မျက်မှန် အမည်းကြီးတပ်လို့။

''ငါးပိငါးခြောက်ပွဲစားလုပ်ရင်း သူတို့လို ချမ်းသာတာမျိုးတော့ ကျွန် မ မတွေ့ဖူးဘူး''လို့ ပြောတဲ့မယားကို  အလုပ်ပြုတ်လို့ စိတ်ညစ်နေ တဲ့ လင် က ''သောက်ရေး မပါတာ'' လို့ ပြော ရင်း နားရင်းထအုပ်လို့ လင်မယားထ သတ်ကြတာမျိုးလည်း လမ်းထဲမှာ ကြုံရပါရဲ။

တစ်နေ့တော့ ခရီးထွက်နေကြတဲ့ ကုန်သည်လင်မယားရဲ့ အခန်းကို ရဲ တွေနဲ့ အရပ်လူကြီးတွေ အိမ်ရှင် အ ဘွားကြီး ဆီက သော့တောင်းပြီး ဖွင့် ကြပါလေရော။ အိမ်ထဲမှာ မွှေနှောက် ရှာဖွေကြပါလေရော။ ဘာတွေရှာနေ ကြမှန်းတော့ မသိဘူး။ ရှာဖွေရေးလုပ် တဲ့  ရဲတွေထဲမှာ ကျွန်တော့်အသိ ရဲ တစ်ယောက်ပါတော့ အဲသည်ရဲပြောပြ တာနဲ့ ဖြစ်ကြောင်းရယ် ကုန်စင်ကို ကျွန်တော်သိရတယ်။

''ဇော်ဇော်နဲ့ ခင်မျိုးလှိုင်က ကုန် သည်နာမည်ခံပြီး လူမှောင်ခို လူကုန် ကူးနေကြတာ၊ သူတို့ကြောင့် လူဆင်း ရဲအမျိုးကောင်းသမီး ကလေးတွေ တစ်ဖက်နိုင်ငံထဲမှာ တရုတ်တွေရဲ့ အငှားမယားဘဝ ရောက်ကုန်ကြတာ မနည်းဘူး။ သတင်းရလို့ လမ်းမှာဖြတ် ဖမ်းတော့ အခုသူတို့ကို အလိမ်ခံရပြီး တရုတ်အငှားမယားဖြစ်တော့မယ့် ကောင်မကလေးနှစ်ယောက်နဲ့အတူ မန္တလေးမှာ မိထားပြီ''

''အိုး မိုင်ဂေါ့ဒ်''လို့ပဲ ကျွန်တော် မြည်တမ်းမိပါရဲ့ဗျာ။

ကြူးနှစ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.