23 - 3 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မင်းပြားမြို့နယ် လက်မ(ရခိုင်) ကျေးရွာမှ နေအိမ် ၈ဝ ကျော် ဘေးလွှတ်ရာသို့ပြောင်း
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1006
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
အာဒမ်ဆိုတဲ့ ကလေးငယ်တစ်ယောက်

အွန်တာရီယိုရှိ ကလေးဆေးရုံတွင် ကျွန်မ၏ သမီးငယ် ကေလီမှာ ဒုတိယအကြိမ် နှလုံးခွဲစိတ် ကုသမှုခံယူပြီးနောက် ထူထူထောင် ထောင်ဖြစ်လာခဲ့ပြီး သက်သာလာ သဖြင့် အထူးကြပ်မတ်ဆောင်မှ သာမန်လူနာခန်းသို့ ပြောင်းရွှေ့ လာခဲ့ရသည်။ ထိုလူနာခန်းတွင် အခြားကလေးများနှင့်အတူ နေ ထိုင်ရန်ဖြစ်သည်။ သို့သော် ထိုလူ နာခန်းမှာ ပိတ်ထားသဖြင့် သမီး ကေလီမှာ ကင်ဆာလူနာများအတွက် သီးသန့်အခန်းတွင်နေရလေသည်။ သမီးအခန်း၏ ကပ်ရက်တွင် အသက် ခြောက်နှစ်ရွယ် ယောက်ျား ကလေး တစ်ဦးသည် သွေးကင်ဆာရောဂါဖြင့် ဆေးကုသ ခံနေရလေသည်။ ထိုကလေး ငယ်မှာ အာဒမ်ဖြစ်သည်။ အာဒမ် မှာ လစဉ်လတိုင်း ဆေးရုံတွင် အချိန်အပိုင်းအခြားလိုက် တက် ရောက်နေပြီး ဓာတ်ကင်ကုသမှုခံ နေရသူဖြစ်သည်။ နေ့စဉ်နေ့တိုင်း လိုလို အာဒမ်သည် ကေလီရှိရာ အခန်းသို့ ဖြည်းဖြည်းချင်းလှမ်း၍ ရောက်လာလေ့ရှိသည်။ ထိုသို့လာ တိုင်း ဓာတ်ကင်ကုသ သည့် ဆေး အိတ်ကြီး ချိတ်ဆွဲထားသော တိုင် ကလေးကိုပါ သူ့နှင့်အတူ သယ်ယူ လာရလေသည်။

 ဆေးကုသခံရယူနေရသည် မှာ သူ့အတွက် သက်သောင့်သက် သာမရှိသော်လည်း အာဒမ်က အ မြဲတမ်းပြုံးရွှင်တက်ြ<ွကနေလေ သည်။

အာဒမ်က ကျွန်မတို့အား သူသိသမျှ ပုံပြင်ဇာတ်လမ်းများ ပြော ပြတတ်လေသည်။ တကယ်တော့ အာဒမ်သည် စိတ်ချမ်း သာအောင် နေ တတ်သည်။ မည်သည့် အခြေ အနေနှင့် ကြုံရကြုံရ အခက်အခဲ နှင့် တွေ့ရတွေ့ရ ဟာသဓာတ်ခံနှင့် ရင်ဆိုင်တတ် သူ ဖြစ်သည်။

တစ်နေ့တွင် ကျွန်မမှာ သမီး ငယ် ကေလီတစ်ယောက် ဆေးရုံ မှ မဆင်းရသေးသဖြင့် စိတ်နှလုံး ပင်ပန်းပြီး စိတ်မသက်မသာ ခံစား နေရလေသည်။ အပြင်ဘက်တွင် မိုးမှောင်အုံဆိုင်း မှုန်မှိုင်းပြီး မှောင် မည်းနေလေသည်။ ကျွန်မ စိတ်ထဲ တွင် ပို၍ပင် ခံစားနေရသည်။ မိုး မှောင်ကျနေသော ကောင်းကင် ကြီးကို ကြည့်နေစဉ် အာဒမ်က ခါတိုင်းလိုပင် အခန်းထဲ ရောက်လာ လေသည်။

တကယ့်ကို စိတ်ပျက်စရာ ကောင်းတဲ့နေ့တစ်နေ့ ပဲဟု သူ့အား ကျွန်မက ပြောလိုက်သည်။ ထိုအ ခါ အာဒမ်က ထုံးစံအတိုင်း ပြုံးနေ ပြီး ပြန်ပြောလေ သည်။

''ကျွန်တော့်အတွက်ကတော့  နေ့တိုင်းဟာ သာယာလှပနေပါ တယ် အန်တီ''

ထိုနေ့ ထိုရက်ကစပြီး ကျွန်မ ဘဝတွင် မိုးမှောင်ကျသည့်နေများ မရှိတော့ပါ။ အုံ့မှိုင်းနေသော နေ့ ရက်နှင့် ကြုံလာဆုံလာရသော် လည်း ကျွန်မစိတ်ထဲတွင် ပျော်ရွှင် ကြည်နူးမှုကို ခံစားရပါသည်။ ဒါ ကလည်း အာဒမ်အမည်ရှိ သတ္တိခဲ ကလေး၏ နှုတ်ထွက် စကား ကြောင့် ကျွန်မဘဝမှာ ခွန်အား ဖြစ်လာခဲ့သဖြင့် သူ၏ ဘဝခွန် အားပေး စကားတစ်ခွန်းကို အမြဲ တမ်းအမှတ်ရနေ၍ ဖြစ် သည်။

တင်ဆွေမိုး
Adam by Patti Merritt ကို ဆီ လျော်အောင် ပြန်ဆိုသည်။

တင်ဆွေမိုး
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.