29-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1017
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ကိုယ်ကျင့်တရာစံ

ကိုယ်ကျင့်တရားဆိုသည်မှာ ချမ်းသာကြွယ်ဝခြင်း၊ ဆင်းရဲမွဲတေ ခြင်း၊ ပညာတတ်ခြင်း၊ မတတ်ခြင်း နှင့် လုံးဝ ပတ်သက်ခြင်းမရှိပေ။ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ မကောင်းခြင်းသည် လူတစ် ယောက်၏ ကြီးပြင်းလာသည့် ပတ် ဝန်းကျင်၊ လူ့အသိုင်းအဝန်းနှင့် သာ သက်ဆိုင်သည်။

        x    x    x
 ရှေးအစဉ်အလာ လူကြီးများ အသုံးပြုသော စကားလုံးသည် ဤ နေရာ၌ အံဝင်ခွင်ကျဖြစ်သည်ဆို ရမည်။ ''ဘယ်လို မိသားစုက ကြီး ပြင်းလာသလဲ''ဆိုသည့်  စကား ဖြစ်ပါ၏။ ငယ်ရွယ်စဉ်မိနှင့်ဘတို့ ၏ ဆိုဆုံးမမှုသည် ကလေးဘဝကို ထုဆစ်သည့်နှယ်၊ ကိုယ်ကျင့် တရား ဆုံးမစကားများဖြစ်ခဲ့ပါ၏။

        x    x    x
မိသားတစ်စု၌ မိနှင့်ဘ နှစ် ဦးတည်းကသာ ကလေးငယ်များကို ပုံစံသွင်းသည်မဟုတ်၊ ကျန်မိသား စုဝင်များဖြစ်သော ဦးလေး၊ အဒေါ်၊ ဒေါ်ကြီး၊ ဒေါ်လေး၊ ဘကြီး၊ အဘိုး၊ အဘွားများကလည်း ထိုမိသားစု လိုက်နာလေ့ရှိခဲ့သော ထုံးဓလေ့ များကို တစ်ခုစ၊ နှစ်ခုစ စသဖြင့် သင်ကြားပေးသကဲ့သို့ အရာရာ၌ လမ်းညွန်ခဲ့မှုရှိခဲ့သည်။

        x    x    x
 နောက်တစ်ဆင့်၌ ထိုကလေး နေထိုင်ခဲ့သော စာသင်ကျောင်း သို့မဟုတ် ဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန်ဘာသာဝင် ထူထောင် မှု နှင့် ရှိခဲ့သော စာသင်ကျောင်းများ သည် ကလေးဘဝကိုယ်ကျင့် တရားများ တစ်ခုချင်း၊ တစ်စချင်း သင်ပေးခဲ့ သည့်နေရာ များဖြစ်သည်။ ထိုဝန်းကျင်သည် သည်းခံခြင်း၊ ခွင့် လွှတ်ခြင်း၊ အနိုင်မကျင့်ခြင်းကို လည်း သွယ်ဝိုက်၍ သင်ပေးတတ် ပါ၏။

        x    x    x
လူအများကြားဝယ်မထား အပ်သော တစ်ကိုယ်ကောင်း စိတ်ဓာတ် စိတ်ထားမျိုးကိုလည်း အဆိုပါ ဝန်းကျင်ကပင် လက်တွေ့ ဖြင့် သင်ကြားပေးလေ့ရှိသည်။ ယင်းစိတ်ထားမျိုးသည် လက်တွေ့ တွေ့ကြုံရမှ နားလည်နိုင်သည့်စံ များဖြစ်ပါ၏။

        x    x    x
လူငယ်၊ လူရွယ် ကာလ၌ အ ချို့သင်တန်းများ ရှိပါ၏။ ကြီးသူ က အနိုင်ကျင့်ခြင်းသည် တရား သည်။ ကြီးသူက အနိုင်ကျင့်လျှင် လိုက်နာရမည်။ ကိုယ်တိုင်လည်း ပြုမူရမည်။ မှန်ခြင်း၊ မမှန်ခြင်း ထက်၊ ကြီးသူဆိုသည်နှင့် ဦးခေါင်း ငုံ့ထားရမည် ဆိုသည့် အမိန့်စနစ် နှင့် အလေ့အကျင့် ရလာသည့်အ ခါ မိမိကလည်း အလျဉ်းသင့်လျှင် ခေါင်းငုံ့ခံ၊ အနိုင်ရလျှင် မည်သူ့ ကိုမဆို၊ အနိုင်အထက်ကျင့်ဆို သော ကိုယ်ကျင့် တရားမဟုတ် သောစံ၊ အမူအကျင့်များနှင့် လူ တစ်ပိုင်းမုဆိုးတစ်ပိုင်း ဖြစ်လာရ သည့် အခါ လောကတစ်ခုလုံး ထိုသို့သာဖြစ်သွားတော့သည်။ ဤသည်ပင် သူတို့၏ ကိုယ်ကျင့် တရားစံမဟုတ်သော ကိုယ်ကျင့် တရားဖြစ်လာသည်နှင့် အနိုင်အ ထက်အကျင့်ဆိုး ကြီးစိုးလာသည့် ဘဝဝန်းကျင်အဖြစ်သို့ ရောက်သွား ရသည်။
        x    x    x

ဤသည်ပင် ကိုယ်ကျင့်တရား ခံဆိုလျှင် လူမှုဘဝ၌ အနိုင်ကျင့် ခြင်းသည် တရားသည်။ ဤသည် ပင် သူတို့၏ အမှန်တရားလား ကိုယ်ကျင့်တရားစံလေလားဟုပင် မေးမြန်းရတော့မည်ဖြစ်ပါ၏။

မောင်ဈေးကွက်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.