23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ခေတ်ဟောင်းပုံပြင် - ၂၈

စာရေးသူရဲ့ ညီမတစ်ဝမ်းကွဲတစ်ယောက်နဲ့ အိမ်ထောင်ကျတဲ့ မောင်အောင်ဌေးကို တစ်ဝမ်းကွဲ ယောက်ဖတော်တယ်လို့ ဆိုရ မှာ ပေါ့နော်။ မောင်အောင်ဌေးက ၁၉၈၅ လောက်မှာ ၁ဝ တန်း အောင်ပြီးသကာလ တပ်မတော် ထဲဝင်ရောက်အမှုထမ်းရာမှာ အချိန်တိုတိုအတွင်း တပ်ကြပ်ကြီး စာရေး ရာထူးရခဲ့ပါတယ်။ ဘာ ကြောင့်လဲဆိုတော့ သူ့ဖခင်က ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လက် အောက်ခံဌာနခွဲတစ်ခုမှာ ဝါရင့် အရပ်သားဝန်ထမ်းတစ်ဦးဖြစ်နေခဲ့ လို့ပါ။ 'လူကြီး' တချို့နဲ့ နီးစပ် တယ်လို့လည်း ပြောနိုင် ပါတယ်။ ခေတ်ဟောင်းဝေါဟာရနဲ့ ပြောရ ရင် မောင်အောင်ဌေးရဲ့ ဖခင်က 'ပလတ်စတာ' ကောင်းတယ်ပေါ့ ဗျာ။

 မောင်အောင်ဌေးဟာ အရက် မသောက်၊ ဆေးလိပ်မဖွာ၊ ကွမ်းမ စား၊ လောင်းကစားမလုပ်တဲ့ ရှားပါး သတ္တဝါမျိုးစိတ်ထဲက ဖြစ်ပါ တယ်။ သို့သော် သူ့ဝါသနာက ထူးတော့ အထူးသား။ ဂစ်တာခေတ်မှာ သူက မြန်မာ့ဂန္ထဝင်တူရိယာစောင်း ကောက်ကြီး တဒေါင်ဒေါင်နဲ့ဗျ။ ရှားပါးမျိုးစိတ်သတ္တဝါပေကိုး။ ပိုပြီး ထူးခြားတာကတော့ အသက် ၃ဝ ကျော်အရွယ်မှာ မောင်အောင်ဌေး ဟာ ဘာသာရေးဘက်ကို ယိမ်း သွားပြီး သမထဝိပဿနာ ကျင့်ကြံ အားထုတ်စ ပြုလာတာပါပဲ။ ဒါကို အများက  ကောင်းတဲ့လက္ခဏာ လို့ သတ်မှတ်ကြပါလိမ့်မယ်။ နို့ပေတဲ့ သူဟာ သားသမီးသုံးယောက် ဖခင်အိမ်ထောင်ဦးစီးဆိုတာကို ထည့်တွက်ရလိမ့်မယ်။ အိမ်ထောင် ဦးစီးဆိုပေတဲ့  ကိုယ်ပိုင်အိမ်မရှိ ဘူး။ စစ်ဝန်ထမ်းလိုင်းခန်းမှာပဲ နေရသေးတယ်။ အားအားရှိရင် စောင်းကောက်ကြီး တဒေါင်ဒေါင် တီးလိုက်၊ တရားထိုင်လိုက်နဲ့ စီးပွား ရေး ကြီးပွားရေးနဲ့ အလှမ်းဝေးနေ တယ်။

တစ်နေ့တော့ နာမည်ကျော် ဘုန်းတော်ကြီးတစ်ပါးရဲ့ ဝိပဿနာ ၇ ရက်စခန်းမှာ မောင်အောင်ဌေး ဝင်ရောက် တရားအားထုတ်တယ်။ စခန်းသိမ်းတော့ အိမ်ပြန်လာရင်း လမ်းမှာ စာရေးသူနဲ့ ဆုံပါတယ်။ တရားစခန်းက ပြန်လာတဲ့ အ ကြောင်း သူကပြောတော့ စာရေး သူက ဘတ်စ်ကားစီးပြီး ပြန်လာ သလား၊ တက္ကစီစီးပြီး ပြန်လာသ လား သိချင်တာနဲ့...

''မင်း ဘာစီးပြီး ပြန်လာသ တုံးကွ''လို့ မေးလိုက်ပါတယ်။

''ဘာမှမစီးပါဘူး။ လမ်း လျှောက်ပြန်လာတာပါ။ ဒါပေမယ့် လမ်းတစ်လျှောက်လုံး ကျွန်တော့် ခြေဖဝါးတွေက မြေပြင်နဲ့ မထိဘဲ လွတ်နေတယ်ခင်ဗျ။ ခြေထောက် တွေ လှမ်းရတာ အရမ်းပေါ့ပါးနေ တယ်။ တရားစခန်းကနေ အိမ်ကို ၁ဝ မိုင်လောက်ဝေးပေမယ့် ကျွန် တော့်စိတ်ထဲမှာ နီးနီးကလေးလို့ပဲ ထင်နေတယ်''

''တော် ဟေ့ကောင် တော်၊ စကားမဆက်နဲ့တော့၊ မင်းကိုယ်မင်း ဈာန်ရတယ်ဆိုရင် လမ်းမလျှောက် နဲ့တော့၊ မိုးပေါ်မှာ ဈာန်တန်ခိုးနဲ့ ပျံနေပေတော့''လို့ စာရေးသူက ငေါက်ထုတ်ခဲ့ပါတယ်။ မကြာခင် မောင်အောင်ဌေးရဲ့ ဇနီး တစ်ဝမ်း ကွဲညီမကလေးနဲ့ တွေ့တော့...

''နင့်လင်တော့ ကြောင်နေ ပြီဟ''လို့ပဲ စာရေးသူက ဒဲ့ဒိုး (တဲ့ တိုး) ပဲ ပြောလိုက်ပါတယ်။

''ကျွန်မကတော့ သူ့ကို ကြောင်တယ်လို့ မသတ်မှတ်ချင်ပါ ဘူး။ အိမ်ထောင်ဦးစီးတာဝန်ပျက် ကွက်နေတယ်။ တစ်ကိုယ်ကောင်း ဆန်နေတယ်လို့ပဲ မြင်ပါတယ်။ အခုလည်း တပ်ထဲမှာ အခွင့်အရေး တွေ အလျှံပယ်နဲ့ ဇိမ်ကျနေတာ ကိုတောင် တပ်က ထွက်မယ် တကဲ ကဲလုပ်နေတယ်''

''ခုချိန်မှာ ဗိုလ်ချုပ်ကြီးက အစတပ်သားကလေးအထိ အထူး အခွင့်အရေးတွေရနေတာပဲ၊ ဒီ ကောင်တပ်ကထွက်ရင် အထူးအ ခွင့်အရေးတွေ လက်လွတ်ကုန်မှာ ပေါ့။ ဒီကောင် အရပ်ဘက်နိုင်ငံ ရေးလောကကိုများ စိတ်ဝင်စားနေ ပြီလား မသိဘူး''

''ဘယ်ကလာ အစ်ကိုကြီး ရယ်၊ ကျွန်မတို့က တပ်ထဲက လိုင်း ခန်းမှာနေရတာဆိုတော့ တပ်က အမိန့်ကို လိုက်နာရတယ်၊ တပ်ထဲ မှာ နိုင်ငံရေးစကား အထူးသဖြင့် ဒီမိုကရေစီ စကားလုံးဝမပြောရ ဘူး။ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံ၊ ဓာတ်ပုံတစ်ပုံမပြောနဲ့ အသေး အမွှားကလေးတောင် မထားရဘူး။ တွေ့ရင် အရေးယူတယ်တဲ့၊ အ နည်းဆုံး တပ်ထဲမှာ မနေရဘဲ အပြင်ကို နှင်ထုတ်မယ်တဲ့''

''မိုးခြိမ်းသံကြားလို့ ဗျိုင်းတွေ လန့်ပျံသလို နင်တို့ လူကြီးတွေ လည်း ဒီမိုကရေစီသံကြားရင် ဖင် တုန်နေကြပြီထင်ပါရဲ့ဟာ''လို့ စာ ရေးသူက ပြောတော့ ညီမလုပ်သူ က ...

''သေချာတာပေါ့၊ ဟိုတစ် လောက ကိုအောင်ဌေးရဲ့ ဒေါ်ကြီး တစ်ယောက် အိမ်ကိုလာလည်ရင်း နဲ့ ဒီမိုကရေစီစကားတွေ ပြောလို့ ကိုအောင်ဌေးနဲ့ တူဝရီးနှစ်ယောက် စကားများကြသေးတယ်။ ကိုအောင်ဌေးက ဒေါ်ကြီးကြောင့် ကျွန်တော်ထောင်ကျတော့မှာပဲ လို့ ပြောတော့၊ ဟိုအဘွားကြီးက ထောင်ကျတာ မဆန်းဘူးဟေ့၊ အခု ငါတို့တစ်တိုင်းပြည်လုံး ထောင် ကျနေတာလို့ ပြန်အော် ပါလေ ရော''လို့ မျက်စိပျက် မျက်နှာပျက် နဲ့ ပြောပါတယ်။ မောင်အောင် ဌေးဆိုတဲ့ သတ္တဝါကို စာရေးသူ ဘဝင်မကျတာ ကြာပါ ပြီ။ နို့ပေတဲ့ သူလင်သူမယားကြားမ ဝင်ချင်တာ နဲ့ ဘာမှမဝေဖန်ဘဲ ပါးစပ်ပိတ် ထားလိုက်ပါတယ်။

အဲသည်ခေတ်က စစ်အာဏာ ရှင် ကြီးစိုးတဲ့ ကာလပီသစွာ တာ ဝန်ထမ်းဆောင်ဆဲ စစ်သည်တော် တွေနဲ့ မပြောနဲ့၊ တပ်က အငြိမ်း စား ယူလိုက်ကြတဲ့ စစ်ပြန်ကြီးတွေ တောင် အတော်ကောင်းစားခဲ့ကြ ပါတယ်။ ဟိုး...လွန်ခဲ့တဲ့ နှစ် ပေါင်းများစွာက တပ်က အထုတ်ခံ ရပြီး အရပ်သားဖြစ်နေတဲ့ စာရေးသူကိုတောင် စာရေးသူနဲ့ တပ်ထဲ တုန်းက လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့တဲ့ အရာခံ ဗိုလ်အငြိမ်းစားကြီး တစ် ယောက်က...

''ဟေ့ကောင်၊ လမ်းပေါ်မှာ ထီးထမ်းလမ်းလျှောက်လုပ်မနေနဲ့၊ ငါတို့တပ်က ရဲဘော်ဟောင်းတွေ ချည်းရှိတဲ့ အင်ဂျင်နီယာ အလုပ်ရုံ ကို လာခဲ့၊ မင်းကိုနေရာကောင်း ကောင်းတစ်ခုပေးမယ်၊ နောက် တော့ 'ခွင်ဖန်' တဲ့ အလုပ်တွေ မင်းတတ်လာပြီဆိုရင် မင်းဘဝ အိုကေမှာ စိုပြေပြီသာမှတ်''ဆိုပြီး စည်းရုံးပါသေးတယ်။ စာရေးသူ က-                             

''ကန်တော့ဆွမ်းပါခင်ဗျာ။ အကြိမ်ပေါင်း တစ်သိန်းကန်တော့  ဆွမ်းပါ''ဆိုပြီး ငြင်းလိုက်ပါတယ်။ ရှင်ကြီးဝမ်းကော၊ ရှင်ငယ့်ဝမ်းပါ ဝင်ခဲ့ဖူးတော့ စာရေးသူ့ကိုယ်မှာ ကြေး (ချေး) နံ့က စွဲနေတုန်းပါ။

တစ်နေ့တော့ ဝမ်းကွဲညီမနဲ့ ကွဲသွားတဲ့ မောင်အောင်ဌေးကို တပ်ထွက်အရပ်သားဘဝနဲ့ လမ်း ပေါ်မှာ ပြန်တွေ့ရတယ်။ သူ့ပုံစံ ကြည့်ရတာ ယောင်တောင်တောင် ပေါင်တောင်တောင်ပါပဲ။ သူက ဝန်ခံရှာပါတယ်။

''ကျွန်တော်တို့ တပ်ထွက်တွေ အတွက် ကြီးပွားချမ်းသာရာ ဖြတ် လမ်းအဖြစ် လုပ်ငန်းတွေ အသင့် ရှိပြီးသားပါ၊ ကျွန်တော့်ကိုဆိုရင် အရက်ဖြူဆိုင်မန်နေဂျာရာထူး ပေးပါတယ်။ ကျွန်တော်ကျင့်ကြံတဲ့ တရားဓမ္မနဲ့ ဆန့်ကျင်ဖီလာဖြစ်နေ လို့ ငြင်းလိုက်ပါတယ်''

''ငတ်ကိန်းကြုံလာတော့ လည်း အငတ်ခံလိုက်ပေါ့ကွာ''

အဲသည်တုန်းက စစ်အစိုးရရဲ့ လက်အောက်ခံအရက်ဆိုင်ကြီးတွေ မှာ ကိုယ်စားလှယ်လိုင်စင်ရတဲ့ သူတွေ၊ မန်နေဂျာ ဆိုင်ထိုင် ရာထူး ရတဲ့ သူတွေဆိုရင် လက်ဖျားငွေ သီးပြီး ရွှေမိုးငွေမိုးရွာတဲ့ အချိန်ပါ။

မကြာခင်မှာပဲ မောင်အောင် ဌေးတစ်ယောက်ဟာ တပ်ထွက် တစ်ယောက်ပီပီ (မဘသ) ဆရာ တော်များရဲ့ အပါးမှာ ထီးကိုင်ဖိနပ် ကိုင်ရာထူး ရသွားတယ်ဆိုတဲ့ သတင်းသဲ့သဲ့ကြားရတယ်ခင်ဗျ။ အခုအချိန်မယ်ဆိုရင် မောင် အောင်ဌေးတစ်ယောက် 'ဘောစိ' အကြီးကြီးဖြစ်နေလောက်ပါပြီ။

ကြူးနှစ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.