14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
သီလလုံခြုံကြရမယ့် ၂၀၁၇

(၁)

တစ်နေ့တွင် ကိုဘသစ်ဟာ ကျွန်တော်နေထိုင်ရာ လမ်း ၃ဝ အိမ်သို့ ရောက်လာတယ်။

ကျွန်တော်နဲ့ ကိုဘသစ်ဟာ ကျောင်းကတည်းက သူငယ်ချင်းပါ။ သူက အငြိမ်းစားပါမောက္ခပါ။

''ကိုဘသစ်ရောက်လာတာနဲ့ အတော်ပဲ ကျွန်တော် မေးစရာလေးရှိလို့ပါ''

''မေးလည်း မေးပေါ့။ ဟိုဘက်လမ်းက ရွှေညာလက် ဖက်ရည် ဆိုင်လည်းသွားကြတာပေါ့''

သူကလက်ဖက်ရည်အတော်ကြိုက်သူဖြစ်တယ်။ ကျွန်တော်တို့ နှစ်ယောက် ဗိုလ်ဆွန်ပက်လမ်းရှိ ရွှေညာ ဆိုင်ကို သွားကြပါတယ်။

အဲဒီမှာ မြန်မာဓလေ့လို့တောင် ပြောလို့ရတဲ့ ခုံပု လေးတွေမှာ ထိုင်ကာ လက်ဖက်ရည်မှာပါတယ်။

''ကဲ-ခင်ဗျား သိချင်တာက ဘာလဲ''ဟု ဆိုပါတယ်။

''ကျွန်တော်တို့ နောက်အနှစ် ၂ဝ မှာ စင်ကာပူကို မီမမီကိစ္စပါပဲ''

ဒီခေါင်းစဉ်ဟာ ခုတစ်လော စကားဝိုင်းတွေမှာ ခေတ်စားလာတဲ့ Issue တစ်ခုပါပဲ။

''ဒေါ်အောင်ဆန်းစုကြည် စင်ကာပူမှာပြောတဲ့ စကားမဟုတ်လား''

''ဟုတ်ပါတယ်။ မီဖို့လွယ်ပါ့မလား''

 ''ဘာကြောင့်လဲ''

''အချို့လူတွေကပြောတယ်။ အနှစ် ၂ဝ ဆိုရင် စင်ကာပူလည်း ရပ်မနေဘူး။ သူလည်း တိုးတက်သထက် တိုးတက်သွားမယ်တဲ့''

''ဒါတော့ ဟုတ်ပါတယ်။ ပိုက်ဆံရှိတဲ့သူနဲ့ ဆင်းရဲ တဲ့သူတွေကို ကြည့်ရင်ပေါ့။ ပိုက်ဆံရှိတဲ့ သူတွေဟာ အတိုးနဲ့တင် နေ့စဉ် ပိုပြီး ပိုပြီး ချမ်းသာလာနိုင်တယ်။ ဆင်းရဲတဲ့ သူတွေကတော့ အြေ<ွကးတွေနဲ့ဆိုရင် အတိုးနဲ့ တင် နေ့စဉ်ပိုပြီး ပိုပြီး ဆင်းရဲလာတာပေါ့''

''ဒါဆိုရင် ကျွန်တော်တို့တစ်တွေ စင်ကာပူကို ဘယ်လိုလုပ်မီတော့မှာလဲ''

''မြန်မာပြည်ဟာ အကြွေးပတ်လည်ဝိုင်းနေပါတယ်။ ကျွန်တော်တို့ တစ်တွေဟာ လူဦးရေ သန်း ၅ဝ ကျော် ရှိတယ်။

လူဦးရေ ခြောက်သန်းကျော်ရှိတဲ့ စင်ကာပူကို ဘာလို့ မကျော်တက်နိုင်ရမှာလဲ''

''ကြွေးပတ်လည်ဝိုင်းနေတာနဲ့ စင်ကာပူကို ကျော် တက်တာ ဘာဆိုင်လို့လဲ''

''အကြွေးရှိတယ်ဆိုတာ ဂုဏ်ယူစရာပါ။ အကြွေးပေးတယ်ဆိုက တည်းက ခင်ဗျားကို ယုံကြည်လို့ ပေါ့။ လူဆိုတာ ယုံကြည်တဲ့အပေါ် ကနေ ချမ်းသာလာကြတာပါ။ ကျွန်တော်တို့မှာ မှန်ကန်တဲ့ ခေါင်း ဆောင်ရှိတယ်။ မှန်ကန်တဲ့ လမ်း ပြ မြေပုံရှိ တယ်''

(၂)

ကိုဘသစ်ပြောတာကို ကျွန် တော်အပြည့်အဝ မယုံကြည်ပါ။ အဓိကကတော့ ပြည်သူတွေလိုက် နိုင် မလိုက်နိုင်ကိစ္စပါပဲ။

''လွတ်လပ်ရေးရပြီးနောက် အနှစ် ၇ဝ နီးပါး အောက်ကျလာ လိုက်တာ အဆင်းရဲဆုံးနိုင်ငံစာရင်း ပင် ဝင်လာတယ်။

ဘယ်လိုလုပ် စင်ကာပူကို မီ မှာလဲ''

''ကျွန်တော်တို့ နိုင်ငံကံကြမ္မာ ကို ပြန်ကြည့်ကြမယ်''

''ကိုလိုနီနယ်ချဲ့တွေကိုပဲ အ ပြစ်တင်မလား''

''မဟုတ်ပါဘူး။ မြန်မာပြည် မှာ ခေါင်းဆောင်ကောင်းတွေ အ လုပ်ကြံခံရတာ နှစ်ကြိမ်ရှိခဲ့တယ်''

''ဟုတ်လား။ ကျွန်တော်သိ ထားတာက ဗိုလ်ချုပ်နဲ့ အာဇာနည် တွေပဲ၊ ခင်ဗျားပြောချင်တာ ဘယ် သူတွေလဲ''

''ပထမ တိုးတက်တဲ့ အမြင်ရှိ တဲ့ ခေါင်းဆောင်ကတော့ ကနောင် မင်းသားပဲ''

''ဟုတ်ကဲ့၊ မြင်းကွန်းနဲ့ မြင်းခုံ တိုင်မင်းသားတို့ လုပ်ကြံပြီးအသက် ဆုံးရှုံးရသူဖြစ်တယ်''

''သူတို့ဟာ ဖခင်မင်းတုန်းမင်း ကို မကျေနပ်ဘူး။ အထူးသဖြင့် မင်းတုန်းမင်းကြီးဟာ ညီတော် ကနောင်မင်းသားကို အိမ်ရှေ့အရာ ထားတာကို မကျေနပ်ကြဘူး။ တကယ်တော့ ကနောင်မင်းသား ဟာ အင်မတန်မှ ခေတ်မီတိုးတက် တဲ့ သူတစ်ယောက်ပဲ။ စက်ရုံ ၁၅ ရုံကျော်ကို တည်ဆောက်ခဲ့တယ်။ လက်နက်စက်ရုံလည်း တည် ဆောက်ခဲ့တယ်''

''အဲဒီ ခေတ်က အတ်ာများ များ တည်ဆောက်နိုင်တာပါပဲ''

''ဟုတ်ပါတယ်။ ဖန်ချက်စက် ရုံတို့ မဲနယ်စက်ရုံတို့ ပါဝင်တယ် လို့ ဆိုတယ်။ ဒါပေမယ့် အင်္ဂလိပ် တွေ မြန်မာပြည်ကို သိမ်းတော့ မန္တလေးမှာ စက်ရုံတစ်ရုံပဲ တည် ပေးတယ်။ အဲဒါက မန္တလေး ဘီယာစက်ရုံပဲ''

''ကျွန်တော်တို့ ခုခေတ်မှာ လည်း ဘီယာစက်ရုံနဲ့ အရက်ချက် စက်ရုံတွေ အများကြီးပဲ၊ တကယ် တော့ စီးကရက်စက်ရုံလည်းရှိသေး တယ်။ ဒါဟာ အမျိုးသားအင်အား တွေ ဆုတ်ယုတ်စေတဲ့ စက်ရုံတွေ ပဲ၊

ဒီနေ့ လမ်းတိုင်းမှာလိုလို ဘီယာ ဆိုင်တွေ အများကြီးဖြစ်လာတယ်''

''ဒီတော့ ကျွန်တော်တို့ သမိုင်းမှာကနောင်မင်းသားလုပ်ကြံ ခံရတာဟာ အတော်ဆိုးတယ်။ ကျွန်တော်တို့ သိသလောက်တော့ ကြေး သွန်းပညာဟာလည်း အင်မ တန်ဖြစ်ထွန်းနေတယ်''

''မင်းဖြူမှန်မှန်ပြောဆိုတဲ့ ၅၅၅၅၅ ပိဿာရှိတဲ့ ခေါင်း လောင်းကြီးကို တည်ခဲ့တာကို ပြောချင်တာလား''

''ဒီထက်ပိုတာပေါ့။ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲမှာ မြန်မာတွေ ရှုံးတယ်။ အင်္ဂလိပ်တွေဟာ ပြည် မြို့ကို သိမ်းတော့ အမြောက်တွေ အများကြီးရတယ်တဲ့။ အဲဒီအ မြောက်တွေဟာ ကြေးနဲ့သံရော ထားတဲ့ လောဟာ Alloy တွေနဲ့ လုပ်ထားတာ။

အမြောက်တွေများလွန်းလို့ ဧရာဝတီမြစ်ထဲကို လွှင့်ပစ်ရတယ် ဆိုပြီး အင်္ဂလိပ်စာအုပ်မှာ ရေးသား မှတ်တမ်းတင်ခဲ့တာကို တွေ့ရ တယ်''

''ဒါပေမယ့် ဒီအမြောက်တွေ ဟာ စစ်အောင်ရေးမှာ အရေးမပါ ခဲ့ဘူး''

''ဒီလိုလည်း မဟုတ်ဘူးဗျ။ ကုန်းဘောင်မင်းဆက်လေးဆက် မြောက် ရှင်ဖြူရှင် က်ထက်မှာ တရုတ်ကျူးကျော်စစ်တွေ ဝင် ရောက်လာ တယ်။ တရုတ် တပ်တွေ က အင်မတန်အားကြီးတယ်''

''အားကြီးတာပေါ့ဗျာ။ စာဆို တွေရေးထားတဲ့ ကာချင်းမှာဆိုရင် တရုတ်တို့လာသည် ရိုင်ရိုင်လော ရိုင်ရိုင်လော၊ မြားမိုးရွာသည် ဖြိုင် ဖြိုင်လော ဖြိုင်ဖြိုင်လောတဲ့''

''အဲဒီလိုအားကြီးတဲ့ စစ်သည် တွေကို မြန်မာတွေက အမြောက် တပ်နဲ့ အနိုင်ယူခဲ့တယ်''

''တကယ်''

''တကယ်ပါဗျာ၊ တရုတ်ပြည် ပီကင်းမှာ မှတ်တမ်းတစ်ခုရှိတယ်။ တရုတ်စစ်ဗိုလ်ချုပ်ကြီး တစ်ဦးက ရေးခဲ့တာပါ။ ကျွန်တော်တို့ တပ် သားများဟာ မြန်မာအမြောက် ကျည်တွေကြောင့် များစွာဆုံးရှုံးရပါတယ်။ စစ်ဗိုလ်ချုပ်များလည်း သေကျေပျက်စီးရတယ်။ ဒါကြောင့် မြန်မာပြည် ကနေပြန်လည်ဆုတ်ခွာ လာရပါတယ်ဆိုပြီး ရေးထားတဲ့ စာပေမှတ်တမ်းရှိတယ်လို့ ဆို တယ်''

''မြန်မာက တရုတ်ကို ခုခံနိုင် ပေမယ့် ဘာလို့ အင်္ဂလိပ်တွေ မန္တလေးကိုသိမ်းတော့ ဘုရင်နဲ့ မိသားစုတွေကို ကြက်ကလေး၊ ငှက် ကလေးဖမ်းသလို ဖမ်းသွားနိုင်တာ ဘာကြောင့်လဲ''

''အစီအမံတွေ ညံ့ဖျင်းလို့ ပေါ့။ အင်္ဂလိပ်တွေက စကြာမင်းကို နန်းတင်ပေးမယ်ဆိုကာ လိမ် လည်လှည့်ဖြားချက်တွေ၊ ပရိယာယ် တွေ လည်း ပါတယ်လို့ အဆိုရှိတယ်။ အဓိကကတော့ က နောင် မင်းသားအလုပ်ကြံခံရ လို့ပေါ့။

တကယ်တမ်းကနောင်မင်း သားရဲ့ အစီအမံနဲ့ဆိုရင် မြန်မာ ပြည် သူ့ကျွန်ဖြစ်စရာမရှိဘူး''

(၃)

''ဒုတိယ အခက်ခဲဆုံးကာလ ကို ရောက်စေတာကတော့ လွတ် လပ်ရေးကြိုးပမ်းနေတဲ့ ကာလမှာ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရ တာပါ၊ ခင်ဗျားတို့ အားလုံးသိကြ ပေမယ့် သတိထားချင်မှ  ထားမိ မှာက ဗိုလ်ချုပ်အောင်ဆန်းအ တွက် အခက်အခဲပါပဲ။ သူဟာ သူ တို့ အုပ်စုထဲမှာ ငယ်တယ်။ အင်မ တန်မှလည်း ရည်မှန်းချက်ကြီး တယ်။ ဘာလုပ်လုပ် အောင်မြင် လိုတဲ့ စိတ်ရှိတယ်။ ခင်ဗျားတို့ စဉ်း စားကြည့်လေ။ တစ်နှစ်အတွင်း လွတ်လပ်ရမယ်ဆိုတဲ့ ကတိကိုပေး တာ နိုင်ငံရေးသမားတွေအတွက် ဘယ်လောက်ခက်ခဲလဲ''

''သူ့ကတိအတိုင်းလည်း ဒီလို လွတ်လပ်ရေးရခဲ့တယ် မဟုတ် လား''

''ဟုတ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာပဲ သူလုပ်ကြံခံလိုက် ရတယ်။ ဗိုလ်ချုပ်ဟာ သူကျဆုံး ပေမယ့် လုပ်ငန်းစဉ်တွေ လည်ပတ် အောင် ကြိုး စားဆောင်ရွက်နိုင်ခဲ့ တယ်''

ကိုဘသစ်က သူ့အမြင်ကို တင်ပြနေတာဖြစ်တယ်။

''ဗိုလ်ချုပ်ကျဆုံးသွားတဲ့အ တွက် ကျွန်တော်တို့နိုင်ငံ ဒီလို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်သွား တာပါပဲ မဟုတ်လား''

''ဟုတ်ပါတယ်၊ ၁၉၈၇ ခုနှစ် က LDC ဆိုတဲ့ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံဖြစ်သွားတာပါ။ ဒါကို အ ဆင်းရဲဆုံးနိုင်ငံလို့ ခေါ်တယ်။

အဲဒီအချိန်မှာ စင်ကာပူရဲ့ အကြီးအကဲ ဝန်ကြီးချုပ် လီကွမ် ယူက မြန်မာနိုင်ငံကိုကြည့်ကာ သံ ဝေဂစကားပြောဖူးတယ်''

''ဘယ်လို မျိုးလဲ''

''ဗိုလ်ချုပ်အောင်ဆန်းကျ  ဆုံးသွားပြီးတဲ့နောက်မှာ မြန်မာ ပြည်မှာ လွတ်လပ်ရေးရခဲ့တယ်''

''၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် နံနက် ၄ နာရီ မိနစ် ၂ဝ မှာ လွတ်လပ်ရေးရခဲ့တာဖြစ်တယ်''

''ဟုတ်ပါ့၊ ဆရာညိုက ဒါကို ကောင်းကောင်းမှတ်မိတာပဲ၊ ကျွန် တော်ဆက်ရှင်းချင်တယ်။ ဒီလိုဗိုလ်  ချုပ်ကျ၊ လွတ်လပ်ရေး ရပြီးနောက် ဦးနုအစိုးရဟာ ပါလီမန်ဒီမိုကရေစီ နည်းနဲ့ အုပ်ချုပ်တယ်''

''ဖဆပလအစိုးရ မဟုတ်လား''

''ဟုတ်ပါတယ်။ ဒါပေမယ့် ဦးနုက အဓိကဖြစ်တယ်လို့ လူတွေ သိထားတယ်။ ဦးနုဟာ မြန်မာ ပြည်ကို ပထမဆုံး ဒီမိုကရေစီ နည်းကို ပြည်သူတွေအကြား ချပြ တာပါ။ ဒါပေမယ့် ခင်ဗျားသိတဲ့ အတိုင်း ဒီမိုကရေစီနည်းဟာ အင် မတန်ခက်ခဲတယ်''

''မှန်တာပေါ့။ ကွယ်လွန်သူ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအ တွင်းရေးမှူးချုပ် ဦးသန့်ကလည်း  ဒီလိုပြောခဲ့တာပဲ။ အုပ်ချုပ်ရေး စနစ်တွေထဲမှာ ဒီမိုကရေစီ စနစ် ဟာ အခက်ခဲဆုံးပဲတဲ့''

''ဒီမိုကရေစီ ပါလီမန်စနစ်ကို ပြည်သူတွေက ပျော့ညံ့တဲ့ အုပ်ချုပ် ရေးလို့ ယူဆတယ်။ အရေးယူမှု တွေ အားနည်းတယ်။ ယနေ့ခေတ် ၂ဝ၁၆ ကို ပြန်ကြည့်လည်း ဒီလို ဝေဖန်သူတွေအများကြီးပဲ။ အင်္ဂလိပ်တွေရဲ့ အာဏာရှင်အုပ် ချုပ်ရေးကို တောင့်တသူတွေအ များကြီး ရှိခဲ့တယ်။ ဒီတော့ ဦးနေ ဝင်းက ၁၉၆၂ ခုနှစ် အာဏာသိမ်း လိုက်တော့ ထောက်ခံသူတွေများ လာတယ်။ ဒါပေမယ့် တိုင်းပြည် ကြီး တစ်စတစ်စ ယိုယွင်းလာတယ်။

ဒါကြောင့် လီကွမ်ယူက ဗိုလ် ချုပ်အောင်ဆန်းသာ အလုပ်ကြံမ ခံရရင် မြန်မာပြည် ဒီလိုဖြစ်မှာမ ဟုတ်ဘူးလို့ ပါလီမန်မှာ ပြောခဲ့ တယ်။

 မြန်မာပြည်ကို ဥပမာပြပြီး သူ့ရဲ့ အစိုးရအဖွဲ့ဝင်တွေ အလုပ် အကြံမခံရစေဖို့ အရေးကြီးကြောင်း မိန့်ခွန်းထဲ ထည့်ပြောခဲ့တယ်''

''ဒါဆိုရင် ဒေါ်အောင်ဆန်းစု ကြည်အစိုးရအဖွဲ့မှာလည်း အခက် အခဲတွေ တွေ့ရတာ မဆန်းဘူး ပေါ့''

''မဆန်းပါဘူး။ ပြည်သူတွေ အတွက်လည်း အခက်အခဲတော့ ရှိမှာပဲ။ ဒါပေမယ့် ရေရှည်ကို ကြည့်ကြမယ်ဆိုရင်အတ္တတွေကို လျှော့ ပြီး ပူးပေါင်းကူညီကြဖို့ လို တယ်''

''အင်း-ပြည်သူတွေဟာ ဒီမိုက ရေစီကို ယုံကြည်ဖို့လိုတယ်။ အမိန့် ပေး အာဏာပြတာတွေမပါတော့ အလုပ်မဖြစ်တာတွေလည်းရှိ တတ် တယ်။ ဒီလို အလုပ်မဖြစ်တာတွေ ကို တွေ့နေရတော့ ဒါကို မှန်ကန် တယ်လို့ ယုံကြည်ဖို့မလွယ်ဘူး။ ပြည်သူအများက ယုံကြည်မှု ပျက် သွားတဲ့အခါ ကျွန်တော်တို့ဟာ အာဏာရှင်ပုံစံတစ်ကျော့ဝင်လာ နိုင်တယ်''

(၄)

ကိုဘသစ် သက်ပြင်းချကာ ပြောနေပါတယ်။

သူက ငြိမ်းချမ်းရေးညီလာခံ ကြီးကို အတော်လေးမျှော်လင့်ပါ တယ်။ ဒီ ၂ဝ၁၇ မှာ ငြိမ်းချမ်းရေး ကို ဦးတည်ဖို့အတွက် ဘာတွေလုပ် ကြမှာလဲ။

စစ်ရေး၊ နိုင်ငံရေးတွေက ခက် ခဲလှပါတယ်။ အရေးကြီးတာက စိတ်ထားပါ။

ဘယ်လိုစိတ်မျိုးထားရမလဲ။

သီလလုံခြုံဖို့ပါပဲ။

 ခြိမ်းချမ်းရေးဟာ အရေးကြီး တယ်ဆိုပေမယ့် ကျွန်တော်တို့ဆီ ပြည်တွင်းစစ်ကလည်း ကမ္ဘာမှာ အရှည်ကြာဆုံးလို့ဆိုတယ်။

ဒါကတော့ နှစ်ဦးနှစ်ဖက် အား နည်းချက်ပဲလို့ ယူဆနိုင်တယ်။

''လက်နက်ကိုင်တွေ မာန ထားတော့ စစ်ပွဲတွေဖြစ်တာပေါ့''

''အရေးကြီးတာက သီလ စောင့်ထိန်းဖို့ပဲ''

သီလလုံခြုံဖို့ကိုဘသစ်ပြော ပါတယ်။ ကိုယ်သီလလုံခြုံရင်အား လုံး ဘေးကင်းပါတယ်။

သီလကကိုယ့်အတွက်ထက် ပတ်ဝန်းကျင်က လူတွေအတွက် အရေးပါတယ်။ ကမ္ဘာသူ ကမ္ဘာ သားတွေအတွက် အရေးပါတယ်။

ဒါကြောင့် ခက်ခဲတဲ့ ၂ဝ၁၆ ကို ဖြတ်ကျော်အပြီးမှာ ၂ဝ၁၇ မှာ သီလဖြင့် ဖြတ်ကျော်ကြရင်ဖြင့် သာယာတဲ့ လူဘောင်ကြီး တည် ဆောက်နိုင် မှာ ဖြစ်ကြောင်း တင် ပြအပ်ပါတယ်။

ဒေါက်တာ ခင်မောင်ညို
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.