24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
စိတ်သာလျှင် ပဓာန

လွန်ခဲ့သည့် နှစ်အနည်းငယ် အကြာကပင် ကျွန်မစက်ဘီး စတင်စီးခဲ့ပါသည်။ ဟိုနားသည် နားသို့ စက်ဘီးလျှောက်စီးရ သည့်အခါ ကျွန်မအနေနှင့် စက် ဘီးစီးရသည်မှာ ခက်ခဲပင်ပန်းခြင်း မရှိပါ။ သို့သော် ကိုယ့်စိတ်ကိုယ် တော့ တင်းထားရသည်။ အား ပေးရ ပါသည်။ ကျွန်မသူငယ်ချင်း များကလည်း နေ့စဉ်စက်ဘီးစီး၍ လေ့ကျင့်ခန်းသဖွယ် ပြုမှုနေသည် ကို စိတ်ပါလက်ပါ အားပေး ကြပါ သည်။ ထို့အပြင် ခရီးရှည်တာဝေး စက်ဘီးစီးရန်လည်း တိုက်တွန်းကြ ပါသည်။ ဤသို့နှင့် ပထမ အကြိမ် မိုင် ၁၅ဝ အကွာ အဝေးခရီးကို စက်ဘီးစီးရန်ဖြစ်လာပါသည်။ ထို စက်ဘီးစီးပွဲကို MS 150 ဟု အမည် ပေးထားပြီး နှစ်စဉ်ပြုလုပ်လေ့ရှိ သည်။ ကြွက်သားတောင့်တင်း ရောဂါ ဝေဒနာရှင်များအတွက် ရန်ပုံငွေရှာပေးသည်ပွဲလည်း ဖြစ် သည်။

ထိုစက်ဘီးစီးပွဲတွင် ကျွန်မ စာရင်းပေးသွင်းလိုက်သည်။ တကယ်တော့ ထိုပွဲမှာ ကျွန်မအ တွက် စွန့်စွန့်စားစား လုပ်ရမည်ကို သိ နားလည်လိုက်သည်။ ထိုခရီးအ ကွာအဝေးကိုရောက်အောင် ကြိုး စားအားထုတ်ရမည့် အလုပ်မှာ သေးငယ်သည်တော့ မဟုတ်ပါ။ သို့သော် ကျွန်မသည် စိတ်အား ထက်သန်စွာဖြင့် လေ့ကျင့်ပြင်ဆင် ပါတော့သည်။ ဤသို့နှင့် စက်ဘီး စီးရမည့် ရက်နီးကပ်လာသည့် အခါ တွင် ကိုယ်ကိုယ့်ကိုယ်ခံနိုင်ရည်မှ ရှိပါ့မလားဟု သံသယဝင်လာပါ သည်။ သို့သော် စိတ်ထဲကတော့ ရောဂါဝေဒနာရှင်များ အတွက် ရန်ပုံငွေ ရှာပေးရမည်ကိုတော့ လိုလိုလားလား လုပ်ချင်နေပါ သည်။ သို့သော်လည်း နှစ်ရက်တာ ကြာရှည်မည့် ထိုခရီးစဉ်ကို ကျွန် မအနေဖြင့် အဆုံးတိုင် ရောက် အောင် စီးနိုင်မည်လားဆိုသည်ကို တော့ စိတ်ထဲက ချီတုံချတုံ ဖြစ် နေလေသည်။

ထိုစက်ဘီးစီးပွဲကို တနင်္ဂနွေ နေ့ နံနက်ခင်းတစ်ရက်တွင် အေး ချမ်းသာယာလှသော ဂျော်ရီယာ ပြည်နယ် ကျေးလက်တောရွာ က လေးတစ်ရွာမှ စတင်ခဲ့လေသည်။ ပထမ စောစောပိုင်း နာရီများအထိ ကျွန်မစီးနင်းခဲ့သည့်အခါ ဝမ်းသာ ကြည်နူးမှုကို ခံစားရလေ သည်။ ထိုသို့သော အတွေ့အကြုံမျိုးစုံ ရရှိ လိမ့်မည်ဟု ကျွန်မ မျှော်လင့်ထား ပြီးသားဖြစ်သည်။ သို့ဖြစ်၍ ကျွန်မ ၏ စိတ်မှာ တက်ကြွရွှင်လန်းလျက် ရှိနေပါသည်။ သို့သော် ထိုနေ့ကုန် ဆုံးချိန် ရောက်လာသည့်အခါ ကျွန်မ အလွန်တရာမှ ပင်ပန်းနွမ်း နယ်နေပြီး ခံနိုင်ရည်မရှိတော့သလို ခံစားရလေတော့သည်။

ခန္ဓာကိုယ်သည် စိတ်နှင့် ဆက်နွယ်နေသဖြင့် မိမိလှုပ်ရှားမှု များ အခြေအနေကို သိသာထင် ရှားလာပါသည်။ မိမိဦးနှောက်က မိမိ၏ ခြေထောက်အစုံကို ထိုခရီး ရှည်အတွက် အချိန်တိုင်း အချိန် ဟတိုင်း တွန်းအားပေးခဲ့ပါသည်။

''ငါဆက်ပြီး စီးနိုင်ပါမလား'' ဟု တွေးမိပါသည်။ အဘယ် ကြောင့်ဆိုသော် ခြေသလုံးကြွက်သားများက တင်း လာသောကြောင့် ဖြစ် သည်။ လူတိုင်း လူတိုင်းဟာ စက်ဘီးစီးနိုင်သူတွေ ဖြစ်ရမှာ။ သို့ သော် ကျွန်မအနေဖြင့် အသက်ရှူ ရတာမဝဖြစ်လာသည်။ ထို့ကြောင့် ကျွန်မအနေဖြင့် စက်ဘီးစီးပွဲမှ ထွက်ရကောင်းမည်လားဟု စိတ် ပင် ကူးမိပါတော့သည်။

ကျွန်မသည် တောင်ကုန်း ကလေး ထိပ်ပေါ်သို့ စီးတက်လာသည့်အခါ နေဝင်ဆည်းဆာအချိန်ကို အချိန်အတော်ကြာ ကြာတွေ့ မြင် ရလေသည်။ ထို့နောက် ခပ် လှမ်းလှမ်းရှိ နေဝင်ချိန် တောက် ပသော နီနီရဲရဲ ဆည်းဆာ နေ ရောင်အောက်တွင် အရိပ်မည်း မည်းကလေးတစ်ခု လှုပ်ရှားနေ သည်ကို တွေ့ရလေသည်။ စက်ဘီး တစ်စီးကို ဖြည်းဖြည်းသာသာ စီး နင်းသူတစ်ဦးကို တွေ့လိုက် ရခြင်း ဖြစ် သည်။ ထိုသူမှာ အခြားသူများ နှင့် မတူ ကွဲပြားခြားနားနေသည် ကို သတိပြုမိပါသည်။အကြောင်း ရင်း အမှန်ကိုတော့ ကျွန်မ မစဉ်း တတ်ပါ။

ဤသို့နှင့် ထိုသူအနားသို့ ရောက်အောင် စက်ဘီးကို စီးသွား လိုက်ပါသည်။ ထိုသူမှာ မိန်းကလေးတစ်ယောက်ဖြစ်ပြီး စက်ဘီး ကို ဖြည်းဖြည်းချင်းစီးနေပြီး ခြေနင်းကို မှန်မှန်နင်း လျက်ရှိသည်။ မိန်းကလေးမှာ သွယ်သွယ်လျလျ ကလေး နှင့် စိတ်နှလုံးသန္နိဋ္ဌာန် ချထားပြီး ဖြစ်သဖြင့် သူ့မျက်နှာမှာ ပြုံးရွှင်နေသည်ကို တွေ့ရလေသည်။ ပြီးတော့ ထိုမိန်းက လေးမှာ ခြေတစ်ဖက်တည်းသာ ရှိသူဖြစ်နေ သည်ကို တွေ့ မြင်လိုက်ရသည်။

ထိုခဏမှာပင် ကျွန်မ၏ စိတ်ကူးစိတ်သန်းများလည်း ချက်ချင်း ပြောင်းလဲသွားလေသည်။ တစ်နေ့တာလုံး ကျွန်မ ခန္ဓာကိုယ်က လုပ်နိုင်ပါတော့မလားဟု သံသယရှိခဲ့ပါသည်။ သို့သော် ယခုခဏမှာပင် ကျွန်မသိနားလည်လိုက် ပါတော့သည်။ လုပ်နိုင်ခြင်း ဆောင် ရွက်နိုင်ခြင်း မှာ ခန္ဓာ ကိုယ်က မဟုတ်။ မိမိစိတ်ဓာတ်စိတ်ခွန်အားသာဖြစ်ပြီး ထို စိတ်တွန်းအားဖြင့် ပန်းတိုင်ရောက်နိုင်သည်ကို သိလိုက်ပါ တော့သည်။

 နောက်တစ်နေ့ ဒုတိယနေ့တွင် မိုးက တစ်နေ့လုံး ရွာ သွန်းလျက်ရှိသည်။ ခြေတစ်ချောင်းတည်းနှင့် စက်ဘီးစီး နင်းသူ မိန်းကလေး ကို ကျွန်မ ပြန်မတွေ့ရတော့ပါ။ ကျွန်မ လည်း မည်သည့် ဆင်ခြေဆင်လက်စောဒကများမနေ တော့ပါ။ မိန်းကလေးမှာလည်း ကျွန်မကဲ့သို့ပင် တစ်နေရာ ရာမှာဖြစ်သည်ကို သိထားပါသည်။ ထိုဒုတိယနေ့ ပြီးဆုံး သွားသည့်အခါ ကျွန်မအနေဖြင့် စိတ်တက်ြ<ွကလျက်ရှိပြီး မိုင် ၁၅ဝ ခရီးအကွာအဝေးကို ရောက်အောင် ကျွန်မ စီးနင်းနိုင်ခဲ့လေသည်။

The Right Thoughts Riding in My Mind by Kathy Htiggins ကို ဆီလျော်အောင်ပြန် ဆိုသည်။

တင်ဆွေမိုး
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.