23 - 3 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မင်းပြားမြို့နယ် လက်မ(ရခိုင်) ကျေးရွာမှ နေအိမ် ၈ဝ ကျော် ဘေးလွှတ်ရာသို့ပြောင်း
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1006
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ခေတ်ဟောင်းပုံပြင် - ၂၇

စာရေးသူ လူဖြစ်လာခဲ့တာ ၁၉၅၂ ခုနှစ်မှာပါ။ နိုင်ငံတော် လွတ်လပ်ရေးရခဲ့တာက ၁၉၄၈ ခုနှစ်ဆိုတော့ စာရေးသူဟာ လွတ် လပ်တဲ့ နိုင်ငံတော်ရဲ့ လွတ်လပ် နိုင်ငံသားပီပီ ဂုဏ်ယူဝင့်ကြွားချင် ပါရဲ့ဗျာ။ သို့ပေမယ့် လူကသာ လွတ်လပ်တာ၊ စိတ်ကမှ မလွတ် လပ်ခဲ့တော့ တင်းပြည့်ကျပ်ပြည့် လွတ်လပ်နိုင်ငံသားရယ်လို့ ဘဝင် မမြင့်မာနမကြီးနိုင်တော့ပါဘူး။ ဘာကြောင့်လဲလို့ မေးချင်ကြရင် စာရေးသူ ရဲရဲကြီး ဖြေပါ့မယ်။ 'ပြည်တွင်းစစ်ရှိနေတဲ့ နိုင်ငံတစ် နိုင်ငံက နိုင်ငံသားတစ်ယောက်ဟာ မိသားစုဝင်ချင်း ပဋိပက္ခဖြစ်နေကြ တဲ့ မိသားစုဝင်တစ်ယောက်နဲ့ တူ နေလို့ပါ' ပဲ ခင်ဗျား။ စကားပုံ ကလေးနဲ့ ပြောရရင် 'အိမ်ရှေ့ပူ၊ အိမ့်နောက် မချမ်းသာ'ဆိုပါတော့။

''ပြည်တွင်းစစ်ရဲ့ တစ်တရား ခံက ကျုပ်ပါ''လို့ သူ့ရင်ဘတ်သူ လက်သီးနဲ့ထုပြီး လူသိရှင်ကြား ဝန် ခံသွားတဲ့ အလံနီသခင်စိုးကြီး လည်း အရိုးဆွေးလောက်ပါပြီ။ ကျန်တဲ့ ပုဂ္ဂိုလ်တွေထဲကတော့ သခင်စိုးကြီးလို သတ္တိရှိရှိ ဝန်ခံကြ တာမျိုး မကြားဖူးသေးဘူး ဗျ။ ခေတ်ပြိုင်ခေါင်းဆောင်ပိုင်းကဆို ရင် ပိုဆိုးမှာ ခင်ဗျ။ 'ပြည်တွင်း စစ်စတော့ ငါတို့ ချာတိတ်ဘဝပဲ ရှိသေးတာ၊ ငါတို့နဲ့ မဆိုင်ပေါင်' လို့ တောင် ထမင်းရည်ပူလျှာလွှဲ လုပ် ကြဦးမှာ။

စာရေးသူရဲ့ အမြင်သက် သက်အရ ပြောရရင် 'စည်းလုံး ညီညာအောင်ကြောင်းဖြာ' ဆိုတဲ့ စကားပုံရဲ့ အဓိပ္ပာယ်ဆန့်ကျင် ဘက် ဟာ ပြည်ထောင်စု မြန်မာ နိုင်ငံတော်ပဲ။ ''သူဖြူလျှင် ငါမည်း'' ဆိုတဲ့ စရိုက်ဟာ စာရေးသူတို့အား လုံးရဲ့ ဇာတိပုညဂုဏ်မာနပဲ။

ကိုင်း-ကိုယ့်ပေါင်ကိုယ်လှန် ထောင်းရတာလည်း ဒဏ်ရာဒဏ် ချက်၊ အညိုအမည်းစွဲနေပါပြီ။ ခေတ်ဟောင်းပုံပြင်တစ်ပုဒ်ဘက် လှည့်ကြည့်ပြီး သံဝေဂယူလိုက်ကြ ရအောင်လားဗျာ။

စာရေးသူ ငယ်ငယ်က နွေရာ သီကျောင်းပိတ်ရက်တိုင်း မိဘများ နဲ့အတူ (ညီမကလေး အပါအဝင်) မိဘများရဲ့ ဇာတိ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသ၊ ဓနုဖြူမြို့နယ်ထဲ က ကျေးရွာတစ်ရွာကို အလည်အ ပတ် ပြန်လေ့ရှိပါတယ်။ အဲသည် တုန်းက ပါလီမန် ဒီမိုကရေစီခေတ် ပြည်တွင်းစစ် အရှိန်လျော့ကျစပြု တဲ့ အချိန်။ ပြည်တွင်းစစ်ကြီး အ ရှိန်အဟုန်ကောင်းတဲ့ ကာလကြီးထဲ မယ် မိဘတွေ တောကထွက်ပြေး ပြီး စာရေးသူကို ရန်ကုန်မှာ စစ် ပြေးဒုက္ခသည်ဘဝနဲ့ မွေးလာခဲ့ရ တာပါ။ သည်တော့ ပြည်တွင်းစစ် ဟာ စာရေးသူရဲ့ ဖွားဘက်တော် ကြီးပဲ။ သက်ဆိုးရှည်လိုက်တဲ့ စစ် ကြီးဗျာ။ အခု အခု စာရေးသူ အ သက် ၆၅ နှစ်ထဲရောက်ပါပြီ။ တိုင်း စွန်ပြည်ဖျားတွေမှာ စစ်မီးက တောက်တုန်း။ အဝီစိက ငရဲမီး တောက်နေသရွေ့ သည်တိုင်းပြည် က ပြည်တွင်းစစ်မီးကလည်း အား ကျမခံ ဇွဲကောင်းကောင်းနဲ့ တောက်နေဦးမလား မသိတော့ပါ ဘူး။ ဘာကြောင့် စစ်မီးမငြိမ်းသေး လဲဆိုတာကို သိချင်ရင်တော့ ပြည် သူလူထု ကိုယ်စိတ်နှစ်ဖြာချမ်းသာ မှုကို ဥပေက္ခာရှုထားကြတဲ့ 'ဗြောက်' ကိုင်ပုဂ္ဂိုလ်ကြီးတွေကို သာ မေးကြပါ။

'ငရို့က ဗြောက်ကိုင်ထားရမှ စားဝင်အိပ်ပျော်တာကလားကွ'လို့ များ ဒင်း(သင်း) တို့က ဖြေလေမ လားမဆိုနိုင်ဘူး။ ဟုတ်ပေ မပေါ့။ ဗြောက်ကိုင်ထားတဲ့ ငနဲတွေ ဘယ် သူမွဲလို့လဲ။ ဗြောက်မရှိတဲ့ ပြည်သူ လူထုတွေသာ ခေတ်သစ်မောင် ကာက တွေဖြစ်နေ ကြ တာ။

၁၉၆၂ ခုနှစ်မတိုင်ခင်အထိ စာရေးသူတို့ အလည်သွားတဲ့ ရွာ တစ်ဝိုပ်မှာ ဒေသခံတွေက 'ကော် သူလေး' လို့ ခေါ်ကြတဲ့ လက်နက် ကိုင်တွေက ကြီးစိုးနေတာဗျ။ အ စိမ်းပုပ်ရောင်ယူနီဖောင်း ဖိုးရိုးဖား ရား၊ ဘရင်းဂန်းလို့ခေါ်တဲ့ စက် သေနတ်ကြီးတွေ တစ်ကားကား နဲ့ ပေါ့။ ဆံပင်တွေက ဘုတ်သိုက်၊ လူ တွေက ပုအိုက်အိုက်၊ မုတ်ဆိတ် ကျင်စွယ်တွေ၊ ပခုံးမှာ သိုင်းထားတဲ့ ကျည်ခါးပတ်တွေ နဲ့။ ကောင်းဘွိုင် ရုပ်ရှင်တွေထဲက မက္ကဆီကန်ဓားပြ ဂိုက်တွေပေါ့။ စာရေးသူက သေ နတ်တွေကို သဘောကျပြီး သွား ကိုင်ကြည့်တဲ့ အခါ သူတို့အထဲက မုတ်ဆိတ်ကြီးက ''မင်း သေနတ် ကိုင်ချင်ရင် ငါတို့နဲ့နေခဲ့ပါလား'' လို့ တောင် စာရေးသူကို ကလေး စစ်သား စုဆောင်းရေး လုပ်သေးဗျ။

တစ်နေ့တော့ တောင်ဘက် ရွာက  ဆွေမျိုးတွေဆီ သွားလည် ကြတုန်း အရပ်ဝတ်နဲ့ လက်နက် ကိုင်နှစ်ယောက်ရွာထဲမှာ သုတ်သီး သုတ်ပျာ ဖြတ်သွားတာကို အဖေ က  တွေ့လိုက်တယ်။ ပြည်တွင်း စစ်ကြီးစခါစတုန်းက သေနတ် ကိုင်ခဲ့ဖူးတဲ့ အဖေက အထာကို သိတယ်။ အဖေမျက်စိမျက်နှာ ပျက်နေတယ်။

''မဟန်ဘူးဟေ့ တိုက်ပွဲဖြစ် လိမ့်မယ်'' လို့ပြောပြီး တောင်ဘက် ရွာကနေ သူ့ဇာတိမြောက်ဘက်ရွာ ကို အပူတပြင်းပြန်ဖို့ အဖေက နှိုး ဆော်ပြင်ဆင်တော့တာပဲ။ မနက် စာ ထမင်းဝိုင်းကြီးပြင်ပြီးကာမှ စာရေးသူတို့ သုတ်ခြေတင်ကြရ တော့တယ်။ အဖေက ညီမက လေးကို ကျောပိုး၊ အမေက စာရေး သူကို လက်ဆွဲလို့ပေါ့။ စာရေးသူ က ၉ နှစ် ၁ဝ နှစ်သားဆိုပေမယ့် ကြောက်ရ လန့်ရမှန်းမသိဘူး။ ဘာ တွေ ဖြစ်နေပါလိမ့်ဆိုပြီး အူလည် လည်ခံစားနေရတာပဲ သိတယ်။    

အဖြစ်က သည်လိုပါ။ စာရေး သူတို့ မြင်လိုက်ရတဲ့ အရပ်ဝတ် လက်နက်ကိုင်နှစ်ယောက်ဟာ တပ်မတော်စစ်ကြောင်းကို စစ်မြှူ ပြီး မျှားခေါ်လာတာ။ တောင် ဘက်ရွာက ဘုန်းတော်ကြီးကျောင်း နောက်ကျော ဝါးရုံတောထဲမှာ လက်နက်ကိုင်အဖွဲ့က ပုန်းပြီး ချောင်းနေ ကြတာ။ တပ်မတော် စစ်ကြောင်းကလည်း သတင်းရပြီး သား။ ပြဿနာက ခနော်နီခနော် နဲ့ သစ်သားကျောင်းကလေးပေါ်မှာ တရားထိုင် အဓိဋ္ဌာန်ဝင်နေတဲ့ သံဃာတော်တစ်ပါးရှိနေတာပဲ။ သူက တရားထိုင်တဲ့အပြင် ဝစီ ပိတ် (စကားလုံးဝမပြော) ကျင့်နေ တာကြာပြီ။ ရွာသားတစ်ယောက် ကို တပ်ကလွှတ်ပြီး ''ဘုန်းကြီး၊ လွတ်ရာ ကျွတ်ရာကို ရှောင်တော် မူပါ။ ကျောင်းက စစ်ဆင်ရေး ပစ် မှတ် ဗဟိုချက်မှာ ရှိနေပါတယ်'' လို့ လျှောက်ထားသတိပေးခိုင်းတယ်။ ဝစီပိတ်ကိုယ်တော်က အရေးမစိုက် ပါဘူး။ သူ့ဟာသူ အဓိဋ္ဌာန် မပျက် အောင် အာရုံပြုနေတယ်။ ဘယ် နှခါသတိပေးပေး တုတ်တုတ် တောင်မလှုပ်ပါဘူး။

''တော်တော်ခေါင်းမာတဲ့ ဘုန်း ကြီးပဲကွာ'' လို့ စစ်ဗိုလ်ကညည်းပြီး သူ့ရဲဘော်တွေကို လုပ်စရာရှိတာ ဆက်လုပ်ဖို့ အမိန့်ပေးလိုက် တယ်။

ရဲဘော်တွေက ဘုန်းတော် ကြီးကျောင်းနောက်ဘက် ဝါးရုံတွေ ကြားမှာရှိတဲ့ လက်နက်ကိုင်တွေဆီ မော်တာနဲ့ လှမ်းထုတာပေါ့။ မော် တာထုချက်က အလွဲများပုံရပါ တယ်။ ကျောင်းဝင်းထဲက ရာဝင် စဥ့်အိုးကြီးတွေကို မှန်တယ်။ အ စိတ်စိတ်အမြွှာမြွှာ ကွဲကုန်တော့ တာပေါ့။ သစ်သားကျောင်း ကလေးအနားမှာ မော်တာကျည် ကျပြီး ပေါက်ကွဲတော့ ပေါက်ကွဲတဲ့ အရှိန်အဟုန်ကြောင့် မြေကြီး တုန် ခါရာက ခနော်ခနဲ့ သစ်သား ကျောင်းကလေးလည်း ဝုန်းခနဲ ပြို ကျ၊ မြေခတော်မူပါလေရော။

 ကျောင်းပေါ်က ဝစီပိတ်ကိုယ် တော်လည်း သစ်သားအကျိုးအပဲ့ ပုံကြီးအောက်မှာ ပိလို့။ အသက် ပြင်းတော့ မပျံလွန်တော်မူပါ ဘူး။ မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူး တော်ကြောင့်ပဲ ဖြစ်မှာပါ။ ဒဏ်ရာ တော့ အကြီးအကျယ်ရသွားရှာ တယ်။ တပ်မတော်ကပဲ ဝစီပိတ် ကိုယ်တော်ကို ဆေးရုံပို့ပြီး တာဝန် ယူကုသစေပါတယ်။ စာရေးသူ အရွယ်ရောက်မှ သက်တော် ၉ဝ ကျော်နေပြီဖြစ်တဲ့ ဝစီပိတ်ကိုယ် တော်ကြီးကို သွားရောက်ဖူးမြော် ခွင့်ရပါတယ်။ သူကတော့ အဓိဋ္ဌာန်မပျက် ဝစိပိတ်တုန်းပါပဲ။ ကျောင်းပြိုကတည်းက ဒဏ်ရာ ကြောင့် ကိုယ်တော်ကြီးအောက် ပိုင်း သေသွားရှာပါတယ်။ ထိုင် တော့ ထိုင်နိုင်တော်မူပါသေးရဲ့။

 စာရေးသူလည်း လတ်တ လောပြည်တွင်းစစ်အရေးကိစ္စတွေ မှာ 'ရေးလည်းမထူး မရေးလည်း မထူး'တော့တဲ့နောက် ဝစီပိတ်နေ လိုက်ရင် ကောင်းမလားလို့ စဉ်းစား နေပါတယ်ဗျာ။

ကြူးနှစ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.