12 - 1 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြောက်ဦး ရှေးဟောင်းမြေ အတွင်း၌ သောက်စား မူးယစ်ကာ ဆောင်းဘောက်တီး ကခုန်ခြင်းများကို တရားဝင် တားမြစ်သွားမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 996
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
အောင်မြင်ဖို့ စာဖတ်စို့

မြန်မာပြည်ရှိ လူငယ်များကို စာဖတ်ကြပါဟူ၍ ကျွန်တော်တို့ မကြာမကြာတိုက်တွန်းလေ့ရှိသည်။

ဒီအတိုင်းတော့ တိုက်တွန်းလို့ မရပါ။

စာအုပ်ကောင်းတွေကို လက်လှမ်းမီဖို့ လိုသည်။

အလေ့အကျင့်ဖြစ်အောင် ဆောင်ရွက်ပေးသင့် သည်။

 ဥပမာ - ကျောင်းများတွင် စာကြည့်တိုက် အချိန် လေးများကို ထည့်သွင်းပေးဖို့ လိုသည်။

ထို့အပြင် အရပ်ဖက်လူ့အဖွဲ့ အစည်းများအနေဖြင့် ခေတ်မီသော စာကြည့်တိုက်များပေါ်ထွန်းရေးကို ကြိုး စားပေးဖို့လိုပါသည်။

စာကြည့်တိုက်မရှိလျှင် နယူတန်ဆိုသော သိပ္ပံပညာ ရှင်လည်း ဖြစ်မလာပါ။

စာအုပ်မရှိလျှင် အမေရိကန် သမ္မတအီဗရာဟင် လင်ကွန်းလည်း ဖြစ်မလာပါ။

 အင်တာနက်တွေ၊ စမတ်ဖုန်းတွေအားလုံးထက် စာပေသည်သာ လူအများကို ရှေ့ကို ရောက်အောင် ပို့ဆောင်ပေးလျက်ရှိသည်။
        x    x    x

 ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရလာသော အခါ  မြန်မာနိုင်ငံ၏ အနာဂတ်ကို သတင်းစာများက ရေးကြသည်။

 ''မြန်မာနိုင်ငံသည် အာရှ ကျားကြီးတစ်ကောင်ဖြစ် လာပေလိမ့်မည်''ဟု ဆိုကြသည်။

 အနောက်တိုင်း သတင်းစာများက အတိအကျ ခန့်မှန်းကြသည်။

အဓိက အကြောင်းရင်းကတော့ မြန်မာပြည်သူတွေ စာတတ်ကြသောကြောင့် ဖြစ်သည်။ ထိုစဉ်က မြန်မာ နိုင်ငံသည် အာရှတိုက် တွင် စာတတ်မြောက်သူ လူဦးရေ အများဆုံးဖြစ်သည်။ သို့သော် ထိုအရေအတွက်သည် မထိရောက်ခဲ့ပါ။ အကြောင်းကြောင်းကြောင့်  မြန်မာ နိုင်ငံသည် အောင်မြင်မှုနှင့် ဝေးကွာခဲ့ရသည်။ မြန်မာ ပြည်သည် အာရှကျားမပြောနဲ့ ကြောင် တစ်ကောင်သော် မှ ဖြစ်မလာပါ။

ဘုန်းတော်ကြီးကျောင်းတွေကြောင့် မြန်မာနိုင်ငံတွင် စာတတ်မြောက်သူတွေများပါသည်။

 မြန်မာပြည် အသုံးလုံးကျေသူတွေအတော်များ သည်။ စာဖတ်တတ်သူ ၉ဝ ရာခိုင်နှုန်းကျော်သည်။

 စာဖတ်တတ်ကြသော်လည်း စာမဖတ်ကြပေ။

စာဖတ်သူနည်းရခြင်းမှာ အောက်ပါအကြောင်း အချက်အချက်များကြောင့် ဖြစ်နိုင်ပါသည်။

စာအုပ်များနှင့် မနီးစပ်ခြင်း။

စာအုပ်ကောင်းများ မရှိခြင်း။

စာဖတ်သည့် အလေ့အကျင့် မရှိခြင်းတို့ကြောင့်ဟု ဆိုနိုင်သည်။

စာအုပ်များနှင့် မနီးစပ်ရခြင်း မှာ စာကြည့်တိုက်များနှင့် သက် ဆိုင်သည်။ မည်ကာမတ္တစာကြည့် တိုက်များ မြန်မာပြည်တွင် များစွာ ရှိပါသည်။ သို့သော် ထိုစာကြည့် တိုက်များသည် ပြည်သူနှင့် နီးစပ်မှု မရှိပေ။ အဓိကမှာ ထိုစာအုပ်များ သည် ပြည်သူများ၏ ဘဝနှင့် နီး စပ်သော စာအုပ်များမရှိကြခြင်း ဖြစ်သည်။

ထို့ကြောင် စာအုပ်ကောင်း များသည် စာဖတ်ခြင်းအတွက် များစွာ အရေးပါသည်။

တတိယအချက်ကတော့ စာ ဖတ်ခြင်းအတွက် အလေ့အကျင့် လိုသည်။ ဤအချက်သည် အချက် သုံးချက်လုံးတွင် အရေအပါဆုံး အချက်ဖြစ်သည်။
        x    x    x

စာဖတ်ဖို့ ငယ်စဉ်ကပင် လေ့ ကျင့်ပေးထားရပါမည်။ တကယ် တော့ စာသည် အကောင်အထည် မရှိသော သင်္ကေတများသာဖြစ် သည်။

 ထိုသင်္ကေတများကို မိမိစိတ် က ပုံဖော်သည်။ စားပွဲဟု ရေး လိုက်လျှင် စိတ်အာရုံက စားပွဲဟု မြင်သည်။

စားပွဲကို မြင်ဖူးသူသည် အာရုံ ခံစား၍ရသည်။ အာရုံခံစားမှု အ နှေးအမြန်နှင့် မှန်ကန်မှုအတွက် အလေ့အကျင့်လိုသည်။ စာသည် မမြင်ဖူးသည်များကိုလည်း အာရုံ ခံစားနိုင်အောင် ဖန်တီးထားသည်။ တွေးတောကြံဆမှုကို ပြုလုပ်လာ နိုင်သည်။ စာဖြင့် အတွေးများကို ချရေးထားနိုင်သည်။ ထို့ကြောင့်စာ မှ သီအိုရီများကို ကြံဆကာ လက် တွေ့အကောင်အထည်ဖော်၍ လူ့ ဘောင် လူ့ရွာကြီး တိုးတက်လာခြင်း ဖြစ်သည်။

စာကို မိမိစိတ်ထဲတွင် ပုံဖော် နိုင်ရန် အလေ့အကျင့်သည် အရေး ပါလှသည်။

ကျွန်တော်တို့သည် စာဖတ် ခြင်း အလေ့အကျင့်ကို ဘယ်နေ ရာကရသလဲ။

၁၉၇ဝ ပြည့်နှစ်အလွန်တွင် ကျွန်တော်သည် အင်္ဂလန်ရှိ မူလ တန်းကျောင်းတစ်ကျောင်းသို့ လေ့ လာဖို့အတွက် ရောက်ဖူးခဲ့ပါသည်။

ကျွန်တော် ရောက်ရှိနေစဉ် ဒုတိယတန်းမှာ ကလေးများ၏ ဖွံ့ဖြိုးရေး အချိန်ဖြစ်ကြောင်း သိရ သည်။

 ကျောင်းသားများကို အား ကစားဂီတ စာပေအသီးသီးကိုခွဲပြီး ဆရာမက သွားရောက်ဖို့ ပြောဆို တာကို တွေ့ရသည်။

 ကျွန်တော်က ဆရာမ စာ ကြည့်တိုက် သွားခိုင်းလိုက်သော တွမ်ကို လေ့လာခဲ့သည်။ ဆရာမ က ''တွမ်ရေ၊ မင်းဒီနေ့ စာကြည့် တိုက်သွား၊ ရှိတ်စပီးယားဖတ်ခဲ့'' ဟု ပြောသည်။

တွမ်က စာအုပ်နဲ့ ဘောပင် ယူကာ စာကြည့်တိုက်ကို သွား သည်။ ကျွန်တော်နောက်ကလိုက် သွားပါသည်။

စာကြည့်တိုက်တွင် တွမ်က စာကြည့်တိုက်မှူးကို ရှိတ်စပီးယား ဟု ပြောလိုက်ရာ စာကြည့်တိုက်မှူး က ရှိတ်စပီးယား စာအုပ်များထား ရာ ဘီဒိုကို ခေါ်သွားသည်။

 ပြီးတော့ တွမ်ကို ဘာစာအုပ် လိုချင်လဲဟု မေးသည်။

တွမ်က ဘာမှသိဟန်မတူပါ။ တစ်အုပ်ကို လက်ညှိုးထိုးပြသည်။ ထိုစာအုပ်မှ Mid Summer Night Dream  ဖြစ်သည်။ တွမ်က စာအုပ် ကို စားပွဲဆီယူသွားကာ ခေါင်းစဉ် ကို သူရဲ့ ကော်ပီစာအုပ်ထဲကူးရေး သည်။ Mid Summer Night Dream by William Shakespeare ဟူ၍ ကူးရေးသည်။

 ပြီးတော့ စာအုပ်တစ်နေရာမှ စာတစ်ကြောင်းကို ကူးရေးသည်။ သူဆရာမဆီပြန်သွားပြီး စာအုပ်ကို ပြသည်။ ဆရာမက ပြုံးပြီး ကတ် ပြားလေးကိုထုတ်ကာ ဆော့ပင်နဲ့ ရေးသည်။

Tom has read Mid Summer Night Dream by William Shakespeare  တွမ်သည် ရှိတ်စပီးယား၏ Mid Summer Night Dream ကို ဖတ်ပြီးပါပြီတဲ့။ ပြီးတော့ ဆရာမက အဲဒီစာကို နံရံ မှာ ကပ်ထားလိုက်ပါသည်။

ကလေးတိုင်းက သူ့အလှည့် မှာ စာကြည့်တိုက်သွားရပါသည်။ သူတို့ကို ကျောင်းမှာ စာကြည့် တိုက်ရှိကြောင်း သိစေခြင်းဖြစ် သည်။

 ကျောင်းစာကြည့်တိုက်တွင် ဖတ်စရာ စာအုပ်တွေအများကြီး မင်းတို့ သွားဖတ်ဟူ၍ မတိုက်တွန်း ပါ။ သူတို့ကို သွားခိုင်းကာ လက်တွေ့လုပ်ခိုင်းလိုက်ခြင်းသာ ဖြစ်သည်။
        x    x    x

၂ဝ၁၅ ခုနှစ်တွင် ကျွန်တော့် ထံ သြစတြေးလျမှ ကျောင်းသူတစ် ဦး၏ Ph.D.Thesis နှင့် ပတ်သက် ၍ အမေးအမြန်းရောက်ရှိခဲ့သည်။

စာမေးပြီး အလ္လာပ သလ္လာပ ပြောရင်း အမေရိကန်သမ္မတ အို ဘားမားအားလပ်ရက် အနားယူရ မည့်အကြောင်း အင်တာနက်မှ ဖတ်ရကြောင်းသူက ပြောသည်။ သူအနားယူစဉ်ဖတ်သည့် Book List ကို ကျွန်တော်တို့ ဆွေးနွေးကြ သည်။

သူက ''ရှင်တို့ရော ရက်သတ္တ နှစ်ပတ်မှာ ဒီလိုစာအုပ် ငါးအုပ် ဖတ်နိုင်လား''

''ဖတ်နိုင်တာပေါ့။ ကျွန်တော် တို့ ကျောင်းသားဘဝက ဝတ္ထုစာ အုပ် တစ်နေ့တစ်အုပ်လောက်ဖတ် တယ်''

''အင်္ဂလိပ်လိုလား''

''မြန်မာလိုပေါ့၊ မြန်မာတွေ မြန်မာလိုဖတ်တာပဲပေါ့။ အိုဘား မားကျတော့ သူက အင်္ဂလိပ် စကားဟာ မိခင်ဘာသာလေ၊ သူ အင်္ဂလိပ်လို ဖတ်တာမဆန်းပါဘူး''

''ရှင်တို့ အပန်းဖြေခရီးထွက် ရင် စာအုပ်တွေယူသွားလား''

''မယူသွားပါဘူး။ နင်တို့ ကော''

''ငါတို့အားလုံးဟာ ကိုယ် ကြိုက်တဲ့ စာအုပ်ကိုယ်ယူသွားကြ တယ်၊ ငါက ဟောလီးဒေးမှာ စာ ဖတ်လိုက်ဂီတာတီးတိုက်လုပ်တတ် တယ်။ ဒါနဲ့ နင်တို့ စာအုပ်မပါဘဲ ဟောလီးဒေးသွားရင် ဘယ်လို အ ပန်းဖြေလဲ''တဲ့။

သူ့စကားက မှတ်မှတ်ရရပါ ပဲ။

သူတို့သည် စာအုပ်ကို ဘိန်းစွဲ သလို စွဲကြသည်။ သို့သော် စာအုပ် သည် ဘိန်းလိုမဟုတ်ဘဲ လူတွေကို အကျိုးပြုသည်။

စာအုပ်သည် သူတို့အတွက် အာဟာရဖြစ်သည်။

စာဖတ်ရန် အလေ့အကျင့်ကို ကျောင်းကတည်းက လေ့ကျင့်ပေး လိုက်သည်။ စာအုပ်သည်သူတို့ ကမ္ဘာဖြစ်သည်။

စာအုပ်ဖတ်ကာ သူတို့တိုး တက်ခဲ့သည်။
        x    x    x    

၁၇ ရာစုက လူဖြူများသည် လူမည်းများကို ကျွန်ပြုခဲ့ကြသည်။

အဓိကကတော့ အမေရိကန် ပြည်ထောင်စုရှိ လူဖြူများသည်။ အာဖရိကမှ ဖမ်းဆီးလာသော လူ မည်းများကို ကုန်ပစ္စည်းသဖွယ် အရောင်းအဝယ်ပြုလုပ်သည်။ လူမည်းတွေကို တိရစ္ဆာန်များ သဖွယ် စေခိုင်းသည်။ သူတို့ကို ငွေဝယ်ကျွန် (Slavers) များဟု ခေါ် သည်။

ထိုသို့ ကျွန်ပြုထားသော လူ မည်းများကို နှစ်နှစ်ရာနီးပါးခန့် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ခိုင်းကြသည်။

လူတွေကို နှစ်ပေါင်းများစွာ ဒီလိုခိုင်းနိုင်အောင် ဘယ်နည်း လမ်းကို သုံးထားပါသလဲ။

သူတို့ကို ရိုက်နှက်တာတွေ၊ ကြောက်အောင်ခြိမ်းခြောက်တာတွေ၊ ဆုပေးဒဏ်ပေးလုပ်တာတွေ အ များကြီးပါမည်ဖြစ်သည်။

သို့သော် အဓိကကတော့  လူမည်းတွေကို စာမပေးဖတ်ခြင်း ဖြစ်သည်။

လူမည်းတွေကို စာမသင်ပေး ရပါ။

စာသင်ပေးသူကို ကြီးမား သော အပြစ်ပေးသည်။

လူမည်းတွေ စာမဖတ်ရပါ။

စာဖတ်တာတွေ့လျှင် ကြီးမား သော အပြစ်ပေးသည်။

လူမည်းတွေ စာမကိုင်ရပါ။ သူတို့ဆီမှာ စာရွက်စာတမ်းမရှိစေ ပါ။

စာအုပ်စာတမ်းလက်ဝယ် ထားရှိပါက ကြီးမားသော အပြစ် ပေးသည်။

လူမည်းတွေ စာမသင်ရပါ။ စာမဖတ်ရပါ။ စာအုပ်ပင်ကိုင်ခွင့် မရှိပါ။ ထို့ကြောင့်သူတို့ကို စာ တတ်သော လူဖြူများက နှစ်ပေါင်း များစွာ ကျွန်ပြုထားနိုင်ခြင်းဖြစ် သည်။

ယနေ့ စာတတ်၍ စာဖတ် သော လူမည်းများသည် ကမ္ဘာကို လွှမ်းမိုးလာနိုင်ပြီဖြစ်သည်။

အမေရိကန်မှ လူမည်းနိုင်ငံ ခြားရေးဝန်ကြီး ကောလင်းပါဝယ်၊ ကွန်ဒိုရီဇာရိုက်စ်၊ သမ္မတအိုဘား မားတို့သည် ထိပ်တန်းခေါင်း ဆောင်များဖြစ်လာသည်။ လွှတ် တော်ထဲနှင့် အစိုးရအဖွဲ့အစည်း များတွင် လူမည်းတွေအများကြီး ပါဝင်နေသည်။
        x    x    x

တကယ်တမ်းစာဖတ်ခြင်း သည် နိုင်ငံတစ်ခုကို ပြောင်းလဲစေ သည်။ တိုးတက်နေကြောင်း ထင် ရှားပါသည်။

၁၅ ရာစုနှစ် ဂူတင်ဘာ့ခ်ျ Gutenberg ၏ ပုံနှိပ်စက် တီထွင် အပြီးတွင် ဥရောပသည် တစ်ဟုန် ထိုးတိုးတက်သွားခဲ့ပါသည်။

တရုတ်တွင် ပုံနှိပ်လုပ်ငန်းရှိ သော်လည်း ဈေးကြီး wood block printing သာရှိခဲ့သည်။ ဂိုတင် ဘာ့ခ်ျ စတင်ခဲ့သော ပုံနှိပ်လုပ်ငန်း ကဲ့သို့ စာလုံးလဲရသော ခေတ်မီ စက်ကို စတီထွင်ခဲ့ပေ။

 ဂူတင်ဘာ့ခ်ျ၏ ပုံနှိပ်စက် ကြောင့် ဥရောပသည် ကမ္ဘာကို လွှမ်းမိုးနိုင်သည်ဟု ပညာရှင်များ က ယူဆသည်။

ပုံနှိပ်စက်ကြောင့် လူတိုင်းလို စာဖတ်ခွင့်ရခဲ့ကြသည်။

 စာဖတ်သောကြောင့် လူတွေ တိုးတက်လာသည်။ ထို့ကြောင့် ယနေ့အထိ တီထွင်မှုထဲတွင် ကျေး ဇူးအကြီးဆုံးနှင့် အရေးအပါဆုံး တီထွင်မှုသည် ပုံနှိပ်စက်သာဖြစ် သည်ဟု လက်ခံထားကြသည်။

ဒေါက်တာခင်မောင်ညို
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.