22-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1016
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
အရေးကြီးတဲ့ ငယ်စဉ်ဘဝ

ကလေးလေးတွေ အတွက် ပထမဆုံးယူရမည့် တာဝန်ကသူတို့ကို ပျော်အောင် ဖန်တီးဖို့ဖြစ်တယ်။ ဒီတာဝန် ပျက်ကွက်တာဟာ ကလေးတွေအပေါ် အမှားကျူးလွန်တာပဲ။ သူတို့လေးတွေ တခြားဘယ်လို ကောင်းတာကိုပဲရရ၊ သင်ကျူးလွန်မိတဲ့ အမှားကိုတော့ ဖာထေးနိုင်မှာ မဟုတ်ပါဘူး။
ဆာသောမတ်ဘတ်စတန်

အကယ်၍ လူငယ်တွေကို ငယ်စဉ်ကလေးဘ၀ကတည်းက စနစ်တကျ လေ့လာစေမယ်၊ သင်ယူစေမယ်ဆိုရင် ခုလောလောဆယ်မှာလို မပျော်မရွှင်ဖြစ်ဖို့ သိပ်ကို လွယ်ကူသလို ပျော်ပျော်ရွှင်ရွှင်ဖြစ်ဖို့လည်း လွယ်ကူမှာ သေချာပါတယ်။ ကလေးတစ်ယောက်ကို အကောင်းမြင်တတ်ဖို့၊ ဘ၀ရဲ့ နေရောင်ခြည်ဖြာနေတဲ့ဘက်ကို ကြည်တတ်ဖို့ သင်ပြရတာ လွယ်ကူသလို အပျက်ကို ပြုပြင်ဖို့ အကြောက်တွေ ပူပင်စရာတွေနဲ့ အမှောင်ဘက်ကို ကြည့်ဖို့ သင်ပေးရတာလည်း လွယ်ကူတာပါပဲ။

အောင်မြင်သော ဘ၀ရှင်သန်ရေး အနုပညာကို သင်ယူနေကြတဲ့ ကျောင်းသားတွေဟာ သူတို့သား သမီးလေးတွေကို သူတို့ရဲ့ စွမ်းရည်၊ သူတို့ရဲ့ အောင်မြင်မှု၊ သူတို့ သက်တမ်းရှည်မှု၊ သြဇာလွှမ်းနိုင်မှုတို့ဟာ ပျော်ရွှင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာတွေ သဟဇာတ ဖြစ်နေမှုအပေါ် အများကြီးတည်နေကြောင်း သင်ပြသင့်တယ်။

ကလေးတွေရဲ့ ပျော်တတ်တဲ့ သဘာဝကို အမြဲဖိနှိပ်ထားရင် ကလေးလေးတွေမှာ မရေတွက်နိုင်တဲ့ အန္တရာယ်တွေကြောင့် ကိုယ်စိတ်နှစ်ပါးစလုံး အနာတရ ဖြစ်စေနိုင်တယ်ဆိုတာကို မိဘတွေက မသိကြဘူး။ ဒီလိုဖိနှိပ်ထားတာဟာ စိတ်စွမ်းအားကို ဖိနှိပ်ထားတဲ့ သဘောလည်း ဆောင်ပါတယ်။ ထင်ရှားကျော်ကြားတဲ့ စာရေးဆရာတစ်ယောက်က "မြူးတူးပျော်ရွှင်မှုကင်းတဲ့ ကလေးလေးတွေဟာ ဘယ်တော့မှ ထူးထူးခြားခြား ဖြစ်မလာကြပါဘူး။ အပွင့်မဲ့ သစ်ပင်တွေဟာ ဘယ်တော့မှ အသီးမသီးကြပါဘူး" လို့ ပြောခဲ့ပါတယ်။ မာဒင် Marden ကလည်း "နေရောင်ဟာ အပင်တွေ ဖွံ့ဖြိုးဖို့ဖြစ်သလို ကစားခုန်စားဟာလည်း ကလေးကောင်းစွာ ဖွံ့ဖြိုးဖို့ ဖြစ်ပါတယ်" လို့ ပြောခဲ့ပါတယ်။

ပူပင်မှု၊ ၀မ်းနည်းကြေကွဲမှုကို တိမ်မဲညိုတွေက ကျွန်ုပ်တို့ ကလေးငယ်လေးတွေကို မပိုင်ဆိုင်ပါဘူး။ သူတို့လေးတွေရဲ့ ဘ၀ဟာ နေခြည်ဖြာနေရမှာပါ။ ပျော်ရွှင်ရေး၊ အလှအပ၊ သန်စွမ်းမှု၊ စိတ်အားထက်သန်မှုတွေဟာ သူတို့ရဲ့ လိုအပ်ချက်တွေပါပဲ။ စောစော ကာလကတည်းက ပျော်ရွှင်တတ်တဲ့ အရည်အသွေးကို ပျိုးထောင်ပေးရင် ကိုယ်ရည်ကိုယ်သွေး ကြွယ်ဝဖို့ အလှအပပိုင်သဖို့ ဖြစ်နိုင်ချေတွေဟာ  အတိုင်းအဆမဲ့ပါပဲ။ ကလေးဘ၀မှာ စိတ်က ပလက်စတစ်လိုပါပဲ။ အလွယ်တကူ ပုံဖော်နိုင်ပါတယ်။ အဲ လူကြီးအရွယ်ရောက်လာရင်တော့ "အကျင်ဝါသနာတွေရဲ့ ရွှံ့က မာလာပြီလေ"။ ဥပါဒါန်တွေလည်း လှမ်းဝင် လာကြပါပြီ။ ဒါတွေကို အချိန်နှောင်းမှ ပြင်ဖို့ အလွန်ခက်သွားပါပြီ။

ကလေးငယ်ရဲ့ဘ၀ ပြင်ဆင်ရေးမှာ ပထမဆုံး လိုအပ်တာက ပျော်ရွှင်တတ်ကျင့်ကို ဖွဲ့စည်းပေးဖို့ပါပဲ။ ဘယ်လို ဖွဲ့စည်းမလဲဆိုရင် နေရောင်ဘက် စိတ်ကို လှမ်းလှည့်တတ်အောင် လေ့ကျင့်ပေးရမယ်၊ ပျော်ဖို့ ဖြစ်နိုင်ချေ မှန်သမျှကို ဖွဲ့ဖြိုးစေရမယ်။ ဒါပါပဲ ...

Chicken Soup for the teenage soul a Nightmare come true ကိုဘာသာပြန်ဆိုပါသည်။

ခင်မောင်တိုး (မိုးမိတ်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.