17-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1024
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
အရှုံးထဲက အမြတ်

သောမတ် အယ်ဒီဆင်သည် အမေရိကန်လူမျိုး တီထွင်သူဖြစ်သည်။ အသက် ၁၅ နှစ်အရွယ်တွင် ကြေးနန်းစာရေးဝင်လုပ်ရင်း လျှပ်စစ်ဓာတ်အားနှင့် ယင်း၏ အသုံးဝင်မှုကို စိတ်ဝင်စားခဲ့သည်။ တီထွင်မှုများစွာကို ပြုလုပ်ခဲ့ပြီး အောင်မြင်မှုများလည်း ရရှိခဲ့သည်။ သူ၏ တီထွင်မှုများတွင်အော်တို မက်တစ်ကြေးနန်းစနစ်၊ လက်ဟန် ခြေဟန်ဖြင့် ဆက်သွယ်ရေးစနစ်၊ ဓာတ်ပြား၊ ကာဘွန်သုံး မီးအိမ်တို့ ပါဝင်သည်။ သူ့အား လျှပ်စစ်မီး ဖခင်ကြီးအဖြစ်၊ ကမ္ဘာ့ကျေးဇူးရှင်တစ်ဦးအဖြစ် အသိအမှတ် ပြုခြင်း ခံရလေသည်။
    သောမတ် အယ်ဒီဆင်၏ အ လုပ်ရုံမှာ ၁၉၁၄ ခုနှစ် ဒီဇင်ဘာလ တွင် မီးလောင်ကျွမ်းခံရပြီး လုံးဝ ဆုံးရှုံးသွားခဲ့လေသည်။ သူ့အလုပ် ရုံ၏တန်ဖိုးမှာ ဒေါ်လာ နှစ်သန်းခန့် ရှိသော်လည်း မီးအာမခံအဖြစ် ဒေါ်လာ ၂၃၈ဝဝဝသာ ထားခဲ့ လေသည်။ သူ့အဆောက်အအုံမှာ ကွန်ကရစ်နှင့် ဆောက်လုပ်ထားသဖြင့် မီးမလောင်နိုင်ဟု ထင်မှတ်ခဲ့၍ပင် ဖြစ်သည်။ ထိုမီးလောင် ကျွမ်းမှုကြောင့် အယ်ဒီဆင်၏ ဘဝတစ်လျှောက်လုံး တီထွင်လုပ် ကိုင်ခဲ့သမျှအားလုံးလိုလို ဆုံးရှုံး သွားခဲ့ရလေတော့သည်။
    မီးကြီး ပြင်းထန်စွာလောင် ကျွမ်းနေစဉ်၌ အသက် ၂၄ နှစ်အရွယ်ရှိ အယ်ဒီဆင်၏ သားဖြစ်သူ ချားလ်သည် မီးလောင်ကျွမ်းရာသို့ ရောက်ရှိလာပြီး သူ့ဖခင်အား စိုးရိမ်တကြီးနှင့် လိုက်လံရှာဖွေလေသည်။ သားဖြစ်သူသည် ဖခင်ကြီး အား မီးလောင်ကျွမ်းနေသော အပျက်အစီးများနှင့် မီးတောက်မီးလျှံ များထဲတွင် ရပ်နေသည်ကို သွား တွေ့လေသည်။    
    အယ်ဒီဆင်သည် မီးတရှိန်ရှိန် နှင့် လောင်ကျွမ်းနေသည်ကို တည်တည်ငြိမ်ငြိမ်နှင့် ကြည့်နေသည်။ မီးတောက်မီးလျှံများ၏ အရောင်က အယ်ဒီဆင်၏ မျက်နှာပေါ်တွင် ထင်ဟပ်နေသည်။ တဟူးဟူး တိုက်ခတ်နေသော လေအရှိန် ကြောင့် သူ၏ အဖြူရောင် ဆံပင် များက ဝေ့ဝှဲရလေသည်။
    ''ဖေဖေ့ကို တွေ့ရတော့ ကျွန်တော် စိတ်ထိခိုက်ကြေကွဲ ခံစားရပါတယ်။ ဖေဖေဟာ လူငယ်လူ ရွယ်တစ်ယောက် မဟုတ်တော့ပါ ဘူး။ အသက် ၆၇ နှစ် အရွယ် လူကြီးတစ်ယောက်ပါ။ ဖေဖေတီ ထွင် လုပ်ကိုင်ခဲ့သမျှ အရာအားလုံး မီးကဝါးမြို သွားပါပြီ''ဟု ချားလ်က ဝမ်းပန်းတနည်းဖြင့် ပြောပြလေ သည်။
    အယ်ဒီဆင်ကတော့ သူ့သား ကို တွေ့ရသည့်အခါ ရုတ်တရက် အော်ဟစ်မေးမြန်းလိုက်လေသည်။
    ''ချားလ်သားရေ၊ သားအမေ ဘယ်မှာလဲ''
    ''ဘယ်မှာရှိနေသလဲဆိုတာ ကျွန်တော်မသိဘူး ဖေဖေ''
    ''အခုသွားရှာလိုက်၊ တွေ့ရင် ဒီကို ခေါ်လာခဲ့၊ သူ့ဘဝမှာ ဒီလို အဖြစ်မျိုးကို တွေ့ဖူးမှာ မဟုတ်ဘူး''
    နောက်တစ်နေ့ နံနက်ခင်း တွင် အယ်ဒီဆင်သည် အပျက်အ စီးပုံကြီးကို ကြည့်ပြီး ပြောလိုက် သည်။
    ''အခု အပျက်အစီးအဆုံးအ ရှုံးတွေကြားထဲ ကြီးမားတဲ့ တန်ဖိုးတစ်ခုကို ရလိုက်တယ်။ အခု ငါ လုပ်ခဲ့သမျှ အမှားအယွင်းတွေ အားလုံးလောင်ကျွမ်းသွားပြီလေ။ အဲဒီတော့ ဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးကြောင့် အသစ်အသစ်တွေ စနိုင်ပြီပေါ့''
    မီးလောင်ကျွမ်းပြီး သုံးပတ် အကြာတွင် အယ်ဒီဆင်သည် ဓာတ်ပြားကို တီထွင်နိုင်ခဲ့လေသည်။
    Great Value in Disaster ကို ဆီလျော်အောင် ပြန်ဆိုသည်။

တင်ဆွေမိုး
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.